စာရင်း

၂၀၂၂ခုနှစ် အပူလှိုင်းသည် မည်သည့်အရာကို အရိပ်ပြသနည်း။

သတင်းအစီရင်ခံချက်များအရ၊ ကမ္ဘာသည် ၂၀၂၂ ခုနှစ်တွင် ရှားရှားပါးပါး မြင့်မားသောအပူချိန်ကို ကြုံတွေ့နေရသည်။ အဆက်မပြတ် အလွန်ပူပြင်းသော ရာသီဥတုက ပြင်းထန်သော မိုးခေါင်ရေရှားမှု၊ တောမီးများနှင့် ရေခဲတောင်များ အရည်ပျော်ခြင်းတို့ကို ဖြစ်စေခဲ့သည်။ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုသည် ကမ္ဘာတစ်ဝှမ်းတွင် အပူရှိန် လွန်ကဲခြင်းကို ပိုမိုအဖြစ်များလာစေသည်ဟု ကျွမ်းကျင်သူအချို့က ပြောကြသည်။

၂၀၂၂ ခုနှစ် မတ်လနှင့် ဧပြီလမှစ၍ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ၏ နေရာအမြောက်အမြားတွင် အပူလှိုင်းများ လွှမ်းမိုးလာခဲ့သည်။ ဤအရာက မိုးရေချိန်သည် ပုံမှန်၏ လေးပုံတစ်ပုံမှ သုံးပုံတစ်ပုံသာရှိသဖြင့် အိန္ဒိယ၏ အနောက်မြောက်ဘက် နေရာအမြောက်အမြားကို ကြီးမားစွာ ထိခိုက်စေခဲ့သည်။ အိန္ဒိယနိုင်ငံတစ်ဝှမ်းရှိ မြို့အချို့တွင် မြင့်မားသော အပူချိန် ၄၂.၈ ဒီဂရီစင်တီဂရိတ်ကျော်ရှိပြီး၊ အချို့နေရာများတွင် ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့သည်။

၂၀၂၂ ခုနှစ် ဇွန်လမှ ဇူလိုင်လအတွင်း အပူလှိုင်းများ ဥရောပကို စတင်ဝင်ရောက်ခဲ့ပြီး အလယ်ပိုင်း၊ တောင်ပိုင်းနှင့် အနောက်ဥရောပတို့တွင် အထူးသက်ရောက်မှုရှိသည်။ ပေါ်တူဂီနိုင်ငံတွင် အချို့သောနေရာများ၌ အပူချိန်သည် ၄၇.၀ ဒီဂရီစင်တီဂရိတ်ကို ရောက်ခဲ့သည်။ ယူနိုက်တက်ကင်းဒမ်းနိုင်ငံတွင် အချို့သောနေရာများတွင် မျက်နှာပြင်အပူချိန်သည် ၅၄ ဒီဂရီစင်တီဂရိတ် အထက်သို့ရောက်ရှိခဲ့သည်။ စပိန်နိုင်ငံတွင် အပူချိန်သည် ၄၅.၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့သည်။ ရှားပါးသော အပူချိန်မြင့်မားမှုကြောင့် နိုင်ငံအများအပြားတွင် တောမီးများ လောင်ကျွမ်းပြီးဖြစ်သည်။ တောမီးများ လောင်ကျွမ်းနေချိန်အတောအတွင်းတွင် ကောင်းကင် အနီရောင်ပြောင်းသွားသည်ကို မြင်ရကာ၊ လူအချို့က ယင်းကို ကမ္ဘာမပျက်မီ မြင်ကွင်းကဲ့သို့ ကြောက်စရာကောင်းသည်ဟု သရုပ်ဖော်ပြောဆိုကြသည်။ အပူလှိုင်းများသည် ဥရောပတစ်ဝှမ်း၌ လူပေါင်း ၁၀,၀၀၀ကျော် သေဆုံးစေနှင့်ပြီး ဖြစ်သည်။ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် ဥရောပတွင် အပူလှိုင်းများ မကြာခဏ ပိုမိုဖြစ်ပွားမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ကြသည်။

