စာရင်း

သခင်ပြန်ကြွလာသည့်အချိန်တွင်၊ ကိုယ်တော်သည် တိမ်များဖြင့် ပထမကြွလာမည်လား သို့မဟုတ် တိတ်တဆိတ် ကြွလာမည်လား

အားဂျင် တောင်ကိုးရီးယား

အပြာရောင်မိုးကောင်းကင်သည် အဖြူရောင် တိမ်တိုက်များ ဟိုတစ်စဒီတစ်စလွင့်မျောပြီး လူးလိမ့် နေသည်မှာ စီးဆင်းနေသည့် ရှုမျှော်ခင်းပန်းချီကား တစ်ချပ်ကားသို့ ဖြစ်နေခဲ့ပြီး၊ ကျွန်မမှာ “နောက်ဆုံး သောကာလမှာ သခင်က တိမ်ဖြူနဲ့ပြန်ကြွလာပြီး၊ ကျွန်တော်တို့ ကိုယ်တော်ပြန်ကြွလာတာကို မပြတ် ကြည့်ပြီး စောင့်မျှော်နေသမျှကာလပတ်လုံး၊ သခင်က ကျွန်တော်တို့ကို အပေါ်ကိုမတင်ပြီး၊ ကောင်းကင် နိုင်ငံတော်ထဲကို ကြိုဆိုမှာဖြစ်တယ်...”ဟု သင်းအုပ် ဆရာ အမြဲတမ်း ပြောလေ့ရှိပုံကို မတွေးမိပဲမနေနိုင်ပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်က ကျွန်မက ကြီးမားသည့် မျှော်လင့်ချက်များဖြင့် မိုးကောင်းကင်ကို ငေးကြည့် ခဲ့ကာ၊ သခင်ယေရှုက ကျွန်မတို့ကို ကောင်းကင်ထဲကို ယူဆောင်ဖို့ တိမ်ဖြူတစ်ခုနှင့် ရုတ်တရက် ပေါ်ထွန်း လာမည်ဟု အိပ်မက်မက်ခဲ့ဖူးသည်။ သို့သော်လည်း ထိုအချိန်မှ ၁၀ နှစ်သာကျော်လွန်သွားခဲ့ပြီး၊ ကျွန်မ သခင့်ကြွလာခြင်းကို လုံးဝ မမြင်ခဲ့ပါ။ “အခုဆိုရင် ငါတို့တွေဟာ နောက်ဆုံးသောကာလကို ကောင်းကောင်းရောက်ရှိနေကြတာကြောင့် သခင်က ငါတို့ကို ကြိုဆိုဖို့ တိမ်တစ်ခုနဲ့ ဘယ်တော့ကြွ လာမှာလဲ။ တစ်နေ့မှာ တိမ်ဖြူတစ်ခုပေါ်က သခင်စီးလာတဲ့မြင်ကွင်းကို တွေ့ရဖို့ တကယ်ကို တောင့်တမိတာပဲ။ အဲဒါက အရမ်းကို ကောင်းမှာ” ဟု တွေးမိသည်နှင့်အညီ ကျွန်မမှာ ဝမ်းမနည်းပဲ မနေနိုင်ခဲ့ပါ။

တစ်နေ့တွင် ကျွန်မမိတ်ဆွေတစ်ယောက်ကို သွားရောက်လည်ပတ်ချိန်တွင်၊ တိုက်ဆိုင်စွာပင် ကျွန်မမိတ်ဆွေ၏တူဖြစ်သည့် မောင်လေးလီ သည် လည်း ထိုနေရာတွင် ရောက်ရှိနေခဲ့သည်။ ယနေ့ ကမ္ဘာပေါ်တွင် ဘေးအန္တရာယ်များသည် နေရာတိုင်း တွင် အတိုင်းအတာ ပို၍ပို၍ ကြီးထွားနေပြီး ဗျာဒိတ်ကျမ်းတွင် ဖော်ပြထားသည့် သွေးလွှမ်း သောလများ ပေါ်ထွန်းမှုတို့ ၏အခြေအနေ အကြောင်း ကျွန်မတို့ စကားပြောမိသည့် အချိန်တွင်၊ သခင်ယေရှု ၏ ပြန်ကြွလာခြင်းနှင့် သက်ဆိုင်သည့် ပရောဖက် ပြုခြင်းများသည် အတော်များများ ပြည့်စုံခဲ့ပြီး ဖြစ်သည့်အပြင်၊ ကိုယ်တော်သည် မကြာမီပင် ပြန်ကြွလာမည်ဖြစ်ကြောင်း ကို ကျွန်မတို့ အားလုံး ခံစားခဲ့ရသည်။ မောင်လေးလီက ထို့နောက်တွင် ကျွန်တော့်ကို “အစ်မရေ၊ သခင်က ဘယ်လိုပြန်ကြွ လာမယ်လို့ အစ်မကထင်လဲ” ဟု မေးခဲ့သည်။ မတွေးပဲနှင့် ကျွန်မက “ကိုယ်တော်က ‘ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကို စီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။(ရှင်လုကာခရစ်ဝင် ၂၁:၂၇) လို့မိန့်တော်မူပြီး ပြီးတော့ ဗျာဒိတ်ကျမ်း အခန်းကြီး ၁ အငယ် ၇ မှာ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍’ လို့ ပရောဖက်ပြု ထားခဲ့တဲ့ အတွက်ကြောင့် ကိုယ်တော်ဟာ တိမ်ဖြူတစ်ခုပေါ်က ကြွလာမှာပေါ” ဟု ပြောခဲ့ပါသည်။

