စာရင်း

နောက်ဆုံးသောကာလတွင် ယေရှုခရစ်တော်သည် မည်သည့်နည်းလမ်းဖြင့် ပြန်ကြွလာလိမ့်မည်နည်း

အယ်ဒီတာ့ မှတ်စု- နောက်ဆုံးသော ကာလတွင် သခင်ယေရှု ပြန်ကြွလာခြင်း နည်းဟန်နှင့် ပတ်သက်လာလျှင်၊ ညီအစ်ကို မောင်နှမ အများစုက သခင်ယေရှုသည် မိုးတိမ်ဖြူတစ်ခုပေါ်တွင် ကျွန်မတို့ထံ လူသိရှင်ကြား ပေါ်ထွန်းလိမ့်မည်ဟု ယုံကြည်ကြလေသည်။ သို့သော် ကျမ်းစာထဲတွင် သခင်သည် သူခိုးကဲ့သို့ တိတ်တဆိတ် ကြွလာမည်ဟု ပရောဖက်ပြုထားသောကြောင့် အချို့သော ညီအစ်ကို မောင်နှမများက ဤအရာကို တွေးရခက်ကြလေသည်။ သို့ဆိုလျှင်၊ ကမ္ဘာမြေပေါ်တွင် သခင်သည် နောက်ဆုံးသော ကာလ၌ မည်သို့ ပြန်ကြွလာလိမ့်မည်နည်း။ ဤကိစ္စရပ်သည် သခင့်၏ ပြန်ကြွလာခြင်းကို ကျွန်မတို့ ကြိုဆိုနိုင်၊ မကြိုဆိုနိုင် ဆိုသည်နှင့် ဆက်စပ်ပါသည်၊ ထို့ကြောင့် ယင်းကို ကျွန်မတို့ ရှာဖွေထိုက်ပါသည်။

လုပ်ဖော်ဆောင်ဖက် အစည်းအဝေးတွင်၊ ဆူကျင်းက ခိုကိုးရာမဲ့ အမူအရာဖြင့်၊ “ညီအစ်ကို မောင်နှမတို့၊ ခုတစ်လော ကျွန်မ ပြဿနာတစ်ခုကို အချိန်ယူစဉ်းစားနေတာ။ သခင့်ကို ကျွန်မတို့ ယုံကြည်ကတည်းက၊ နောက်ဆုံးသော ကာလမှာ မိုးတိမ်ပေါ် သခင်ကြွလာပြီး ကျွန်မတို့ကို ချီဆောင်ဖို့အတွက် တောင့်တနေခဲ့ကြတယ်။ ၂၀၀၀ ခုနှစ်မှာ၊ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သခင့်ရဲ့ ပြန်ကြွလာခြင်းက ရောက်တော့မယ်လို့ ပြောခဲ့ကြတယ်။ ဒါပေမယ့်၊ အခု ၂၀၁၉ ခုနှစ်ရောက်ခါနီးနေပြီ၊ ပြီးတော့ သခင့်ရဲ့ ကြွရောက်ခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်အမျိုးမျိုးက အခြေခံကျကျ ပြည့်စုံပြီးပြီ၊ ဒါပေမယ့် မိုးတိမ်ပေါ်မှာ သခင် ဆင်းသက်တာကို ကျွန်မတို့ မမြင်ကြရသေးဘူးလေ။ ဒါ ဘာဖြစ်တာလဲ” ဟု ဆိုလေသည်။

သူမ၏ စကားစကို ဝူက ဆက်လိုက်ကာ၊ “ဟုတ်တယ်၊ အခုခေတ် ဘာသာရေး အဖွဲ့အစည်းထဲမှာ ခြောက်ကပ်မှုက ပျံ့နှံ့နေတယ်။ အသင်းတော်အများကြီးကို ပိတ်ပစ်လိုက်ရပြီ။ ကျွန်တော့်ကို ပြောပါဦး၊ ကောင်းကင်ကို စောင့်ကြည့်ပြီး စောင့်ဆိုင်းခြင်းသက်သက်နဲ့ပဲ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကျွန်မတို့ ကြိုဆိုနိုင်မှာလား” ဟု ဆိုလေသည်။