ထို့အပြင်၊ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါသည် ဗိုင်းရပ်စ်က သန္ဓေဗီဇပြောင်းလဲမှုအချို့ ဖြစ်ပြီးသည့်နောက် ပိုမိုကူးစက်ပြန့်ပွားလွယ်လာသဖြင့် အလွန်များပြားသော သေဆုံးသူအရေအတွက်ကို ဖြစ်ပေါ်စေပြီး ရပ်တန့်သွားမည့် အရိပ်အယောင်များ မပြသေးပါ။ ယူကရိန်းနှင့် ရုရှားစစ်ပွဲ ဖြစ်ပွားမှုသည် လူအများအပြား၏ အသက်ကို ပျက်စီးဆုံးရှုံးစေခဲ့ပြီး စွမ်းအင်နှင့် အစားအစာ စျေးနှုန်းများ မြင့်တက်လာစေကာ ကျယ်ပြန့်သော စစ်ပွဲ၏ အန္တရာယ်သည် ယခုအချိန်တွင် ပြင်းထန်နေသည်။ ယင်းက ကမ္ဘာလုံးဆိုင်ရာ မငြိမ်မသက်မှုကို ဖြစ်စေနိုင်သည်။ ပို၍ဆိုးသည်မှာ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ အငတ်ဘေး၊ မီးတောင်ပေါက်ကွဲခြင်းများနှင့် အခြားသောဘေးအန္တရာယ်များကလည်း တိုးပွားနေသည်။ မခံမရပ်နိုင်သော ကပ်ဆိုးများကို ရင်ဆိုင်ရလျက်၊ လူများစွာတို့သည် ကပ်ဆိုးထဲသို့ မကျရောက်မည်ကို မည်သူမျှ အာမခံနိုင်ခြင်းမရှိသောကြောင့် ချောက်ချားနေသည့် အခြေအနေတွင် ရှိနေကြသည်။ ထို့ကြောင့်၊ လူများစွာက တွေးတောနေကြသည်- ဤဘေးဒုက္ခများ ဖြစ်ပျက်မှုသည် မည်သည့်အရာကို အတိအကျ အရိပ်ပြသနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကွယ်ကာခြင်းကို မည်သို့ရရှိနိုင်ပြီး ဘေးဒုက္ခများကို ရှင်သန်နိုင်မည်နည်း။

