စာရင်း

ကမ္ဘာကြီးသည် ကပ်ဘေးဖြင့် ပတ်ချာဝိုင်းနေသည်- ချီဆောင်ခြင်း မည်သည့်အချိန်တွင် ဖြစ်ပေါ်မည်နည်း

ဘက်ကီ အမေရိကန်

အမြန်လမ်းညွှန်
ကျွန်ုပ်တို့ ချီဆောင်ခံရသည့် အချိန်တွင်၊ ကျွန်ုပ်တို့ ကောင်းကင်ထဲသို့ အမှန်တကယ် ချီဆောင် ခံရမလား
ဘေးဒုက္ခမတိုင်မီ ချီဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း
ကြီးစွာသော ဘေးဒုက္ခ မတိုင်မီတွင် ချီဆောင်ခံရသည့် နည်းလမ်း

ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝှမ်းမှ ကပ်ဘေးများသည် ယခင်ကထက် ပို၍ ပြင်းထန်လာခဲ့သည်။ သတင်းများသည် ပလိပ်များ၊ ငလျင်များ၊ ရေလွှမ်းမိုးမှုများ နှင့် မိုးခေါင်ခြင်း ဇတ်လမ်းများဖြင့် ပြည့်နှက်နေသည်။ သင့်ကိုယ်သင် စဉ်းစားဖူးပါသလား။ သခင့်ပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် ပရောဖက်ပြုခြင်းများသည် ပြည့်စုံလေပြီ၊ ထို့ကြောင့် ကျွန်ုပ်တို့ သခင့်ကို အဘယ့်ကြောင့် မကြိုဆိုရသေးသနည်း။ ဤအရာ ဆက်ဖြစ်နေပါက၊ ကြီးစွာသော ဘေးဒုက္ခကြီး ကျရောက် လာချိန်တွင်၊ ကျွန်ုပ်တို့သည်လည်း ဘေးဒုက္ခထဲ ထိုးကျသွားမည် မဟုတ်ပါလား။ သခင်က ကျွန်ုပ်တို့ကို မည်သည့် အချိန်တွင် ကောင်းကင်နိုင်ငံတော်ထဲသို့ ခေါ်ဆောင်မည်နည်း။

ချီဆောင်ခြင်း မည်သည့်အချိန်တွင် ဖြစ်ပေါ်မည်နည်း

ကျွန်ုပ်တို့ ချီဆောင်ခံရသည့် အချိန်တွင်၊ ကျွန်ုပ်တို့ ကောင်းကင်ထဲသို့ အမှန်တကယ် ချီဆောင် ခံရမလား