ဟူယုက ဆူကျင်းနှင့် ဝူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း၊ ကျမ်းစာအုပ်ကို ပိတ်လိုက်ကာ ချင့်ချိန်သည့်လေသံဖြင့်၊ “ညီမ ဆု၊ ညီလေး ဝူ၊ မင်းတို့ အရမ်းစိုးရိမ်ကြတာပဲ။ ကျမ်းစာက၊ ‘ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကို စီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။(ရှင်လုကာခရစ်ဝင် ၂၁:၂၇)ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း  ၁:၇) လို့ ရှင်းရှင်းလင်းလင်း ပြောထားတယ်လေ။ သူ ပြန်ကြွလာတဲ့အခါ သခင်ဟာ မိုးတိမ်ပေါ်ကနေ လူသိရှင်ကြား ဆင်းသက်လာမှာဖြစ်ပြီး လူတိုင်းက သူ့ကို မြင်ရမှာပဲ။ ဒီအကြောင်းကို မင်းတို့ ဘယ်လိုဖြစ်ပြီး သံသယရှိနိုင်ရတာလဲ” ဟု ပြောဆိုလေသည်။

လီကြည်က ဤအရာကို တစ်ခဏ ချင့်ချိန်တွေးဆလိုက်ပြီးနောက်၊ “အရင်က၊ သခင်ယေရှုဟာ သူပြန်လာဖိုု့ မိုးတိမ်တွေကနေ လူသိရှင်ကြား ဆင်းကြွလိမ့်မယ်လို့ ကျွန်မလည်း ယုံကြည်ခဲ့တယ်။ ဒါပေမယ့်၊ နောက်ပိုင်းမှာ၊ အဲဒါ ဖြစ်တာကို မတွေ့ခဲ့ရဘူး။ ဒီအတွက်၊ သခင့်ရဲ့ ပြန်ကြွလာခြင်းအကြောင်း ကျမ်းစာအားလုံးကို ကျွန်မ လေ့လာခဲ့ပြီး ကျမ်းချက်နှစ်ချက်ကို ကျမ်းစာထဲမှာ တွေ့ခဲ့တယ်၊ ‘ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆)ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါး အဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော် လည်းမသိ။(ရှင်မာကုခရစ်ဝင် ၁၃:၃၂) ဒီကျမ်းချက်တွေကနေ၊ ‘သူခိုးကဲ့သို့’ နဲ့ ‘အဘယ်သူမျှမသိ’ ဆိုတာတွေက တိတ်တဆိတ် ကြွလာခြင်းကို ဆိုလိုတယ်ဆိုတာ ကျွန်တော် သိခဲ့တယ်။ ဒါကြောင့် ကျွန်တော် စိတ်ရှုတ်ထွေးသွားခဲ့တယ်။ သခင် မိုးတိမ်ပေါ်စီးပြီး ပွင့်ပွင့်လင်းလင်း ကြွဆင်းလာခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေနဲ့ တိတ်တဆိတ် သခင်ကြွလာခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေက ဆန့်ကျင်နေကြတာလား။ ဒါဆိုရင် နောက်ဆုံးသော ကာလမှာ သခင် ဘယ်လို အတိအကျ ကြွလာမှာလဲလို့ပေါ့” ဟု ဆိုလေသည်။

ဟူယုက၊ “အဲဒီ ကျမ်းချက်တွေက သခင်ကြွလာတဲ့အခါ ဘယ်သူမှ သိမှာမဟုတ်တာကို ဆိုလိုတာပါ” ဟု ငြင်းခုံလေသည်။ ဟူယုနှင့် လီကြည်တို့၏ စကားများကို ကြားပြီးနောက်၊ ဆူကျင်းနှင့် ဝူတို့မှာ ဇဝေဇဝါဖြစ်နေပုံရကြလေသည်။

ထိုအခိုက်အတန့်တွင်၊ ချင်းလီက၊ “သခင့်ကို ကျေးဇူးတင်ပါတယ်၊ နောက်ဆုံးသော ကာလမှာ သခင့်ရဲ့ ပြန်ကြွလာခြင်းအကြောင်းကိစ္စနဲ့ ပတ်သက်လို့၊ အရင်က အစ်ကို လီလိုပဲ ကျွန်မမှာ မရှင်းတာ ရှိခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အချိန်အနည်းငယ်တုန်းက၊ တစ်ခြားနယ်က အသင်းတော်မှာ အလုပ်လုပ်တဲ့အချိန်မှာ၊ လုပ်ဖော်ဆောင်ဖက် ညီအစ်မ တစ်ယောက်ကို ကျွန်မ ဆုံခဲ့ရတယ်။ ဒီကိစ္စအတွက်၊ သူက သိမြင်မှုအများကြီးနဲ့ မိတ်သဟာယပြုပေးခဲ့ပြီး၊ သူ့ရဲ့ သိနားလည်မှုက ကျွန်မတို့နဲ့ ကွာတယ်။ ကျွန်မ ပိုနားထောင်လေလေ၊ အဲဒါက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းကနေ လာတယ်ဆိုတာ ကျွန်မ ခံစားခဲ့ရလေလေပဲ။ သူ့ရဲ့ မိတ်သဟာယပြုရာကနေတဆင့်၊ သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ပတ်သက်ပြီး ကွဲပြားတဲ့ သိမြင်မှုတစ်ချို့ကို နောက်ဆုံးမှာ ကျွန်မ ရခဲ့တယ်” ဟု ပြောပါသည်။