၁။ ပရောဖက်ပြုချက်များ ပြည့်စုံခြင်းက အဘယ်အရာကို ညွှန်ပြသနည်း။

ဤဘေးဒုက္ခများသည် မတော်တဆဖြစ်ခဲ့ခြင်း မဟုတ်ကြောင်းနှင့်၊ ယင်းတို့သည် သဘာဝဖြစ်စဉ်များ ဖြစ်ရုံမကဘဲ၊ ထိုအစား၊ ယင်းတို့၏ဖြစ်ပျက်မှုသည် သခင်၏ပြန်ကြွလာခြင်းနှင့်သက်ဆိုင်သော ပရောဖက်ပြုချက်များကို ပြည့်စုံစေကြောင်း ကျွန်ုပ်တို့အားလုံး သိကြပါသည်။ “လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့် တနိုင်ငံရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ မြေကြီးလှုပ်ခြင်း ဖြစ် လိမ့်မည်။ အစာခေါင်းပါးခြင်းနှင့် မငြိမ်းမသက်ခြင်းတို့သည်လည်း ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခ ဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။(ရှင်မာကုခရစ်ဝင်ကျမ် ၁၃:၈)အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီး စွာသော ဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၂၁) ဤအရာက နောက်ဆုံးခေတ်ကာလသည် ရောက်လာပြီးဖြစ်ကာ သခင်ယေရှုသည် ပြန်ကြွလာပြီးဖြစ်ကြောင်းကို ညွှန်ပြသည်။ ဘုရားနှုတ်ကပတ်တော်များက ပြောသကဲ့သို့ပင် ဖြစ်လေသည်။ “နောက်ဆုံးသောကာလသည် ရောက်ရှိလာပြီဖြစ်ပြီး ကမ္ဘာအနှံ့ရှိ နိုင်ငံများသည် ဝရုန်းသုန်းကား အခြေအနေတွင် ရှိနေသည်။ နိုင်ငံရေး ကစဉ့်ကလျားဖြစ်ခြင်း ရှိသည်၊ အစာခေါင်းပါးမှုများ၊ ကပ်ရောဂါများ၊ ရေလွှမ်းမိုးမှုများ.နှင့် မိုးခေါင်မှုများသည် နေရာအနှံ့ ဖြစ်ပေါ်လျက် ရှိသည်။ လူသား၏ကမ္ဘာ၌ ရုတ်တရက်ဖြစ်ပွားသည့်ကပ်ဘေး ရှိသည်။ ကောင်းကင်ဘုံသည်လည်း ဘေးဒုက္ခကို စေလွှတ်ပြီးဖြစ်သည်။ ဤအရာများသည် နောက်ဆုံးသောကာလ၏ လက္ခဏာရပ်များ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၁)၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)) “နောက်ဆုံးသော ကာလနှင့်သက်ဆိုင်၍ ပြောဆိုရာတွင်၊ ဤအရာမှာ ယေရှုက သင်တို့သည် ကပ်ဘေးကို ဧကန်မုချ ကြုံရမည်ဖြစ်ပြီး၊ ငလျင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါတို့ကို ကြုံရလိမ့်မည်ဟု ပြောခဲ့သည့် သီးခြားခေတ် တစ်ခေတ်ကို ရည်ညွှန်းပေသည်၊ ယင်းက ဤသည်မှာ ခေတ်သစ် တစ်ခေတ်ဖြစ်ပြီး၊ အိုဟောင်းသော ကျေးဇူးတော်ခေတ် မဟုတ်တော့သည်ကို ပြသပေလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၁)၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

ဘေးဒုက္ခအမျိုးစုံ ဖြစ်ပျက်ခြင်းသည် နောက်ဆုံးသောကာလ၏ လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ဤနှုတ်ကပတ်တော်များက ကျွန်ုပ်တို့အား ပြောပြသည်။ သခင်ယေရှုသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး ခေတ်အသစ်တစ်ခုကို ဖွင့်လှစ်လျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်။ သို့သော် လူသားမျိုးနွယ်သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးပြီးဖြစ်သည်။ ဘုရားသခင်၊ သို့မဟုတ် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို မည်သူမျှ တက်ကြွစွာ မရှာဖွေကြဘဲ၊ လူများစွာတို့သည် သခင်ပြန်ကြွလာပြီးဖြစ်ကြောင်း သက်သေခံချက်ကို ကြားသိရသော်ငြားလည်း ရှာဖွေရန်နှင့် စူးစမ်းလေ့လာရန် ငြင်းဆန်ကြဆဲဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား သတိပေးရန်နှင့် ကျွန်ုပ်တို့၏ထုံထိုင်းနေသော စိတ်နှလုံးများကို နိုးထစေရန်အလို့ငှာ၊ ဘေးဒုက္ခအမျိုးမျိုးကို ကျရောက်စေပါသည်။ သခင်ပြန်ကြွလာခြင်းနှင့်ဆိုင်သော ပရောဖက်ပြုချက်များပြည့်စုံပြီးဖြစ်ကြောင်းနှင့် သခင်ပြန်ကြွလာနှင့်ပြီးဖြစ်ကြောင်း ကျွန်ုပ်တို့ကို သူရှင်းလင်းစွာ မြင်စေလိုသည်။ သူသည် ကျွန်ုပ်တို့အား ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို အလျင်အမြန် ရှာဖွေဖို့နှင့် သခင်ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ ဘေးအန္တရာယ်များမှတစ်ဆင့် တွန်းအားပေးနေခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကိုခံရဖို့ အခွင့်အရေးရနိုင်ပြီး ဘုရားသခင်၏ ကွယ်ကာမှုကို ရရှိကာ ဘေးဒုက္ခများမှ ရှင်သန်နိုင်မည်ဖြစ်သည်။

