စာရင်း

သခင်တဖန်ပြန်ကြွလာခြင်းကိုကြိုဆိုပြီး ကပ်ဘေးမကျရောက်မီချီဆောင်ခံရခြင်းတို့နှင့် ပတ်သက်သည့် သမ္မာကျမ်းစာများ

သခင်တဖန်ပြန်ကြွလာခြင်းကိုကြိုဆိုပြီး ကပ်ဘေးမကျရောက်မီချီဆောင်ခံရခြင်းတို့နှင့် ပတ်သက်သည့် သမ္မာကျမ်းစာများ

ယခု ကမ္ဘာ့တစ်ဝှမ်းတွင် ငလျင်၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ကပ်ရောဂါ၊ ရေဘေး၊ မိုးခေါင်ခြင်း စသည့် ကပ်ဘေးများသည် ဆက်တိုက်ဖြစ်ပွားကာ မကြာခဏဖြစ်ပွားနေပြီး ပိုမိုပြင်းထန်လာသည်၊ သမ္မာကျမ်းစာထဲရှိ သခင်တဖန်ပြန်ကြွလာခြင်း၏ ဗျာဒိတ်တော်များသည် အခြေခံအားဖြင့်ပြည့်စုံနေပြီဖြစ်သည်၊ သခင်ပြန်ကြွလာမည့်နေ့ရက်မှာရောက်ရှိနေပြီဖြစ်သည်၊ ကျွန်ုပ်တို့သည် သခင်၏နောက်ဆုံးကာလ ပေါ်ထွန်းခြင်းနှင့်အမှုတော်တို့ကို မည်သို့ရှာဖွေရမည်နည်း? သခင်၏ပြန်ကြွလာခြင်းကို မည်သို့ကြိုဆိုနိုင်မည်နည်း? ယခင်က သခင်ရှင်းလင်းစွာ ဗျာဒိတ်ထားသည်မှာ--"ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။"(ဗျာဒိတ်ကျမ်း ၃:၂၀) ထို့ကြောင့် တွေ့မြင်ရသည်မှာ နောက်ဆုံးကာလ သခင်ပြန်ကြွလာချိန်တွင် စကားတော်များကို မြွတ်ဆိုကာ လူတို့ထံတံခါးခေါက်မည်ဖြစ်သည်၊ ဘုရားသခင်၏အသံတော်ကိုကြားသိပြီး သခင်ကို ကြိုဆိုနိုင်သော ထိုသူတို့သည် ကပ်ဘေးမတိုင်ခင် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ချီဆောင်ခံရပြီး သခင်နှင့်အတူ ပွဲသဘင်သို့ ဝင်ရောက်သည့်သူများဖြစ်သည်။ အောက်တွင် ဖော်ပြထားသော စာကို ဖတ်ရှုပြီး အသေးစိတ်နှင့် လျှောက်လမ်းရမည့် လမ်းစဉ်ကို သိရှိနားလည်လိုက်ပါ။

အမြန်လမ်းညွှန်
၁။ သခင်ပြန်ကြွလာခြင်း၏ နောက်ဆုံးခေတ်ကာလ မျက်မှောက်မြင်ကွင်းကို သမ္မာကျမ်းစာပေါ်၏ ပရောဖက်ပြုချက်များ
၂။ ကပ်ဘေးမှာ ဘုရားသခင်၏ပေါ်ထွန်းခြင်းအမှုနှင့် ချီဆောင်ခံရခြင်းကို မည်သို့ရှာဖွေပြီး သခင်နှင့်အတူပွဲသဘင်သို့ စားသောက်နိုင်မည်နည်း။

၁။ သခင်ပြန်ကြွလာခြင်း၏ နောက်ဆုံးခေတ်ကာလ မျက်မှောက်မြင်ကွင်းကို သမ္မာကျမ်းစာပေါ်၏ ပရောဖက်ပြုချက်များ

ရှင်မဿဲခရစ်ဝင် ၂၄:၃

ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲချဉ်းကပ်၍၊ ထိုအမူအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို၎င်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို၎င်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။

ရှင်မဿဲခရစ်ဝင် ၂၄:၇-၈

လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင်ဖြစ်သတည်း။

ရှင်မဿဲခရစ်ဝင် ၂၄:၃၇-၃၉

လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေ၍၊ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။

ရှင်မဿဲခရစ်ဝင် ၂၄:၂၁

အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီး စွာသော ဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။

