စာရင်း

အခက်အခဲထဲတွင် သင့်ကို မျှော်လင့်ချက်ပေးဖို့ ခွန်အားယူစရာ သမ္မာကျမ်းချက်များ

အခက်အခဲထဲတွင် သင့်ကို မျှော်လင့်ချက်ပေးဖို့ ခွန်အားယူစရာ သမ္မာကျမ်းချက်များ

ကျွန်ုပ်တို့ အသက်တာများတွင် ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးမှု၊ ညှင်းပန်းနှိပ်စက်မှုများနှင့် ဆင်းရဲဒုက္ခများကို ကြုံရချိန်တွင်၊ မကြာခဏ ကျွန်ုပ်တို့ စိတ်သောကရောက်ပြီး အကူအညီမဲ့ကြကာ၊ သခင့်၌ ယုံကြည်ခြင်းကို ကျွန်ုပ်တို့ ဆုံးရှုံးကြရသည်အထိ အပျက်သဘောဆောင်ပြီး အားနည်းကြလေသည်။ ဤခွန်အားယူစရာ သမ္မာကျမ်းချက်များကို ဖတ်ရှုပါ။ ပြီးလျှင် ဘုရားသခင်၏ အလိုတော်ကို သင် နားလည်ပြီး ဆင်းရဲဒုက္ခကို စွန့်ပယ်ဖို့ လမ်းကြောင်းတစ်ခု တွေ့ရှိပါလိမ့်မည်။

၁။ ခက်ခဲသောပတ်ဝန်းကျင်တွင် ဘုရားသခင်ကိုအားကိုးတတ်ရန်သင်ယူပြီး အားပေးမှုကိုရယူမည်

သုတ္တံကျမ်း ၃:၅-၆

ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။

ဆာလံကျမ်း ၃၄:၁၆-၁၇

ဒုစရိုက်ကိုပြုသောသူတို့ကား၊ မြေကြီးပေါ်မှာ အောက်မေ့စရာ အမှတ်မျှမရှိစေခြင်းငှါ ပယ်ရှင်းမည် အကြောင်း၊ ထာဝရဘုရားသည် မျက်နှာထားတော်မူ၏။ ဖြောင့်မတ်သောသူတို့သည် အော်ဟစ်သောအခါ၊ ထာဝရဘုရားသည် နားထောင်၍၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင် ၁၆:၃၃

သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟု မိန့် တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင် ၁၄:၂၇

ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။

ဇာခရိအနာဂတ္တိကျမ်း ၄:၆

အင်အား အားဖြင့်မဟုတ်၊ တန်ခိုးအာဏာအားဖြင့်မဟုတ်၊ သို့သော် ငါ၏ ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေရှင် ယေဟောဝါ မိန့်တော်မူ၏။

တရားဟောရာကျမ်း ၃၁:၆

အားယူ၍ ရဲရင့်ခြင်း ရှိကြလော့။ မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူဟု ဟော ပြော၏။

ဆာလံကျမ်း ၉:၉-၁၀

ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသော သူတို့၏ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည် ကာလ ခိုလှုံရာဖြစ်တော်မူ၏။ နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည်။ အကြောင်းမူကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်ကိုရှာသော သူတို့ကိုစွန့်ပစ်တော်မမူ တတ်ပါ။