၂။ သခင်ပြန်ကြွလာခြင်းကို ကြိုဆိုဖို့နည်းလမ်း

သခင်ပြန်ကြွလာနှင့်ပြီးဖြစ်သည့်အတွက် ကျွန်ုပ်တို့သည် ကိုယ်တော်ကို မည်သို့ကြိုဆိုနိုင်မည်နည်း။ အမှန်မှာမူ၊ သခင်ယေရှုသည် ကျွန်ုပ်တို့အား လမ်းခရီးကို မိန့်တော်မူပြီးသားဖြစ်သည်။ ကိုယ်တော်က ပြောခဲ့သည်။ “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀) “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) နောက်ဆုံးသောကာလတွင် သခင်ပြန်ကြွလာသောအခါ၊ ကျွန်ုပ်တို့၏ တံခါးများကိုခေါက်ပြီး သူ၏သိုးများကိုရှာရန် နှုတ်ကပတ်တော်များကို ဖော်ပြမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ကို ပြောလေသည်။ သခင်ကြွလာပြီးဖြစ်ကြောင်း သက်သေခံချက်ကို ကြားသောအခါ ပညာရှိ သတို့သမီးများဖြစ်သည့် ဘုရားသခင်၏ သိုးများသည် တက်ကြွစွာ ရှာဖွေပြီး စုံစမ်းလေ့လာကြလိမ့်မည်။ သူတို့သည် ပြန်ကြွလာသော သခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို ရှာဖွေတွေ့ရှိပြီး ဘုရားသခင်၏အသံတော်ကို အသိအမှတ်ပြုသည်နှင့်တစ်ပြိုင်နက်၊ လက်ခံပြီး နာခံကြမည်ဖြစ်သည်။ ဤသည်မှာ သခင်ပြန်ကြွလာခြင်းကို ကြိုဆိုပြီး သခင်နှင့်အတူ စားတော်ပွဲကို တက်ရောက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက ပြောသကဲ့သို့ပင် ဖြစ်သည်။ “ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ ‘ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။’ ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လူတို့၏ အယူအဆများနှင့် ချိန်ညှိ၍ မရနိုင်ချေ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများကို ထားခဲ့ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ကိုယ်ပိုင် အကန့်အသတ်များထဲတွင် ထားပြီး သင်၏ကိုယ်ပိုင် အယူအဆများအတွင်း သူ့ကို ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ပြီးလျှင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို သင့်ကိုယ်သင် တောင်းဆိုသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏) ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ခြေရာများကို အမီလိုက်ပြီး သူ၏ပေါ်ထွန်းခြင်းကို မြင်တွေ့လိုပါက၊ အရေးကြီးဆုံးအရာမှာ ဘုရားသခင်၏ အသံတော်ကို နားထောင်ဖို့နှင့်၊ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် နှုတ်ကပတ်တော်များကို ရှာဖွေဖို့ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို အသိအမှတ်ပြုနိုင်လျှင် ဤအရာသည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မြင်ရပြီး သခင်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်းဖြစ်သည်။ ထို့ကြောင့်၊ တစ်စုံတစ်ဦးသည် သခင်ပြန်ကြွလာပြီးဖြစ်ကာ၊ နှုတ်ကပတ်တော်များဖော်ပြပြီး အမှုတော်၏အဆင့်အသစ်ကို လုပ်ဆောင်ကြောင်း သက်သေခံသည်ကို ကျွန်ုပ်တို့ ကြားရသောအခါ၊ ကျွန်ုပ်တို့သည် မျက်စိစုံမှိတ် ငြင်းဆန်၍မရဘဲ၊ သူ၏နှုတ်ကပတ်တော်များသည် ဘုရားသခင်၏အသံတော် ဟုတ်မဟုတ်ကို တက်ကြွစွာ ရှာဖွေပြီး စုံစမ်းလေ့လာကာ နားထောင်သင့်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို အသိအမှတ်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တို့ လက်ခံပြီး နာခံရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်သာ ကျွန်ုပ်တို့သည် သခင်ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်ပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်း ခံရမည့်အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သည်။

