စာရင်း

ခရစ်ယာန်များအတွက် မရှိမဖြစ် စာဖတ်ခြင်း- သခင့်ဆုတောင်းပဌနာတော်၌ ဖုံးကွယ်ထားသည့် ဘုရားသခင်၏ နိုင်ငံတော်ဆိုင်ရာ နက်နဲမှု

Jinyi အမေရိကန်နိုင်ငံ

ခရစ်ယာန်အများစုတို့က ကောင်းကင်နိုင်ငံတော်သည် မိုးကောင်းကင်တွင်သာ ရှိသည်ဟု ယုံကြည်ကြ သော်လည်း သခင့်ဆုတောင်းပဌာတော်တွင် "နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။" (ရှင်မဿဲခရစ်ဝင် ၆:၁၀) ဟု ဆိုထားပါသည်။ ပြီးနောက် ဗျာဒိတ်ကျမ်းတွင်လည်း "လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။" (ဗျာဒိတ်ကျမ်း ၁၁:၁၅) ဟု ဆိုထားပါသည်။ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်ပေါ်တွင် ရှိပါသလား၊ မြေကြီးပေါ်တွင် ရှိပါသလား။ ယခုဆောင်းပါးတွင် သင့်အတွက်အဖြေကို ကျွန်တော် ဖော်ထုတ်ထားပါသည်။

အမြန်လမ်းညွှန်
ဘုရားသခင်၏ နိုင်ငံတော်သည် ကောင်းကင်ပေါ်တွင် ရှိပါသလား၊ မြေကြီးပေါ်တွင် ရှိပါသလား
ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်ဆိုင်ရာ နက်နဲမှု ထုတ်ဖော်ခံရခြင်း

ဘုရားသခင်၏ နိုင်ငံတော်သည် ကောင်းကင်ပေါ်တွင် ရှိပါသလား၊ မြေကြီးပေါ်တွင် ရှိပါသလား

အစည်းအဝေးများတွင် ကျွန်တော့် သင်းအုပ်ဆရာ ပြောသည်ကို မကြာခဏ ကြားရသည်မှာ “ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကိုသင်တို့အား ငါ မပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၂-၃) “ကြီးမြင့်သော တောင်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကို ဆောင်သွား၍ သန့်ရှင်းသော ယေရုရှလင်မြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အား ပြလေ၏။...တံခါးရွက် တဆယ်နှစ်ရွက်အသီးအသီးတို့သည် ပုလဲတပြားစီဖြင့်ပြီး၍ ပုလဲတဆယ်နှစ်ပြားဖြစ်ကြ၏။ မြို့လမ်းမသည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင် ဖြစ်၏။” (ဗျာဒိတ်ကျမ်း ၂၁:၁၀၊ ၂၁) ဟု ဖြစ်ပါသည်။ ပြီးနောက် နှုတ်ကပတ်တော်မှ ဆင်တူရိုးမှား ကျမ်းပိုဒ်များက သခင်သည် ကျွန်တော်တို့အတွက် နေရာတစ်ခု ပြင်ဆင်တော်မူရန် ထွက်သွားခြင်း ဖြစ်ပြီး၊ ကိုယ်တော် ပြန်ကြွလာသည့်အချိန်တွင်၊ ကျွန်တော်တို့အားလုံးသည် ကောင်းကင်ဘုံမှ ပုလဲနှင့် ရွှေများကို ပျော်မွေ့နိုင်ရန် ကောင်းကင်ဘုံသို့ တိုက်ရိုက်ချီဆောင်ခြင်း ခံရသည့်အပြင် ကျွန်တော်တို့ သည် သခင်ပြန်ကြွလာသည့် အချိန်တွင် ကျန်ရစ်မနေခဲ့ရလေအောင် တည်ငြိမ်အေးဆေးစွာ စောင့်ဆိုင်းပြီး မကြာခဏ ဆုတောင်းသင့်ကြောင်းကို ပြောထားသည်...