သခင့်ကို ယုံကြည်သူများစွာက သမ္မာကျမ်းစာတွင် ဤနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ကြသည်။ “ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသ ကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” (သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄:၁၇) သူတို့က သခင်ကြွလာသည့်အချိန်တွင် ကောင်းကင် ပေါ်သို့ ချီမခံရပြီး၊ သူနှင့်တွေ့ဖို့ တောင့်တကြသည်။ သို့သော် အမှန်မှာမူ ဤစကားများကို သခင်ယေရှုက အမှန်တကယ် ပြောခဲ့ခြင်း မဟုတ်သကဲ့သို့၊ ၎င်းတို့သည် ဗျာဒိတ်ကျမ်း၏ ပရောဖက်ပြုခြင်း တစ်ခုလည်း မဟုတ်ပါ။ ၎င်းတို့သည် တမန်တော် ပေါလု၏ စကားများသာ ဖြစ်ကြသည်။ သခင်၏ ကြွလာခြင်းကို ကြိုဆိုခြင်း နှင့် ပတ်သက်သော အရေးကိစ္စတွင် ပေါလု၏ စကားများကို စိတ်ချယုံကြည်ခြင်းသည် မှန်ကန် ပါသလား။ ပေါလု၏ စကားများသည် သခင့်စကားများကို ကိုယ်စားပြုပါသလား။ နောက်ဆုံးသောကာလ၏ သခင်သည် မည်သို့ ကြွရောက်ပြီး၊ သူ့ကို ယုံကြည်သူများကို နိုင်ငံတော်ထဲသို့ သူမည်သို့ ခေါ်သည်မှာ ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုတော် ဖြစ်လေသည်။ ရှင်ပေါလုသည် သခင့်အတွက် သတင်းစကားကို ဖြန့်ဝေပေးသည့် တမန်တော် တစ်ယောက်မျှသာ ဖြစ်သည်။ သူက ဤကဲ့သို့သော အမှုအရာများကို မည်သို့သိနိုင်သနည်း။ သခင်၏ ကြွရောက်ခြင်းကို ကြိုဆိုခြင်းသည် အလွန့်အလွန် အရေးကြီးသည့် အရေးကိစ္စတစ်ခုဖြစ်ပြီး၊ ယင်းမှာ သခင်ယေရှု၏ နှုတ်ကပတ်တော်များကို စိတ်ချယုံကြည်ခြင်း သာလျှင် ကျွန်ုပ်တို့အတွက် မှန်ကန်လေသည်။ သခင်ယေရှုက “ကောင်းကင်ဘုံ၌ ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။” (ရှင်မဿဲခရစ်ဝင် ၆:၉-၁၀) ဗျာဒိတ်ကျမ်းတွင်လည်း အောက်ပါ ပရောဖက်ပြုခြင်းများ ပါဝင်လေသည်။ “သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည်…ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ကောင်းကင်မှ ကြီးသောအသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။” (ဗျာဒိတ်ကျမ်း ၂၁:၂-၃) “လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။” (ဗျာဒိတ်ကျမ်း ၁၁:၁၅) ဤပရောဖက်ပြုခြင်းများတွင် “ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်” “ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။” နှင့် “လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။” ဆိုသည့် စကားများက ဘုရားသခင်သည် သူ့နိုင်ငံတော်ကို ကမ္ဘာပေါ်တွင် တည်ထောင်မည် ဖြစ်ပြီး၊ လူသားအတွက် သူပြင်ဆင်ပေးသည့် ခရီးပန်းတိုင်သည်လည်း ကမ္ဘာပေါ်တွင် ရှိသည်ဟု ပြနေသည်။ ကောင်းကင်ဘုံထဲသို့ ချီမခံရဖို့ ကျွန်ုပ်တို့၏ အတောမသတ်သော ဆန္ဒသည် ကျွန်ုပ်တို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများတို့၏ အတွေးမဟုတ်ပါသလား။ ပြီးလျှင် ဤသည်မှာ ဘုရားသခင်ထံမှ ကွဲလွဲနေသည့် လမ်းကြောင်း တစ်ခုကို လျှောက်နေခြင်း မဟုတ်ပါလား။