ဆူကျင်း၏ မျက်လုံးများ အရောင်တောက်သွားပြီး သူမက စိတ်လှုပ်ရှားစွာဖြင့်၊ “သခင့်ကို ကျေးဇူးတင်ပါတယ်၊ အစ်မချင်၊ မြန်မြန်လေး ကျွန်မတို့ကို ပြောပြပါဦး” ဟု ဆိုလိုက်သည်။

“ကောင်းပြီလေ” ဟု ချင်းလီက ဆက်လိုက်ပြီး၊ “သခင်ယေရှုက၊ ‘ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။(ရှင်မာကုခရစ်ဝင် ၁၃:၃၁) လို့ ပြောခဲ့တယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ပြောထွက်လိုက်တာနဲ့၊ အဲဒါတွေက တစ်ခုပြီးတစ်ခု မုချ တကယ်ဖြစ်လာပြီး ပြီးမြောက်ရမယ်လေ။ သခင်က သူပြန်ကြွလာတဲ့အခါ မိုးတိမ်တွေနဲ့အတူ ကြွလာဖို့ ပရောဖက်ပြုခဲ့ရုံသာမက၊ သူခိုးလို တိတ်တဆိတ်ကြွလာမှာကိုလည်း ဟောကိန်းထုတ်ခဲ့တယ်လေ၊ ဒီစကားတွေက သေချာပေါက် ဖြစ်လာမှာပဲ။ ဒါဆိုရင် သခင်က ဘယ်လို ကြွလာမှာလဲ။ တကယ်တော့၊ သခင့်ရဲ့ ပြန်ကြွလာခြင်းက အဆင့်တွေနဲ့ ဖြစ်မှာပါ။ အဆင့်တစ်က လူ့ဇာတိထဲမှာ လူသားအနေနဲ့ သူ့ရဲ့ တိတ်တဆိတ် ပြန်ကြွလာခြင်းပဲ။ အဲဒီနောက် သူဟာ မိုးတိမ်ပေါ်မှာ ပွင့်ပွင့်လင်းလင်း ကြွဆင်းပြီး လူအားလုံးဆီ ပေါ်ထွန်းလိမ့်မယ်။ ဒီနည်းနဲ့၊ ကျမ်းစာထဲက သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေက မဆန့်ကျင်ကြပါဘူး” ဟု ဆိုလေသည်။

အသင်းတော် အသက်

“သခင်က လူ့ဇာတိဖြစ်လာပြီး တိတ်တဆိတ် ကြွလာမယ်လို့ ရှင်ပြောတယ်။ ဒါကို ပြောတဲ့အတွက် ရှင့်မှာ အခြေပြုကျမ်းချက် ရှိလို့လား” ဟု ဟူယုက မေးခွန်းထုတ်သည်။

