စာရင်း

ကိုယ်တော်ပြန်ကြွလာချိန်တွင် တံခါးကို သခင်မည်သို့ ခေါက်မည်နည်း

ကျန်းဇီ တရုတ်ပြည်

ရှိယန်ရမ် သည် သခင့်ကို ယုံကြည်ခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီ။ စစ်မှန်သည့် ယုံကြည်သူများ ဖြစ်သည့် ညီအစ်ကို မောင်နှမများ အားလုံးကဲ့သို့ပင် သူသည်ကောင်းကင် နိုင်ငံတော်သို့ ချီဆောင်ခံရစေရန် ကိုယ်တော်ပြန်ကြွလာသည်ကို နိုးကြားစွာ ဆက်လက် စောင့်မျှော်နေခဲ့သည်။

တစ်ရက် နံနက်စာစားအပြီး သူသည် သူ့စာကြည့် စားပွဲတွင် ထိုင်နေခဲ့သည်။ အပြင်တွင် နေပူလျက်ရှိပြီး၊ တောက်ပသည့် နေရာင်ခြည်သည် ပြတင်းပေါက်မှ တစ်ဆင့် သူ့ပေါ်သို့ ထိုးနေသည်၊ သူက စိတ်ကောင်းဝင် နေခဲ့သည်။ သူကဓမ္မ သီချင်းစာအုပ်ကို ထပ်မံဖွင့်လိုက်ပြီး၊ ရင်းနှီးသော သံစဉ် များဖြင့် စတင်စိတ်ပြင်းပြစွာ လိုက် သီဆိုခဲ့ သည်။ "လူကောင်းက တံခါး ခေါက်နေ တယ်၊ သူဆံပင်တွေက နှင်းစက်တွေနဲ့ စိုရွှဲနေတယ်၊ ငါတို့ အလျင်အမြန်ထပြီး တံခါးဖွင့်ကြပါစို့၊ ပြီးတော့ လူကောင်းကို လှည့်ထွက်မ သွားပါစေနဲ့ …" ("ခါနန်ဓမ္မ သီချင်း") သူက ဓမ္မသီချင်းကို ထပ်ဆိုပြီး၊ သူ့ကိုယ်သူ ပညာရှိသတို့သမီးတစ်ဦးအဖြစ် တစ်ဖန် စိတ်ကူးကာ၊ ချစ်ရာသခင်၏ အသံကို ကြားနိုင်ရန်နှင့် ကိုယ်တော်က တံခါးခေါက်ရန် လာသည့်အချိန်တွင် ကြိုဆိုနိုင် ရန် တို့သည် နှစ်ပေါင်းများစွာ သူ၏ တစ်ခုတည်းသော ဆန္ဒဖြစ်ခဲ့ပါသည်။ သူအားနည်သည်ဟု ခံစားရသည့်အခါ တိုင်း သူက နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး၊ နှိုးဆော်ခြင်း ခံရရန်အတွက် ဤဓမ္မသီချင်းကို သီဆိုခဲ့ပါသည်။ သခင်သည် သစ္စာစောင့်သိပြီး၊ ကိုယ်တော်၏ ကတိတော် များသည် အလဟသ မဟုတ်ကြောင်းကို သူက ပြတ်သားစွာ ယုံကြည်ခဲ့ ပါသည်… သာယာနာ ပျော်ဖွယ် သီချင်းဆိုခြင်း သည် အခန်းအနှံ့တွင် ပဲ့တင်ထပ်ရင်းဖြင့် သူသည် အတွေးများ၌ နစ်မျော်နေကာ၊ ဗျာဒိတ်ကျမ်း အခန်းကြီး၁ ငယ် ၇ မှာ ပရောဖက်ပြုခြင်းသည် သူ့အတွေးထဲသို့ ဝင်ရောက်လာခဲ့ သည်၊ "ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့် တကွ ကြွလာတော် မူသည် ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသော သူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့် မည်။ မြေကြီးသား အမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော် ကြောင့် ငိုကြွေးမည်တမ်း ရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။" သခင်ယေရှုသည် တိမ်များဖြင့် ကြွလာမည် မဟုတ်ပါလား။ ပြီးနောက်ကိုယ်တော်ကို လူတိုင်းက ကြည့်ရှုကြမည်၊ ထို့ကြောင့် လူတိုင်းက ကိုယ်တော်ကို ရှုမြင်ခဲ့လျှင်၊ ကိုယ်တော်သည် တံခါးလာခေါက်ရန် လိုအပ်ပါသလား။ ထို့နောက် ကိုယ်တော်သည် မည်သို့ များ တံခါးခေါက်မည်နည်း။

