စာရင်း

ခရစ်ယာန်များအတွက် လိုအပ်သည့် စာဖတ်ခြင်း- သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းများကို မှန်ကန်သည့် ချဉ်းကပ်နည်း

ကီယမ်းဟီ တရုတ်ပြည်

ပရောဖက်ပြုခြင်းများ ဆိုသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့အား ပြောပြပြီးသည့် မဖြစ်သေးသည့် အရာများ အကြောင်း ဖြစ်ပါသည်။ ၎င်းတို့ထဲမှ အချို့သည် ဟေရှာယ အနာဂတ္တိကျမ်း နှင့် ဒံယေလ အနာဂတ္တိကျမ်းတို့ကဲ့သို့ ပရောဖက်များ ရေးချနိုင်ဖို့ ၎င်းတို့အား ကိုယ်တော်ပေးခဲ့သည့် နိမိတ်လက္ခဏာများ ဖြစ်ပါသည်။ အချို့မှာ နောက်ဆုံးသောကာလအကြောင်း သခင်ယေရှု၏ ပရောဖက်ပြုခြင်း များကဲ့သို့ပင် ဘုရားသခင်က လူများအား လူ့ဇာတိအားဖြင့် တိုက်ရိုက် ပြောခြင်း ဖြစ်ပါသည်။ ပရောဖက်ပြုခြင်းကို မည်သို့အမှန်တကယ် ပြည့်စုံရမည်ဆိုသည်မှာမူ လူသားများဖြစ်သည့် ကျွန်ုပ်တို့အနေဖြင့် ဉာဏ်မှီနိုင်သည့်အရာမဟုတ်ပါ။ ဤနေရာတွင် ကျွန်ုပ် ဖော်ပြလိုသည့် အချက်မှာ ပရောဖက်ပြုခြင်းများသည် လူသားများအနေဖြင့် အပြည့် အဝ နားလည်နိုင်သည့် အရာတစ်ခုမဟုတ်သည်ကို ကျွန်ုပ်တို့အားလုံး သိသော်လည်း လူများစွာတို့သည် သမ္မာကျမ်းစာဆိုင်ရာ ပရောဖက် ပြုခြင်းများကို ကြည့်ခြင်း၌ ၎င်းတို့၏ ကိုယ်ပိုင်အတွေးများနှင့် စိတ်ကူး များပေါ်တွင် မှီခိုရန် ကြိုးစားနေသည်ကို ကျွန်ုပ်တို့ အားလုံးသိကြ ကြောင်း ဖြစ်ပါသည်။ ၎င်းတို့သည် ပရောဖက်ပြုခြင်းများကို တိုက်ရိုက် အဓိပ္ပါယ်ပြန်ခြင်းများအား အခြေခံပြီး မည်သည့် ကန့်သတ်ချက်မျှ မထားပဲ ဒေသနာများ ဟောကြားကြသည်။ ဤသည်မှာ အလွန်ပင် လေးနက်သည့် ပြဿနာတစ်ခု ဖြစ်ပါသည်။ ဤသည်မှာ အခြားလူများ ကို ထိခိုက်နစ် နာစေရုံမျှ မက၊ အခြားလူများအနေဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် လွဲချော်ခြင်း သို့မဟုတ် ဘုရားသခင်ကိုပင် ခုခံခြင်း များ ဖြစ်လာအောင် အထင်လွဲမှားစေနိုင်ပါသည်။