ချင်းလီက၊ “ဒီရှုထောင့်နဲ့ ပတ်သက်ပြီး၊ ကျမ်းစာထဲမှာ အရမ်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဥပမာအနေနဲ့ ရှင်လုကာခရစ်ဝင် ၁၂:၄၀ မှာ၊ ‘ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်။’ လို့ပြောတယ်။ ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅ မှာ၊ ‘ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ လို ပြောပါတယ်။ ဒီကျမ်းချက်တွေအားလုံးက လူသားကို ဖော်ပြတယ်လေ။ လူသားဆိုတာ လူသားတစ်ဦးအဖြစ် မွေးတာ၊ ပြီးတော့ သာမန်လူသားသဘာဝနဲ့ လူပုဂ္ဂိုလ်တစ်ဦးဖြစ်တာကို ရည်ညွှန်းတာပဲ။ ဝိညာဉ်တော်ကို လူသားလို့ ခေါ်လို့မရဘူး။ အဲဒါက လူ့ဇာတိခံ သခင်ယေရှုကို ခရစ်တော်နဲ့ လူသား အဖြစ် ခေါ်လို့ရပေမယ့် ယေဟာဝါဘုရားသခင်ကို လူသားလို့ ခေါ်လို့မရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင်၊ သခင်ယေရှုက သာမန်လူသားသဘာဝတစ်ခုနဲ့အတူ လူသားတစ်ဦးအဖြစ်ကနေ မွေးဖွားခဲ့တာကြောင့်ဖြစ်ပါတယ်၊ ဒါ့အပြင်၊ သူ့ရဲ့ ဂုဏ်ဒြပ်က ဘုရားသဘာဝဖြစ်ပြီး သူဟာ ပေါ်ထွန်းဖို့နဲ့ အလုပ်လုပ်ဖို့ လူ့ဇာတိထဲက ဘုရားရဲ့ ဝိညာဉ်တော်ဖြစ်တယ်။ ဒါ့အပြင်၊ ဒီကျမ်းချက်က နောက်ဆုံးသောကာလရဲ့ လူ့ဇာတိထဲက လူသားဟာ ငြင်းပယ်ခံရမယ်လို့ ဆိုလိုပါတယ်။ ခဏလောက်ပဲ ဆင်ခြင်ကြည့်လိုက်ပါ။သခင်ယေရှုက မိုးတိမ်ပေါ်မှာ တိုက်ရိုက်ဆင်းကြွရင်၊ လူတွေအားလုံးက သူ့ရှေ့မှာ လဲကျပြီး သူ့ကို ကိုးကွယ်ကြမှာပဲ၊ ဘာလို့လဲဆိုတော့ ဝိညာဉ်ခန္ဓာတစ်ခုက တကယ်ကို သဘာဝလွန်ဖြစ်ပြီး အံ့ဖွယ် နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်ရာတွေကို ဆောင်ရွက်နိုင်လို့ပဲ။ ဘယ်သူက သူ့ကို အာခံပြီး ငြင်းပယ်ဝံ့မှာလဲ။ဘုရားသခင်က ဆင်းရဲဒုက္ခကို ဘယ်လိုခံရပြီး ဒီမျိုးဆက်အားဖြင့် ငြင်းပယ်ခံရမှာလဲ။ လူ့ဇာတိခံ ဘုရားသခင်က လူသားအနေနဲ့ အလုပ်လုပ်ဖို့ ပေါ်ထွန်းတဲ့အခါမှပဲ၊ သူက လူ့ဇာတိခံ ခရစ်တော်ဖြစ်မှန်း လူတွေ မရိပ်မိတဲ့အခါမှပဲ၊ သူတို့က ခရစ်တော်ကို သူတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေအတိုင်း ရှုတ်ချပြီး ငြင်းပယ်ရဲကြမှာဖြစ်တယ်” ဟု ပြောလေသည်။

“သခင်က ပထမဆုံး တိတ်တဆိတ်နဲ့ အလုပ်လုပ်မယ်၊ ပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့ ပေါ်ထွန်းမှာ ဖြစ်တယ်။ ဒီသိမြင်မှုမှာ အဲဒီပရောဖက်ပြုချက်တွေ တကယ်ကို မဆန့်ကျင်ကြပါဘူး။ ဘုရားသခင်က သူ တိတ်တဆိတ်ကြွဆင်းလာတဲ့အခါ ဘာအလုပ်လုပ်မလဲဆိုတာ ကျွန်မ မရှင်းဘူး။ ဒီနည်းလမ်းနဲ့ ဘုရားသခင်က အလုပ်လုပ်မှာဖြစ်တဲ့အတွက်၊ အဲဒီမှာ သူ့ရဲ့ ဉာဏ်ပညာ ပါရှိတယ်။ ကောင်းပြီ၊ အစ်မ ချင်၊ အဲဒီအကြောင်းကို ကျွန်မတို့ကို ပိုပြီး ရှင်းပြပါလား” ဟု ဆူကျင်းက မေးလေသည်။ ပြီးလျှင် အခြား လုပ်ဖော်ဆောင်ဖက်များကလည်း သဘောတူကြလေသည်။