ယခုအခါ၊ ကမ္ဘာတစ်ဝှမ်းလုံးတွင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်သာလျှင် သခင်ယေရှုသည် ပြန်လည်ကြွလာပြီးဖြစ်ကြောင်း၊ သူသည် နောက်ဆုံးသောကာလ၏ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်ကြောင်း လူသိရှင်ကြား သက်သေခံနေပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး၊ သူသည် သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှု၏ အခြေခံအုတ်မြစ်ပေါ်တွင် လူသားမျိုးနွယ်ကို လုံးလုံးလျားလျား သန့်စင်ဖို့နှင့် ကျွန်ုပ်တို့ကို အပြစ်နှင့် စာတန်၏စွမ်းအားတို့မှ ကယ်တင်ဖို့ ဘုရားအိမ်တော်မှအစပြုသော တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ပြီဖြစ်သည်။ သူ၏အမှုတော်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ ကွယ်ကာခြင်း လက်ခံရရှိစေပြီး ဘေးဒုက္ခများမှ ရှင်သန်စေကာ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းပေးမည်ဖြစ်သည်။ ဤသည်မှာ သခင်ယေရှု၏ ပရောဖက်ပြုချက်များ ပြည့်စုံခြင်း ဖြစ်သည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇)ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နားမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)

အနန္တတန်ခိုးရှင် ဘုရားသခင် စတင် ပေါ်ထွန်းပြီး အမှုပြုသည်ကစ၍ အနှစ် ၃၀ ကျော်ကြာခဲ့ပြီဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာကျမ်းစာထဲရှိ နက်နဲမှုများကိုသာမက၊ လူ့ဇာတိခံယူခြင်း၏နက်နဲမှု၊ စာတန်သည် လူသားတို့ကို မည်သို့ဖောက်ပြန်စေကြောင်း၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုသည် လူသားမျိုးနွယ်ကို မည်သို့သန့်စင်ပြီး ကယ်တင်ကြောင်း၊ ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ဖို့ ကောင်းမြတ်သူများကို ဆုလာဘ်ချီးမြှင့်ပြီး ဆိုးယုတ်သူများကို အပြစ်ဒဏ်ပေးရင်း၊ လူများကို သူတို့၏အမျိုးအစားအလိုက် မည်သို့ခွဲခြားကြောင်းနှင့်၊ လူသားမျိုးနွယ်သည် လှပသောခရီးပန်းတိုင်ကို မည်သို့ဝင်ရောက်ကြောင်း စသည်တို့ကဲ့သို့ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအလုပ်နှင့်သက်ဆိုင်သည့် နက်နဲမှုများကိုပါ ထုတ်ဖော်ပြလျက်၊ နှုတ်ကပတ်တော် သန်းချီ၍ ဖော်ပြပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဘုရားသခင်ကို ဆန့်ကျင်သော အနှစ်သာရနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း၏ သမ္မာတရားကိုလည်း ထုတ်ဖော်ပြသည်။ သူသည် လူတို့အား ၎င်းတို့၏အပြစ်ကို ဖယ်ရှားဖို့နှင့် ကယ်တင်ခြင်းရရှိဖို့ လမ်းကြောင်းတစ်ခုကို ပေးလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဘေးဒုက္ခများမတိုင်မီ အောင်မြင်သောသူတစ်စုကို ပြုလုပ်ပြီးဖြစ်သည်။ ဤအောင်မြင်သူများ၏ သက်သေခံချက်များကို အွန်လိုင်းတွင်ရရှိနိုင်သည့် ဗီဒီယိုများနှင့် ရုပ်ရှင်များအဖြစ် ဖန်တီးပြုလုပ်ပြီးဖြစ်ကာ၊ ယင်းတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှု၏ အသီးအပွင့်များဖြစ်သည်။ ယင်းတို့ကို မြင်တွေ့သူအားလုံးအတွက် လုံးဝ လက်ခံယုံကြည်စေပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်သည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီးဖြစ်ကာ၊ နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ပြီး ဘာသာရေးလောကတစ်ခုလုံးနှင့် ကမ္ဘာတစ်ခုလုံးကိုပင် တုန်လှုပ်စေခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို လက်ခံကာ၊ သက်သေခံပြီး ဟောပြောသည့် လူအရေအတွက်သည် တိုး၍များပြားလာသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားသည် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ ရောက်ရှိပြီးဖြစ်သည်။ အချက်အလက်များက အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသော သခင်ယေရှုဖြစ်ကြောင်း သက်သေပြရန် လုံလောက်ပါသည်။ ယခုအချိန်တွင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုသည် ပြီးဆုံးတော့မည်ဖြစ်ကာ ကြီးမားသောဘေးဒုက္ခများ စတင်နေပြီဖြစ်သည်။ အနာဂတ်တွင် ဘေးဒုက္ခများသည် ပို၍ပင် ဆိုးလာမည်ဖြစ်သည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ပြီးဖြစ်သူများသည် ကွယ်ကာခြင်း ခံရမည်ဖြစ်သည်၊ ကြီးမားသော ဘေးဒုက္ခများမှ ရှင်သန်ကျန်ရစ်ကာ လူသားမျိုးနွယ်၏ လှပသော ခရီးပန်းတိုင်ဖြစ်သည့် ကောင်းကင်နိုင်ငံတော်သို့ ဆောင်ကြဉ်းခြင်းခံရမည် ဖြစ်သည်။ သို့ရာတွင်၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့ ငြင်းပယ်ပြီး ဘုရားသခင်ကို ခုခံကာ ပြစ်တင်၍ပင် ရှုတ်ချသူများသည် ဘေးဒုက္ခများ၌ အပြစ်ဒဏ်ပေးခံရပြီး ဖျက်ဆီးခံရမည်ဖြစ်သည်။ ဤနည်းအားဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုတော်သည် လုံးဝ အပြီးသတ်လိမ့်မည်ဖြစ်သည်။