ကျွန်တော့် သင်းအုပ်ဆရာ၏ စကားများကို ကြားပြီးနောက်၊ ကျွန်တော်သည် ကောင်းကင်နိုင်ငံတော် အတွက် တောင့်တစိတ်ဖြင့် ပြည့်ခဲ့ဖူးပါသည်။ ကမ္ဘာပေါ်ရှိ ကျွန်တော့်အချိန် တစ်လျှောက်လုံးတွင် စကားထဲထည့်ပြောရန် ရွှေ သို့မဟုတ် ပုလဲဟူ၍ တစ်ခါမျှ မမြင်ဖူးကြောင်းကို တွေးမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် ကောင်းကင် နိုင်ငံတော် မည်သည့်ပုံစံ ရှိသည်ကို အမှန်တကယ် တွေ့မြင်လိုသည်။ တစ်ခါတစ်ရံတွင် ထိုနေရာတွင် တစ်ရက်၌ ရောက်ရှိနေပြီး ကောင်းကင်နိုင်ငံတော်တွင် မတ်တပ်ရပ်ရင်း ကျွန်တော့်ဘေးမှ ရွှေများနှင့် ကြီးကျယ်ခမ်းနားခြင်းများကို ကြည့်ပြီး၊ တလက်လက်တောက်ပနေသည့် ရွှေများသည် ကျွန်တော့်မျက်လုံးများတွင် ဝင်းလက်နေကာ၊ ကျွန်တော် လျှောက်သမျှနေရာတိုင်းသည် ရွှေခင်း သောလမ်းနှင့် ကျွန်တော့်ဖိနပ်များ ထိတိုက်သည့် ကြွပ်ဆတ်ဆတ်အသံနှင့်၊ လေထဲတွင် ဖုန်မှုန့်အမှုန်အမွှား တစ်စက်မျှ မရှိ သည်ကို ကျွန်တော်ဘာသာကျွန်တော် စိတ်ကူးကြည့်ခဲ့ပါသည်…. ထိုသည်မှာ အမှန်တကယ်ပင် ကောင်းကင်ဘုံဆိုင်ရာ အသက်တာတစ်ခု ဖြစ်မည်။ ထိုအကြောင်းကို ကျွန်တော်တွေးမိလေ၊ ၎င်း၏ အလှတရားကို ကျွန်တော်ပျော်မွေ့နိုင်ရန် သခင်ပြန်ကြွလာဖို့နှင့် ကျွန်တော်တို့ကို ကောင်းကင်ဘုံ ပေါ်သို့ ချီဆောင်ခြင်းအတွက် ပိုမျှော်လင့်လေ ဖြစ်ပါသည်။ ဤသည်မှာ ကျွန်တော် သခင့်ကို ဆုတောင်းခြင်း များ၌ အာရုံစိုက်မှုများဆုံး ဖြစ်လာခဲ့သည်။

တစ်နေ့တွင် ကျွန်တော်သည် သခင့် ဆုတောင်းပဌနာတော်ကို ရွတ်ဆိုခဲ့သည်။ “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။” (ရှင်မဿဲခရစ်ဝင် ၆:၁၀) ကျွန်တော်သည် သခင့်နှုတ်ကပတ်တော်များကို စတင် ဆင်ခြင်တွေးတောပြီး စိတ်ရှုပ်ထွေးလာခဲ့သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ကျွန်တော်တို့က ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်၏ နိုင်ငံတော် ပေါ်ထွန်းစေရန် ဆုတောင်းဖို့ ဖြစ်သောကြောင့် သင်းအုပ်ဆရာက သခင်ပြန်ကြွလာသည့်အချိန်တွင် သခင်က ကျွန်တော်တို့ကို ကောင်းကင်ဘုံသို့ တိုက်ရိုက်ချီဆောင်မည်ဟု အဘယ့်ကြောင့် ပြောသနည်း။ သင်းအုပ်ဆရာ၏ ဒေသနာများသည် သခင့်စကားနှင့် သိသာထင်ရှားစွာပင် ပဋိပက္ခဖြစ်နေလေသည်။ အဘယ့်ကြောင့်နည်း။

ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်ဆိုင်ရာ နက်နဲမှု ထုတ်ဖော်ခံရခြင်း

တစ်နေ့တွင် ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကျွန်တော့်ကို အုပ်စုငယ်တစ်ခုမှာ ပါဝင်ဖို့ ခေါ်သွားခဲ့ပြီး ထိုအုပ်စုမှ အစ်မတစ်ယောက်က ကျွန်တော့်ကို သမ္မာကျမ်းစာအကြောင်း အလွန်ရှင်းလင်းစွာ မိတ်သဟာယပြုခဲ့သည်မှာ ကျွန်တော့်အတွက် အလွန်ပင် အလင်းရစေခဲ့ပါသည်။ ကျွန်တော်က “ဒါက ရှားပါးတဲ့ အခွင့်အလမ်းတစ်ခုပဲ၊ ဒါ့ကြောင့် ငါ့စိတ်ရှုပ်ထွေးခြင်းအတွက် အဖြေတွေကို ဒီအစ်မနဲ့ ရှာလိုက်သင့်တယ်” ဟု တွေးမိသည်။ ထို့ကြောင့် ကျွန်တော်က “နေ့တိုင်း ကျွန်တော့် အသင်းအုပ်ဆရာက တည်ငြိမ်အေးဆေးစွာနဲ့ စောင်ဖို့ပြောပြီး သခင်ပြန်ကြွတဲ့အချိန်မှာ ကိုယ်တော်က ကျွန်တော်တို့ကို ကောင်းကင်ဘုံထဲကို ချီဆောင်မယ်လို့ပြောတယ်။ ဒါပေမဲ့ သခင့်ဆုတောင်းပဌနာတော်မှာကျတော့၊ ဘုရားသခင်နိုင်ငံတော် ကမ္ဘာပေါ်မှာ တည်အောင် ဆုတောင်းဖို့အတွက် ရှင်းရှင်းလင်းလင်း မိန့်တော်မူခဲ့တယ်၊ ဒါက သခင်ပြန်ကြွလာတဲ့အချိန် ကောင်းကင်ဘုံကို ချီဆောင်ခြင်းခံရဖို့အတွက် ကျွန်တော်တို့ စောင့်သင့် တယ်လို့ ပြောတဲ့ သင်းအုပ်ဆရာရဲ့ စကားနဲ့ ပဋိပက္ခဖြစ်နေတယ်။ ဒါ့ကြောင့် ဘုရားသခင်နိုင်ငံတော်က ကောင်းကင်ဘုံမှာလား၊ ဒါမှမဟုတ် မြေကြီးမှာလား” ဟု သူမကို မေးလိုက်သည်။