လက်တွေ့အရှိတရားမှာ ဘုရားသခင်သည် လူများကို ကောင်းကင်ထဲသို့ ချီဆောင်ခြင်းနှင့် ပတ်သက်ပြီး မည်သည့်အခါမျှ မပြောခဲ့ဖူးပါ၊ ပြီးလျှင် ဤသည်မှာ ဘုရားသခင်၏ အမှုတော်နှင့် ပတ်သက်သည့် အချက်အလက်များမှနေပြီး ကျွန်ုပ်တို့ သတိပြုမိနိုင်သည့် အရာတစ်စုံတစ်ခုဖြစ်သည်။ အစပိုင်းတွင် ဘုရားသခင်သည် လူများကို မြေမှုန့်မှနေပြုလုပ်ခဲ့ပြီး၊ ၎င်းကို ဧဒင်ဉယျာဉ်ထဲတွင် ထားခဲ့သည်၊ ထိုနေရာတွင် သူက အသက်ရှင်နေထိုင်ပြီး၊ ဘုရားသခင်ကို သင့်တော်ကောင်းမွန်စွာ ကိုးကွယ်ခဲ့သည်။ နောဧအချိန်ကာလအတွင်းတွင် ဘုရားသခင်သည် နောဧနှင့် သူ့မိသားစုကို ရေလွှမ်းမှိးမှုမှ ရှောင်တိမ်းလွတ်မြောက်ဖို့ ကောင်းကင်ထဲသို့ မချီမခဲ့ပါ၊ ထိုအစား နောဧကို ကမ္ဘာပေါ်တွင် လှေကြီးတစ်စီး တည်ဆောက်ဖို့ လက်တွေ့ကျသည့် လုပ်ဆောင်ချက်ကို ဆောင်ရွက်ဖို့ရာ သူက အမိန့်ပေးခဲ့သည်။ ပညတ်တော်ခေတ် နှောင်းပိုင်းတွင် လူများက ဘုရားသခင်၏ ပညတ်တော်များကို ချိုးဖောက်ခြင်းအတွက် သေဒဏ် ပေးခံရသည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။ ဘုရားသခင်က အပြစ်အတွက် ယဇ်ပူဇော်ခြင်းများကို ရရှိဖို့ သူတို့ကို လေထဲသို့ မချီမခဲ့ပါ၊ ထိုအစား သူက ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံယူကာ၊ လူသားမျိုးနွယ်ကို အပြစ်က ကယ်တင်လျက် လူသားမျိုးနွယ် အတွက် အမှန်တကယ် ကားစင်တင်ခံရမည့် ကမ္ဘာမြေသို့ သူ ကြွလာလေသည်။ ဘုရားသခင်သည် အသက်ရှင်ခြင်း နှင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းတို့တွင် လူသားမျိုးနွယ်ကို လမ်းပြလျက် လူသား၏ ကယ်တင်ခြင်းအတွက် ကမ္ဘာမြေပေါ်တွင် ဆက်လက် အမှုပြုခဲ့သည်ကို ဤအရာမှနေပြီး ကျွန်ုပ်တို့ မြင်တွေ့နိုင်လေသည်။ ကောင်းကင်ထဲသို့ ချီဆောင်ခံရဖို့ ကျွန်ုပ်တို့၏ အတောမသတ်သော တောင့်တခြင်းသည် ဘုရားသခင်၏ အလိုတော်နှင့် ရှင်းရှင်းလင်းလင်း ကွဲလွဲနေလေသည်။