ဆာလံကျမ်း ၂၃:၄-၅

အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံတော်နှင့် တောင်ဝေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။ အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့ စားပွဲကိုခင်းတော်မူ၏။ အကျွန်ုပ်ခေါင်းကိုဆီနှင့် လိမ်း တော်မူ၏။ အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်သည် အပြုသဘောဆောင်သည့်ဘက်မှ ဝင်ရောက်မှုကို ရယူရမည်။ မလှုပ်မယှက် စောင့်စားနေခဲ့လျှင် သင်သည် အပျက်သဘောဆောင်နေဆဲသာ ဖြစ်သည်။ သင်သည် ငါနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးယူရာ၌ လိုလားတက်ကြွနေရမည် ဖြစ်သည်။ လုံ့လဝီရိယရှိပြီး ဘယ်သောအခါမျှ မပျင်းရိလေနှင့်။ ငါနှင့် အမြဲတစေ မိတ်သဟာယဖွဲ့ပြီး၊ ငါနှင့် ပို၍ပင် နက်ရှိုင်းသော ရင်းနှီးကျွမ်းဝင်ခြင်းကို ရယူလော့။ အကယ်၍ သင်နားမလည်ပါက၊ မြန်ဆန်သော ရလဒ်များ ရရှိရန် ဆန္ဒမစောလေနှင့်။ ငါသည် သင့်အား မပြောပြဘဲ နေမည် မဟုတ်။ သင်သည် ငါ့မျက်မှောက်တွင်ရှိစဥ် ငါ့အပေါ် အမှီပြုခြင်း ရှိမရှိနှင့်၊ ငါ့အပေါ် သင်၏ မှီခိုအားထားမှုတွင် သင်သည် ယုံကြည်စိတ်ချခြင်း ရှိမရှိကို ငါမြင်တွေ့လိုခြင်း ဖြစ်သည်။ သင်သည် အစဉ်အမြဲ ငါနှင့် နီးကပ်စွာ ရှိနေပြီး၊ အမှုအရာခပ်သိမ်းကို ငါ့လက်ထဲတွင် ထားရှိရမည်။ အချည်းနှီး ပြန်လှည့်မသွားနှင့်။ သင်သည် အချိန်ကာလတစ်ခုအထိ သတိမမူမိဘဲ ငါနှင့် နီးကပ်စွာရှိနေပြီးနောက်တွင် သင့်အား ငါ၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ပြသမည်။ သင်သည် ယင်းတို့ကို သဘောပေါက်နားလည်လျှင် ငါနှင့် အမှန်တကယ် မျက်နှာချင်းဆိုင် တွေ့ဆုံရမည်ဖြစ်ပြီး၊ သင်သည် ငါ၏ မျက်နှာကို အမှန်တကယ် တွေ့ရှိပြီး ဖြစ်လိမ့်မည်။ သင်သည် အတွင်းထဲ၌ များစွာသော ရှင်းလင်းမှုနှင့် တည်ကြည်ခိုင်မာမှုကို ရရှိလိမ့်မည်ဖြစ်ပြီး၊ သင်၌ မှီခိုအားထားစရာ တစ်စုံတစ်ရာ ရှိလိမ့်မည်ဖြစ်သည်။ ထို့နောက် သင်သည် လုပ်နိုင်စွမ်းနှင့် ယုံကြည်စိတ်ချမှုကိုလည်း ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ သင်သည် ရှေ့ဆက်ရမည့် လမ်းကြောင်း ရှိလိမ့်မည်ဖြစ်သည်။ အရာအားလုံးမှာ သင့်အတွက် လွယ်ကူပေလိမ့်မည်။

ဝန်မလေးနှင့်၊ ပြီးလျှင် အားမငယ်နှင့် သို့မဟုတ် ပျော့ညံ့ခြင်း မရှိနှင့်။ သင်၏ စိတ်ဝိညာဉ်၌ ငါနှင့် တိုက်ရိုက် သာ၍မိတ်သဟာယပြုလော့၊ စိတ်ရှည်စွာဖြင့် စောင့်မျှော်လော့၊ ပြီးလျှင် ငါရွေးချယ်သည့် အချိန်တွင် ငါသည် သင်တို့အား ဧကန်မုချ ထုတ်ဖော်ပြမည်။ သင့်အနေဖြင့် လုံးဝ ဂရုစိုက်ရမည်ဖြစ်ပြီး သင့်အပေါ် ငါ၏ကြိုးစားအားထုတ်မှုကို အလဟဿ မဖြစ်စေလေနှင့်။ တစ်ခဏကိုမျှ လက်လွတ်မခံလေနှင့်။ သင်၏ စိတ်နှလုံးသည် ငါနှင့် စဉ်ဆက်မပြတ် မိတ်သဟာယပြုလျက် ရှိသည့်အခါ၊ သင်၏ စိတ်နှလုံးသည် ငါ၏ရှေ့မှောက်တွင် စဉ်ဆက်မပြတ် အသက်ရှင်သည့်အခါ၊ သင်၏ စိတ်နှလုံးတွင်းက ငါနှင့် သင်၏ မိတ်သဟာယကို မည်သူမျှ၊ မည်သည့်ဖြစ်ရပ်မျှ၊ မည့်သည့်အရာကမျှ၊ မည့်သည့်ခင်ပွန်း၊ မည်သည့် သားသမီးကမျှ မနှောင့်ယှက်နိုင်ပေ။ သင်၏ စိတ်နှလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ချုပ်ချယ်ခြင်းကို စဉ်ဆက်မပြတ် ခံရသောအခါ၊ သင်သည် ငါနှင့် အချိန်တိုင်းတွင် မိတ်သဟာယပြုသောအခါ ငါ၏ အလိုတော်ကို သင့်အား ဧကန်မုချ ထုတ်ဖော်ပြပေမည်။ သင်သည် ဤသို့ ငါ့ထံ စဉ်ဆက်မပြတ် တိုးဝင်ချဉ်းကပ်နေသည့်အခါ၊ သင်၏ မည်သည့် ပတ်ဝန်းကျင်များ၊ သို့မဟုတ် မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာတို့ကို ကြုံရပါစေ၊ သင်သည် စိတ်မရှုပ်ဘဲ ရှေ့ဆက်ရမည့် လမ်းတစ်ခု ရှိလိမ့်မည်။