ထိုအခိုက်အတန့်တွင်ပင် တံခါးခေါက်သည့်အသံဖြစ် ပေါ် လာသည်။ သူက တံခါးဖွင့်ရန် ထိုနေရာသို့ အလျင်စလို သွားခဲ့သည်။ ထိုသည်မှာ သူ့ဇနီး ချန်းအမ် ဖြစ်နေ သည်ကို တွေ့ရင်းဖြင့် သူက အံ့အားတကြီးနှင့် "အား နင် ကိုး။ တံခါးခေါက်သံကြားတော့ ငါက … အောက်မေ့ တာ" ဟု ကျွန်တော်တွေးမိသည်။ ချန်းအမ်းက အသင်းတော်တွင် သင်းထောက် တစ်ယောက် ဖြစ်သည်။ သူမက အစည်းအဝေးတစ်ခု အတွက် မြို့ထဲသို့ လွန်ခဲ့သည့် ရက်အနည်းငယ် သွားရောက်ခဲ့ပြီး၊ ပြန်ရောက်ခါစဖြစ်သည်။

သူ့ကိုကျီစားရင်းဖြင့် သူမက "ကျွန်မ ထွက်သားတဲ့ အချိန် သော့ယူသွားဖို့ မေ့ခဲ့တယ်။ ရှင်က ကျွန်မကို ဘယ်သူထင်လို့လဲ၊ ဟင်?"ဟု ပြောခဲ့သည်။

"ဪ၊ ဘာမှမဟုတ်ပါဘူး။ ငါတစ်ခုခုစားဖို့ သွားယူလိုက်ဦးမယ်" ဟု ပြောရင်းဖြင့် သူက မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။

မည်မျှပင် မကြာသည့်အချိန်အတွင်း ရှိယန်ရမ် က စားပွဲပေါ်တွင် အရသာရှိသည့် အစားအစာ တစ်သီ တစ်တန်းကြီး စီစဉ်ခင်းကျင်းလိုက်သည်။ ချန်းအမ်းက စားရန် ထိုင်လိုက်ပြီးသည်နှင့် သူက သူမကို "ဟေ့။ ပြီးခဲ့တဲ့ ရက်တွေမှာ အစည်းအဝေးလုပ်တာ နင်က ဘာတွေကို မိတ်သဟာယပြုခဲ့သလဲ ငါတကယ်ကြား ချင်လို့ပါ။" စိတ်စောစွာဖြင့် မေးလိုက်သည်။

သူ၏ မမျှော်တကြီး အကြည့်ကို တွေ့မြင်ရင်းဖြင့် သူမကသည် အော်မရယ်ပဲမနေနိုင်ပါ၊ ထို့နောက် သူ့အား "ရှင်က တော်တော် စိတ်မရှည်တာပဲကိုး၊ အဲဒါက စကားလုံးတစ်လုံးနဲ့ ရှင်းပြလို့ မရဘူးလေ။ ကျွန်မ အရင်ပြီးအောင် စားလိုက်ဦးမယ်၊ ပြီးတော့မှ ကျွန်မတို့ အဲဒါကို အသေးစိတ်ဆွေးနွေး ကြရင်ရော"ဟု ပြုံးပြီးပြော လိုက်သည်။

အောင့်သက်သက်အနည်းငယ်ဖြစ်သွားကာ ရှိယန်ရမ် က အပြုံးဖြင့် "အို ငါက … နင်အရင်ပြီးအောင် စားလိုက် နော်" ဟု ပြောလိုက်သည်။