ဘေးဒုက္ခမတိုင်မီ ချီဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း

“ချီဆောင်ခံရခြင်း” သည် မည်သည့်အရာကို အမှန်တကယ် ညွှန်းဆိုကြောင်းနှင့် ပတ်သက်ပြီး သင်တို့ထဲမှ အချို့က မရှင်းမလင်း ဖြစ်နေနိုင်သည်။ ဤအရာကို နားလည် သဘောပေါက်ဖို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ပြောသည်ကို ကျွန်ုပ်တို့ ပထမဦးစွာ ကြည့်ကြပါစို့။ ဘုရားသခင်က ပြောခဲ့သည်မှာ “‘ဆောင်ယူခံရခြင်း’ ဆိုသည်မှာ လူတို့ စိတ်ကူးမည်ကဲ့သို့ နိမ့်သော နေရာ တစ်ခုမှ မြင့်သော နေရာ တစ်ခုသို့ ဆောင်ယူခံရခြင်းကို မဆိုလိုပေ။ ယင်းမှာ ကြီးမားသော နားလည်မှုလွဲခြင်း တစ်ခု ဖြစ်သည်။ ‘ဆောင်ယူခံရခြင်း’ ဆိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့်၊ ထို့နောက် ရွေးကောက်ခြင်းကို ရည်ညွှန်းပေသည်။ ယင်းသည် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးကောက်ထားသော သူအားလုံးကို ရည်ညွှန်းသည်။ ဆောင်ယူခံရသူ အားလုံးမှာ သားဦးများ သို့မဟုတ် သားများ၏ အရိုက်အရာကို ရရှိပြီးသည့် လူများ သို့မဟုတ် ဘုရားသခင်၏ လူမျိုးများ ဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်မှာ လူတို့၏ အယူအဆများနှင့် သဟဇာတ မဖြစ်ဆုံးသောအရာ ဖြစ်သည်။ အနာဂတ်တွင် ငါ၏ အိမ်၌ ဝေစုတစ်ခု ရှိကြမည့် သူများသည် ငါ၏ရှေ့တွင် ဆောင်ယူခြင်းကို ခံရပြီးဖြစ်သော သူအားလုံး ဖြစ်ကြသည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်၊ မည်သည့်အခါမျှ မပြောင်းလဲသကဲ့သို့ ငြင်းပယ်၍မရနိုင်ပေ။ ယင်းသည် စာတန်အား တန်ပြန်တိုက်ခိုက်ခြင်း တစ်ခု ဖြစ်သည်။ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသောသူ မည်သူမဆိုသည် ငါ၏ ရှေ့တွင် ဆောင်ယူခြင်း ခံရကြမည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀၄” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဟု ဖြစ်သည်။ ချီဆောင် ခံရခြင်းသည် ကျွန်ုပ်တို့ စိတ်ကူးထားသကဲ့သို့ သခင်နှင့်တွေ့ဖို့ ကောင်းကင်သို့ ခေါ်ခံရခြင်း မဟုတ်သည်ကို ဤနှုတ်ကပတ်တော်များက ပြောသွားသည်။ ထိုအစား ယင်းက ဘုရားသခင်၏ အသံတော်ကို ကြားပြီးနောက် သူ့ကို လက်ခံပြီး၊ သူ၏ အမှုတော်သစ်ကို နာခံနိုင်စွမ်းရှိခြင်း၊ သိုးသငယ်၏ ခြေလှမ်းများနောက်ကို အနီးကပ် လိုက်လျှောက်ခြင်း နှင့် ကမ္ဘာမြေပေါ်သို့ ဘုရားသခင် ကြွလာပြီး၊ အမှုတော်ကို ဆောင်ရွက်သည့် အချိန်တွင် သူ့ရှေ့တော်မှောက်သို့ လာရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်သာလျှင် စစ်မှန်သည့် ချီဆောင်ခြင်း ဖြစ်လေသည်။ ယင်းသည် သခင်ယေရှု ရွေးနှုတ်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ ကြွလာသည့် အချိန်ကကဲ့သို့ပင် ဖြစ်သည်။ ပေတရု၊ ရှမာရိ အမျိုးသမီး၊ ယာကုပ် နှင့် အခြားသူများက သခင့် စကားများကို ကြားသည့်အချိန်တွင် သူ၏ အသံတော်ကို သတိပြုမိပြီး၊ သူသည် ကြွလာမည့် မေရှိယ ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ အကျိုးဆက်တစ်ခုအနေဖြင့် သူတို့က သခင်၏ ကယ်တင်ခြင်းကို လက်ခံခဲ့ကြပြီး၊ ကျေးဇူးတော်ခေတ်အတွင်းတွင် သခင်၏ ရှေ့တော်မှောက်သို့ အားလုံး ချီဆောင်ခံခဲ့ရသည်။ နောက်ဆုံးသောကာလတွင် သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုပြီး၊ ဘုရားသခင်၏ လက်ရှိအမှုတော်ကို လက်ခံသည့် သူများအားလုံးသည် သိုးသငယ်၏ ခြေလှမ်းများနောက်ကို လိုက်သူများနှင့် သခင်၏ ရှေ့တော်မှောက်သို့ ချီမခံရသူများ ဖြစ်လေသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။