မောင်လေးလီက “အစ်မ၊ ကျွန်တော်လည်း သခင်က တိမ်ဖြူတစ်ခုပေါ်ကနေပြီး ကြီးစွာသော ဘုန်းတော်နဲ့ ကြွလာမယ်လို့ တွေးဖူးတာပဲ။ ဒါပေမဲ့ အဲဒီနောက်မှာ ကျွန်တော်က လုပ်ဖော်ကိုင်ဖက်တွေရဲ့ အစည်းအဝေးကို တက်ပြီး၊ အဲဒီက ညီအစ်ကို မောင်နှမတွေနဲ့ သခင်ပြန်ကြွလာမဲ့ နည်းလမ်းကို ဆွေးနွေးခြင်းအားဖြင့် သခင်က တိမ်တွေနဲ့ လူပုံအလယ်မှာ ကြွလာမယ်လို့ သမ္မာကျမ်းစာထဲမှာ ပရောဖက်ပြုခြင်းတွေအပြင်ကို သခင်ဟာ ပြန်ကြွ လာတဲ့အချိန်မှာ တိတ်တဆိတ် ပြန်ကြွလာ မယ့်အကြောင်း ပရောဖက်ပြုထားတဲ့ တခြား ကျမ်းချက်တွေလည်း အမှန်တကယ်ကို အများကြီး ရှိသေးတယ် ဆိုတာကို နောက်ဆုံးမှာ ကျွန်တော် သဘောပေါက်ခဲ့တယ်...”ဟု ပြောခဲ့သည်။

မောင်လေးလီ စကားပြောတာဆုံးဖို့ မစောင့်မီမှာ ကျွန်မက စိုးရိမ်တကြီး ဖြင့် ကြားဖြတ်ပြီး “အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သခင်က တိမ်ဖြူပေါ်ကနေပြီး ကြွလာမှာမဟုတ်ဘူးလား။ ကိုယ်တော်က ဘယ်လို တိတ်တဆိတ် ကြွလာနိုင်မှာလဲ” ဟု ပြောခဲ့သည်။

