စာရင်း

သမ္မာကျမ်းစာပရောဖက်ပြုခြင်းများကို ဘုရားသခင်၏ အလိုတော်နှင့်အညီ အဓိပ္ပါယ်ကောက်နည်း

ဝမ်းဝေ တရုတ်ပြည်

သမ္မာကျမ်းစာတွင် "ကျမ်းစာ၌ပါသော အာနဂတ္တိ စကားမည်သည် ကား၊ ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့။ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူ အလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်၊ ဘုရားသင်၏ သန့်ရှင်းသောသူတို့သည် သန့်ရှင်း သော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။" (ရှင်ပေတရု​ဩဝါဒစာ​ဒုတိယစောင် ၁:၂၀-၂၁) "ကျမ်းဟောင်းတရားသည် အသက်ကို သတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။" (၂ ကော ၃:၆) ဟု ဆိုထားပါသည်။ ပရောဖက်ပြုခြင်းများသည် ဘုရားသခင်ထံမှ လာခြင်း ဖြစ်သည့်အပြင်၊ ၎င်းတို့အား သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်း တစ်ခုတည်း ဖြင့်သာလျှင် ကျွန်ုပ်တို့ နားလည်နိုင်မည် ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ပရောဖက်ပြုခြင်းများကို မိမိတို့၏ စိတ်ကူးများနှင့် အမြင်ရှုထောင့်များကို မှီခိုကာ မူရင်းအတိုင်း အဓိပ္ပါယ်ကောက်၍ မရနိုင်ကြောင်း ဤကျမ်းပိုဒ်များက ကျွန်ုပ်တို့အား ပြောထားပါသည်။ သို့သော်လည်း ပရောဖက်ပြုခြင်းများ ပြည့်စုံခြင်းမရှိမီ၊ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ပိုင် အယူအဆများကို မှီခိုပြီး၊ ၎င်းတို့အား မူရင်းအတိုင်း အဓိပ္ပါယ်ကောက်ရန်မှာ လွယ်ကူလှပါသည်။ ဤသည်မှာ ကျွန်ုပ်တို့အတွက် ပရောဖက်ပြုခြင်းများကို လွဲမှားစွာ အနက်ဖွင့်ဆိုရန် လွယ်ကူစေပါသည်။ ပြီးနောက် ကျွန်ုပ်တို့၏ ဖြစ်နိုင်ချေမရှိသော အဓိပ္ပါယ်ကောက်ယူခြင်းများသည် အခြားသူများကို လှည့်စားလိမ့်မည်။ ဥပမာအားဖြင့် မေရှိယ ဆိုက်ရောက်ခြင်း အကြောင်း ပရောဖက်ပြုခြင်းများနှင့် ပတ်သက်ပါက၊ ဖာရိရှဲများသည် ၎င်းတို့၏ ကိုယ်ပိုင်အကြံဉာဏ်များကိုသာ မှီခိုခဲ့ကြသည်။ သခင်ယေရှု မဖွားမြင်မီက ဟေရှာယ ၇:၁၄၊ ၉:၆-၇ နှင့် မိက္ခာ ၅:၂ တို့မှ ပရောဖက်ပြုခြင်းများ၏ မူရင်းစာ၏ အနက်အဓိပ္ပါယ်များကို အခြေခံကာ မေရှိယသည် ဗက်လင်မြို့တွင် ဖွားမြင်ကာ၊ ဧမာနွေလဟု အမည်တွင်ပြီး၊ သူသည် နန်းတော်တွင် ကြီးပြင်းကာ၊ ပလ္လင်ထက်တွင် ထိုင်တော်မူစဉ် ဣသရေလကို အုပ်စိုးမည်ဟု ၎င်းတို့က မေရှိယ၏ ဆိုက်ရောက်ခြင်းကို စိတ်ကူးခဲ့ကြသည်။ သို့သော်လည်း ပရောဖက်ပြုခြင်းများသည် ပြည့်စုံသည့်အချိန်တွင်၊ သူတို့ ကိုယ်တော့်ကို စိတ်ကူးခဲ့သည့် နည်းလမ်းများသည် အချက်အလက်များနှင့် လွဲချော်နေလေသည်။ သူတို့အမှန်တကယ် တွေ့မြင်ရသည့်အရာမှာ- သခင်သည် လက်ထပ်ထားသည့် မာရိနှင့် လက်သမား မိသားစုတွင် ဖွားမြင်ကာ၊ သခင်ယေရှုဟု ခေါ်ပြီး၊ ကိုယ်တော်သည် နာဇရတ်မြို့မှ လာပြီး၊ အဆုံးသတ်တွင် ကားတိုင်တင်ကာ သံမှိုစွဲခြင်း ခံရသည်ဟု