ချင်းလီက ခေါင်းညိတ်လိုက်ပြီး၊ “ညီမလေးနဲ့ ဒီမေးခွန်းအပေါ် မိတ်သဟာယပြုရာကနေတဆင့်၊ ဘုရားသခင်က အဓိကအားဖြင့် နှုတ်ကပတ်တော်အသစ်တွေကို ပြောဆိုဖို့နဲ့ အောင်မြင်သောသူ အုပ်စုတစ်စုကို ပြုလုပ်ဖို့ ပထမဆုံး တိတ်တဆိတ် လူ့ဇာတိခံ ဇာတိပကတိထဲမှာ ပြန်လာမယ်ဆိုတာ ကျွန်မ နောက်ဆုံးမှာ နားလည်ခဲ့တယ်။ ကျမ်းစာထဲက ယောလ အနာဂတ္တိကျမ်း ၂:၂၉-၃၁ မှာ၊ ‘ထိုနေ့ရက်များတွင် အစေခံ ယောက်ျားမိန်းမတို့ အပေါ်သို့လည်း ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်၊ ထို့အပြင် အံ့ဖွယ်ရာများဖြစ်သည့် သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ငါပြမည်။ ယေဟောဝါ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အဖြစ်သို့လည်းကောင်း၊ လသည် သွေးအဖြစ်သို့လည်းကောင်း ပြောင်းလိမ့်မည်။’ လို့ မှတ်တမ်းတင်ပါတယ်။ ဒီ ‘ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မီ၊’ ဆိုတာ နောက်ဆုံးသော ကာလ ကပ်ဘေးကြီးတွေကို ရည်ညွှန်းတာဖြစ်တယ်။ ပြီးတော့ ‘ထိုနေ့ရက်များတွင် အစေခံ ယောက်ျားမိန်းမတို့ အပေါ်သို့လည်း ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်’ ဆိုတာက ကြီးမားတဲ ကပ်ဘေးတွေ မလာခင်မှာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်က နှုတ်ကပတ်တော်သစ်တွေ ပြောကြားမှာဖြစ်ပြီး၊ သူ့ရဲ့ အမှုကို ဆောင်ရွက်တဲ့ ယောက်ျား မိန်းမတွေအပေါ် ရေလောင်းမှာဖြစ်ပြီး၊ နောက်ဆုံးမှာ အောင်မြင်သောသူအုပ်စုကို ပြုလုပ်ပြီး သူ့ရဲ့နိုင်ငံတော်ထဲကို ဆောင်ယူမှာဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒါက ဗျာဒိတ်ကျမ်း ၇:၁၄-၁၅ မှာ ပြောထားတဲ့၊ ‘ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌လျှော်၍ ဖြူစေသောသူ ဖြစ်ကြသတည်း။ ထိုကြောင့်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာ နေရာကိုရ၍၊ ဗိမာန်တော်၌ ဘုရားဝတ်ကို နေ့ညဉ့်မပြတ် ပြုရကြ၏။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူသည် သူတို့တွင် ကျိန်းဝပ်တော်မူမည်။’ ဆိုတဲ့အရာကို ပြည့်စုံစေပါတယ်။ အောင်မြင်သောသူ အုပ်စုကို ဘုရားသခင် ပြုလုပ်နေတဲ့ အချိန်အတောအတွင်းမှာ၊ သူက တိတ်တဆိတ် အမှုပြုမှာပါ၊ ဒါကြောင့် ကျွန်မတို့က သခင့်ကို မိုးတိမ်ပေါ်မှာ လူသိရှင်ကြား ဆင်းကြွလာတာကို သေချာပေါက်မြင်ရမှာ မဟုတ်ပါဘူး။ ဘုရားရဲ့ ကြီးမြတ်တဲ့ အမှု အပြည့်အဝ ပြီးမြောက်တဲ့နောက်မှာပဲ၊ လူကြားထဲမှာ သူ တိတ်တဆိတ် ကြွဆင်းလာတဲ့ အဲဒီအချိန်က ပြည့်စုံမှာဖြစ်တယ်၊ ပြီးတော့ ကောင်မြတ်သူတွေကို ဆုချီးမြှင့်ပြီး ဆိုးတဲ့သူတွေကို အပြစ်ပေးဖို့ ကြီးမားတဲ့ ကပ်ဘေးဒုက္ခတွေကို သူစေလွှတ်ပြီးတဲ့နောက်မှာ၊ ကမ္ဘာကြီးရဲ့ တိုင်းနိုင်ငံအားလုံးရှေ့မှာ ပွင့်ပွင့်လင်းလင်း သူ ဆင်းကြွလာမှာပါ။ အဲဒီအချိန်မှာ၊ လူသားမျိုးနွယ်ရဲ့ ကယ်တင်ခြင်းနဲ့ဆိုင်တဲ့ ဘုရားသခင်ရဲ့ အမှုတော်က လုံးလုံးလျားလျား ပြည့်စုံသွားမှာပါ။ ဘုရားသခင်က တိတ်တဆိတ်နဲ့ အမှုပြုတဲ့အချိန်မှာ၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို ချစ်တဲ့ သူအားလုံးက နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံကြတယ်၊ ဘုရားသခင်ရဲ့ သန့်စင်ပေးခြင်းနဲ့ စုံလင်စေခြင်းတွေကို ရရှိကြတယ်၊ ပြီးတော့ ဘုရားသခင်အားဖြင့် အောင်မြင်သောသူတွေအဖြစ် ပြုလုပ်ခံရကြမှာပါ။ ဆန့်ကျင်ဖက်အနေနဲ့၊ သမ္မာတရားကို စက်ဆုပ်ပြီး မုန်းတီးကြတဲ့ အဲဒီအယောင်ဆောင် ယုံကြည်သူတွေကတော့ သူတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေကို ကျိုးကြောင်းမမြင်ဘဲ ဖက်တွယ်ကြပြီး၊ ပြန်ကြွလာတဲ့ သခင့်ရဲ့ ကွယ်ဝှက်ထားတဲ့ အမှုတော်ကို လက်မခံဘဲ လူ့ဇာတိခံ ဘုရားသခင်ကိုတောင် အာခံပြီး ရှုတ်ချကြတယ်။ ဒီလိုလူတွေက ကယ်တင်ခံရဖို့ အခွင့်အရေး လုံးဝ ဆုံးရှုးမှာဖြစ်ပြီး ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ တရားစီရင်ခြင်းကို နောက်ဆုံးမှာ ခံရမှာဖြစ်တယ်။ ဒီနည်းနဲ့၊ အားလုံးက သူတို့အမျိုးအစားအလိုက် ခွဲခြားခံရကြပါတယ်။ ဒါက၊ ‘ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၀)ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇) တို့လို ပရောဖက်ပြုချက်တွေကို လုံးဝ ပြည့်စုံစေပါတယ်” ဟု ပြောလေသည်။