ချန်းအမ်း က သူမထမင်းဟင်းစားပြီးနောက်၊ သူတို့နှစ်ဦး စတင်ကာ စကားစမြည်ပြောကြပါသည်။ သူမက "သခင် ယေရှုက တိမ်တွေနဲ့ ပြန်ကြွလာပြီး၊ ကျွန်မတို့ တံခါးကို ခေါက်မယ်လို့ ကျွန်မတို့အားလုံး ထင်ကြတယ်။ ပြီးတော့ အခု ကျွန်မတို့ မျက်စိတွေရှေ့မှာ တင် ဘေးဒုက္ခတွေက ပိုကြီးသထက်ကြီးလာကြတယ်—သခင့် ပြန်ကြွလာမဲ့ ပရောဖက်ပြုခြင်းကလည်း အခြေခံအားဖြင့် ပြည့်စုံခဲ့ပေမဲ့ ကျွန်မတို့က ကိုယ်တော့်ကို မကြိုဆိုရသေးဘူး။ ကျွန်မက လည်း တွေးဆနေတာ ကိုယ်တော်က တစ်နေရာရာ မှာသာ ပေါ်ထွန်းခဲ့ပြီးဖြစ်နေပေမဲ့ ကျွန်မတို့က အဲဒါကို မသိတာများလား ..."ဟု ပြောခဲ့သည်။

ရှိယန်ရမ်က သူမ မပြီးခင်အထိပင် မစောင့်နိုင်ပဲ "အဲဒါသိပ်မှန်တယ်။ ဒါက ငါ့စိတ်ထဲရောက်နေတာ ရက်နည်းနည်းကြာခဲ့ပြီ။ နောက်ဆုံးသော ကာလမှာ ကြီးစွာသော ဘုန်းတော်နဲ့ သခင်က တိမ်တွေနဲ့ ပြန်ကြွတော်မူပြီး၊ မျက်လုံးတိုင်းက ကိုယ်တော်ကို ကြည့်ရှုကြမယ်လို့ ဆိုထားတယ်။ ဒါပေမဲ့ လူတိုင်းက ကိုယ်တော့်ကို မြင်နေပြီးမှတော့၊ ကိုယ်တော်က တံခါးခေါက်နေဖို့ လိုသေးလို့လား။ အဲဒီအကြောင်းကို ငါတွေးလေ၊ ငါပိုပြီး စိတ်ရှုပ်ထွေးတယ်လို့ ခံစားရလေပဲ။ ကိုယ်တော်က ဘယ်လိုလုပ်ပြီးတော့များ တံခါးခေါက် မလဲ" ဟု ကြားဖြတ်ပြီးပြောလိုက်သည်။

ချန်အမ်က "ကျွန်မတို့ ဘယ်သူမှ ဒါကို နားမလည် နိုင်ကြဘူး။ အစ်မတစ်ယောက်က ပြီးခဲ့တဲ့ ရက် အနည်းငယ် လောက်က ကျွန်မတို့ အစည်းအဝေး တွင်းမှာ မိတ်သဟာယပြု ဝေငှခဲ့လို့သာ ကျွန်မနားလည် ခဲ့ရတာ။ ဒီနှစ်တွေအများကြီး ထဲမှာ ကျွန်မကတို့က သခင်တိမ်တွေနဲ့ ပြန်ကြွလာမှာကို မျှော်လင့်စောင့်စား နေခဲ့ကြပြီး၊ ဒါက ကိုယ်တော့် နှုတ်ကပတ်တော်နဲ့လည်း ကိုက်ညီတယ်။ ဒါပေမဲ့ နောက်ဆုံး ကာလထဲမှာ ကိုယ်တော်ပြန်ကြွလာတဲ့အကြောင်း ပရောဖက်ပြု ခြင်း တစ်မျိုးမှမရှိဘူး။ ရှင်မှတ်မိလား။ ကိုယ်တော်က ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်(ရှင်မဿဲ ၂၅:၆) လို့လဲပရောဖက်ပြု ထားတော်မူခဲ့တယ်။ ဗျာဒိတ်ကျမ်းမှာလည်း ‘ထိုကြောင့်၊ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။(ဗျာဒိတ်ကျမ်း ၃:၃)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) လို့ပရောဖက်ပြုထားတယ်။ သခင်က ကျွန်မတို့စိတ်ကူးထားသလို နောက်ဆုံးသော ကာလမှာ တိမ်တွေနဲ့ ပြန်ကြွလာခဲ့ရင်၊ ဒီပရောဖက် ပြုခြင်းတွေက ဘယ်လိုပြည့်စုံမှာလဲ။ ကိုယ်တော်က တံခါးအပြင်မှာ ရပ်တော်မူပြီး၊ ဘယ်လိုတံခါးခေါက်မှာ လဲ"ဟု ပြောခဲ့သည်။