ဖြစ်သည်။ ဤသည်မှာ ပရောဖက်ပြုခြင်းများ၏ မူရင်းအတိုင်း အဓိပ္ပါယ်များနှင့် အလွန်ပင် ကွဲပြားပါသည်။ ၎င်းအကြောင်းကြောင်းကြောင့် သူတို့သည် သခင်ယေရှု၏ အမှုတော်နှင့် တရားဟောကြားခြင်းတို့သည် သြဇာအာဏာ နှင့် တန်ခိုးတို့ရှိကြောင်း တွေ့မြင်သော်လည်း၊ ဖာရိရှဲ တို့က သခင်ယေရှုသည် ကတိတော်ထားသည့် မေရှိယဖြစ်ကြောင်းကို အသိအမှတ်မပြုခဲ့ကြပါ။ ထိုအစား သူတို့သည် သခင်ယေရှုကိုပင် ပြစ်မှားပြောဆိုခဲ့ကာ၊ ကိုယ်တော်သည် နတ်ဆိုးများကို မောင်းထုတ်ရန်အတွက် နတ်ဆိုးများ၏ မင်းသားဖြစ်သည့် စာတန်ကိုပင် မှီခိုအားထားရသည်ဟု ပြောကြသည်။ ထို့ကြောင့် ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်ပြီး ပြစ်မှားပြောဆိုခြင်း အပြစ်ကို ကျူးလွန်ခဲ့ကာ၊ ဘုရားသခင်၏ စိတ်သဘောထားကို ထိခိုက်ပြစ်မှားသည့်အပြင်၊ သခင့်အပြစ်မှလွတ်ခြင်းကိုလည်း မည်သည့်အခါမျှ ရရှိမည် မဟုတ်ပါ။ ခွဲခြားသိမြင်နိုင်စွမ်း မရှိသည့် အပြင် ဖာရိရှဲတို့ပြောသည်ကို ယုံကြည်ခဲ့ကြသည့် သာမာန်လူများသည်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးခဲ့ကြရပါသည်။ ဤနမူနာမှကြည့်ပြီး၊ ဖာရိရှဲတို့သည် ၎င်းတို့၏ စိတ်ကူးများနှင့် ပရောဖက်ပြုခြင်းများ၏ မူရင်းအတိုင်းအဓိပ္ပါယ်တို့ကို ဆုပ်ကိုင်ထားကာ၊ သူတို့ကိုယ်သူတို့ နှင့် အခြားသူများကိုပါ ပျက်စီးစေခဲ့သည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။

နှစ်ပေါင်းနှစ်ထောင် ကုန်ဆုံးသွားခဲ့ပြီး၊ ယခုအချိန်သည် သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုနှုတ်ဆက်ရန် အဓိကကျသည့်အချိန် ဖြစ်သည်။ သမ္မာကျမ်းစာတွင် သခင့်ပြန်ကြွလာခြင်းအကြောင်း ပရောဖက်ပြုခြင်း များစွာ ရှိသည့်အပြင်၊ ကျွန်ပ်တို့ကလည်း ၎င်းတို့ကို မူရင်းအတိုင်းအဓိပ္ပါယ်ကောက်သည့် နည်းလမ်းဖြင့်သာ မကြာခဏ ရှင်းပြလေ့ရှိကြသောကြောင့် ကျွန်ုပ်တို့တွင် ၎င်းတို့နှင့် ပတ်သက်သည့် အယူအဆများစွာ ရှိပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် သခင်ပြန်ကြွလာခြင်း အကြောင်း ပြောပြထားသည့် သမ္မာကျမ်းစာထဲမှ ကျမ်းပိုဒ်များဖြစ်သည့် "သန်းခေါင်ယံ" နှင့် "သူခိုးအနေဖြင့်" (ဗျာဒိတ်ကျမ်း ၁၆:၁၅၊ ရှင်မဿဲ ၂၅:၆ ကိုဖတ်ပါ) တို့ကို တွေ့မြင်သည့်အခါတွင်၊ ကျွန်ုပ်တို့အနေဖြင့် သခင်သည် သန်းခေါင်ယံအချိန်တွင် ကြွတော်မူလာမည် ဖြစ်ကြောင်းကို သေချာနေကြပါသည်။ ရလဒ်အနေဖြင့် အဝတ်အစားစုံလင်စွာဖြင့် ချီဆောင်ခြင်း ခံရန် မျှော်လင့်ခြင်းဖြင့် ညအချိန်တွင် ခရစ်ယာန်အချို့သည် ညဖက်တွင် ကုတ်အင်္ကျီများနှင့် ဘောင်းဘီရှည်များဖြင့် အိပ်စက်ကြသ်ည။ သို့သော်လည်း ကျွန်ုပ်တို့က သမ္မာကျမ်းစာတွင် "မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊... ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည်။" (ဗျာဒိတ်ကျမ် ၁:၇) ဟု ဆိုထားသည်ကို မြင်ရသည့်အချိန်တွင် ကျွန်ုပ်တို့က သခင်သည် တိမ်တိုက်တစ်ခုဖြင့် နေ့လည်အချိန်တွင် ပြန်ကြွလာကာ လူသားမျိုးနွယ်ထံသို့ ပေါ်ထွန်းသည့်အပြင်၊ လူတိုင်းကလည်း ကိုယ်တော့်ကို မြင်တွေ့မည်ဟု ဆိုလိုကြောင်း မူရင်းအတိုင်း အဓိပ္ပါယ်ကောက်ခဲ့ကြသည်။ ထို့ကြောင့် အချို့လူများက မိုးကောင်းကင်ကို မျှော်ကြည့်ကာ၊ သခင်က တိမ်ပေါ်မှ ကျွန်ုပ်တို့ထံ ရုတ်တရက် ဆင်းသက်လာမည့် ရက်ကို တောင့်တခဲ့ကြသည်။ အတိုချုပ်အားဖြင့် ကျွန်ုပ်တို့သည် ထိုခေါင်းစီးနှင့် ပတ်သက်ပြီး မမှန်ကန်သည့် အမြင်နှင့်သဘောထားများစွာ ရှိလာပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ "လူသား၏ နားလည်သဘောပေါက်မှု အားလုံးကလည်း သူတို့၏ မူရင်းစာနှင့် တိကျစွာတူညီသော အဓိပ္ပာယ်ကို နားလည်ခြင်း ဖြစ်သည်။ သူ၏ စိတ်ကူးအရလည်း ဖြစ်သည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အခြေခံသဘော တရားများနှင့် ကိုက်ညီမှုမရှိ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်း လိုက်လျောညီထွေမှု မရှိပေ။... ဘုရားသခင်၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဘယ်လူသားကမှ နားမလည်နိုင်သည်ကို သင်မသိသလော။ ဘယ်လူသားကမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရှင်းပြနိုင်ကြောင်း သင်မသိသလော။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးမှုနှင့် အလင်းပေးမှုကို သင်ရရှိကြောင်း သံသယစိုးစဥ်းမျှမရှိဘဲ ကျိန်သေသလော။ ထိုကဲ့သို့သော တိုက်ရိုက်ပုံစံကို ပြခြင်းက သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ကြောင်း သေချာသလော။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ညွှန်ကြားခဲ့ခြင်းလော၊ သို့မဟုတ် သင်၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းကပင် သင့်ကို ထိုကဲ့သို့ တွေးတောစေခြင်းလော။" ဟု ပြောထားသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ နက်နဲမှုကို နားလည်နိုင်ခြင်း မရှိကြောင်း၊ ပရောဖက်ပြုခြင်းများကို မူရင်းအတိုင်း အဓိပ္ပါယ်ကောက်ရန် ကျွန်ုပ်တို့ စိတ်ကူးများအပေါ် မှီခိုခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီကြောင်း၊ ထို့ကြောင့် ကျွန်ုပ်တို့သည် သခင့်ပြန်ကြွလာခြင်း မြင်ကွင်းများကို စိတ်ကူးခြင်းမှ ရပ်တန့်သင့်ကြောင်း၊ အကြောင်းမှာ ဘုရားသခင် ကိုယ်တော်တိုင်က ထိုပရောဖက်ပြုခြင်းများကို ပြည့်စုံစေရန် မကြွလာမီတွင်၊ ပရောဖက်ပြုခြင်းများအားလုံး မည်သို့ တကယ်ဖြစ်လာမည်ကို ကျွန်ုပ်တို့ မသိနိုင်သောကြောင့် ဖြစ်ကြောင်း တို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့အား ပြောထားပါသည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းများ ဖြစ်သောကြောင့်၊ ဘုရားသခင်သည် ကိုယ်တော်၏အမှုတော်ကို မည်သို့ ပြီးမြောက်စေမည်ကို မသိကြပါ။ ပရောဖက်အချို့သည် ဘုရားသခင်၏ ထုတ်ဖော်ခြင်းများကို လက်ခံရရှိပြီးနောက် ပရောဖက်ပြုခြင်းအချို့ကို ပြောပြခဲ့ကြသော်လည်း၊ သူတို့သည်လည်း ထိုပရောဖက်ပြုခြင်းများ၏ စစ်မှန်သည့် အဓိပ္ပါယ် သို့မဟုတ် မည်သို့ပြည့်စုံမည် ဆိုသည်ကိုမူ မသိကြပါ။