“အခန်း ၈” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘုရားသခင်ကို သင် အားကိုးသည့်အခါ၊ ရှင်းလင်းသော မည်သည့် လမ်းညွှန်ချက်မျှ ပေးဖို့မပြောနှင့်၊ မည်သည့် ခံစားချက်မျှ သို့မဟုတ် ရှင်းလင်းသည့် မည်သည့် စိတ်ကူးမျှ သင့်ကို သူမပေးဖို့မှာ ဖြစ်နိုင်သော်လည်း၊ သင့်ကို နားလည်ခြင်းအချို့ သူ ခွင့်ပြုသည်။ သို့မဟုတ် ဤအချိန်တွင် သင် မည်သည့်အရာကိုမျှ နားမလည်ဘဲ ဖြစ်နေနိုင်သော်လည်း၊ ဘုရားသခင်ကို သင် အားကိုးသည်မှာ မှန်ပေသည်။ လူတို့ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်နေခြင်းသည် စည်းမျဉ်းများကို လိုက်လျှောက်ဖို့ လုပ်ဆောင်ကြသည်မဟုတ်ဘဲ၊ ယင်းထက် ထိုအရာသည် ၎င်းတို့ စိတ်နှလုံးများ၏ လိုအပ်ချက်ဖြစ်ပြီး လူသားက လက်တွေ့လုပ်ဆောင်သင့်ပုံ ဖြစ်သည်။ ဘုရားသခင်ကို သင် အားကိုးပြီး ဘုရားသခင်ထံ အော်ခေါ်သည့်အခါတိုင်း ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုကို ရရှိနိုင်သည်မဟုတ်ပေ၊ လူ့အသက်တာထဲက ဤဝိညာဉ်ရေးအခြေအနေသည် ပုံမှန်နှင့် သဘာဝဖြစ်ပြီး၊ ဘုရားသခင်ကို အားကိုးခြင်းသည် လူတို့ စိတ်နှလုံးများ၌ ဘုရားသခင်နှင့် ပုံမှန် အပြန်အလှန်ဆက်ဆံခြင်း ဖြစ်၏။

တစ်ခါတစ်ရံ ဘုရားသခင်ကို မျှော်ကြည့်ခြင်းမှာ တိကျသောစကားလုံးများကို အသုံးပြု၍ ဘုရားသခင်အား တစ်စုံတစ်ရာကို လုပ်စေခြင်း၊ သို့မဟုတ် သူ့အား တိကျသောလမ်းပြခြင်းအတွက် သို့မဟုတ် အကာအကွယ်အတွက် တောင်းဆိုခြင်းကို မဆိုလိုပေ။ ထိုသို့မဟုတ်ဘဲ ၎င်းမှာ လူတို့သည် ပြဿနာ တစ်ခုနှင့် တွေ့ကြုံသောအခါ၌ ၎င်းတို့သည် ကိုယ့်တော်ကို ရိုးသားစွာ တောင်းလျှောက်နိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ကိုယ်တော့်ကို တောင်းလျှောက်သောအခါ ဘုရားသခင်သည် ထိုနေရာတွင် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ လူတစ်ဦး၏စိတ်နှလုံး နိုးကြား၍ ၎င်းတို့၌ “အိုဘုရားသခင်၊ ဤအရာကို ကျွန်ုပ်ကိုယ်တိုင် မလုပ်နိုင်ပါ၊ ၎င်းကို အဘယ်သို့လုပ်ရမည်ကို ကျွန်ုပ်မသိပါ၊ ထို့အပြင် ကျွန်ုပ်သည် ခွန်အားနည်းပြီး အပျက်သဘောဆောင်သကဲ့သို့ ခံစားရပါ၏၊” ဟူသော ဤသို့အတွေးရှိကြကာ ဤအတွေးများက ၎င်းတို့အထဲတွင် ဖြစ်ပေါ်လာသောအခါ၊ ဘုရားသခင်က ထိုအကြောင်းကို မသိသလော။ ဤအတွေးများ လူတို့ထဲ၌ ဝင်သောအခါ ၎င်းတို့၏စိတ်နှလုံးများမှာ စစ်မှန်သလော။ ၎င်းတို့သည် ဤနည်းဖြင့် ဘုရားသခင်ကို ရိုးသားစွာ တောင်းလျှောက်သောအခါ ဘုရားသခင်သည် ၎င်းတို့ကို ကူညီရန်သဘောတူသလော။ ၎င်းတို့သည် စကားတစ်လုံးကိုမျှ မပြောခဲ့သော်လည်း ၎င်းတို့သည် စစ်မှန်ခြင်းကို ပြသသဖြင့် ဘုရားသခင်သည် ၎င်းတို့ကိုကူညီရန် သဘောတူလေ၏။ တစ်စုံတစ်ဦးသည် အထူးဖြင့် ဆူးညှောင့်ပေါသော အခက်အခဲတစ်ခုကို တွေ့ကြုံရသောအခါ၊ ၎င်းတို့၌ အားထားရန်တစ်စုံတစ်ဦးမျှ မရှိသောအခါနှင့် ၎င်းတို့သည် အထူးသဖြင့် ခိုကိုးရာမဲ့သည်ဟု ခံစားရသောအခါ၊ ၎င်းတို့၏ တစ်ခုတည်းသောယုံကြည်ခြင်းကို ဘုရားသခင်ပေါ်၌ ထားကြ၏။ ၎င်းတို့၏ ဆုတောင်းသံများမှာ မည်သို့နည်း။ ၎င်းတို့၏ စိတ်အခြေအနေမှာ အဘယ်နည်း။ ၎င်းတို့ ရိုးသားကြသလော။ ထိုအချိန်က ရောနှောခြင်းတစ်စုံတစ်ရာ ရှိသလော။ သင်၏အသက်ကို ကယ်တင်ရန်အတွက် ဘုရားသခင်သည် သင် ဖမ်းဆုပ်သောနောက်ဆုံး ကောက်ရိုးမျှင်အလား သူ့ကို သင် ယုံကြည်ပြီး၊ သူသည် သင့်ကို ကူညီမည်၊ သင်၏စိတ်နှလုံးသည် ရိုးဖြောင့်သည်ဟု မျှော်လင့်သောအခါ၌သာ ဖြစ်၏။ သင်သည် များစွာပြောခဲ့ပြီးခြင်း ရှိချင်းမှရှိမည် ဖြစ်သော်လည်း သင်၏စိတ်နှလုံးမှာ နိုးကြားနှင့်ပြီဖြစ်၏။ တစ်နည်းဆိုသော် သင်သည် သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်အား ပေးပြီး၊ ဘုရားသခင်သည် နားထောင်တော်မူ၏။ ဘုရားသခင်သည် နားထောင်သည့်အခါ သင်၏ အခက်အခဲများကို သူမြင်သည်ဖြစ်၍ သူသည် သင့်ကို ဉာဏ်အလင်းပေးမည်၊ လမ်းပြပြီး၊ ကူညီမည်။