မောင်လေးလီက ပြုံးပြီး “အစ်မရေ၊ တကယ့်အချက်အလက်ထဲမှာ သခင့်ပြန်ကြွလာ ခြင်းနှင့် ဆက်နွယ်တဲ့ နက်နဲမှုတွေ အများကြီးရှိတယ် ကျွန်တော်က ညီအစ်ကိုမောင်နှမတွေနဲ့ အတူ သမ္မာ ကျမ်းစာအကြောင်းကို တိုင်ပင်နှီးနှောခဲ့ပြီး၊ ကျွန်တော် တို့တွေက အဲဒီအကြောင်းကို မိတ်သဟာယပြု တဲ့အပြင် ဆွေးနွေးခဲ့ကြတယ်၊ အဲဒီတော့မှ သခင်ပြန်ကြွလာမဲ့ နည်းလမ်းနှစ်ခု ရှိတယ်ဆိုတာကို ကျွန်တော် ရှာဖွေတွေ့ရှိခဲ့တယ်။ တစ်ခုက သခင်က လူပုံအလယ်မှာ တိမ်တွေပေါ်ကနေပြီး ကြွလာမှာ ဖြစ်ပြီး၊ နောက်တစ်ခုက သူဟာ တိတ်တဆိတ် ကြွလာမယ်လို့ဖြစ်တယ်။ ဗျာဒိတ်ကျမ်း ၁၆:၁၆မှာ ပြောထားသလိုပဲ ‘ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။’ ရှင်မဿဲခရစ်ဝင် ၂၅:၆၊ ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။’ လို့ ပြောထားပြီး၊ ရှင်မဿဲခရစ်ဝင် ၂၄:၄၃-၄၄ တွင် ‘သူခိုးလာမည်အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ၊ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။ ထို့ကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။’ လို့ပြော ထားတယ်။ ဒီကျမ်းချက်တွေမှာ ‘သူခိုးကဲ့သို့’ ‘သန်းခေါင်ယံ၌ ကြည့်ပါ...ကြွေးကြော်လျှင်’ နဲ့ ‘သင်တို့မထင် မမှတ်သော အချိန်နာရီ၌’ဆိုတဲ့ နှုတ်ကပတ်တော် တွေက ကျွန်တော်တို့ သတိမမူပဲကျန်ခဲ့စေဖို့ သခင်က တိတ်တဆိတ်ပြန်ကြွလာမယ် ဆိုတဲ့အချက်ကို ညွှန်းဆိုနေတယ်၊ သခင်က တိတ်တဆိတ် နဲ့ လျှို့ဝှက်စွာ ကြွလာခြင်းကို ညွှန်းဆိုတာပါ။ အဲဒီ့အပြင် သခင်က သူ့ပြန်ကြွလာခြင်းကို ပရောဖက်ပြုတဲ့ အချိန်က သူက ‘ကောင်းကင်တဘက်မှ ပြက်သော လျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်း သကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသော ဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်း ကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) လို့ မိန့်တော်မူခဲ့တယ်။ ဒီနေရာမှာ ဖော်ပြထားတဲ့ ‘လူသား’ ဆိုတာက လူတစ်ယောက် အနေနဲ့ မွေးဖွားခဲ့ပြီး၊ သာမာန်လူ့သဘာဝကို ပိုင်ဆိုင်သူ တစ်ယောက်ကို ညွှန်းဆိုထားတာပါ။ သခင်ယေရှုဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်က လူ့ဇာတိခံယူခြင်း