လီကြည်က ခေါင်းညိတ်လိုက်ပြီး၊ “ဟုတ်တယ်၊ အစ်မလီရဲ့ မိတ်သဟာယက ဉာဏ်လင်းပေးပြီး ကျမ်းစာရဲ့ ပရောဖက်ပြုချက်တွေနဲ့ ကိုက်ညီတယ်။ အခုပဲ၊ ဘုရားသခင်က ကမ္ဘာလောကကို ကြီးမားတဲ့ ရလွှမ်းမိုးမှုကြီးနဲ့ မဖျက်ဆီးခင်မှာ၊ နောဧကို သင်္ဘောတစ်စီးဆောက်ဖို့နဲ့ အဲဒီအချိန်အတောအတွင်း ဧဝံဂေလိတရားဟောဖို့ အရင်ဆုံး အမိန့်ပေးခဲ့တာကို ကျွန်မ အမှတ်ရမိတယ်။ အနှစ် ၁၀၀ ပြီးတဲ့နောက်မှာ၊ နောဧက အဲဒါကို လုပ်ဆောင်တာ ပြီးစီးခဲ့တယ်။ သူပြောတာကို ဘယ်သူမှ မယုံကြည်ခဲ့ကြသေးဘူး။ ဒီတော့ နောက်သိပ်ကြာခင်မှာပဲ၊ ဘုရားသခင်က ကပ်ဘေးကို စေလွှတ်ခဲ့တယ်။ အဲဒီအချိန်မှာ လူတွေက ရေလွှမ်းမိုးမှု တကယ်ဖြစ်တာကို မြင်တဲ့အခါ၊ အရမ်းနောက်ကျသွားပြီ၊ ဘာလို့လဲဆိုတော့ ဘုရားသခင်ရဲ့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုတော်က ပြီးဆုံးနှင့်ပြီဖြစ်လို့ပါပဲ။ နောက်ဆုံးမှာ၊ အယောက်တိုင်းက လွှမ်းမိုးတဲ့ရေတွေနဲ့ ရေစီးမှာပါသွားပြီး ရေနှစ်ခံရတဲ့အခိုက်မှာ နောဧနဲ့ သူ့မိသားစု ခုနှစ်ယောက်ပဲ ကယ်တင်ခံခဲ့ရတယ်။ အခု နောက်ဆုံးသော ကာလမှာ ဘုရားသခင်က အရင်ဆုံး တိတ်တဆိတ် ကြွဆင်းပြီး သူ့ကို အမှန်တကယ် ယုံကြည်တဲ့သူတွေကို ကယ်တင်ဖို့၊ သူ့ရဲ့ပလ္လင်တော်ရှေ့ကို ဆောင်ယူဖို့နဲ့ ကပ်ဘေးမတိုင်ခင်မှာ သူတို့ကို အောင်မြင်သောသူတွေ ဖြစ်စေဖို့ အစွမ်းကုန် ကြိုးစားနေတယ်ဆိုတာ ကျွန်မ နားလည်သွားပါပြီ။ အဲဒီလို သူ လုပ်ဆောင်ပြီးတဲ့အချိန်မှာ၊ ဘုရားသခင်ရဲ့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုတော် ပြီးစီးမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ၊ ဘုရားသခင်က ကပ်ဘေးတွေကို ဆောင်ကျဉ်းပြီး ကောင်းမြတ်သူတွေကို ဆုချပြီး ဆိုးတဲ့သူတွေကို အပြစ်ပေးမယ်၊ ပြီးတော့ ကမ္ဘာမြေကြီးရဲ့ တိုင်းနိုင်ငံအားလုံးရှေ့မှာ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းဖို့ မိုးတိမ်ပေါ် ကြွဆင်းမှာဖြစ်ပါတယ်။ အဲဒီအချိန် ရောက်လာတဲ့အခါ၊ အဲဒီ အယောင်ဆောင် ယုံကြည်သူတွေ၊ တောပင်၊ ဆိုးညစ်တဲ့ အစေခံတွေနဲ့ ဘုရားရဲ့ ရန်သူတွေပြုလုပ်ကြတဲ့ မကောင်းမှုပြုသူတွေအားလုံးဟာ ဘုရားသခင်ရဲ့ အမျက်ဒေါသအားဖြင့် ဖျက်ဆီးတာကို ခံရကြမှာပါ။ အခု ကျွန်မတို့က နောက်ဆုံးသော ကာလရဲ့ နှောင်းပိုင်းကို ရောက်နေကြပြီ။ တိုင်းနိုင်ငံအမျိုးမျိုးမှာ ကပ်ဘေးတွေ ပိုပိုပြီး ဆိုးလာနေကြပြီ။ ကမ္ဘာလောကကြီးက အရင်ထက်ပိုပြီး ပရမ်းပတာ ဖြစ်လာနေတယ်။ သခင့်ရဲ့ ကြွလာခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေ ပြည့်စုံနေပြီ။ ဒါပေမယ့်၊ သခင့်ကို ကျွန်မတို့ မကြိုဆိုကြသေးဘူး။ ဒီတော့၊ သခင်က သူ့ရဲ့ အမှုတော်ကို လုပ်ဆောင်ဖို့ တိတ်တဆိတ် ဆင်းကြွနှင့်ပြီလို့ ရှင်တို့ ထင်ကြလား။ အဲဒါ အမှန်ဆိုရင်၊ ကျွန်မတို့အနေနဲ့ မိုးတိမ်ပေါ် သခင်ကြွဆင်းလာဖို့အတွက် အကြောင်းမဲ့သက်သက် မစောင့်သင့်ဘူး။ ဒါမှမဟုတ်ရင် သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ အခွင့်အရေး ကျွန်မတို့ လွယ်လင့်တကူ လွဲသွားမှာဖြစ်တယ်” ဟု ဆိုသည်။