သူမက ပြုံးပြီး၊ “အစ်ကို၊ အစ်ကိုက အင်မတန်ကောင်းတဲ့ မေးခွန်းတစ်ခုကို မေးလိုက်တာပဲ၊ ပြီးတော့ ကျွန်မတို့ အဲဒီအဖြေကို အတူတူ စူးစမ်းရှာဖွေနိုင်ပါတယ်။ သခင့်ဆုတောင်းပဌနာမှာက မြေကြီးပေါ်မှာ ဘုရားသခင်ရဲ့ နိုင်ငံတော် တည်ဖို့အတွက် နဲ့ ဘုရားသခင်ရဲ့ အလိုတော် ပြည့်စုံရဖို့အတွက် ကျွန်မတို့ ဆုတောင်းသင့်တယ်လို့ အမှန်တကယ်ကို ရှင်းရှင်းလင်းလင်း မိန့်တော်မူခဲ့ပါတယ်။ အဲဒီမိန့်တော်မူချက်ရဲ့ ဘယ်နေရာမှာမှ ဘုရားသခင်ရဲ့ နိုင်ငံတော်က ကောင်းကင်ဘုံမှာ တည်ထောင်မယ်လို့တော့ မပြောထားပါဘူး။ အမှန်ဆိုရင် သခင်က ‘ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတပါးအဘယ်သူမျှ ကောင်းကင် ဘုံသို့ မတက်ပြီ။' (ရှင်ယောဟန်ခရစ်ဝင် ၃:၁၃) လို့ မိန့်တော်မူခဲ့တာပါ။ ဘုရားသခင်က လွဲပြီး ဘယ်လူတစ်ယောက်ကမှ ကောင်းကင်ဘုံကို မတက်ခဲ့ဖူးဘူးလို့ သခင်က ရှင်းရှင်း လင်းလင်းကို မိန့်တော်မူထားပါတယ်။ ကောင်းကင်ဘုံဟာ ဘုရားသခင် ကိန်းဝပ်တော်မူရာနေရာဖြစ်ပြီးတော့ ဘုရားသခင်ရဲ့ နိုင်ငံတော် မြေကြီးပေါ်မှာ လာတည်ဖို့အတွက် ဆုတောင်းပါလို့ သခင်က မိန့်တော်မူခဲ့တာပါ။ ဒါပေမဲ့ ကျွန်မတို့က ကောင်းကင်ဘုံကို တက်ချင်ကြတယ်။ ဒါက ပုံမှန်ထက်လွန်ကျူးနေတဲ့ ဆန္ဒတစ်ခု မဟုတ်ဘူးလား။ ဒါ့ကြောင့် ဘုရားသခင့်နိုင်ငံတော်က နောက်ဆုံးမှာ မြေကြီးပေါ်မှာ ပေါ်ထွန်းမယ်၊ ကောင်းကင်ဘုံမှာ မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ သမ္မာကျမ်းစာထဲမှ ကျမ်းပိုဒ်တစ်ချို့ကိုလည်း ကြည့်နိုင်သေးပါတယ်၊ ‘သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ကြီးသော အသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။' (ဗျာဒိတ်ကျမ်း ၁၁:၁၅) ‘သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည် မိမိခင်ပွန်းဖို့ တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ကောင်းကင်မှ ကြီးသောအသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။' (ဗျာဒိတ်ကျမ်း ၂၁:၂-၄) ဒီကျမ်းပိုဒ်တွေက ‘လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။' ‘သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည်...ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။...’ ‘ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။' ဆိုတဲ့အချက်တွေကို ညွှန်းဆိုထားတယ်ဆိုတာ ရှင်းပါတယ်။ ဒီအချက်တွေအားလုံးက ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ မြေကြီးပေါ်မှာတည်မယ်လို့ ညွှန်းဆိုနေတာဖြစ်တယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်က ကောင်းကင်ဘုံမှာဖြစ်ပြီးတော့ သခင်ပြန်ကြွလာတဲ့ အချိန်မှာ ကိုယ်တော်က ကျွန်မတို့အားလုံးကို ကောင်းကင်ဘုံကို ချီဆောင်သွားမယ် ဆိုတဲ့ ကျွန်မတို့စိတ်ကူးတွေနဲ့ တွေးမယ် ဆိုရင်တော့၊ အဲဒါက ပရောဖက်ပြုခြင်းတွေက ပြည်စုံမှာ မဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလား။ အစမှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ရွှံ့ကနေပြီး ဖန်ဆင်းခဲ့ပြီးတော့၊ မြေကြီးပေါ်က အရာအားလုံးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဧဒင်ဥယျာဉ်မှာ ထားတဲ့အပြင်၊ ဘုရားသခင်ကို မြေကြီးပေါ်မှာ ဝတ်ပြုကိုးကွယ်ဖို့နဲ့ ဘုန်းတော်ထင်ရှားစေဖို့တို့အတွက် ထားခဲ့တယ်ဆိုတာ ကျွန်မတို့အားလုံး သတိတာပဲ၊ အဲဒါကြောင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ အလိုတော်က မြေကြီးပေါ်မှာ အသက်ရှင်နေထိုင်ဖို့ဖြစ်တယ်ဆိုတာကို ကျွန်မတို့ တွေ့မြင်နိုင်ပါတယ်။ အဲဒီနောက်ပိုင်းမှာ လူသားမျိုးနွယ်ဟာ စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အမှုတော်ကလည်း မြေကြီးပေါ်မှာ လုပ်ဆောင်ဖြစ်ခဲ့တယ်။ ဘုရားသခင်က မောရှေကို ဣသရေလလူမျိုးတွေကို အဲဂုတ္တုပြည်ကနေဦးဆောင်ခေါ်ထုတ် စေခဲ့ပြီး၊ အဲဒါကလည်း မြေကြီးပေါ်မှာပဲ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ သခင်ယေရှုက လူသားမျိုးနွယ်ကို ရွေးနှုတ်ဖို့အတွက် လူ့ဇာတိအနေနဲ့ ကိုယ်တော်တိုင် ကြွလာတယ်၊ အဲဒါကလည်း မြေကြီးပေါ်မှာပဲ ဖြစ်ခဲ့တာပဲ။ အဲဒါကြောင့် လူသားမျိုးနွယ်ရဲ့ ကံတရားက မြေကြီးပေါ်မှာပဲ ရှိပါတယ်၊ ကောင်းကင်ဘုံမှာ မဟုတ်တဲ့အပြင် ဒါကလည်း ဟိုးအရင်အချိန်ကတည်းက ဘုရားသခင်အားဖြင့် ကြိုတင်သတ်မှတ် ထားတော်မူခဲ့တာပါ"ဟု ပြောသည်။