ရှိယန်ရမ် က ထပ်တလဲလဲ ခေါင်းညိတ်ပြီး "ဟုတ်တယ်။ သခင်က တိမ်တွေနဲ့ ပြန်ကြွလာခဲ့ပြီးတော့ လူတိုင်းက ကိုယ်တော်ကို ကြည့်နေကြရင်၊ ကိုယ်တော်က သူခိုးလို ဘယ်လိုလုပ်ပြီး လာမှာလဲ။ ဒါပေမဲ့ ဗျာဒိတ်ကျမ်း အခန်းကြီး ၁ ငယ် ၇ မှာ ‘ကြည့်ရှုလော့။ မိုဃ်းတိမ် နှင့်တကွ ကြွလာတော်မူသည် ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့် မည်။ မြေကြီးသား အမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော် ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။’ လို့ရေးထားတယ်။ ဒီနှုတ်ကပတ်တော် တွေကိုဘယ်လို ရှင်းပြနိုင်မလဲ"

ချန်းအမ်းက ပြုံးရင်းဖြင့် "အမှန်တော့ ဒီပရောဖက် ပြုခြင်းတွေက ဆန့်ကျင်ဖက်ဖြစ်နေတာ လုံးဝမဟုတ်ပါ ဘူး။ ဒီကျမ်းချက်တွေကနေ ရှာဖွေဖို့ သမ္မာတရား ရှိပါတယ်။ အခုပဲ ပြောသွားတဲ့ ဒီနှုတ်ကပတ်တော် ကျမ်းချက်တွေက သခင်ပြန်ကြွလာတဲ့ နည်းလမ်းက တိတ်တဆိတ်ကြွတာ နဲ့ လူပုံအလယ်မှာ ကြွတာဆိုပြီး နှစ်ခုရှိတယ်လို့ ဆိုလို တာဖြစ်တယ်။ ကိုယ်တော်က ပထမမှာ အမှုတော်ပြုဖို့ အတွက် တိတ်တဆိတ်ကြွမယ်၊ ပြီးတော့ နောက်မှာ အောင်မြင်သောသူ တစ်အုပ်စု စုံလင်စေပြီးနောက်မှာ လူပုံအလယ်မှာ ပေါ်ထွန်းမယ်။ ဒီအချိန်တွင်းမှာ ကိုယ်တော်က တိတ်တဆိတ် အမှုတော်ပြုနေတယ်၊ ကိုယ်တော်က ကျွန်မတို့ တံခါးတွေကို ခေါက်ပေမဲ့ ကျွန်မတို့က အဲဒါကို မဖွင့်ဘူး ဒါမှမဟုတ် ကိုယ်တော့်ကို မကြိုဘူး ဆိုရင်၊ ကိုယ်တော်လည်း လူပုံအလယ်မှာ ပေါ်ထွန်းရော ရှိုက်ကြီးတငင်နဲ့ ငိုရမဲ့သူတွေက ကျွန်မတို့သာ ဖြစ်တယ်။ ဒါ့ကြောင့် ကိုယ်တော် တံခါးခေါက်တဲ့အချိန်မှာ တံခါးဖွင့်ပြီး၊ ကိုယ်တော့်ကို ကြိုဆိုချင်ရင်၊ ကိုယ်တော် ပြန်ကြွချိန်မှာ ကိုယ်တော် တံခါးခေါက်တယ်ဆိုတာ အမှန်တကယ် ဘာကို ဆိုလိုတယ်ဆိုတာရယ်၊ ပြီးတော့ ကိုယ်တော် ဘယ်လို တံခါးခေါက်မယ်ဆိုတာရယ်ကို ပထမဆုံး နားလည်ဖို့ လိုတယ်။ မဟုတ်ရင်တော့ ကိုယ်တော်က ကျွန်မတို့ တံခါးမှာ လာခေါက်ရင်တောင်၊ ကျွန်မတို့ ဉာဏ်မဲ့ခြင်းကြောင့် ကိုယ်တော့်ကို ကျွန်မတို့ ကိုယ်တော့်ကို လျစ်လျူရှုမိမယ်။ အဲဒီနောက်မှာ ကျွန်မတို့တွေက ကိုယ်တော့်ကို ကြိုဆိုခွင့်နဲ့ ကောင်းကင်နိုင်ငံတော်ကို ချီဆောင်ခံရခွင့် တို့ကိုလည်း လွဲချော်ရမယ်"ဟု ပြောခဲ့သည်။