ဆူကျင်းက ဆက်လိုက်သည်၊ “ဟုတ်တယ်၊ သခင် ပြန်ကြွနှင့်ပြီးပြီဆိုတဲ့ စိတ်ထင့်တာတွေ ကျွန်မတို့အားလုံးမှာ ရှိကြတယ်။ သူ့ရဲ့ လျှို့ဝှက်အမှုတော်ကို ကျွန်မတို့ အမှီမလိုက်ရင်၊ သခင် ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းတဲ့အခါ အရမ်းနောက်ကျသွားမှာပဲ မဟုတ်လား။ ဒါဆိုရင် သခင့်ရဲ့ ကွယ်ဝှက်ထားတဲ့အမှုတော်ကို ကျွန်မတို့ ဘယ်လို ခက်ခံနိုင်မလဲ။”

ချင်းလီက ပြုံးလျက်၊ “မစိုးရိမ်ကြပါနဲ့။ သခင့်ရဲ့ တိတ်တဆိတ် ကြွလာခြင်းအမှုတော်နဲ့ပတ်သက်ပြီး ကျမ်းစာက အရမ်းကို ရှင်းပါတယ်။ သခင်ယေရှုက၊ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) လို့ ပြောထားပါတယ်။ ပြီးတော့ တခြားကျမ်းပိုဒ်တွေကလည်း၊ ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃)ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၁: ၅) လို့ မှတ်တမ်းတင်ထားတယ်။ အဲဒီ ကျမ်းချက်တွေကနေ၊ သခင်က သူ့အမှုတော်ကို တိတ်တဆိတ် လုပ်ဆောင်တဲ့အခါ၊ သမ္မာတရားတွေကို သူ မိန့်မြွက်မယ်၊ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ပြီး ကျွန်မတို့ကို နောက်ဆုံးသော ကာလမှာ သူ့ရဲ့ ကယ်တင်ခြင်းကို ရရှိစေဖို့ အရင်က နားမလည်ခဲ့ကြတဲ့ သမ္မာတရားတွေအားလုံးကို ကျွန်မတို့ကို ပြောပြမှာဖြစ်တယ်ဆိုတာ မြင်နိုင်ပါတယ်။ ဒီအရာကနေ သခင့်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ဒီကျမ်းချက်တွေအားဖြင့် ကျွန်မတို့ဆီ ညွှန်ပြထားတဲ့ ပြန်ကြွလာတဲ့ သခင်ယေရှုရဲ့ လျှို့ဝှက်အမှုတော်ကို ဘယ်လို ရှာတွေ့ရမယ်ဆိုတာ ကျွန်မတို့ သိကြပါတယ်။ ဒီတော့ ဘုရားသခင်က တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ နှုတ်ကပတ်တော်တွေကို ဖော်ပြပြီးပြီလို့ တချို့လူတွေ သက်သေခံတာကို ကြားရတဲ့အခါ၊ ပညာရှိ အပျိုကညာတွေကို ကျွန်မတို့ အတုခိုးသင့်တယ်၊ နှိမ့်ချစွာ ရှာဖွေပြီး လေ့လာဆန်းစစ်သင့်တယ်၊ ပြီးတော့ ဒီလမ်းခရီးက သမ္မာတရား ပါရှိတယ်၊ မပါရှိဘူးဆိုတာနဲ့ နှုတ်ကပတ်တော်တွေက ဘုရားရဲ့ အသံတော် ဟုတ်၊ မဟုတ် ဆိုတာကို ကြည့်သင့်တယ်။ ဒီနည်းအားဖြင့်ပဲ သခင့်ကို ကျွန်မတို့ ကြိုဆိုနိုင်ကြပါလိမ့်မယ်၊ သန့်စင်ခံရဖို့၊ စုံလင်ခံရဖို့ နဲ့ ကပ်ဘေးမဆိုက်ရောက်ခင်မှာ အောင်မြင်သောသူတွေအဖြစ် ပြုလုပ်ခံရဖို့ အခွင့်အရေး ရှိမှာဖြစ်ပြီး၊ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်ပြီး သခင်နဲ့အတူ စားတော်တည်ရမှာဖြစ်ပါတယ်” ဟု ဆိုလေသည်။

ဆူကျင်း၊ လီကြည်နှင့် အခြားသူတို့သည် အချင်းချင်း ကြည့်ကြရင်း၊ “သခင့်ကို ကျေးဇူးတင်ပါတယ်၊ အခု နောင်ဆုံးတော့ ကျွန်မတို့မှာ လမ်းကြောင်းတစ်ခု ရှိပြီ...” ဟု တစ်ယောက်ပြီးတစ်ယောက် ဆိုကြလေသည်။

အယ်ဒီတာ၏ မှတ်စု-

ဤဆောင်းပါးကို ဖတ်ရှုခြင်းဖြင့် သခင်ယေရှုပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် ပရောဖက်ပြုခြင်း များအားလုံးသည် ပြည့်စုံခဲ့ပြီဖြစ်ကြောင်း ကျွန်တော်တို့ ယခုနားလည် သဘောပေါက်ပါပြီ။ သို့ဆိုလျှင် ကျွန်တော်တို့က သခင်ယေရှု၏ ပြန်ကြွလာခြင်းကို မည်သို့ ကြိုဆိုသင့်သနည်း။ ကျွန်တော်တို့အနေဖြင့် ဤသမ္မာတရား၏ရှုထောင့်ကို ဆက်လက်ရှာဖွေပြီး လေ့လာနိုင်ရန် "သခင်ပြန်ကြွလာပြီ" ဆိုသည့် ဧဝံဂေလိစာမျက်နှာကို ကျွန်တော်တို့ အကြံပြုလိုပါသည်။ သင့်အနေဖြင့် ဤဆောင်းပါးနှင့် ပတ်သက်ပြီး အခြား သိမြင်မှု၊ အသိဉာဏ်အလင်းရခြင်း သို့မဟုတ် ခက်ခဲမှုတစ်စုံတစ်ရာ ရှိပါက ကျေးဇူးပြုပြီး မှတ်ချက်ပေးထားခဲ့ပါ၊ သို့မဟုတ် ကျွန်တော်တို့၏ ဝဘ်စာမျက်နှာ တိုက်ရိုက်စကားစမြည်ပြောဆိုခြင်းမှတစ်ဆင့် ကျွန်တော်တို့ကို အွန်လိုင်း၌ ဆက်သွယ်ပါ။

အမှာစကား ချန်ခဲ့မည်