“ယုံကြည်သူများသည် လောကကြီး၏ မကောင်းသောရေစီးကြောင်းများကို ဦးစွာပထမ မြင်ရန်လိုအပ်သည်” မှ

သက်ဆိုင်သည့် အကြောင်းအရာ-

၂။ အခက်အခဲသည် ဘုရားသခင်က ကျွန်ုပ်တို့ကိုပေးသော ကောင်းချီးမင်္ဂလာဖြစ်ပါသည်

ရှင်ယာကုပ် သြဝါဒစာ ၁:၂-၄

ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေ တတ်သည်ဟုသိမှတ်လျက်၊ အထူးထူးအပြားပြားစုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ သင်တို့သည်အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြု ပြင်ပါစေ။

ရှင်ယာကုပ် သြဝါဒစာ ၁:၁၂

စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ကတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။

ရှင်မဿဲခရစ်ဝင် ၅:၁၀-၁၁

ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။

ကောရိန္သု ဩဝါသစာ ဒုတိယစောင် ၄:၁၇

ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။

ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၁:၆-၇

အရည်ကျို၍စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သော ရွှေကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။

ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၅:၁၀

ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ခေါ်တော်မူသော၊ ခပ်သိမ်းသော ကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကိုစုံလင်တည်ကြည်ခိုင်ခံ့မြဲမြံ စေ တော်မူလိမ့်မည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။ စမ်းသပ်မှုများသည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများဖြစ်ပြီး၊ သင်တို့ထဲမှ မည်မျှသည် ငါ၏ ရှေ့သို့ မကြာခဏ လာပြီး ဒူးထောက်လျက် ကောင်းချီး မင်္ဂလာများကို တောင်းခံကြသနည်း။ မိုက်မဲသော ကလေးတို့။ အနည်းငယ်သော မင်္ဂလာရှိသည့် စကားများကို ငါ၏ ကောင်းချီးမင်္ဂလာများအဖြစ် သင်တို့ အမြဲ ယူဆ ကြသော်လည်း၊ ခါးသီးမှုသည် ငါ၏ ကောင်းချီးမင်္ဂလာများထဲမှ တစ်ခုဖြစ်သည်ကို သင်တို့ သတိမပြုမိကြပေ။ ငါ၏ ခါးသီးခြင်းကို မျှဝေခံစားသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို သေချာပေါက် မျှဝေခံစားရလိမ့်မည်။ ယင်းမှာ သင်တို့အဖို့ ငါ၏ ကတိနှင့် ငါ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။

အမှာစကား ချန်ခဲ့မည်