သူပြောစရာရှိသည်ကို နားထောင်ပြီးနောက် ရှိယန်ရမ် က—ကိုယ်တော်ကြွလာသည့်အချိန်တွင် သခင်က တံခါးကို မည်သို့ခေါက်မည်ကို သိခြင်းက မယုံနိုင်လောက်အောင် အရေးကြီးသည်မှာ မှန်ကန်ကြောင်း တွေးမိသည်။ ပညာရှိသတို့သမီးများက သခင့်ကို ကြိုဆိုရန်မှာ သူတို့သည် လုံလောက်သည့် ဆီကို ပြင်ဆင်ထားဖို့ လိုအပ်သည်ဟု နှုတ်ကပတ်တော်တွင် ပြောထားပါသည်။ ကျွန်တော်တို့က မိုက်မဲစွာဖြင့်စောင့်ဆိုင်းပါက၊ ကိုယ်တော်ကို ကြိုဆိုခွင့်ကို လွဲချော်ရသည့် အပြင်၊ မိုက်မဲသောသတို့သမီးများ လုပ်သကဲ့သို့ပင် ဖြစ်နေမည်။ ထို့နောက် ကျွန်တော်တို့သည် အမှန်တကယ်ပင် ရှိုက်ကြီးတငင်ငိုကြွေးပြီး၊ သွားကြိတ်နေ ကြရမည်။ ထို့နောက် ရှိယန်ရမ်က စိတ်လှုပ်ရှားစွာဖြင့် "ဟုတ်တယ်။ ချန်းအမ်းရေ၊ နင်ပြောတာမှန်တယ်။ ကိုယ်တော်ပြန်ကြွတဲ့အချိန်မှာ သခင်က တံခါးဘယ်လို ခေါက်မယ်ဆိုတာက တကယ့်ကို နက်နဲမှုတစ်ခုဖြစ်တဲ့အပြင်၊ အဲဒီမှာ ရှာဖွေဖို့ သမ္မာတရားလည်း ရှိတယ်။ နင်မိတ်သဟာယ ပြုခြင်းမှာ အမှန်တကယ်ကို အလင်းရှိတယ်။ သခင့်ကို ကျေးဇူးတင်ပါတယ်။ နင်ဒီအစည်းအဝေးတွေ တက်ခဲ့တာ အလဟသ မဖြစ်ဘူး။ ပြောပါဦး။ သခင်ပြန်ကြွလာတဲ့အချိန်မှာ သခင့်တံခါးခေါက်ခြင်း နဲ့ ပတ်သက်ပြီးတော့၊ အဲဒါက အမှန်တကယ် ဘာကို ဆိုလိုတာလဲ။ ကိုယ်တော်က ငါတို့တံခါးတွေကို ဘယ်လိုခေါက်မှာလဲ"ဟု ပြောလိုက်သည်။