သူမ၏ မိတ်သဟာယပြုခြင်းကို ကျွန်တော်ကြားပြီးနောက်တွင်၊ ၎င်းသည် အလွန်လက်တွေ့ကျသည်ဟု ခံစားခဲ့ရပါသည်။ သူမ၏ နားလည်သဘောပေါက်မှုသည် သမ္မာကျမ်းစာနှင့် သခင့်နှုတ်ကပတ်တော် တို့ဖြင့် အံဝင်ခွင်ကျဖြစ်နေသည်။ ယခင်က ကျွန်တော့် သင်းအုပ်ဆရာ၏ စကားများနှင့် သခင်ယေရှု နှုတ်ကပတ်တော်များသည် ပဋိပက္ခ ဖြစ်နေသည်ဟု ကျွန်တော်တွေးမိသော်လည်း ၎င်းတို့အတွင်းမှ သမ္မာတရားကို ကျွန်တော် နားမလည်ခဲ့ပါ။ အစတွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို မြေကြီးပေါ်တွင် ဖန်ဆင်းတော်မူသောကြောင့်၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အမှုတော်အားလုံးသည် မြေကြီးပေါ်တွင် ဆောင်ရွက်ပြီးစီးကာ သခင်ကလည်း ဘုရားသခင်၏ နိုင်ငံတော် မြေကြီးပေါ်တွင် တည်ရန် ဆုတောင်းဖို့ ကျွန်တော်တို့အား မိန့်တော်မူခဲ့ကြောင်း၊ ဘုရားသခင်၏ အလိုတော်မှာ ကျွန်တော်တို့ မြေကြီးပေါ်တွင် အသက်ရှင်နေထိုင်ပြီး၊ ကောင်းကင်ဘုံသို့ တက်ရန် မဟုတ်ကြောင်း တို့ကို ဤမိတ်သဟာယပြုခြင်းက ကျွန်တော့်ကို နားလည်သဘောပေါက် စေခဲ့ပါသည်။