ဖြစ်တာကြောင့် ကိုယ်တော်ဟာ လူသားနဲ့ ခရစ်တော် ဆိုပြီး အခေါ်ခံရတာကို ကျွန်တော်တို့ သိထားကြပါတယ်။အပြင်ပန်းကကြည့်ရင်၊ ကိုယ်တော်ဟာ နောက်ထပ် သာမာန်၊ ပုံမှန် လူတစ်ယောက် လိုပဲ၊ ပြီးတော့ ဘယ်သူကမှလည်း ကိုယ်တော်ဟာ ဘုရားသခင် ဖြစ်ကြောင်းကို မသိတဲ့အပြင်၊ ကိုယ်တော့် ကိုယ်ပိုင်လက္ခဏာ အစစ်အမှန်ကိုလည်း ဘယ်သူကမှ မသိဘူး။ လူတွေအတွက် ကိုယ်တော့်ကိုယ်ပိုင်လက္ခဏာက လျှို့ဝှက်ချက်အဖြစ် ကျန်နေခဲ့တာဟာ ကိုယ်တော်က စကားပြောပြီး၊ သူ့အမှုတော်ကို စပြုတဲ့အထိပဲ၊ အဲဒီနောက်ပိုင်းမှသာလျှင် လူတွေက ကိုယ်တော့်ကို သခင်အဖြစ်နဲ့ ခရစ်တော်အဖြစ်နဲ့ အသိအမှတ်ပြု ခဲ့ကြတယ်။ ဒါ့ကြောင့် သခင်က သူ့ပြန်ကြွလာ ခြင်းဟာ လူသားရဲ့ကြွလာခြင်းအနေနဲ့ ဖြစ်မယ်လို့ ပရောဖက်ပြုခဲ့ပြီး၊ ဒါက ဘုရားသခင်က လူသား အနေနဲ့ လူ့ဇာတိကို ခံယူပြီး၊ တိတ်တဆိတ် ကြွလာမယ်လို့ အမှန်တကယ် ဆိုလိုတာဖြစ်တယ်”ဟု ပြောခဲ့ပါသည်။

မောင်လေးလီ စကားပြောအပြီးတွင် ကျွန်မက ထိုနှုတ်ကပတ်တော်ကျမ်းချက်များကို သေချာစွာ ချင့်ချိန်စဉ်းစားပြီး၊ မိမိဘာသာတွေးမိသည်၊ “အဲဒီ မောင်လေးရဲ့ မိတ်သဟာယပြုခြင်းက သမ္မာကျမ်းစာ နဲ့ ကိုက်ညီနေတယ်၊ အဲဒါမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုပါရှိပြီး၊ အလင်း အသစ် လည်း ပါဝင်နေတယ်။ သခင်က လူသား အနေနဲ့ တကယ်ကို တိတ်တဆိတ် ပြန်ကြွလာမဲ့ အသွင်ပေါက်နေတယ်။ ငါလည်းဒီကျမ်းချက်တွေကို အရင်က ဖတ်ဖူးပါတယ်၊ ဒါ့ကြောင့် ငါ ဒါကို ဘာလို့ လုံးဝ သဘောမပေါက်ခဲ့တာလဲ” ထို့ကြောင့် ကျွန်မက ထိုမောင်လေးအား “မောင်လေး မိတ်သဟာယပြု သွားခဲ့တာကို အစ်မနားလည်ပါတယ်။ ဒါ့ကြောင့် ‘လူသားသည်ကြွလာလိမ့်မည်’ နဲ့ ‘သူခိုးကဲ့သို့’ ဆိုတဲ့ နှုတ်ကပတ်တော်တွေက အမှန်တော့ ဘုရားသခင်ဟာ လူသားအနေနဲ့ လူ့ဇာတိခံယူပြီးတော့ တိတ်တဆိတ်ကြွလာမယ်လို့ ဆိုလိုတာဖြစ်တယ်။ ဒါက တော်တော့်ကို ရှင်းတဲ့ နားလည် သဘောပေါက်ခြင်းပဲ။ ဒါပေမဲ့ အစ်မ သိပ်နားမလည် နိုင်သေးဘူး။ သခင်က ပြန်ကြွလာတဲ့အချိန်မှာ၊ သူက အမှန်တကယ်ကို လူ့ဇာတိခံယူခြင်းနဲ့ တိတ်တဆိတ် ကြွလာမယ်ဆိုရင်၊ သမ္မာကျမ်းစာထဲမှာ သခင်က တိမ်တွေနဲ့ ကြွလာပြီး၊ မျက်လုံးတိုင်းက ကိုယ်တော့်ကို မြင်ရမယ်လို့ ပရောဖက်ပြုခြင်းကို ဘယ်လိုရှင်းပြနိုင် မလဲ”ဟု ပြောလိုက်သည်။