ချန်းအမ်းက ဆက်ပြီး "အဲဒါက ဗျာဒိတ်ကျမ်းထဲမှာ ပရောဖက်ပြုထားတယ်။ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) ပြီးတော့ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ထဲမှာ အခန်းကြီး ၁၆ ငယ် ၁၂-၁၃ မှာလည်း ‘သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့် မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည် အဟုတ်။ ကြားသမျှတို့ကို ဟောပြော လိမ့်မည်။ နောင်လာလတံ့သော အရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။’ လို့ပရောဖက်ပြု ထားပါတယ်။ သခင်ယေရှုက စကားပြောတာ မပြီးသေး တဲ့အပြင်၊ နောက်ဆုံးသောကာလမှာ ကိုယ်တော်ပြန်ကြွ လာတဲ့ အချိန်မှာ ကိုယ်တော်က ပိုမိုများပြားတဲ့ သမ္မာတရားတွေကို မိန့်မြွက်ဦးမယ် ဆိုတာ ကို ဒီနှုတ်ကပတ်တော်တွေကနေ တွေ့မြင်နိုင်တယ်။ ဒါ့ကြောင့် ကျွန်မတို့က ကိုယ်တော့်အသံတော်ကို အာရုံစိုက်ပြီး၊ နားထောင်ဖို့အတွက် ကိုယ်တော်က သတိပေးခဲ့တာ ဖြစ်တယ်။ သခင်ယေရှု အမှုတော်ပြုဖို့ ကြွတော်မူတဲ့အချိန် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကို ပြန်ကြည့်မယ်ဆိုရင်၊ ကိုယ်တော်က ‘နောင်တရကြ လော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ(ရှင်မဿဲ ၄:၁၇) လို့ မကြာခဏ မိန့်တော်မူခဲ့တယ်။ ကိုယ်တော်က လေနဲ့ ပင်လယ်ကိုငြိမ်သက်စေခြင်း နဲ့ ခြေမသန်သူကို စကားလုံး နည်းနည်းနဲ့ လမ်းလျှောက်စေ ခြင်း အပြင်၊ လာဇရုကို သေရာက ပြန်ရှင်စေခြင်း တို့လိုမျိုး အံ့ချီးဖွယ်ရာတွေ နဲ့ အံ့ဖွယ်အမှုတွေကို များစွာ ပြုတော်မူခဲ့တယ်။ ကိုယ်တော့် နှုတ်ကပတ်တော်တွေက ဘယ်လူသားတစ်ယောက်မှ မိန့်မြွက် နိုင်ခြင်း မရှိတဲ့ သြဇာအာဏာ နဲ့ တန်ခိုးတို့ကို ဆောင်ကြဉ်း လာတယ်။ ရှင်ပေတရု၊ ရှင်ယောဟန်၊ ယာကုပ်၊ ရှမာရိ အမျိုးသမီး၊ နာသနေလ နဲ့ တခြားလူတွေက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကနေပြီးတော့ ကိုယ်တော်က ကတိတော် ထားရှိတဲ့ မေရှိယ ဖြစ်တာကို သတိပြုမိ ကြတာကြောင့် သူတို့က ကိုယ်တော့် ခြေလှမ်းတွေကို နောက်လိုက်ပြီး၊ ကိုယ်တော့် ကယ်တင်ခြင်းကို လက်ခံရရှိကြတယ်။ ဖာရိရှဲတွေနဲ့ သာမာန်ဂျူးလူမျိုးတွေကလည်း သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို ကြားကြပေမဲ့ သူတို့တွေက ဓမ္မဟောင်းကျမ်း နှုတ်ကပတ်တော်ရဲ့ မူရင်းအတိုင်း တသွေမတိမ်း ပရောဖက်ပြုခြင်းကိုသာ ခေါင်းမာမာနဲ့ ဖက်တွယ်ထားလို့ သူတို့က ကိုယ်တော့်ကို သူတို့ အယူအဆတွေ စိတ်ကူးတွေအားဖြင့် သတ်မှတ်ကြတဲ့အပြင်၊ ကိုယ်တော်က ကြွလာတဲ့ မေရှိယ ဖြစ်တယ်ဆိုတာကိုလည်း အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့ကြတယ်။ အဆုံးသတ်မှာ သူတို့က ကိုယ်တော့် ကယ်တင်ခြင်းကို ဆုံးရှုံးရရုံတင်မကဘူး၊ ကိုယ်တော်ကို ကားတိုင်ပေါ်မှာ သံမှိုစွဲတာနဲ့ ကိုယ်တော်ကို ခုခံတာတို့အတွက် ကိုယ်တော်ရဲ့ အပြစ်ဒဏ်ကို ခံစားခဲ့ကြရတာ၊ သူတို့ဆွေစဉ် မျိုးဆက်တွေတောင် ဘုရားသခင်ရဲ့ ကျိန်စာတိုက်ခြင်းကို ခံခဲ့ရတယ်။ဒါ့ကြောင့် ကျွန်မတို့က ဖာရိရှဲတွေရဲ့ ကျဆုံးမှုကနေပြီးတော့ သင်ယူရမှာဖြစ်ပြီး၊ ဘုရားသခင်ကို ကျွန်မတို့ စိတ်ကူးတွေနဲ့ တိုင်းတာတာ ဒါမှမဟုတ် သတ်မှတ်တာတွေ မလုပ်ရပါဘူး။ သခင့်က ကျွန်မတို့ကို တိမ်တွေပေါ်ကနေ လက်ခံမှာ မဟုတ်သလိုပဲ၊ ကိုယ်တော်က ကျွန်မတို့ အိမ်တွေကို တကယ်တံခါးလာခေါက်မှာ မဟုတ်ဘူး။ ကိုယ်တော့် နှုတ်ကပတ်တော်တွေကို ဂရုစိုက်ပြီးတော့၊ ကိုယ်တော်ရဲ့ အသံတော်ကို သတိပြုမိခြင်းတို့ကိုသာ အာရုံစိုက်ဆိုရင် ကျွန်မတို့က ကိုယ်တော်ကို ကြိုဆိုနိုင်ပြီး၊ ကိုယ်တော်နဲ့အတူ စားတော်ပွဲကြီး တက်နိုင်မယ်။ ဗျာဒိတ်ကျမ်းမှာ ‘ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူကလည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ရေးထားတဲ့အတိုင်းပဲ ဖြစ်ပါတယ်။" ဟု ပြောပါသည်။