၃။ လူသားတို့အား ဘုရားသခင်၏ သတိပေးချက် နှုတ်ကပတ်တော်များ

နောက်ဆုံးအနေဖြင့် နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ လူသားမျိုးနွယ်ထံသို့ ဤသတိပေးသည့် နှုတ်ကပတ်တော်များကို ဖတ်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ရာ၌ ဘုရားသခင်၏ အရေးတကြီး ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ကြပါစို့။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အပြောကျယ်လှသော ဤလောကကြီးတွင် ကွင်းပြင်များအတွင်းသို့ သမုဒ္ဒရာရေများ နုန်းတင်ခြင်း၊ သမုဒ္ဒရာအတွင်းသို့ ကွင်းပြင်များ ဖုံးလွှမ်းသွားခြင်းတို့ ထပ်ခါထပ်ခါ ဖြစ်ပျက်နေ၏။ အရာခပ်သိမ်းအလယ်တွင် အရာအားလုံးကို အစိုးရသော ဘုရားသခင်မှတစ်ပါး မည်သူမျှ ဤလူသားမျိုးနွယ်ကို မဦးဆောင်၊ မညွှန်ကြားနိုင်ပေ။ ဤလူသားမျိုးနွယ်အတွက် ကြိုးပမ်းရန်၊ သို့မဟုတ် ပြင်ဆင်မှုများ လုပ်ဆောင်ရန် အင်အားကြီးသောသူ တစ်ယောက်မျှ မရှိပေ၊ ဤလူသားမျိုးနွယ်ကို အလင်းပန်းတိုင်ဆီသို့ ဦးဆောင်သွား နိုင်သူနှင့် ကမ္ဘာကြီး၏ မတရားမှုများမှ လွတ်မြောက်စေနိုင်သူ သာ၍ပင် မရှိပေ။ ဘုရားသခင်သည် လူသားတို့၏ အနာဂတ်အတွက် ဝမ်းနည်းသည်၊ လူသားတို့၏ ကျဆင်းမှုအတွက် ပူဆွေးသောက ရောက်သည်၊ ထို့ပြင် လူသားတို့သည် ယိုယွင်းပျက်စီးခြင်းနှင့် ပြန်လမ်းမဲ့လမ်းကြောင်းဆီသို့ တဖြည်းဖြည်း ချီတက်သွားနေခြင်း အတွက် ဝမ်းနည်းပူဆွေးရသည်။ ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေခဲ့ပြီး ဆိုးယုတ်သောသူကို ရှာဖွေရန် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ကြသည့် ထိုသို့သော လူသားမျိုးနွယ် ရှေးရှုသွားနိုင်သည့် ဦးတည်ချက်နှင့် ပတ်သက်ပြီး မည်သူကမျှ မစဉ်းစားခဲ့ဖူးကြပေ။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သူမျှ သတိမပြုမိကြခြင်း၊ ဘုရားသခင်ကို ကျေနပ်သဘောကျစေမည့်လမ်းကို မည်သူမျှ မရှာဖွေကြခြင်း၊ သို့မဟုတ် ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်ရန် မည်သူမျှ မကြိုးစားကြခြင်း၊ ထိုထက်ပို၍ပင် ဘုရားသခင်၏ ပူဆွေးမှုနှင့် နာကျင်ရမှုတို့ကို နားလည်ပေးရန် မည်သူမျှ မကြိုးစားကြခြင်းတို့မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်တော့သည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီးသည့်နောက်တွင်ပင် လူသားသည် သူ့လမ်းသူ ဆက်လျှောက်နေ၏၊ ဘုရားသခင်ထံမှ လမ်းလွဲသွားရန် မလျှော့တမ်းပေ လုပ်နေပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုစိုက်မှုကို ရှောင်ဖယ်ကာ ဘုရားသခင်၏ သမ္မာတရားကို ရှောင်ရှားလျက် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ထံသို့ သူ့ကိုယ်သူ ရောင်းချရန်သာ ပိုနှစ်သက်နေသည်။ လူသားသည် ဆက်လက်ခေါင်းမာ နေမည်ဆိုပါက ဘုရားသခင်သည် နောင်တရခြင်းမရှိဘဲ သူ့ကိုပစ်သွားသည့် ဤလူသားတို့အပေါ် မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်ကို မည်သူစဉ်းစားဖူးသနည်း။ ဘုရားသခင်၏ အကြိမ်ကြိမ် သတိပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ရခြင်းများ၏ အကြောင်းရင်းမှာ လူသား၏ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ ခံရပ်နိုင်မည် မဟုတ်သည့် တစ်ခါမျှမဖြစ်ဖူးသေးသော ကပ်ဘေးကို သူ၏ လက်တော်ထဲတွင် ပြင်ဆင်ထားသောကြောင့်ဖြစ်ကြောင်းကို မည်သူမျှမသိပေ။ ဤကပ်ဘေးသည် ခန္ဓာအတွက်သာ မဟုတ်ဘဲ စိတ်ဝိညာဉ်အတွက်ပါ အပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်၏ အကြံအစည် ပျက်ပြားသွားပြီး၊ သူ၏သတိပေးချက်များနှင့် တိုက်တွန်းနှိုးဆော်ချက်များသည် တုံ့ပြန်မှုကို မခံရပါက သူ့အနေဖြင့် မည်သို့အမျက်မျိုး ထုတ်လွှတ်မည်ကို သင်သိသင့်သည်။ သူ၏အမျက်သည် ဖန်ဆင်းခံသူတို့ ကြုံတွေ့ဖူးသော၊ ကြားဖူးသော အရာများနှင့် လုံးဝတူညီမည်မဟုတ်ပေ။ ထို့ကြောင့် ထိုကပ်ဘေးသည် မကြုံစဖူးသောအရာဖြစ်ပြီး မည်သည့်အခါမျှလည်း ထပ်မံ ဖြစ်ပေါ်လာမည် မဟုတ်ဟု ငါပြောသည်။ အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်သည် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်သာ ဖန်ဆင်း၍ ဤတစ်ကြိမ်သာ ကယ်တင်ရန် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်ကယ်တင်သော ဘုရားသခင်၏ စေ့စပ်သေချာသည့် ရည်ရွယ်ချက်များနှင့် စိတ်ထက်သန်သော မျှော်လင့်စောင့်စားမှုတို့ကို မည်သူမျှ နားမလည်နိုင်ပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၁)၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်)

အမှာစကား ချန်ခဲ့မည်