ကြီးစွာသော ဘေးဒုက္ခ မတိုင်မီတွင် ချီဆောင်ခံရသည့် နည်းလမ်း

ထို့ကြောင့် ကျွန်ုပ်တို့သည် သခင့်ကို ကြိုဆိုဖို့ နှင့် ဘေးဒုက္ခမတိုင်မီ ချီဆောင်ခံရဖို့ မည်သည့်အရာကို လုပ်သင့်သနည်း။ ဤအရာကို “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဟု သခင်ယေရှုက ပြောသည့်အချိန်တွင် သမ္မာကျမ်းစာထဲတွင် အချိန်ကြာမြင့်စွာကတည်းက ပရောဖက်ပြုထားခဲ့သည်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၂ နှင့် ၃ ထဲတွင် အကြိမ်ပေါင်းများစွာ ပရောဖက်ပြုထားသည်။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” အခန်းကြီး ၃ အငယ် ၂၀ တွင်လည်း ပါရှိသည်၊ “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည်မှာ “ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏”) ကျွန်ုပ်တို့သည် သခင့်ကို ကြိုဆိုလိုပါက၊ ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်ကို ရှာဖွေခြင်းသည် အဓိကသော့ချက်ဖြစ်သည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့အား ပြောထားသည်။ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်က အသင်းတော်များကို မိန့်မြွက်သည့် နေရာ နှင့် ယနေ့ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ရှာဖွေခြင်းထက် ပိုအရေးကြီးသည့်အရာ တစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့က ဘုရားသခင်၏ ခြေရာများအတွက် ကြိုးစားရှာဖွေခြင်းမရှိပါက၊ ဘုရားသခင်၏ အသံတော် ကြားရခြင်းကို အလေးထားခြင်း မရှိပါက၊ ထိုအစား ကောင်းကင်ထဲမှ မိုးတိမ်တိုက်များကို မလှုပ်မယှက် ကြည့်ရင်း၊ သခင်က ကျွန်ုပ်တို့ကို လေထဲသို့ လာခေါ်ဖို့ကို ပျင်းရိငြီးငွေ့စွာ စောင့်မျှော်နေပါက၊ ထိုကဲ့သို့သော အတွေးများသည် စိတ်ကူးယဉ်သော အတွေးများ မဟုတ်ပါလား။ ထို့နောက်တွင် ကျွန်ုပ်တို့သည် သခင့်အားဖြင့် ချီဆောင်ခံရဖို့ အခွင့်အလမ်းကို အဆုံးသတ်တွင် ဖြုန်းတီးပစ်လျက် သခင့်ကို ထာဝရ မကြိုဆိုနိုင်ဘဲ ရှိမည် မဟုတ်ပါလား။

သို့ပါက သခင်၏ ခြေလှမ်းများသည် အဘယ်မှာနည်း။ ပြီးလျှင် ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်များကို မည်သည့်နေရာတွင် မိန့်မြွက်သနည်း။ ယနေ့ခေတ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သခင်ပြန်ကြွလာပြီ- ယင်းမှာ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည် ဟု လူသားမျိုးနွယ်ကို လူပုံအလယ်တွင် သက်သေခံလေသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် နှုတ်ကပတ်တော် သန်းပေါင်း များစွာကို ဖော်ပြခဲ့သည်၊ သမ္မာတရားများနှင့် နက်နဲမှုများစွာကို ထုတ်ဖော်ခဲ့သကဲ့သို့၊ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၊ လူ့ဇာတိခံခြင်း၏ နက်နဲမှု နှင့် သမ္မာကျမ်းစာ၏ နက်နဲမှုများ တို့ကိုလည်း ကျွန်ုပ်တို့အတွက် ဖွင့်ပြခဲ့သည်။ ထို့နည်းတူ လူသားမျိုးနွယ်ကို တရားစီရင်ဖို့ နှင့် ဖော်ထုတ်ဖို့ နှုတ်ကပတ်တော်များကိုလည်း သူဖော်ပြခဲ့ပြီး၊ စာတန်ကြောင့် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်း နှင့် ကျွန်ုပ်တို့၏ ဆိုးယုတ်သော စိတ်သဘောထား မျိုးစုံတို့နှင့် ပတ်သက်သည့် စစ်မှန်သည့် အချက်အလက်များကိုလည်း ထုတ်ဖော်ခဲ့သည်။ ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို လက်ခံခြင်းအားဖြင့် ကျွန်ုပ်တို့သည် မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းများကို သိလာပြီး ကျွန်ုပ်တို့ ထုတ်ဖော်သမျှသည် ဆိုးယုတ်သော စိတ်သဘောထားများဖြစ်သည့် မာနထောင်လွှားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ယုတ်ညံ့ခြင်း၊ သစ္စာဖောက်ခြင်း နှင့် ကောက်ကျစ်ခြင်းတို့ ဖြစ်ကြောင်း နှင့် ကျွန်ုပ်တို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြောင်းတို့ကို တွေ့လာရသည်။ ကျွန်ုပ်တို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် လုံးလုံး ယုံကြည်လက်ခံစေခဲ့ပြီး၊ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် ကျွန်ုပ်တို့ မိမိကိုယ်ကိုယ် ပျပ်ဝပ်ကာ၊ နောင်တများဖြင့် ဖုံးလွှမ်းပြီး၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း နှင့် သန့်ရှင်းသော စိတ်သဘောထားတို့နှင့် ပတ်သက်သည့် အသိဉာဏ်တစ်ချို့ ရှိလာသည်။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေပြီး၊ နာခံသည့် နှလုံးသားတစ်ခု ကျွန်ုပ်တို့နှင့်အတွင်းတွင် မွေးဖွားခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် အရာအားလုံးသည် သမ္မာတရားဖြစ်ကာ၊ လူများကို သန့်စင်ပြီး ပြောင်းလဲနိုင်စွမ်းရှိသည်ကို ကျွန်ုပ်တို့၏ နှလုံးသားများ အတွင်းမှ အတည်ပြုလေသည်။