နားထောင်နေရင်းဖြင့် ဤအချက်များ အားလုံးကိုပြန် တွေးပြီး၊ သူမ ပြောသမျှ မှန်ကန်သည်ဟု ခံစားခဲ့ရသည်။ သခင်ယေရှုက ကိုယ်တော့်အမှုတော်ကို ပြုနေသည့်အချိန် တွင် ဖာရိရှဲများနှင့်၊ သာမာန်ဂျူးလူမျိုးများစွာက ကိုယ်တော့် နှုတ်ကပတ်တော်များ ကို ကြားကြ သော်လည်း၊ ၎င်းကို သူတို့က လက်မခံရုံမျှမက၊ ထိုအစား သူတို့က ကိုယ်တော်ကို ပြစ်မှားပြီး ပြစ်တင်ရှုတ်ချကြပါ သည်။သို့သော် ရှင်ပေတရု၊ ရှင်ယောဟန် နှင့် ရှမာရိအမျိုးသမီးတို့က ကိုယ်တော့်နှုတ်ကပတ်တော် တွေကို နားထောင်ပြီး ကိုယ်တော်က ကတိတော်ထားတဲ့ မေရှိယ ဖြစ်တာကို သတိပြုမိခဲ့သောကြောင့် ကိုယ်တော့်နောက်လိုက် ခဲ့ကြပါသည်။ သူတို့အားလုံး သခင်ယေရှု၏ နှုတ်ကပတ်တော် များကို ကြားပြီး၊ ကိုယ်တော်၏ အမှုတော်ကို ကြည့်မြင်ကြကာ၊ အချို့က တံခါးဖွင့်ကာ ကိုယ်တော့်ကို လက်ခံခဲ့ကြသည့် အချိန်တွင် အခြားသူများက သူတို့နှလုံးသားများမှ တံခါးကို အလုံပိတ်ကာ၊ ကိုယ်တော့်ကို ဝင်ခွင့်မပေးခဲ့ပါ။ ကိုယ်တော်က "ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။" (ရှင်ယောဟန် ၁၀:၂၇) ဟု မိန့်တော်မူသည်မှာ အံ့သြစရာမဟုတ်ပါ။ ရှိယန်ရမ်က စိတ်လှုပ်ရှားစွာဖြင့် "သခင့်ကို ကျေးဇူးတင်တယ်။ ဒီနေ့မိတ်သဟာယပြုခြင်း မတိုင်ခင်အထိ ဒါကို ငါနားမလည် ခဲ့ဘူး။ နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့ သခင်ယေရှုက တံခါးခေါက်နေတယ်ဆိုတာက လူသားမျိုးနွယ်ကို ကိုယ်တော်ရဲ့ မိန့်မြွက်ချက်တွေကို ဆိုလိုတာဖြစ်တယ်။ လူသားရဲ့ နှလုံးသား တံခါးမှာ ခေါက်ဖို့ ကိုယ်တော်က ကိုယ်တော့် နှုတ်ကပတ်တော်တွေကို အသုံးပြုတော်မူ ခဲ့တယ်—ဒါက အင်မတန် နှစ်သက်ပျော်ရွှင်ဖွယ် ဖြစ်ပါတယ်။အခုတော့ ကိုယ်တော်ပြန်ကြွလာတဲ့အချိန်မှာ သခင်က တံခါးဘယ်လို ခေါက်မယ်ဆိုတာကို ငါတို့ သင်ယူခဲ့ပြီးပြီ၊ ဒါ့ကြောင့် ငါတို့ မျှော်လင့်ချက် ဖြစ်တဲ့ တံခါးဖွင့်ခြင်းနဲ့ ကိုယ်တော်ကို ကြိုဆိုခြင်း ပိုကြီးမားလာခဲ့ပြီ"ဟု ပြောခဲ့ပါသည်။