ယောလ အနာဂတ္တိကျမ်း ၂:၃၀-၃၁

မိုဃ်းကောင်းကင်၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ အံ့ဘွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင် တို့ကို ငါပြမည်။ ၃၁ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိ ဖြစ်လိမ့်မည်။လသည်လည်း သွေးဖြစ်လိမ့်မည်။

ဗျာဒိတ်ကျမ်း ၆:၁၂-၁၃

ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည်အမွေးဖြင့် ရက်သောအဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန်မတန်သော အသီးကြွေသကဲ့သို့၊ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“မြေငလျင်များ၊ အငတ်ဘေးများ၊ ကပ်ရောဂါများ၊ အမျိုးမျိုးသော ဘေးဒဏ်များသည် ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံများနှင့် နေရာအနှံ့အပြား၌ မကြာခဏဖြစ်ပေါ်နေသည်။ ငါသည် ငါ၏ ကြီးမြတ်သော အမှုကို တိုင်းနိုင်ငံများနှင့် နေရာအနှံ့အပြား၌ ပြုသည့်အားလျော်စွာ၊ ဤဘေးဒဏ်များသည် ကမ္ဘာကြီးကို ဖန်ဆင်းခဲ့စဉ်ကတည်းက ဖြစ်ခဲ့သော ဘေးဒဏ်များထက် ပို၍ ပြင်းထန်စွာ ဖြစ်လိမ့်မည်။ ဤအရာသည် လူအားလုံးတို့အပေါ် ငါ့တရားစီရင်ခြင်း၏ အစဖြစ်သည်၊ သို့သော် ငါ၏သားများသည် ငြိမ်ဝပ်စွာ နေနိုင်၏၊ သင်တို့အပေါ်သို့ မည်သည့် ဘေးဒဏ်မျှ သက်ရောက်လိမ့်မည်မဟုတ်၊ ထို့ပြင် ငါသည် သင်တို့အား ကာကွယ်လိမ့်မည် (ဆိုလိုသည်မှာ သင်တို့သည် ယင်းနောက်တွင် ကိုယ်အတွင်း၌ နေထိုင်လိမ့်မည်၊ ဇာတိပကတိ၌ အသက်ရှင်နေထိုင်ခြင်းမဟုတ်၊ ထို့ကြောင့် မည်သည့် ဘေးဒဏ်ကိုမျှ ခံစားရမည်မဟုတ်ပေ)။ သင်တို့သည် ငါနှင့်အတူတကွ ဘုရင်များကဲ့သို့ အုပ်ချုပ်စိုးစံခြင်း၊ တိုင်းနိုင်ငံများနှင့် လူအားလုံးတို့အပေါ် တရားစီရင်ခြင်း ပြုကြရလိမ့်မည်၊ ငါနှင့်အတူ ကောင်းမွန်သော ကောင်းချီးမင်္ဂလာများဖြင့် စကြဝဠာ၏အဆုံးများအထိတိုင် ထာဝရမွေ့လျော်ခြင်းသာ ရှိလိမ့်မည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်၊ ထို့ပြင် ၎င်းတို့သည် မကြာမီ သင်၏မျက်လုံးများရှေ့၌ အောင်မြင်ခြင်းသို့ ရောက်လိမ့်မည်။ တစ်နာရီ သို့မဟုတ် တစ်ရက်မျှပင် ငါသည် နှောင့်နှေးခြင်းမရှိ၊ ငါသည် အကြောင်းအရာတို့အား မယုံကြည်နိုင်လောက်အောင် လျင်မြန်စွာ ပြု၏။ စိုးရိမ်ခြင်း သို့မဟုတ် သောကရောက်ခြင်း မရှိကြနှင့်၊ ထို့ပြင် သင့်အား ငါ ပေးသော ကောင်းချီးမင်္ဂလာသည် သင့်ထံမှ အဘယ်သူမျှ လုမယူနိုင်သောအရာ ဖြစ်သည်၊ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်၏။ လူအားလုံးတို့သည် ငါ၏ဆောင်ရွက်ချက်များကြောင့် ငါ့အား နာခံခြင်းရှိကြလိမ့်မည်၊ ၎င်းတို့သည် ချီးကျူးပြီးရင်း ချီးကျူးရုံမျှမက၊ ထို့ထက်ပို၍ပင် ဝမ်းမြောက်သော စိတ်ဖြင့် ကခုန်ပြီးရင်း ကခုန်ကြလိမ့်မည်။” (“အခန်း ၉၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ)

