စာရင်း

ခရစ်တော် ဒုတိယအကြိမ်ပြန်ကြွလာခြင်းအကြောင်း ကျမ်းပိုဒ်များ

ခရစ်တော် ဒုတိယအကြိမ်ပြန်ကြွလာခြင်းအကြောင်း ကျမ်းပိုဒ်များ

ခရစ်တော် ဒုတိယအကြိမ်ပြန်ကြွလာခြင်းအကြောင်း ကျမ်းချက်များစွာ ရှိပါသည်။ အောက်ပါတို့မှာ ဆက်လက်ဖော်ပြပါအတိုင်း ခွဲထားသည့် ကျမ်းချက်များဖြစ်သည်- ယေရှု ဒုတိယအကြိမ်ပြန်ကြွလာခြင်း၏ နိမိတ်များ၊ ယေရှုပြန်ကြွလာမည့်အချိန်၊ ယေရှုပြန်ကြွလာမည့်နည်းလမ်း၊ ခရစ်တော်ပြန်ကြွလာရာတွင် သူလုပ်ဆောင်မည့်အရာ၊ ထို့ပြင် သူ့ကို ကြိုဆိုရန်နည်းလမ်းနှင့် အခြားအကြောင်းအရာများစွာတို့ဖြစ်သည်။ သူ၏ ပြန်ကြွလာခြင်းကို မကြာမီ ကြိုဆိုနိုင်ဖို့အလို့ငှာ ခရစ်တော်၏ ဒုတိယအကြိမ်ပြန်ကြွလာခြင်းကို ပိုမိုနားလည်ဖို့ ၎င်းတို့က သင့်ကို ကူညီပါလိမ့်မည်။

၁။ ယေရှု၏ ဒုတိယအကြိမ် ကြွလာခြင်း နမိတ်များ

၁) လူသားမျိုးနွယ်သည် နက်ရှိုင်းစွာ ဖျက်ဆီးခံရသည်၊ လောကသည် မှောင်မိုက်ဆိုးယုတ်သည်

တိမောသေ​ဩဝါဒစာ​ဒုတိယစောင် ၃:၁-၅

နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ပကတိကြင်နာ စုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။

ရှင်လုကာခရစ်ဝင် ၁၇:၂၆-၃၀

နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။ ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ် ဆောက်လျက်နေသကဲ့သို့၎င်း၊ လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့၎င်း၊ လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။

သက်ဆိုင်သည့် အကြောင်းအရာ-

၂) ဝိညာဉ်ရေးရာ ခေါင်းပါးမှု

အာမုတ်အနာဂတ္တိကျမ်း ၄း၆-၈

ငါသည်လည်း သင်တို့ မြို့အားလုံးတွင် သွားတို့၏ သန့်ရှင်းခြင်းနှင့် သင်တို့၏ နေရာအားလုံးတွင် အစာမဖူလုံခြင်းကို ပေးပြီ၊ သို့သော် သင်တို့သည် ငါ့ထံသို့ ပြန်မလာကြဟု ယေဟောဝါ မိန့်တော်မူ၏။ ထို့အပြင်၊ ရိတ်သိမ်းခြင်းမရောက်မီ သုံးလအလိုတွင် ငါသည် မိုးကိုလည်း သင်တို့ထံမှ တားဆီးပြီ၊ ပြီးလျှင် မြို့တစ်မြို့အပေါ် ငါမိုးရွာစေပြီး အခြားမြို့တစ်မြို့အပေါ် မိုးမရွာစေခဲ့။ မြေတစ်ကွက်အပေါ် မိုးရွာပြီး မိုးမရွာသည့် မြေကွက်သည် ခြောက်သွေ့လေ၏။ ထို့ကြောင့် မြို့နှစ်မြို့၊ သို့မဟုတ် သုံးမြို့တို့သည် ရေသောက်ဖို့ရန် မြို့တစ်မြို့ထံ လှည့်လည်ကြသော်လည်း ၎င်းတို့ ကျေနပ်အားရခြင်းမရှိကြ။ သို့တိုင် သင်တို့သည် ငါ့ထံသို့ ပြန်မလာကြဟု ယေဟောဝါ မိန့်တော်မူ၏။

အာမုတ်အနာဂတ္တိကျမ်း ၈:၁၁

အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့် မည်။

ရှင်မဿဲခရစ်ဝင် ၂၄:၁၂

မတရားသောအမှုတို့သည်များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့် မည်။

၃) စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးမှု နှင့် ငလျင်လှုပ်ခြင်းများ ပေါ်ပေါက်လာခြင်း

ရှင်မဿဲခရစ်ဝင် ၂၄:၆-၈

သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်းစကားကို၎င်း ကြားရကြလိမ့် မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့။ ထိုအမူအရာများသည်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင်ဖြစ်သတည်း။