ထို့နောက် ကျွန်တော့်အစ်မက ကျွန်တော့်ကို ဤနှုတ်ကပတ်တော်များကို ဖတ်ပြခဲ့သည်။ “ဘုရားသခင်သည် သူ၏မူလနေရာသို့ ပြန်သွားလိမ့်မည်ဖြစ်ပြီး လူအသီးသီးသည် ၎င်းတို့၏ သက်ဆိုင်ရာ နေရာအသီးသီးသို့ ပြန်သွားကြလိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့် လူသားများ နေထိုင်သွားကြမည့် ခရီးပန်းတိုင်များ ဖြစ်သည်။ ဘုရားသခင်၌ ဘုရားသခင်၏ ခရီးပန်းတိုင် ရှိပြီး လူသားမျိုးနွယ်သည် လူသားမျိုးနွယ်၏ ခရီးပန်းတိုင်ရှိသည်။ အနားယူနေစဉ်တွင် ဘုရားသခင်သည် လူသားများ အားလုံးကို ကမ္ဘာမြေပေါ်ရှိ ၎င်းတို့၏ အသက်တာများ၌ ဆက်လက် လမ်းပြမည် ဖြစ်ပြီး၊ သူ၏ အလင်းအတွင်း ရှိနေစဉ်၊ လူသားများသည် ကောင်းကင်ဘုံရှိ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည်။...လူသားများသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သောအခါတွင်၊ ယင်းမှာ ၎င်းတို့သည် စစ်မှန်သည့် ဖန်ဆင်းခြင်းခံရသည့် အရာများ ဖြစ်လာကြပြီးဖြစ်သည်ကို ဆိုလိုသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကမ္ဘာမြေပေါ်မှ ကိုးကွယ်ကြလိမ့်မည် ဖြစ်ပြီး ပုံမှန်လူသား အသက်တာများကို အသက်ရှင်ကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို နာမခံတော့မည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်တော့မည် မဟုတ်သကဲ့သို့၊ အာဒံနှင့် ဧဝတို့၏ မူလဘဝသို့ ပြန်သွားကြလိမ့်မည်။ ဤသည်တို့မှာ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်နှင့် လူသားတို့၏ သက်ဆိုင်ရာ ဘဝများနှင့် ခရီးပန်းတိုင်များ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်နှင့် စာတန်တို့အကြား စစ်ပွဲတွင် စာတန်၏ ရှုံးနိမ့်မှုမှာ မလွဲမရှောင်သာသည့် ဦးတည်ရာ တစ်ခု ဖြစ်သည်။ ထိုသို့ဖြင့် သူ၏စီမံခန့်ခွဲခြင်း အမှု ပြီးပြည့်စုံပြီးနောက်တွင် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဘုရားသခင်၏ ဝင်ရောက်ခြင်းနှင့် လူသားမျိုးနွယ်၏ ပြည့်စုံသော ကယ်တင်ခြင်းနှင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ခြင်းတို့သည်လည်း အလားတူ ရှောင်လွဲ၍မရသော ဦးတည်ရာများ ဖြစ်လာကြပြီး ဖြစ်သည်။ လူသားမျိုးနွယ်၏ အနားယူရာအရပ်မှာ ကမ္ဘာမြေကြီးပေါ်တွင် ဖြစ်ပြီး၊ ဘုရားသခင်၏ အနားယူရာ အရပ်မှာ ကောင်းကင်ဘုံတွင် ဖြစ်သည်။ လူသားများသည် ငြိမ်သက်ခြင်း ချမ်းသာ၌ ဘုရားသခင်ကို ကိုးကွယ်စဉ်တွင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် နေထိုင် လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာထဲ၌ ကျန်သော လူသားမျိုးနွယ်ကို ဦးဆောင်နေစဉ်တွင်၊ သူသည် ကမ္ဘာမြေကြီးပေါ်မှ မဟုတ်ဘဲ ကောင်းကင်ဘုံမှ ၎င်းတို့ကို ဦးဆောင်လိမ့်မည်။” ("ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်")