ဘေးဒုက္ခအပေါင်းသည် တစ်ခုပြီး နောက်တစ်ခု ကျရောက်လိမ့်မည်၊ တိုင်းနိုင်ငံအပေါင်းနှင့် နေရာတိုင်းတွင် ဘေးဒုက္ခများကို ကြုံတွေ့ကြလိမ့်မည်—ကပ်ဆိုး၊ ငတ်မွတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် အရပ်ရပ်တို့၌ ဖြစ်လေ၏။ ဤဘေးဒုက္ခများသည် နေရာတစ်နေရာ သို့မဟုတ် နှစ်နေရာ၌သာ ဖြစ်ပျက်မည် မဟုတ်သကဲ့သို့ ၎င်းတို့သည် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ပြီးဆုံးသွားလိမ့်မည်လည်း မဟုတ်ဘဲ နယ်ပယ် ပိုမိုကျယ်ပြန့်တိုးချဲ့လာပြီး ဘေးဒုက္ခများသည် ပို၍ပို၍ ပြင်းထန်လာလေမည်။ ဤကာလအတောအတွင်း အင်းဆက်ကပ်ဆိုး အမျိုးအစားအားလုံး တစ်ခုပြီးတစ်ခု ဖြစ်ပေါ်ပြီး ခပ်သိမ်းသော နေရာတို့၌ ဇာတ်တူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။(“အခန်း ၆၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ)

ကမ္ဘာမြေကြီးပေါ်ရှိ လူအားလုံးတို့သည် ရောဂါပိုးများ၏ ရောဂန္တရကပ်အလယ်တွင် ရှင်ကျန်ရစ်နေကြရပြီး မည်သူကမျှ ထိုအရာမှ မလွတ်မြောက်နိုင်ကြ။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ရှင်ကျန်ရစ်ရန် မလိုလားကြ၊ သို့သော်လည်း ၎င်းတို့သည် လူတို့ကို ထိုအရာအား မိမိတို့ကိုယ်တိုင် မြင်စေခြင်းငှာ ဖြစ်ပျက်လာမည့် သာ၍ကြီးမြတ်သောအရာ တစ်စုံတစ်ခုရှိသေးသည်ဟု အစဉ်အမြဲ ခံစားကြသည်၊ ထို့ကြောင့် လူအားလုံးသည် အားတင်း၍ ဆက်လက်ရှင်သန်ကြလေသည်။ လူတို့သည် ကြာမြင့်စွာကတည်းက ၎င်းတို့၏ နှလုံးသားများထဲ၌ ခွန်အားမရှိကြတော့ချေ၊ ၎င်းတို့သည် မိမိတို့၏ မျက်မြင်မရသော မျှော်လင့်ချက်များကိုသာ ဝိညာဉ်ရေးရာ ဒေါက်တိုင်အဖြစ် အသုံးပြုသည်၊ ထို့ကြောင့် ၎င်းတို့သည် တည်ငြိမ်စွာထားလျက် လူသားသဖွယ်ပြုမူ၍ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏နေ့ရက်များကို ကုန်လွန်စေရင်း အသက်ဆက်နေကြသည်။ ယင်းမှာ လူအားလုံးတို့သည် လူယောင်ဆောင်သော မာရ်နတ်၏သားများဖြစ်သည့်အလားပင် ဖြစ်ကြသည်။ ထို့ကြောင့်ပင် ဘုရားသခင်က “ကမ္ဘာမြေကြီးသည် ပရမ်းပတာဖြစ်ခြင်းအောက်၌ ဖုံးလွှမ်းလျက် တည်ရှိပြီး စေ့စေ့စပ်စပ် စစ်ဆေးပါက လူတစ်ယောက်ကို အလွန့်အလွန် ညှိုးငယ်ခြင်းနှင့် ထိုးနှက်သည့် မခံမရပ်နိုင်လောက်အောင်ပင် ဆိုးရွားသည့် မြင်ကွင်းကို ဖြစ်စေသည်” ဟု ပြောခဲ့ခြင်း ဖြစ်သည်။ ဤအခြေအနေ ပေါ်လာခြင်းကြောင့် ဘုရားသခင်သည် စကြဝဠာတစ်ခွင်လုံးသို့ “ငါ့ဝိညာဉ်တော်၏ မျိုးစေ့များကို ကြဲခြင်း” ငှာ စတင်ခဲ့ပြီး ကမ္ဘာမြေကြီးတစ်ခွင်၌ သူ၏ကယ်တင်ခြင်းအလုပ်ကို စတင်ထမ်းဆောင်ခဲ့သည်။ ဤအလုပ်၏ ထောက်မမှုကြောင့် ဘုရားသခင်သည် ဘေးအန္တရာယ် အမျိုးမျိုးတို့ကို ရွာချရန်အလို့ငှာ စတင်ခဲ့သည်၊ ဤသို့နှင့် အကြင်နာကင်းသော လူသားများကို ကယ်တင်သည်။ ဘုရားသခင့်အလုပ်၏ အဆင့်များတွင် ကယ်တင်ခြင်းနည်းလမ်းမှာ ကွဲပြားသည့် ဘေးအန္တရာယ်အမျိုးမျိုးအားဖြင့်သာ ဖြစ်လျက်ရှိသေးပြီး မှတ်သားခြင်း ခံရသူများအားလုံးသည် ထိုဘေးအန္တရာယ်များမှ မလွတ်မြောက်နိုင်ကြ။ အဆုံးတွင်သာ “တတိယကောင်းကင်ဘုံကဲ့သို့ တည်ငြိမ်အေးချမ်းသည်၊ ဤအရပ်၌ သက်ရှိသတ္တဝါ အကြီးအငယ်တို့သည် သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ကြပြီး ‘နှုတ်နှင့်လျှာ၏ ပဋိပက္ခများ’ ၌ တစ်ခါမျှ တိုက်ခိုက်ခြင်း မရှိကြ” ဟူသည့် အခြေအနေသည် ကမ္ဘာမြေကြီးပေါ်၌ ပေါ်ပေါက်လာနိုင်မည် ဖြစ်သည်။ ဘုရားသခင့်အလုပ်၏ ကဏ္ဍတစ်ရပ်မှာ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ရန်နှင့် ရွေးချယ်ခံလူများကို သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ရယူရန်ဖြစ်သည်။ နောက်ကဏ္ဍတစ်ရပ်မှာ ပုန်ကန်ခြင်း၏သားများအားလုံးကို ဘေးအန္တရာယ်အမျိုးမျိုးမှတစ်ဆင့် သိမ်းပိုက်ရန်ဖြစ်သည်။ ဤသည်မှာ ကျယ်ပြန့်များပြားသော ဘုရားသခင်အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာ ဘုရားသခင်အလိုရှိသော ကမ္ဘာမြေကြီးပေါ်မှ နိုင်ငံတော်သည် အပြည့်အဝ အထမြောက်နိုင်မည်ဖြစ်ပြီး ဤသည်မှာ ရွှေစင်ကဲ့သို့သော ဘုရားသခင့်အလုပ်၏ အစိတ်အပိုင်းဖြစ်သည်။(“အခန်း ၁၇” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်)