၄) အစ္စရေးနိုင်ငံ နဂိုအတိုင်းပြန်ဖြစ်စေခြင်း

ရှင်မဿဲခရစ်ဝင် ၂၄:၃၂-၃၃

သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတခုကိုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက် အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။ ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင် လူသားသည်တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။

ရှင်လုကာခရစ်ဝင် ၂၁:၂၉-၃၂

တဖန် ထပ်၍ မိန့်တော်မူသော ဥပမာကား၊ သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များကို မှတ်ကြလော့။ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုအလျောက်သိမြင်ကြ၏။ ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ ဘုရားသခင်၏နိုင်ငံတော် တည်လုနီးသည် ကို သိမှတ်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့် မည်။

၅) ကြယ်များဖြင့် ကောင်းကင်နမိတ်များ

ရှင်မဿဲခရစ်ဝင် ၂၄:၂၉

ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။

ယောလ ၂:၂၉-၃၁

ထိုနေ့ရက်များတွင် အစေခံ ယောက်ျားမိန်းမတို့ အပေါ်သို့လည်း ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်၊ ထို့အပြင် အံ့ဖွယ်ရာများဖြစ်သည့် သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ငါပြမည်။ ယေဟောဝါ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အဖြစ်သို့လည်းကောင်း၊ လသည် သွေးအဖြစ်သို့လည်းကောင်း ပြောင်းလိမ့်မည်။

ဗျာဒိတ်ကျမ်း ၆:၁၂

ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည်အမွေးဖြင့် ရက်သောအဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။

၆) ဧဝံဂေလိတရားတော်ကို ကမ္ဘာလောက အရပ်ရပ်ရှိသမျှတို့တွင် ဟောရလိမ့်မည်

ရှင်မဿဲခရစ်ဝင် ၂၄:၁၄

လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။

၇) ခရစ်တော် အယောင်ဆောင်သောသူများနှင့် အန္တိခရစ်တို့၏ ပေါ်ထွန်းမှု

ရှင်မဿဲခရစ်ဝင် ၂၄:၄-၅

ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာ သဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။

ရှင်မဿဲခရစ်ဝင် ၂၄:၂၃-၂၅

ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်းမယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည်။ ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ။

ရှင်မဿဲခရစ်ဝင် ၂၄:၄၈-၄၉

သို့မဟုတ်မူကား၊ အကြင်ကျွန်ဆိုးက ငါ့အရှင်လာခဲ့လိမ့်မည်ဟု စိတ်ထဲ၌အောက်မေ့သည်။ ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသောသူတို့နှင့်တကွ စားသောက်လျက်နေ၏။

ရှင်ယောဟန်​‌ဩဝါဒစာ​ဒုတိယစောင် ၁:၇

လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများ တို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။

ရှင်ယောဟန်​‌ဩဝါဒစာ​ပဌမစောင် ၄:၃

လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရား သခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။

ရှင်ယောဟန်​‌ဩဝါဒစာ​ပဌမစောင် ၂:၁၈

ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင်အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခု ကာလသည်နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ၏။

သက်ဆိုင်သည့် အကြောင်းအရာ-

၂။ ယေရှု ပြန်ကြွလာမည့်အချိန်

ရှင်လုကာခရစ်ဝင် ၁၂:၄၀

ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏။

ရှင်မာကုခရစ်ဝင် ၁၃:၃၂-၃၃

ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါးအဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော် လည်းမသိ။ ထိုအချိန်ကာလသည် အဘယ်အခါ၌ ရောက်မည်ကို သင်တို့မသိသောကြောင့် သတိပြု၍ဆုတောင်း လျက် စောင့်နေကြလော့။

ရှင်မဿဲခရစ်ဝင် ၂၅:၁၃

သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက်၊ အချိန်နာရီကို သင်တို့သည်မသိသောကြောင့် စောင့် နေကြလော့။

ရှင်မဿဲခရစ်ဝင် ၂၅:၆

သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။

၃။ ယေရှုခရစ် ပြန်ကြွလာမည့် နည်းလမ်း

ဗျာဒိတ်ကျမ်း ၃:၃

ထိုကြောင့်၊ သင်သည်ခံယူ၍ နားထောင်ပြီးသည်အရာကို အောက်မေ့၍ စောင့်ရှောက်လော။ နောင်တရလော့။ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။

ဗျာဒိတ်ကျမ်း ၁၆:၁၆

အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှါ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။

ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅

ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။

ရှင်မဿဲခရစ်ဝင် ၂၄:၃၀

ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။

ရှင်မဿဲခရစ်ဝင် ၂၆:၆၄

ယေရှုက၊ သင်ဆိုသည့်အတိုင်းမှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌ လူသားသည် တန်ခိုး တော်၏လက်ျာဘက်၌ ထိုင်လျက် မိုဃ်းတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို့ မြင်ရကြလတံ့ဟု မိန့်တော်မူ၏။