ယနေ့ခေတ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူများအကြားတွင် ပျံ့နှံ့နေသည်။ ယုံကြည်သူ အစစ်အမှန်များဖြစ်ပြီး၊ သမ္မာတရားကို အမှန်တကယ် ချစ်သည့် ခရစ်ယာန် ဂိုဏ်းဂဏမျိုးစုံမှ လူများစွာတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် နိုးထခဲ့ကာ၊ သူ၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်ခဲ့ကြသည်။ သူတို့က သူ့နှုတ်ကပတ်တော်များ၏ ရေလောင်းခြင်း နှင့် ထောက်ပံ့ပေးခြင်းတို့တွင် မွေ့လျော်ခံစားကြသည်၊ ပြီးလျှင် ဤနှုတ်ကပတ်တော်များသည် မည်မျှ သြဇာအာဏာရှိပြီး၊ ကြီးမြတ်သည်ကို သူတို့ အာရုံခံစားကြလေသည်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ဟု သူတို့ ဆုံးဖြတ်ကြပြီ။ ၎င်းတို့သည် ကြီးစွာသော ဘေးဒုက္ခကြီး မတိုင်မီ ချီဆောင်ခံရသူများ ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ကျွန်ုပ်တို့ ဖတ်ကြရအောင်။ “ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား မျက်နှာချင်းဆိုင်လျက် ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားရန် ငါအလိုရှိသည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ လူသားအားလုံးသည် ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက်၊ ဝမ်းမြောက် ပျော်ရွှင် နေကြသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏ ‘သံလွင်တောင်’ ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမျှော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်းဖြစ်သည်။ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေလော့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ် ပြုစေလော့။ လူသားတိုင်း ငါ့ကိုယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံစေလော့။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်”)

ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ဤကျမ်းပိုဒ်ကို ဖတ်ပြီးနောက် သင်မည်သည့်အရာကို ခံစားရသနည်း။ သင့်နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုတစ်ခု မရှိပါလား။ ထိုနှုတ်ကပတ်တော်များသည် ဖန်ဆင်းရှင်က လူသားမျိုးနွယ်တစ်ခုလုံးကို စကားပြောနေခြင်းဖြစ်သည်ဟု သင်ခံစားရပါသလား။ ဘုရားသခင်က သူသည် ပြန်ကြွ လာကြောင်း ကျွန်ုပ်တို့အား ယခု သက်သေခံနေခြင်းဖြစ်သည်ဟု သင်ခံစားရပါသလား။ သင် မည်သည့်အရာကို ခံစားရပါစေ၊ ကွျန်ုပ်တို့ ရှေ့တွင် အရေးကြီးသော တာဝန် တစ်ခု ရှိလေသည်။ ကျွန်ုပ်တို့သည် ပညာရှိ သတို့သမီးများဖြစ်ရမည်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များကို နားထောင်ပြီး၊ သူ၏ နောက်ဆုံးသော ကာလ အမှုတော်ကို သဘောထားကြီးကြီးဖြင့် ရှာဖွေရမည်။ ဘေးဒုက္ခမတိုင်မီ ချီဆောင်ခံရခြင်းအတွက် အခြား မည်သည့်နည်းလမ်းမျှ မရှိပါ။

အမှာစကား ချန်ခဲ့မည်