မောင်လေးလီက ပြုံးပြီး “ကျွန်တော်လည်း ဒါကြောင့် စိတ်ရှုပ်ထွေးခဲ့ဖူးပါတယ်။ သခင်က သူခိုးလိုမျိုး တိတ်တဆိတ်ကြွလာမယ်လို့ပြောထားတဲ့ ပရောဖက်ပြုခြင်း နှင့် သူဟာ တိမ်ဖြူတစ်ခုပေါ်က ကြွလာပြီး လူပုံအလယ်မှာ ပေါ်ထွန်းမယ်လို့ ပြောထားတဲ့ ပရောဖက်ပြုခြင်းတို့က တကယ့်ကို ဝိရောဓိတစ်ခုဖြစ်နေခဲ့တယ်လို့ ကျွန်တော်တွေး ခဲ့ဖူးတယ်။ နောက်ပိုင်းကျမှသာ ဒီအရေးကိစ္စကို ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ပြီး ရှာဖွေဆွေးနွေး ခြင်းအားဖြင့် အဲဒီနောက်ကွယ်မှာ ဘုရားသခင်ရဲ့ ဉာဏ်ပညာရှိနေတယ်ဆိုတာကို ကျွန်တော် နားလည် သဘောပေါက်ခဲ့တယ်။ အမှန်တော့ သခင်ပြန်ကြွလာမဲ့ နည်းလမ်းနှစ်သွယ်က လုံးဝကို ဝိရောဓိမဖြစ်ဘူး၊ ဒါပေမဲ့ အဲဒီအစား ဒီနည်းလမ်းတွေက အစီအစဉ်ကျ နေတာပါ။ ပထမမှာ သခင်က လူသားအနေနဲ့ လူ့ဇာတိခံယူမယ်၊ ပြီးတော့ ပေါ်ထွန်းလာပြီး၊ သူ့အမှုကိုပြုမယ်၊ ပြီးတော့ အဲဒီနောက်မှာ သူက တိမ်တွေနဲ့လာပြီး၊ လူပုံအလယ်မှာပေါ်ထွန်းလိမ့်မယ်။ အဲဒီအပြင် ဒါက နောက်ဆုံးသော ကာလမှာ ဘုရားသခင်ရဲ့ အမှုတော်နဲ့ ဆက်နွယ်တယ်၊ ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇မှာ ပြောထား တာနဲ့အညီ ‘ဘုရားသခင်၏ အိမ်တော်သား တို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။’ လို့ဖြစ်ပါတယ်။ ပြီးတော့ ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈မှာ ‘ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအား အပြစ် စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင် လိမ့်မည်။’ လို့ပြောထားတယ်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူတဲ့အချိန်မှာ ကိုယ်တော်ဟာ ဘုရားသခင်ရဲ့ အိမ်တော်ကနေ စတင်တဲ့ တရားစီရင်ခြင်းအမှုတော်ကို ပြုတော်မူမှာ ဖြစ်ပြီး၊ သမ္မာတရားကို ဖော်ပြခြင်းအားဖြင့် ဘုရားသခင် က လူတစ်အုပ်စုကို အောင်မြင်သူတွေ အဖြစ် စုံလင်စေဖို့အတွက် တရားစီရင်ပြီး သန့်စင်တော်မူလိမ့်မယ် ဆိုတာကို ဒီကျမ်းချက် တွေကနေပြီးတော့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ပညာရှိသတို့သမီးတွေက ဘုရား သခင်ရဲ့ အသံတော်ကို ကြားပြီး သူ့ကို ကြိုဆိုနိုင်တဲ့အပြင်၊ သိုးသငယ်ရဲ့ ခြေလှမ်းတွေ နောက်လိုက်ကြတယ်။ ဒါ့ကြောင့် ဘုရားသခင်က တိတ်တဆိတ် အမှုပြုစဉ်မှာ ဘုရားသခင့် နှုတ်ကပတ်တော်တွေရဲ့ ရေလောင်းခြင်း နဲ့ အားဖြစ်စေခြင်းတို့ကို လက်ခံရရှိသမျှလူအားလုံးက သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား တွေဟာ သန့်စင်ပြီးတော့ စာတန်ရဲ့ မှောင်မိုက်တဲ့ စွမ်းအားကိုလည်း လုံးလုံးလျားလျား ဖယ်ရှားနိုင်တဲ့ သူတွေဖြစ်တဲ့အပြင်၊ ဘုရားသခင်အားဖြင့် စုံလင်စေ တဲ့ အောင်မြင်သောသူတွေ ဖြစ်လာမယ်။ ဒါက ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုခြင်းကို အတိအကျ ကို ပြည့်စုံစေတယ်။ ‘ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။(ဗျာဒိတ်ကျမ်း ၁၄:၄-၅) အောင်မြင်သောသူများ စုံလင်စေပြီးတာနဲ့ တပြိုင်နက် လူ့ဇာတိခံယူတဲ့ ဘုရားသခင်ရဲ့ လျှို့ဝှက်အမှုတော်က ပြီးဆုံးပြီးတော့ ဘုရားသခင်က ဇိအုံကို