သူမက “ဘုရားသခင်က ကျွန်မတို့ကို စာတန်ရဲ့ လက်တွေထဲကနေ အပြည့်အဝ ကယ်တင်တော်မူပြီးတဲ့ နောက်မှာ၊ ကိုယ်တော်ဟာ လူသားမျိုးနွယ်ရဲ့ အသက်တာကို မြေကြီးပေါ်မှာ ဆက်ပြီး ဦးဆောင်သွားမှာဖြစ်ပြီး ကျွန်မတို့ကို ကောင်းကင်ဘုံကို ချီဆောင်သွားမှာ မဟုတ်ဘူးဆိုတာကို ဒီကျမ်းပိုဒ်ကနေပြီး ကျွန်တို့ တွေ့မြင်နိုင်ပါတယ်။ ကျွန်မတို့တွေက မြေကြီးပေါ်မှာ ဆက်ပြီး အသက်ရှင်နေထိုင်ဦးမယ်ဆိုတာတောင်မှ၊ အဲဒီအချိန်မှာ ဘုရားသခင်ကို ခုခံတဲ့ စာတန်ရဲ့ အင်အားအားလုံးကလည်း အပြည့်အဝကို ပျက်စီးသွားပြီ ဖြစ်တဲ့အပြင်၊ မြေကြီးဟာလည်း စာတန်ရဲ့ နှောင့်ယှက်ခြင်း နှင့် ထိခိုက်နစ်နာစေခြင်း တို့ကို လုံးဝခံရတော့မှာ မဟုတ်တော့ဘူး၊ လူတွေကြားမှာ ကျိတ်ပြီးကြံစည်တာတွေ၊ ကတောက်ကဆတ်ဖြစ်တာ ဒါမှမဟုတ် လှည့်စားတာတွေ မရှိတော့တဲ့အပြင်၊ လူတွေကလည်း ဆင်းရဲဒုက္ခခံစားခြင်း၊ စိုးရိမ်ပူပန်ခြင်း ဒါမှမဟုတ် နာမကျန်းဖြစ်ပြီး သေဆုံးခြင်း တွေ လုံးဝ ရှိတော့မှာ မဟုတ်ပါဘူး။ လူသားမျိုးနွယ်က ဧဒင်ဉယျာဉ်ထဲက အာဒံနဲ့ ဧဝလိုပဲ ဘုရားသခင်ကို ဝတ်ပြု ကိုးကွယ်ပြီး၊ နာခံမယ်၊ ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာတွေကြားမှာ အသက်ရှင်နေထိုင်မယ်လေ။ အဲဒီအချိန်မှာ ဘုရားသခင်ကို ယုံကြည်သူလူသားမျိုးနွယ်က ချမ်းသာထဲသို့ အမှန်တကယ် ဝင်ကြမယ်၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ကောင်းကင်ဘုံကနေ ဦးဆောင်ပြီး လူသားရဲ့ ကမ္ဘာပေါ်ကို ကောင်းကင်ဘုံဆိုင်ရာ ကောင်းကြီးမင်္ဂလာတွေ ပေးသနားတော်မူပြီး၊ မြေကြီးပေါ်မှာ လူသားမျိုးနွယ် ကလည်း ဘုရားသခင်ရဲ့ လမ်းပြတော်မူခြင်းကို ပျော်မွေ့မယ်၊ ကောင်းကင်ဘုံဆိုင်ရာ အသက်တာတစ်ခုနဲ့ အသက်ရှင်နေထိုင်မယ်၊ ပြီးတော့ ဘုရားသခင်နဲ့ လူသားမျိုးနွယ်တို့ဟာလည်း အတူတကွ ပျော်ရွှင်စွာ အသက်ရှင်နေထိုင်ကြမယ်။ ဒါက ဘုရားသခင် ကျွန်မတို့တွေအတွက် ပြင်ဆင်တော်မူခဲ့တဲ့ လှပတဲ့ ကံတရားပဲ ဖြစ်ပါတယ်။ ဒါက ဗျာဒိတ်ကျမ်းထဲက ဒီပရောဖက်ပြုခြင်းကို အပြည့်အဝ ပြည့်စုံစေတာပဲ။ ‘ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။' (ဗျာဒိတ်ကျမ်း ၂၁:၄)” ဟု ပြောခြင်းဖြင့် သူမ၏ မိတ်သဟာယပြုခြင်းကို ဆက်ခဲ့သည်။