ဗျာဒိတ်ကျမ်း ၁:၇

ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။

သက်ဆိုင်သည့် အကြောင်းအရာ-

၄။ ယေရှု၏ ပြန်ကြွလာခြင်းတွင် သူလုပ်ဆောင်မည့် အမှ

ဟေရှာယအနာဂတ္တိကျမ်း ၂း၂-၄

နောက်ဆုံးသော ကာလတွင် ယေဟောဝါအိမ်တော်၏ တောင်သည် တောင်များ၏ထိပ်တွင် တည်ရလိမ့်မည်ဖြစ်ပြီး တောင်ကုန်းများအထက်တွင် ချီးမြှောက်ခြင်းခံရလိမ့်မည်။ ပြီးလျှင် တိုင်းနိုင်ငံအားလုံးသည် ထိုတောင်သို့ သွားကြလိမ့်မည်။ များစွာသော လူတို့ကလည်း သွားကြပြီး၊ သင်တို့လာကြ၊ ယေဟောဝါ၏ တောင်ဆီသို့၊ ယာကုပ်၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြစို့၊ သူသည် ငါတို့ကို သူ၏လမ်းခရီးများအား သွန်သင်လိမ့်မည်။ သူ၏လမ်းကြောင်းများ၌ ငါတို့လျှောက်ကြမည်ဟု ဆိုကြလိမ့်မည်။ ဇိအုန်မှ ပညတ်တော်နှင့် ယေရုရှလင်မှ ယေဟောဝါ၏ နှုတ်ကပတ်တော် ပေါ်ထွက်လိမ့်မည်။ သူသည် တိုင်းနိုင်ငံများအလယ်တွင် တရားစီရင်လိမ့်မည်ဖြစ်ပြီး လူများစွာတို့ကို ပြစ်တင်ဆုံးမတော်မူလိမ့်မည်၊ ပြီးလျှင် သူတို့၏ ဓါးများကို ထယ်သွားများအဖြစ်၊ သူတို့၏ လှံများကို တံစဉ်များအဖြစ် ထုလုပ်လိမ့်မည်။ တစ်တိုင်းပြည်ကို တစ်တိုင်းပြည်က ဆန့်ကျင်ပြီး စစ်မချီရ၊ စစ်မက်ကို သူတို့ နောက်ထပ် သင်ရလိမ့်မည်မဟုတ်။

ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃

သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။

ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈

ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။

ရှင်ပေတရု​ဩဝါဒစာ​ပဌမစောင် ၄:၁၇

ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။

ဆာလံကျမ်း ၇၅:၂

ချိန်းချက်သော အချိန်ကာလနှင့် ငါတွေ့ကြုံ သောအခါ ဖြောင့်မတ်စွာ တရားစီရင်မည်။

ရှင်ယောဟန်ခရစ်ဝင်ာ ၅:၂၃

ခမည်းတော်သည် အဘယ်သူကိုမျှ မတရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။

ရှင်ယောဟန်ခရစ်ဝင် ၅:၂၇

သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။

ဆာလံကျမ်း ၆၇:၄

လူအမျိုးမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။ အကြောင်းမူကား၊ ကိုယ်တော်သည် လူတို့ကို ဖြောင့်မတ်စွာ တရားစီရင်၍၊ မြေကြီးပေါ်မှာ ရှိသော လူမျိုးတို့ကို ချမ်းသာပေးတော်မူမည်။

ဟေရှာယအနာဂတ္တိကျမ်း ၂၆:၉

ညအခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ် တော်ကို တောင့်တပါ၏။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏။ မြေပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ၊ လောကီ သားတို့သည် တရားကိုသင်ကြ၏။

ဗျာဒိတ်ကျမ်း ၁၄:၇

ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်း ကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။

ဗျာဒိတ်ကျမ်း ၂၀:၁၂

သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။

ဗျာဒိတ်ကျမ်း ၁၁:၁၈

လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍၊ အမျက်တော်သည်လည်းရောက်ပါပြီ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ ကျွန်တည်းဟူသော ပရောဖက်တို့အား ၎င်း၊ သန့်ရှင်းသူ တို့အား၎င်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသော သူအကြီးအငယ်တို့အား၎င်း၊ ဆုကျေးဇူးကို ပေးသနား တော်မူ၍ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသော အချိန်ရောက်ပါပြီဟု လျှောက်ဆိုကြ၏။

သက်ဆိုင်သည့် အကြောင်းအရာ-

၅။ ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်းအတွက် ဆက်လက်စောင့်ကြည့်ပြီး စောင့်ဆိုင်းခြင်း

ရှင်မဿဲခရစ်ဝင် ၂၅:၆

သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊

ရှင်မဿဲခရစ်ဝင် ၂၅:၁၃

သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက်၊ အချိန်နာရီကို သင်တို့သည်မသိသောကြောင့် စောင့် နေကြလော့။

ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇

ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။

ဗျာဒိတ်ကျမ်း ၂:၂၉

ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။

ဗျာဒိတ်ကျမ်း ၃:၂၀

ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။

အမှာစကား ချန်ခဲ့မည်