ဘုန်းတော်နဲ့ ပြန်ကြွတဲ့အပြင်၊ အဲဒီနောက်မှာ ကြီးစွာသော ဘေးအန္တရာယ်တွေကလည်း ကမ္ဘာပေါ်ကို ကျရောက် လိမ့်မယ်။ အဲဒီအချိန်မှာ နောက်ဆုံးသော ကာလရဲ့ ခရစ်တော်က သူ့အမှုကို တိတ်တဆိတ် ပြုတော်မူ ချိန်မှာ ကိုယ်တော့်ကို ခုခံပြီး ပြစ်တင်ရှုတ်ချသူ တွေအားလုံးက ဘေးအန္တရာယ်တွေထဲမှာ ပါဝင်ပြီး၊ အပြစ်ဒဏ်ခတ်တာကို ခံရမယ်။ ဒါက ဗျာဒိတ်ကျမ်း ၁:၇ မှာ ပြောထားတဲ့ ပရောဖက်ပြုခြင်းဖြစ်တဲ့ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။’ကို ပြည့်စုံစေတယ်။ ဒါ့ကြောင့် ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာ တဲ့အချိန်မှာ ပထမဦးစွာ ကိုယ်တော်က တိတ်တဆိတ် ကြွလာပြီး၊ ပြီးနောက်မှာ လူပုံအလယ်မှာ ကြွလာ မယ်။ ဘုရားသခင်က သူ့အမှုတော်ကို တိတ်တဆိတ် ပြုတဲ့အချိန်က ဘုရားသခင်က လူတွေကို ကယ်တင်ပြီး စုံလင်စေတဲ့ အဆင့်ဖြစ်ပြီး၊ ကိုယ်တော် က တိမ်တွေနဲ့ ကြွလာတဲ့အချိန်မှာ၊ အဲဒါက ဘုရားသခင်က လူသားမျိုးနွယ်ဆီကို လူပုံအလယ် ပေါ်ထွန်းပြီးတော့ ကောင်းမြတ်သူတွေကို ဆုလဒ် ချီးမြှင့်တဲ့အပြင်၊ ဆိုးယုတ်သူတွေကို အပြစ်ဒဏ်ခတ် မယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ လျှို့ဝှက်အမှုတော်ကို လက်မခံရသေးတဲ့သူတွေက ငိုကြွေးခြင်းတွေနဲ့ သွားကြိတ်ခြင်းတွေများစွာနဲ့ ဘေးအန္တရာယ်ထဲမှာ ကျရောက်ရမဲ့အချိန် ဖြစ်တယ်။ ဒီနည်းအားဖြင့် ဂျုံပင်ကို မြက်ပေါင်းပင်ကနေ၊ သိုးကို ဆိတ်တွေ ကနေ၊ အဲဒီအပြင် ပညာရှိသတို့သမီးတွေကို မိုက်မဲတဲ့ သတို့သမီးတွေဆီကနေ ခွဲခြားဖယ်ထုတ်ခံရမယ်”ဟု ပြောခဲ့ပါသည်။ မောင်လေးလီ၏ မိတ်သဟာယ ပြုခြင်းကို နားထောင်ပြီးနောက်မှာ ကျွန်မ နှလုံးသား က ရုတ်တရက် အားတက်လာပြီး၊ စိတ်ခံစားချက် တွေနဲ့ ပြည့်လာခဲ့ရတယ်၊ ကျွန်မက “မောင်လေး၊ အစ်မ မောင်လေးရဲ့ မိတ်သဟာယပြုခြင်းကို နားလည်လာပါပြီ။ ဒါဆို အမှန်တော့ သခင်ပြန် ကြွလာမယ့်နည်းလမ်းက ပထမဆုံး ကိုယ်တော်က တရားစီရင်ခြင်းအမှုကို ပြုဖို့ လူသားအနေနဲ့ လူ့ဇာတိကို ခံယူမယ်၊ ပြီးတော့ အဲဒီနောက်မှာ ကိုယ်တော်က ဘေးအန္တရာယ်တွေမလာခင်မှာ အောင်မြင်သောသူတစ်အုပ်စုကို စုံလင်စေမယ်၊ ဘေးအန္တရာယ်တွေ တကယ်ကျလာတဲ့အချိန်မှာ ဘုရားသခင်က အဲဒီကျတော့ ကောင်းမြတ်သူတွေကို ဆုလဒ်ချီးမြှင့်ပြီး၊ ဆိုးယုတ်တဲ့သူတွေကို ပြစ်ဒဏ် ခတ်မယ်၊ ပြီးတော့ ကိုယ်တော်က တိုင်းနိုင်ငံတွေနဲ့ လူတွေအားလုံးဆီကို လူပုံအလယ်မှာ ပေါ်ထွန်းမယ်။ ဒီနည်းအားဖြင့် သမ္မာကျမ်းစာထဲက ပရောဖက်ပြု ခြင်းတွေဟာ ဝိရောဓိမဖြစ်တော့ဘူး။ ဘုရားသခင်က တိမ်တွေနဲ့သာ တိုက်ရိုက်ကြွလာပြီး၊ လူပုံအလယ်မှာ ပေါ်ထွန်းရမယ်ဆိုရင်၊ အဲဒီနောက်တော့ လူတိုင်းက လည်း သူ့ကို လက်ခံဖို့နဲ့ နာခံဖို့ မြေကြီးပေါ် ဝပ်တွားခယကြမှာပဲ၊ ပြီးတော့ အဲဒီမှာ ဂျုံက မြက်ပေါင်းပင်ကနေ သီးသန့်ခွဲထုတ်မခံရသလို၊ သိုးကလည်း ဆိတ်တွေကနေ သီးသန့်ခွဲထုတ်ခံရမှာ မဟုတ်ဘူး၊ သခင်က တိတ်တဆိတ်ကြွလာတာ အရမ်းကို ဉာဏ်ပညာရှိတော်မူတယ်။ ဒါပေမဲ့လည်း သခင့်ပြန်ကြွခြင်းရဲ့ ပထမဆုံးက တိတ်တဆိတ်ကြွ မှာဖြစ်တာကို မြင်ရတဲ့အခါကျတော့၊ အစ်မတို့က ကိုယ်တော့်ကို ဘယ်လိုကြိုဆိုနိုင်မှာလဲ”ဟု ပြောလိုက် သည်။

ပြုံးရင်းဖြင့် မောင်လေးလီက “သခင့်ကို ကျေးဇူးတော်ချီးမွမ်းတယ်။ ဒါက အရေးကြီးတဲ့ မေးခွန်းပါ၊ ပြီးတော့ ကျွန်တော်က လုပ်ဖော်ကိုင်ဖက် တွေရဲ့ အစည်းအဝေးမှာ ရှိနေတုန်းက အဲဒီအဖြေကို ရှာဖွေခဲ့တယ်။ ညီအစ်ကိုမောင်နှတွေက ကျွန်တော့်ကို ကျမ်းချမ်းအနည်းငယ် ဖတ်ပြကြတယ်” ဟု ပြောခဲ့သည်။

ကျွန်မက အံ့သြစွာဖြင့် “ဒါက နှုတ်ကပတ်တော် ထဲမှာလည်း မှတ်တမ်းတင်ထားတယ်တဲ့လား။ ဘယ်ကျမ်းချက်တွေလဲ” ဟု ပြောလိုက်သည်။

မောင်လေးလီက “ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃ မှာ သခင်ယေရှုက ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။’လို့ မိန့်တော်မူထားတယ်။ ဗျာဒိတ်ကျမ်း ၃:၂၀ က ‘ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင် သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရ လိမ့်မည်။’ လို့ပြောထားတယ်။ ပြီးတော့ ရှင်ယောဟန်၁၀:၂၇မှာ သခင်ယေရှုက ‘ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။’လို့မိန့်တော်မူခဲ့တယ်။ ဒါကနမူနာ အချို့ပဲ ရှိပါသေးတယ်။ ဒီပရောဖက်ပြုခြင်းတွေ ကနေ ပြီးတော့ နောက်ဆုံးသောကာလမှာ ဘုရားသခင်က ပြန်ကြွလာတဲ့အချိန်မှာ ကိုယ်တော်ဟာ ပိုမိုများပြားတဲ့ နှုတ်ကပတ်တော်တွေကို မိန့်တော်မူပြီး၊ သမ္မာတရား ကို ဖော်ပြခြင်းကတစ်ဆင့် ဘုရားသခင်က ကျွန်တော် တို့ တံခါးတွေကို ခေါက်ပြီး၊ သူ့လူအုပ်ကို ရှာဖွေလိမ့်မယ်ဆိုတာကို ကျွန်တော်တို့ တွေ့မြင် နိုင်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ဘုရားသခင်ရဲ့ အသံတော်ကို နားထောင်ဖို့ အလေးဂရုပြုရမယ်၊ အဲဒါကျမှသာလျှင် ကျွန်တော်တို့က ပညာရှိသတို့သမီး တွေလို ဖြစ်နိုင်ပြီး၊ သခင့် ပေါ်ထွန်းမှုကို ကြိုဆိုနိုင်မယ်။ ဥပမာအားဖြင့် သခင်က နာသနေလ ကို ခေါ်တော်မူတဲ့ အချိန်လိုပေါ့။ နာသနေလကိုတောင် မတွေ့ပဲနဲ့ သခင်က သူဟာ သဖန်းပင်အောက်မှာ ဆုတောင်းနေတာကို သိတော်မူခဲ့ပြီး၊ နာသနေလရဲ့ နှလုံးသားမှာ ဘာလှည့်စားမှုတွေမှ မခိုအောင်းနေတာ ကို သိတော်မူခဲ့တယ်၊ အဲဒါကြောင့် ကိုယ်တော်ဟာ ဘုရားသခင်ရဲ့ သားတော်နဲ့ ဣသရေလနိုင်ငံတော်ရဲ့ ဘုရင်ဖြစ်တယ်ဆိုတာကို သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကနေပြီးတော့ နာသနေလက ပြောနိုင်ခဲ့တယ်၊ ပြီးတော့ သခင်ယေရှု စကားပြောတာ ကို ကြားခဲ့တဲ့ ရှင်ပေတရုနဲ့ ရှင်ယောဟန်တို့လို တပည့်တော်တွေကြောင့် သူတို့က ကိုယ်တော်ဟာ အမှန်တကယ်ကို ခရစ်တော် ဖြစ်တာကို အသိအမှတ် ပြုခဲ့တယ်။ ဒီအချက်တွေကနေ သခင့်အသံတော်ကို ကြားတဲ့လူတွေ၊ သခင့်နှုတ်ကပတ်တော်တွေဟာ သမ္မာတရားဖြစ်ကြောင်း ပြောနိုင်တဲ့ သူတွေနဲ့၊ ဘုရားသခင်ရဲ့ ပေါ်ထွန်းမှု နဲ့ အမှုတော်ကို လက်ခံရရှိပြီး၊ နာခံနိုင်သူတွေ သာလျှင် ဘုရားသခင် ရှေ့တော်မှောက်ကို ချီမခံရနိုင်တယ်၊ ပြီးတော့ သူတို့သာလျှင် ပညာရှိသတို့သမီးတွေ ဖြစ်တယ်ဆို တာကို ကျွန်တော်တို့ တွေ့မြင်နိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ သခင်ကို ကြိုဆိုခြင်းမှာ ကျွန်တော်တို့ အနေနဲ့ အမြင်ကျယ်တဲ့စိတ်နဲ့ ရှာဖွေတဲ့ နှလုံးသားတွေ ရှိသင့်တယ်၊ ပြီးတော့ ကျွန်တော်တို့က ပြန်ကြွလာတဲ့ သခင့်အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို သက်သေခံ တဲ့ လူတစ်ယောက်ကို ကြားတဲ့အချိန်မှာ၊ ကျွန်တော် တို့က အဲဒါတွေကို ရှာဖွေပြီး၊ စုံစမ်းစစ်ဆေးသင့်တယ်၊ ဒါမှသာလျှင် ကျွန်တော်တို့က သခင့်ကို ကြိုဆိုဖို့ အခွင့်ကို ရလိမ့်မယ်”ဟု ပြောခဲ့ပါသည်။