ကျွန်တော့် အစ်မက ဤကျမ်းပိုဒ်ကို မိတ်သဟာယပြုသည်ကို ကြားပြီးနောက် ကျွန်တော့် နှလုံးသားသည် အားတက်လာသည်ဟု ခံစားရပါသည်။ အမှန်မှာမူ ဤသည်မှာ ဗျာဒိတ်ကျမ်းတွင် ပရောဖက်ပြုထားခြင်းကို ပြည့်စုံစေမည့် နည်းလမ်းပင် ဖြစ်ပါသည်။ ယခုအခါတွင် လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်ပေးတော်မူသည့် လှပသည့်ကံတရားသည် မြေကြီးပေါ်တွင် ဖြစ်သော်လည်း၊ ၎င်းဖြစ်ပေါ်လာသည့်အချိန်တွင် လူသားမျိုးနွယ်သည် စာတန်၏ ဟန့်တားနှောင့်ယှက်ခြင်း ကင်းဝေးစွာဖြင့် အသက်ရှင်နေထိုင်သည့်အပြင်၊ အချင်းချင်း ငြိမ်သက်စွာဖြင့်လည်း အသက်ရှင်နေထိုင်မည် ဖြစ်ပြီး၊ ၎င်းမှာလည်း ဘုရားသခင်က ကျွန်တော်တို့အတွက် ပေးသည့် ကောင်းကြီးမင်္ဂလာရရှိသည့် အသက်တာဖြစ်မည်ကို ကျွန်တော် နားလည်သဘောပေါက်ခဲ့ရပါသည်။အတိတ်တွင် ဘုရားသခင်က လူသားမျိုးနွယ်အတွက် ပြင်ဆင်တော်မူခဲ့သည့် လှပသည့် ကံတရားသည် ကောင်းကင်ဘုံတွင် ရှိသည်ဟု ကျွန်တော် မည်သို့တွေးခဲ့ပုံ နှင့် ကောင်းကင်ဘုံမှ အသက်တာအကြောင်း ကျွန်တော် စိတ်ကူးယဉ်ခဲ့ပုံများကို တွေးရင်းဖြင့် ထိုနည်းဖြင့် စိတ်ကူးသည်မှာ မည်မျှ ရယ်ဖွယ်ဖြစ်ကြောင်းကို သတိပြုမိလာပါသည်။ ကျွန်တော်တို့သည် အသွေးအသားခန္ဓာဇာတိဖြင့် သတ္တဝါများ ဖြစ်သောကြောင့် ကျွန်တော်တို့သည် ကောင်းကင်ဘုံတွင် မည်သို့များ ဖြစ်တည်နိုင်မည်နည်း။ ဘုရားသခင်၏ လမ်းပြမှုကျေးဇူးကြောင့် ကျွန်တော့်ကို ဘုရားသခင်၏ နိုင်ငံတော်ဆိုင်ရာ နက်နဲမှုကို နားလည်စေခဲ့ပါသည်။

ကျွန်တော် သတိမပြုမိသည့်အချိန်တွင်ပင်၊ မိုးကောင်းကင်သည် မှောင်မိုက်လာခဲ့ပြီး၊ ကြား၍ ဝသည်ဟုပင် မခံစားရသေးချိန်၌ အစည်းအဝေးပြီးဆုံးသွားခဲ့ပါသည်။ သို့သော်လည်း ဤအစည်းအဝေးမှ ကျွန်တော်သည် အမှန်တကယ်ပင် များစွာ ရရှိခဲ့ပြီး၊ နောက်ထပ်အစည်းအဝေးတစ်ခုတွင် သမ္မာတရားကို ပိုမိုများပြားစွာ နားလည်သဘောပေါက်နိုင်ဖို့အတွက် မျှော်လင့်မိပါသည်။...

အမှာစကား ချန်ခဲ့မည်