၂။ ကပ်ဘေးမှာ ဘုရားသခင်၏ပေါ်ထွန်းခြင်းအမှုနှင့် ချီဆောင်ခံရခြင်းကို မည်သို့ရှာဖွေပြီး သခင်နှင့်အတူပွဲသဘင်သို့ စားသောက်နိုင်မည်နည်း။

သခင်တဖန်ပြန်ကြွလာခြင်းကိုကြိုဆိုပြီး ကပ်ဘေးမကျရောက်မီချီဆောင်ခံရခြင်းတို့နှင့် ပတ်သက်သည့် သမ္မာကျမ်းစာများ

ရှင်လုကာခရစ်ဝင် ၁၂:၄၀

ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်။

ဗျာဒိတ်ကျမ်း ၃:၂၀

ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။

ဗျာဒိတ်ကျမ်း ၃:၃

ထိုကြောင့်၊ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။

ဗျာဒိတ်ကျမ်း ၁၆:၁၆

နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှာ

ဗျာဒိတ်ကျမ်း ၂:၁၁

ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။

ရှင်ယောဟန်ခရစ်ဝင် ၁ဝ:၃၀

ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။

ရှင်မဿဲခရစ်ဝင် ၇:၇-၈

တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“ဤအကြောင်းကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည်နှင့်အညီ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့်နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသောနေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ “ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏” ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် လူတို့၏ အယူအဆများနှင့် ဆက်စပ်ညီညွတ်မှု မရှိနိုင်ပါ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင်နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်တို့၏ ကိုယ်ပိုင်အယူအဆများကို ရှောင်ခွာရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ကိုယ်ပိုင်အကန့်အသတ်ထဲတွင် ဘောင်ခတ်ထားရန်နှင့် သင်၏ကိုယ်ပိုင်အယူအဆများအတွင်း ကန့်သတ်ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေသင့်ပုံ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့လက်ခံသင့်ပုံ၊ ထို့ပြင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့နာခံသင့်ပုံတို့ကို မေးသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။” (ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏)