ချန်အန်းက "ဟုတ်ပါတယ်။ သခင်က ကိုယ်တော်ပြန် ကြွတဲ့အချိန်မှာ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို အသုံးပြုပြီး ကျွန်မတို့ နှလုံးသားတွေကို တံခါးခေါက်မှာ ဖြစ်တာကြောင့် အခု ကျွန်မတို့က ကိုယ်တော့် အသံတော်ကို နားထောင်ခြင်းမှာ အာရုံစိုက်ဖို့ တကယ်ကို လိုအပ်ပါတယ်။ တစ်ယောက် ယောက်က အင်တာနက် ပေါ်မှာပဲဖြစ်ဖြစ်၊ ရေဒီယိုမှာပဲဖြစ်ဖြစ် ကျွန်မတို့ကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ နှုတ်ကပတ်တော်တွေ ဟောတာ ကြားခဲ့လို့ရှိရင်၊ ကျွန်မတို့က အနီးကပ် နားထောင်သင့်ပါတယ်။ ကျွန်မတို့ ကိုယ်တော့်အသံကို သတိပြုမိတာနဲ့ ကိုယ်တော့်အတွက် တံခါးကိုဖွင့်ပြီး၊ ကိုယ်တော် ပြန်ကြွလာတာကို လက်ခံရပါမယ်။ ဒါက ကျွန်မတို့တွေ အနေနဲ့ သခင့်ပလ္လင်ရှေ့တော်မှာ ချီဆောင်ခြင်းကို ခံရပြီး၊ သိုးသငယ်ရဲ့ စားတော်ပွဲကြီးကို တက်ရောက်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ် ပါတယ်။ သခင်က တံခါးခေါက်တဲ့အခါမှာ ကျွန်မတို့က ဖာရိရှဲတွေ နဲ့ သာမာန်ဂျူးလူမျိုးတွေလိုပဲ ကိုယ်ပိုင် အယူအဆတွေ နဲ့ စိတ်ကူးတွေကို အခြေခံပြီး ကိုယ်တော့်ကို ဆက်ဆံမယ်၊ ကိုယ်တော့်ခေါ်ဆောင်ခြင်း ကို ဂရုစိုက်ဖို့ ငြင်းဆန်မယ် ဆိုရင်၊ ကိုယ်တော့်ကို ကြိုဆိုဖို့နဲ့ ကောင်းကင်နိုင်ငံတော်ထဲကို ချီဆောင်ခြင်း ခံရဖို့ အခွင့်အလမ်းကို ကျွန်မတို့ ထာဝရဆုံးရှုံးရ ပါလိမ့်မယ်"ဟုပြောသည်။

ရှိယန်ရမ် က ထပ်တလဲလဲ ခေါင်းညိတ်ခဲ့သည်။ သူ ယခုလေးတင် သီဆိုခဲ့သည့် သီချင်းစာသားများ အကြောင်း မတွေးပဲ မနေနိုင်ခဲ့ပါ "ကျွန်ုပ်တို့ လျင်မြန်စွာ ထပြီး တံခါးဖွင့်ကြပါစို့၊ ပြီးတော့ လူကောင်းကို ပြန်လှည့်ပြီး ထွက်မသွားပါစေနဲ့ …"

အမှာစကား ချန်ခဲ့မည်