ပညတ်တော်ခေတ်တွင်ကဲ့သို့ပင် ဂျူးလူမျိုးယုံကြည်မှု၏ ဖာရိရှဲများ သည် တရားတော်နှင့် အလွန်ပင် ရင်းနှီးမှု ရှိကာ သမ္မာကျမ်းစာထဲမှ ကျမ်းပိုဒ်များကို အထူးသဖြင့် ခရစ်တော် ကယ်တင်ပိုင်ရှင် ကြွလာ မည့်အကြောင်း ပရောဖက်ပြုခြင်းများ နှင့် ပတ်သက်ပြီး ကောင်းစွာ သိ လေသည်။ ဟေရှာယအနာဂတ္တိကျမ်းတွင် "ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သား ယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရလတံ့။" (ဟေရှာယအနာဂတ္တိကျမ်း ၇:၁၄) "အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဘွား မြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်ကာ အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ် ခြင်းကို ခံတော်မူလိမ့်မည်။" (ဟေရှာယအနာဂတ္တိကျမ်း ၉:၆) ဟု ပရောဖက်ပြု ထားပါသည်။ မိက္ခာအနာဂတ္တိကျမ်းတွင် "အိုဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့ တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေ လအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဘို့ သင်၏ အထဲမှာ ပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာ မှစ၍ ပေါ်ထွန်းသော သခင်ဖြစ်၏။" (မိက္ခာအနာဂတ္တိကျမ်း ၅:၂) ဟု ပရောဖက်ပြု ထားပါသည်။ သို့သော်လည်း ဖာရိရှဲများသည် ထိုကျမ်းပိုဒ်များ၏ အနက်အဓိပ္ပါယ်ကို ဘာသာပြန်ဆိုရာတွင် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကို မှီခိုနေကြဆဲ ဖြစ်ပါသည်။ ၎င်းတို့က ကြွလာမည့် သူသည် ကယ်တင်ပိုင်ရှင်ဟု ခေါ်ဆိုခြင်းခံပြီး၊ ၎င်းတို့၏ သခင်ဖြစ်သည်၊ သူသည် ဘုန်းအာနုဘော်ရှိပြီး၊ ဣန္ဒြေရှိကာ ၎င်းတို့ အား ရောမလူမျိုးတို့၏ အုပ်ချုပ်မှုမှ ကယ်တင်မည်ဟု ယုံကြည်ကြ ပါသည်။ သို့သော်လည်း ၎င်းတို့စိတ်ကူး များ၏ ပြင်ပတွင်သာ အလုံးစုံ ရှိသည့် နည်းလမ်းဖြင့်သာလျှင် ပရောဖက်ပြုခြင်းများသည် ပြည့်စုံ ကြပါသည်။ သတို့သမီးကညာသည် သားတစ်ယောက် မွေးဖွားမည်ဟု ပရောက်ဖက်ပြုထားခဲ့သော်လည်း ဖာရိရှဲတို့က သခင်ယေရှုတွင် မိခင်နှင့် ဖခင် နှစ်ပါးလုံး ရှိသည်ကို တွေ့မြင်ခဲ့ကြသည်။ သူသည် ဧမာနွေလဟု အမည်ပေးခြင်း ခံရမည်ဟု ပရောဖက်ပြုထားခဲ့ သော်လည်း၊ ကြွလာသူမှာ ယေရှုဟု အမည်ပေးခြင်း ခံရသည်။ ကယ်တင်ပိုင်ရှင်သည် တန်ခိုးတော်ရှိမည်ဟု ပရောဖက်ပြုထား သော်လည်း၊ သခင်ယေရှုသည် ရောမလူမျိုးတို့ အုပ်ချုပ်မှုကို တော်လှန် ရန် ၎င်းတို့အား ဦးဆောင်ခြင်း မပြုရုံမျှမက၊ ရန်သူများကိုချစ်ရန်၊ ခွင့်လွှတ်ခြင်း နှင့် သည်းခံခြင်းများ ရှိရန်ပင် သွန်သင်ခဲ့သည်။ သခင် ယေရှုသည်လည်း အပြင်ပန်းမှ ကြည့်ပါက သာမာန်လူတစ်ယောက် ကဲ့သို့ အသွင်ရှိနေခဲ့ပါသည်။" ကိုယ်တော်သည် အလွန်မြင့်မားသော ပုံသဏ္ဌာန်မရှိသကဲ့သို့၊ သာမာန်ထက်လွန်ကဲသည့် တင်ဆက်မှုမျိုး လည်း မရှိခဲ့ပါ … ထို့ကြောင့် ဖာရိရှဲတို့က သခင်ယေရှုသည် ၎င်းတို့ စောင့်ဆိုင်းနေသည့် ကယ်တင်ပိုင်ရှင် မဟုတ်ဟု သုံးသပ်ခဲ့ကြသည်။ ၎င်းတို့သည် ပရောဖက်ပြုထားသည့် နှုတ်ကပတ်တော်များကို အားပေး ထောက်ခံခဲ့ပြီး၊ သခင်ယေရှု ဟောကြားသည့် အရာများကို မိမိကိုယ်ကို နှိမ့်ချမှုဖြင့် ရှာဖွေခြင်း မရှိခဲ့ပါ။ ကိုယ်တော်၏ နှုတ်ကပတ်တော် များသည် သြဇာအာဏာ ပါရှိကြောင်း ၎င်းတို့အားလုံး သိရှိခဲ့ကြ သော်လည်း၊ ၎င်းတို့ကို လက်ခံခြင်း မရှိသေးပါ။ ထိုသို့လက်ခံ မည့်အစား ကိုယ်တော်ကို ပြစ်မှားခြင်း နှင့် သွားပုတ်လေလွင့် ပြောခြင်းများကို နည်းမျိုးစုံဖြင့် ပြုခဲ့ကြသည်၊ သခင်ယေရှုကို လူများက ငြင်းပယ်လာစေရန် လှုံ့ဆော်ခဲ့ကြသည်။ အဆုံးသတ်တွင် ၎င်းတို့က ကိုယ်တော့်ကို ကားတိုင်တင်ခဲ့ကြပြီး၊ အရက်စက် အကြမ်းကြုတ်ဆုံး သော အပြစ်များကို ကျူးလွန်ခဲ့ကြပါသည်။

ပရောဖက်ပြုခြင်းများကို ကြည့်သည့်အခါတွင် ကျွန်ုပ်တို့၏ ကိုယ်ပိုင် စိတ်ကူးများတွင် အခြေခံပြီး ပြည့်စုံရမည်ဟု လုံးဝ ဘောင်ခတ်၍ မရနိုင်ပါ။ တမန်တော် ရှင်ပေတရုက ပြောခဲ့သည့်အတိုင်း "ထိုမှတပါး၊ သာ၍မြဲမြံသော နာဂတ္တိ စကား တော်သည် ငါတို့၌ ရှိသေး၏။ စိတ်နှလုံးထဲ၌ ဘာရုဏ် တက်၍ ကြယ်နီပေါ်ထွက်သည် ကာလတိုင်အောင်၊ ထို အနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်း သောဆီမီးကဲ့သို့မှတ်၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။ ကျမ်းစာ၌ပါသော အာနဂတ္တိ စကားမည်သည် ကား၊ ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့။ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူ အလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်၊ ဘုရားသင်၏ သန့်ရှင်းသောသူတို့သည် သန့်ရှင်း သော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။" (ရှင်ပေတရုဩဝါဒစာဒုတိယစောင် ၁:၁၉-၂၁) ဟု ဖြစ်ပါသည်။ ပရောဖက်ပြုခြင်းများသည် ဘုရားသခင်ထံမှ လာခြင်း ဖြစ်ပြီး၊ ၎င်းတို့နှင့် ပတ်သက်သည့် မှန်ကန်သည့် စိတ်နေသဘောထား မှာ ကြည့်ရှုခြင်း၊ စောင့်မျှော်ခြင်း နှင့် ရှာဖွေခြင်းတို့ဖြစ်ကြောင်း ရှင်ပေတရု၏ စကားများက ကျွန်ုပ်တို့အတွက် ရှင်းလင်းထား ပေးပါသည်။ ကျွန်ုပ်တို့ ကိုယ်ပိုင် နားလည်သဘောပေါက်မှုကို အခြေခံ ပြီး အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်း မပြုရန် ဖြစ်ပါသည်။ ထိုနည်းအားဖြင့် ပရောဖက်ပြုခြင်းတစ်ခုသည် ပြည့်စုံပြီးဖြစ်သည့်တိုင်အောင် ကျွန်ုပ်တို့ သည် ၎င်း၏ တိုက်ရိုက်အဓိပ္ပါယ်ပြန်ဆိုမှုကိုသာ ဆုပ်ကိုင်ထားခြင်း ကြောင့်၊ ထိုပရောဖက်ပြုခြင်း ပြည့်စုံသည်ကို ငြင်းဆန်ကြမည်သာ ဖြစ်ပါသည်။

လူကြိုက်များသော အကြောင်းအရာ-

ထို့ကြောင့် ယနေ့ခေတ်တွင် သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်း များကို ကျွန်ုပ်တို့ မည်သို့ ကိုင်တွယ် ဖြေရှင်းကြမည်နည်း။ သမ္မာကျမ်းစာတွင် "ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။" (ရှင်မဿဲခရစ်ဝင် ၂၄:၃၀) ဟု ဟောကိန်းထုတ်ထားပါသည်။ ဤသမ္မာ ကျမ်းစာပိုဒ် ပေါ်တွင် အခြေခံကာ လူပေါင်းများစွာတို့က သခင်သည် တိမ်တစ်ခုပေါ်မှ ကြွလာမည်ဟု ယုံကြည်ကြပြီး၊ ၎င်းတို့က သခင်တိမ်ပေါ်မှ ကြွလာသည်ကို မမြင်ပါက၊ ကိုယ်တော်ပြန်ကြွလာခြင်း မရှိသေးဟု ထင်မြင်ကြသည်။ ထို့နောက်တွင် ၎င်းတို့က သမ္မာကျမ်းစာ တွင် "အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။" (ဗျာဒိတ်ကျမ်း ၁၆:၁၆) "သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊" (ရှင်မဿဲခရစ်ဝင် ၂၅:၆) ဟု ပရောဖက်ပြုထားသည်ကိုလည်း အာရုံစိုက်ခြင်း မရှိကြ တော့ပါ။ သို့ပါက သခင်ပြန်ကြွလာသည်ကို လွဲချော်ရန် အလွန်ပင် လွယ်ကူသည် မဟုတ်ပါလား။ သမ္မာကျမ်းစာတွင် "ဘုရားသခင်၏ပညာနှင့် ဥာဏ်တော်သည် အလွန်ကျယ်ဝန်း နက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍ မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်းမတွေ့မမှီနိုင်။ ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့်အဘယ်သူသည် တိုင်ပင် ဘက်ပြုသနည်း။ ကျေးဇူးဆပ်တော်မူရမည်အကြောင်း၊ ထာဝရ ဘုရား၌ အဘယ်သူသည် ကျေးဇူးပြုဘူးသနည်း။ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့ အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။" (ရောမဩဝါဒစာ ၁၁:၃၃-၃၆) ဟု ဆိုထား သည်။ မှန်ပါသည်။ ကျွန်ုပ်တို့ ကြားထဲမှ မည်သူသည် ဘုရားသခင်၏ အမှုများကို ဉာဏ်မီနိုင်သနည်း။ ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလ ၌ သခင်ပြန်ကြွလာမည်ကို ကြည့်သည့်အခါတွင် မိမိတို့ကိုယ်ပိုင် စိတ်ကူးများကို မှီခိုကြပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ ပြန်ကြွလာခြင်းကို ကန့်သတ် ထားပြီး၊ ၎င်းသည် ကျွန်ုပ်တို့ အယူအဆများနှင့် မကိုက်ညီပါက လက်ခံရန် ငြင်းဆန်ကြပြီး၊ ခုခံကာ ပြစ်တင်ရှုတ်ချကြသည်။ ဤသည်မှာ မာနထောင်လွှားကာ၊ ယုတ္တိ မရှိခြင်းပင် မဟုတ်ပါသလော။

လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ခန့်က သခင်ယေရှုသည် ပညတ်တော် ခေတ်၏ အမှုတော်ကို အဆုံးသတ်ခဲ့ပြီး၊ ကျေးဇူးတော်ခေတ်၏ အမှုတော်ကို ကြိုဆိုတော်မူခဲ့သော်လည်း ဂျူးလူမျိုးဖာရိရှဲတို့သည် ၎င်းကို လက်ခံခြင်း မရှိခဲ့ကြပါ။ ၎င်းတို့သည် ပရောဖက်ပြုခြင်း၏ တိုက်ရိုက်အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များကို အသုံးပြုကာ၊ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများပေါ်မှီခိုခြင်းဖြင့် သခင်ယေရှု၏ အမှုတော်ကို ပြစ်တင်ရှုတ်ချခဲ့ကြကာ သမိုင်းကြောင်းတွင် ကြီးစွာသော ဝမ်းနည်းဖွယ်ဖြစ်ရပ်ကြီးတစ်ခုကို ဖြစ်စေခဲ့သည်။ သခင်ပြန်ကြွလာ ခြင်းကို ကြိုဆိုသည့် ယခုကဲ့သို့ အရေးကြီးသည့် အခိုက်အတန့် ကာလတွင် ကျွန်ုပ်တို့သည် ဖာရိရှဲများ၏ ခြေလှမ်းများအတိုင်း လိုက်၍မရပါ။ သခင်ပြန်ကြွလာမည့် အရေးကို ကျွန်ုပ်တို့ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများဖြင့် ကြည့်၍မရပါ။ ယေဟောဝါက "ငါ၏ အကြံ အစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။ မိုဃ်းကောင်းကင်သည် မြေကြီးထက်သာ၍ မြင့် သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်၎င်း၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်၎င်း သာ၍ မြင့်၏။" (ဟေရှာယအနာဂတ္တိကျမ်း ၅၅:၈-၉) ဟု မိန့်တော်မူထားခဲ့သည်။ သခင်ယေရှုကလည်း "တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။" (ရှင်မဿဲခရစ်ဝင် ၇:၇) ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်၏ ဉာဏ်ပညာသည် ဉာဏ်မမီနိုင်သည့် အရာဖြစ်ပြီးလျှင်၊ ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် သခင်ပြန်ကြွ လာမည့် ပရောဖက်ပြုခြင်းများနှင့် ပတ်သက်ပါက ဘုရားသခင်ကို ကြောက်သည့် နှလုံးသားကို ထိန်းသိမ်းထားသင့်ပါသည်။ ရှာဖွေခြင်း နှင့် ဆုတောင်းခြင်းဖြင့်သာလျှင် ပရောဖက်ပြုခြင်းများ၏ စစ်မှန်သည့် အနက်အဓိပ္ပါယ်ကို ကျွန်ုပ်တို့ နားလည်သဘောပေါက်နိုင်ပြီး၊ သခင် ယေရှုပြန်ကြွလာခြင်းကို ကြိုဆိုကာ၊ နောက်ဆုံးသောကာလမှ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်မည် ဖြစ်ပါသည်။

သင်နှစ်သက်နိုင်သည့် အရာများ-

အမှာစကား ချန်ခဲ့မည်