“ထိုသို့သောအရာကို လေ့လာရန် မခက်ခဲပါ။ သို့သော် ငါတို့ တစ်ဦးချင်းစီသည် ဤသမ္မာတရားကို သိရန်လိုအပ်သည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကိုလည်း စွဲကိုင်ထားမည်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူပြုရမည့်အမှုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်တာကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် မဟုတ်သည်မှာ မုချဖြစ်၏၊ ဤသည်ကို သံသယဖြစ်ဖွယ် မရှိချေ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ်မဟုတ် စစ်ဆေးရန်အတွက် လူသားတို့သည် သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိဟုတ်မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆုံးဖြတ်ရာ၌က သူ၏အပြင်ပန်းပုံသဏ္ဌာန်ထက် သူ၏အနှစ်သာရ (သူ၏အမှု၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်နေသဘောထားနှင့် အခြားသောအရာများစွာ) ကို ဂရုပြုရမည်မှာ အဓိကဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်ကိုသာမြင်ပြီး ဘုရားသခင်၏ အနှစ်သာရကို သတိမမူမိပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

လူသားသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို အနီးကပ်၊ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်သင့်သည်။ သူသည် “သိုးသငယ်သွားလေရာရာ အရပ်သို့ နောက်တော်၌ လိုက်သောသူ” ဖြစ်သင့်သည်။ ဤကဲ့သို့သော လူများသာလျှင် မှန်သော လမ်းကြောင်းကို ရှာဖွေသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများသာ ဖြစ်ကြသည်။ စကားလုံးများနှင့် အယူဝါဒများကို စုံမှိတ်ပြီး လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ ပယ်ရှားခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလ တစ်ခုစီအတွင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို စတင်လိမ့်မည်။ ထို့နောက် အချိန်ကာလတစ်ခုစီ အတွင်းတွင်၊ လူသားများအကြား အသစ်သော စတင်မှု တစ်ခုရှိလိမ့်မည်။ ခေတ်တစ်ခုအတွက်သာ အကျိုးသက်ရောက်မှုရှိသည့် “ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်” နှင့် “ယေရှုသည် ခရစ်တော်ဖြစ်သည်” ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာနေပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်မည် မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ပင် လုပ်ဆောင်သည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်သည်။ ဤနည်းလမ်းအားဖြင့်၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားခြင်းကို မည်သို့လျှင် ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကိုပင် လုပ်ဆောင်နေပါစေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု လူသားဘက်က သေချာနေပြီး၊ သံသယအနည်းငယ်မျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များသို့ ရောက်ရှိအောင် ကြိုးစားနေသရွေ့၊ သူသည်မည်သို့လျှင် အပြစ်ဒဏ်ပေးခြင်း ခံရမည်နည်း။” (ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု)

မိတ်ဆွေ ဆောင်းပါးလေးကို ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါတယ်၊ အကယ်၍ မိတ်ဆွေတွင် သိမြင်နားလည်မှုများ (သို့) သခင်ပြန်ကြွလာခြင်းကို ကြိုဆိုပြီး ကပ်ဘေးမတိုင်မီ ချီဆောင်ခံရခြင်းတွင် မေးခွန်းများရှိသေးပါက ဆောင်းပါးအောက်တွင် စာတိုရေးခြင်း(သို့) ကျွန်ုပ်တို့နှင့် ဆက်သွယ်ခြင်းတို့ကို လုပ်ဆောင်နိုင်ရန် ဖိတ်ခေါ်ပါတယ်၊ ကျွန်ုပ်တို့သည် မိတ်ဆွေနှင့်အတူ သခင်ပြန်ကြွလာခြင်းကို ကြိုဆိုပြီး ကပ်ဘေးမတိုင်မီ ချီဆောင်ခံရခြင်း နှင့်ပတ်သက်၍ အတူတကွ ရှာဖွေနိုင်ရန် ပျော်ရွှင်ဝမ်းမြောက်ပါတယ်။

အမှာစကား ချန်ခဲ့မည်