ထို့ကြောင့် သခင်ပြန်ကြွလာခြင်း ပရောဖက်ပြုခြင်းများနှင့် ပတ်သက်ပြီး၊ ကျွန်ုပ်တို့သည် ပိုမိုဆုတောင်းသင့်ကာ၊ ဘုရားသခင်ကို ကြောက်ရွံ့သည့် နှလုံးသားတစ်စုံနှင့် မိမိကိုယ်ကို နှိမ့်ချစွာ ရှာဖွေသည့် စိတ်နေသဘောထား တစ်ခုတို့ ရှိရပါမည်။ သို့မှသာလျှင် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို လက်ခံရရှိနိုင်ပြီး၊ သခင့်ကို ကြိုဆိုမည် ဖြစ်ပါသည်။ သခင်ယေရှု၏ နဂိုမူလ တပည့်တော်များ ဖြစ်သည့် ရှင်ပေတရု၊ ရှင်ယောဟန် နှင့် နာသနေလ တို့သည် ပရောဖက်ပြုခြင်းများ၏ မူရင်းအတိုင်း အဓိပ္ပါယ်ကို ဖက်တွယ်ထားခြင်း မရှိသကဲ့သို့၊ ဘုရားသခင်ပြုတော်မူခဲ့သည့် အရာနှင့်လည်း မနှိုင်းယှဉ်သည့်အပြင်၊ ဘုရားသခင် ပြန်ကြွလာသင့်သည့် ပုံစံနှင့် ပတ်သက်ပြီး စည်းမျဉ်းများ မသတ်မှတ် ခဲ့သော်လည်း၊ ထိုအစား သူတို့သည် သခင်ယေရှု ဖော်ပြသည့် သမ္မာတရားကို နားထောင်ခြင်းပေါ်တွင်သာ အာရုံစိုက်ကြပြီး၊ ကိုယ်တော်၏ အမှုတော်သည် သြဇာအာဏာနှင့် တန်ခိုးအပြည့်ရှိကြောင်းနှင့် အခြားမည်သူ တစ်ဦးတစ်ယောက်မျှ ထိုသို့ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်းတို့ကို တွေ့မြင်ခဲ့ပါသည်။ ထိုအကြောင်းကြောင့် သခင်ယေရှုသည် ကြွတော်မူလာသည့် မေရှိယ ဖြစ်သောကြောင့် သခင်ယေရှုကို ကြိုဆိုကာ၊ အဆုံးသတ်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိခဲ့ကြပါသည်။ ဤသည်မှာ သူတို့က မေရှိယကို ကြိုဆိုခဲ့သည့် မှန်ကန်သည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် သခင့်ပြန်ကြွလာခြင်းကို အဓိပ္ပါယ်ကောက်ရန် နည်းလမ်းနှင့်ဆိုင်သည့် မေးခွန်းများ ရှိလာပါက၊ ကျွန်ုပ်တို့သည် သမ္မာတရားကို အမြင်ကျယ်စွာဖြင့် ရှာဖွေသည့် လူများဖြစ်သင့်ပါသည်။ တစ်စုံတစ်ယောက် သခင့်ပြန်ကြွလာခြင်းကို သက်သေခံပါက၊ ကျွန်ုပ်တို့သည် မိမိတို့ စိတ်ကူးများနှင့် အယူအဆများကိုသာ မှီခိုအားထားပြီး ဆင်ကန်းတောတိုး ငြင်းဆန်ခဲ့သည့်အပြင်၊ ပရောဖက်ပြုခြင်းများကို မူရင်းအတိုင်းအဓိပ္ပါယ်ကောက်ခဲ့သည့် ဖာရိရှဲများကဲ့သို့ အမှားမျိုးကို မပြုလုပ်ရပဲနှင့်၊ ထိုအစား ကျွန်ုပ်တို့သည် မိမိတို့ဘာသာ ရှာဖွေပြီး၊ စုံစမ်းစစ်ဆေးသင့်ပါသည်။ ဘုရားသခင်ကို ထိုသို့သော ကြောက်ရွံ့ရိုသေသည့် နှလုံးသားတစ်ခုဖြင့်သာလျှင် ကျွန်ုပ်တို့သည် သခင့်ကို ကြိုဆိုခွင့်ကို ရရှိပြီး၊ ပရောဖက်ပြုခြင်းများ မည်သို့ တကယ်ဖြစ်လာသည်ကို သတိပြုမိခြင်းပင် မရှိလိုက်ပဲနှင့် ကျွန်ုပ်တို့ နားလည်သဘောပေါက်လာလိမ့်မည်သာ ဖြစ်ပါသည်။

အမှာစကား ချန်ခဲ့မည်