ကျွန်မက အပြည့်အဝ သဘောတူပြီး “အစ်မတို့က သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုချင် တယ်ဆိုရင်တော့၊ အစ်မတို့က ဘုရားသခင်ရဲ့ အသံတော်ကို ကြားတဲ့နည်းကို သင်ယူရမယ်၊ ပြီးတော့ ဒါဟာ အစ်မတို့ လျှောက်ရတဲ့ လမ်းပဲ။ သခင်ယေရှုအချိန်ကာလအတွင်းက ဖာရိရှဲတွေက မေရှိယရဲ့ ကြွတော်မူခြင်းကို စောင့်မျှော်ခဲ့ပေမဲ့ သူတို့က ဘုရားသခင်ရဲ့ အသံတော်ကို နားမထောင် နိုင်ခဲ့တာကြောင့် သခင်ယေရှုက လူသားအနေနဲ့ ပေါ်ထွန်းပြီး အမှုပြုတဲ့အချိန်မှာ သူတို့က ဘုရားသခင်ကို သူတို့ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေ နဲ့ ဘောင်ခတ်ခဲ့တယ်။ သူတို့က သခင်စကား ပြောတာကို ကြားပြီး၊ ကိုယ်တော့် နှုတ်ကပတ်တော်တွေက လူတစ်ယောက် ပြောတာ မဖြစ်နိုင်ဘူးဆိုတာ သိသည့်တိုင် သူတို့က အဲဒါတွေကို လက်ခံဖို့ ငြင်းဆန်ပြီး သူတို့ကိုယ်ပိုင်အယူအဆတွေ နဲ့ စိတ်ကူးတွေကိုသာ ဖက်တွယ်ထားဆဲ ဖြစ်တယ်။ သူတို့က သခင်ယေရှုကို ခုခံပြီး ပြစ်တင်ရှုတ်ခဲ့တယ်၊ ပြီးတော့ နောက်ဆုံးမှာ သူတို့က သခင့်ကို ကားစင်တင်ခဲ့ကြတယ်၊ ဒါ့ကြောင့် ဘုရားသခင်ရဲ့ စိတ်သဘောထားကို အမျက်ဒေါသထွက်စေပြီး၊ အဲဒီနောက်တော့ ဣသရေလကလည်း နိုင်ငံလုံးဆိုင်ရာ လက်အောက်ခံဘဝကျရောက်ခြင်းရဲ့ နာကျင်မှုကို ဆင်းရဲဒုက္ခခံစားခဲ့ကြရတယ်။ ဖာရိရှဲတို့ရဲ့ အရေးနိမ့်မှုက အစ်မတို့ကို သတိပေးချက်တစ်ခု ဖြစ်စေခဲ့တယ်။ အစ်မကိုယ်တိုင် ကလည်း ဉာဏ်မဲ့ပါတယ်၊ သခင်က တိမ်ဖြူပေါ်ကနေ ကြွလာမယ်ဆိုတဲ့ ယူဆချက်ကိုပဲ အမြဲတမ်း ဖက်တွယ်ထားခဲ့တယ်။ ဒီနေ့မှာ အစ်မတို့ မိတ်သဟာယကြောင့်သာ မဟုတ်ဘူးဆိုရင်၊ အစ်က ဖာရိရှဲတို့ လုပ်သလိုပဲ အစ်မအယူအဆတွေကို ခေါင်းမာမာနဲ့ ဆက်ပြီး ဖက်တွယ်ထားမှာပဲ။ ကောင်းပြီလေ၊ အစ်မကတော့ မိုးကောင်းကင်ကို နောက်ထပ် လုံးဝ ငေးကြည့်တော့မှာ မဟုတ်ဘူး။ အဲဒီအစား အစ်မက ဘုရားသခင်ရဲ့ အသံတော်ကို နားထောင်ဖို့ အလေးဂရုပြုရတော့မယ်၊ အဲဒါမှသာ အစ်မလည်း သခင့်ပြန်ကြွလာတာကို ကြိုဆိုခွင့် ရမှာ”ဟု ပြောလိုက်ပါသည်။

…………

ကျွန်မ မသိလိုက်မီမှာပင် နံနက်ခင်းသည် နေ့လည်ခင်းဆီသို့ ကျော်ဖြတ်သွားခဲ့သည်။ ကျွန်မ အိမ်သို့ပြန်ရာလမ်းတွင် ကျွန်မက အခါအခွင့်သင့် သလို မိုးကောင်းကင်ကို မော့ကြည့်ပြီး၊ တိမ်ဖြူများ ရွေ့လျားနေသည်ကို တွေ့ခဲ့သည်။ ကျွန်မနှလုံးသား တွင် ပြောမပြတ်တတ်အောင်ဖြစ်သည့် ခံစားချက် တစ်ခုရှိခဲ့ပြီး၊ ကျွန်မက မိမိဘာသာ “ငါနောက်ထပ် ဘယ်တော့မှ ကောင်းကင်ကို ငေးမကြည့်တော့ဘူး။ ငါလည်း ပညာရှိသတို့သမီးဖြစ်ရမယ်၊ ပြီးတော့ ဘယ်အသင်းတော်ကမဆို သခင်ကပြန်ကြွ လာပြီ ဖြစ်ပြီး၊ ကိုယ်တော်ဟာ သမ္မာတရားကို ဖော်ပြနေ တယ်လို့ တရားဟောခဲ့ရင်၊ ငါလည်း ဘုရားသခင်ရဲ့ အသံတော်ကို နားထောင်ဖို့ အလေးဂရုပြုရမယ်။ အဲဒီနည်းနဲ့သာ ငါလည်း သခင့်ပေါ်ထွန်းမှုကို ကြိုဆိုနိုင်ပြီး၊ ကောင်းကင်နိုင်ငံတော်ကို ချီမခံရမှာ ဖြစ်တယ်...”

လူကြိုက်များသော အကြောင်းအရာ-

ယေရှုခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်းနှင့်ဆိုင်သော ကျမ်းစာပရောဖက်ပြုချက် ၅ ချက်တို့ ပြည့်စုံလေပြီ

သခင် ပြန်လည်ကြွလာခြင်းအား ကြိုဆိုရန်အတွက် အလွန်အရေးပါသည့် အဆင့်တစ်ဆင့်

အမှာစကား ချန်ခဲ့မည်