စာရင်း

“နေကြတ်ခြင်း” သည် ၂၀၂၁ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ပြန်ပေါ်လာမည်ဖြစ်သည်။ သမ္မာကျမ်းစာ၏ပရောဖက်ပြုချက်ကို ပြည့်စုံစေသည်။

မေလ ၂၆ ရက်နေ့၏ “စူပါသွေးရောင်လွှမ်းသောလ” ပြီးနောက်၊ ဇွန်လ ၁၀ ရက်နေ့တွင် ကောင်းကင်၌ ရှားပါးသော ဖြစ်စဉ်တစ်ခု ဖြစ်သည့် “နေရောင်နေကြတ်ခြင်း” ပြန်လည် ဖြစ်ပေါ်လိမ့်မည်။ သွေးလနှင့် နေကြတ်ခြင်း တို့ဖြစ်ပေါ်မှုသည် ကျမ်းစာ၏ ပရောဖက်ပြုချက်များ ကို ပြည့်စုံစေပြီး သခင်၏ ကြောက်မက်ဖွယ် ဖြစ်သောနေ့ နီးကပ်လာပြီဖြစ်၍ ကြီးစွာသော ကပ်ဘေးလည်း ကျဆင်းလိမ့်မည်ဟု ကျမ်းစာပညာရှင်များစွာက ယုံကြည်ကြသည်။ ယခုတွင် ဖြစ်ပျက်နေသော ကမ္ဘာ့အခြေအနေကို ပြန်လည် ကြည့်ရှုလိုက်ပါက တချို့နေရာတွင် ကပ်ရောဂါများ မပြီးဆုံးသေးသည် သာမက တခြားသော ကပ်ဘေးလည်း ကြုံနေရသည်။ ဉပမာ အစ္စရေးနှင့် ပါလက်စတိုင်းနိုင်ငံ စစ်ပွဲဖြစ်ခြင်း၊ မက္ကစီကို တွင် အကြီးစား မိုးခေါင်မှုဖြစ်ခြင်း၊ ကိုလံဘီယာအဓိကရုဏ်းဖြစ်ခြင်း၊ အိန္ဒိယ ဟာရီကိန်းမုန်တိုင်းဖြစ်ခြင်း၊ ကွန်ဂို မီးတောင် ပေါက်ကွဲခြင်း... ငလျင်လှုပ်ခြင်းများ၊ ရေကြီးခြင်းများ၊ မီးလောင်ခြင်းများ အစရှိသည့် ဘေးအန္တရာယ်များသည် ပို၍ ပို၍ ကြီးမားလာသည်။ ကမ္ဘာ့အခြေအနေသည် ပြောင်းလဲနေပြီး လှိုင်းလေထန်နေသည်။ ထို့အပြင် စစ်ပွဲများ၊ အကြမ်းဖက်မှုဖြစ်စဉ်များနှင့် အကြမ်းဖက်တိုက်ခိုက်မှုများသည် မကြာခဏဖြစ်ပွားလေ့ရှိပြီး တိုးပွားများပြားလာသည်။ ဤကဲ့သို့သော နိမိတ်လက္ခဏာများ၏ ထွက်ပေါ်မှုသည် မည်သည့် ကျမ်းစာပရောဖက်ပြုချက်ကို ပြည့်စုံစေသနည်း။ ဤအရာမှတစ်ဆင့် ဘုရားသခင်မှ ကျွန်ုပ်တို့အား မည်သည့်အရာကို သတိပေးနေသနည်း။ အောက်တွင်ရှိသော ဆက်စပ်သော ကျမ်းချက်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းဖြင့် သင်သည် အဖြေရှာတွေ့လိမ့်မည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ မိုဃ်းကောင်းကင်၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ အံ့ဘွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင် တို့ကို ငါပြမည်။ ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိ ဖြစ်လိမ့်မည်။လသည်လည်း သွေးဖြစ်လိမ့်မည်။ (ယောလ အနာဂတ္တိကျမ်း ၂:၂၉-၃၁)

ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည်အမွေးဖြင့် ရက်သောအဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။ (ဗျာဒိတ်ကျမ်း ၆:၁၂)

ထိုမှတပါး၊ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြ လိမ့်မည်။ မိုဃ်းကောင်းကင်၌လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။ (ရှင်လုကာခရစ်ဝင် ၂၁:၁၀-၁၁)

လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင်ဖြစ်သတည်း။ (ရှင်မဿဲခရစ်ဝင် ၂၄:၇-၈)

အကြံပြု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နောက်ဆုံးသော ကာလနှင့်သက်ဆိုင်၍ ပြောဆိုရာတွင်၊ ဤအရာမှာ ယေရှုက သင်တို့သည် ကပ်ဘေးကို ဧကန်မုချ ကြုံရမည်ဖြစ်ပြီး၊ ငလျင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါတို့ကို ကြုံရလိမ့်မည်ဟု ပြောခဲ့သည့် သီးခြားခေတ် တစ်ခေတ်ကို ရည်ညွှန်းပေသည်၊ ယင်းက ဤသည်မှာ ခေတ်သစ် တစ်ခေတ်ဖြစ်ပြီး၊ အိုဟောင်းသော ကျေးဇူးတော်ခေတ် မဟုတ်တော့သည်ကို ပြသပေလိမ့်မည်။

“ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

နောက်ဆုံးသောကာလသည် ရောက်ရှိလာပြီဖြစ်ပြီး ကမ္ဘာအနှံ့ရှိ နိုင်ငံများသည် ဝရုန်းသုန်းကား အခြေအနေတွင် ရှိနေသည်။ နိုင်ငံရေး ကစဉ့်ကလျားဖြစ်ခြင်း ရှိသည်၊ အစာခေါင်းပါးမှုများ၊ ကပ်ရောဂါများ၊ ရေလွှမ်းမိုးမှုများ.နှင့် မိုးခေါင်မှုများသည် နေရာအနှံ့ ဖြစ်ပေါ်လျက် ရှိသည်။ လူသား၏ကမ္ဘာ၌ ရုတ်တရက်ဖြစ်ပွားသည့်ကပ်ဘေး ရှိသည်။ ကောင်းကင်ဘုံသည်လည်း ဘေးဒုက္ခကို စေလွှတ်ပြီးဖြစ်သည်။ ဤအရာများသည် နောက်ဆုံးသောကာလ၏ လက္ခဏာရပ်များ ဖြစ်သည်။

“လက်တွေ့လုပ်ဆောင်ခြင်း (၂)” မှ

သင်၏ မျက်စိတို့အား ဖွင့်ပြီး ကြည့်လော့၊ ငါ၏ ကြီးမြတ်သောတန်ခိုးကို နေရာတိုင်း၌ သင် မြင်နိုင်သည်။ သင်သည် နေရာတိုင်း၌ ငါ့ကို သေချာနိုင်သည်။ စကြဝဠာ နှင့် မိုးမျက်နှာကြက်သည် ငါ၏ ကြီးမြတ်သော တန်ခိုးကို ပျံ့နှံ့စေနေသည်။ ငါဆိုခဲ့သော နှုတ်ကပတ်တော်တို့သည် ရာသီဥတုပူနွေးမှု၊ ဥတုရာသီ ပြောင်းလဲမှု၊ လူတို့အတွင်း မူမမှန်မှုများ၊ လူမှုဆက်ဆံရေးများ ကစဉ့်ကလျားဖြစ်မှုနှင့် လူတို့၏ နှလုံးသားများအတွင်း လိမ်ညာလှည့်ဖြားမှုများတွင် အမှန်ဖြစ်လာခဲ့ပြီးဖြစ်သည်။ နေသည် ဖြူလာပြီး၊ လသည် နီလာသည်၊ အရာအားလုံးသည် ဟန်ချက်မညီ ဖြစ်နေသည်။ သင်တို့သည် ဤအရာများကို အမှန်ပင် မမြင်သေးသလော။

“အခန်း ၃၉” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘေးဒုက္ခမျိုးစုံ တစ်ခုပြီး တစ်ခု ကျရောက်လိမ့်မည်။ တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံး ဘေးဒုက္ခများ ကြုံတွေ့ရလိမ့်မည်— ကပ်ဆိုး၊ ငတ်မွတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် အရပ်ရပ်တို့၌ ဖြစ်လေ၏။ ဤကပ်ဘေးဒုက္ခများသည် တစ်နေရာ၊ နှစ်နေရာ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်သကဲ့သို့ တစ်ရက်၊ နှစ်ရက်အတောအတွင်း ပြီးဆုံး သွားလိမ့်မည်လည်း မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် သာ၍ သာ၍ ကြီးမားသော နယ်ပယ်အနှံ့ တိုးချဲ့လိမ့်မည် ဖြစ်ပြီး၊ သာ၍ သာ၍ ပြင်းထန်လာလိမ့်မည် ဖြစ်သည်။ ဤအချိန်ကာလ အတောအတွင်းတွင်၊ အင်းဆက်ကပ်ဆိုး မျိုးစုံ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး၊ ခပ်သိမ်းသော နေရာတို့၌ လူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။

“အခန်း ၆၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘုရားသခင်သည် သူ၏မဟာအမျက်ဒေါသကို လွှတ်လိုက်သည့်အခါ အကျိုးဆက်အနေဖြင့် လောကတစ်ခုလုံးသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ကပ်ဘေးမျိုးစုံနှင့် ကြုံတွေ့ရလိမ့်မည်။ မြင့်မားသော မိုးကောင်းကင်အထက် ရပ်နေသည့်အခါ မြေကြီးပေါ်၌ ဘေးဒုက္ခမျိုးစုံသည် လူသားမျိုးနွယ်အားလုံးအပေါ် တစ်နေ့တခြား တိုး၍ချဉ်းကပ်လာနေသည်ကို တွေ့နိုင်၏။ အထက်အရပ်မှ အောက်သို့ကြည့်သည့်အခါ ကမ္ဘာမြေကြီးသည် ငလျင်မလှုပ်မီတွေ့ရသော မြင်ကွင်းများနှင့်တူသည့် မြင်ကွင်းအမျိုးမျိုးကို တင်ဆက်ပြနေ၏။ မီးလောင်လွယ်သော ရေဆီတို့သည် အတားအဆီးမရှိ တစ်ဟုန်ထိုးစီးထွက်နေ၏၊ ချော်ရည်သည် ဒလဟောစီးဆင်းနေ၏၊ တောင်များသည် ရွေ့လျားနေကြကာ အလင်းအေးသည် အားလုံးအပေါ် တလက်လက်တောက်ပနေ၏။ တစ်ကမ္ဘာလုံးသည် မီးထဲသို့ စုန်းစုန်းမြုပ်သွားလေပြီ။ ဤသည်မှာ ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့် မြင်ကွင်းဖြစ်ကာ ဤသည်မှာ သူ၏တရားစီရင်ရာ အချိန်ဖြစ်သည်။ အသွေးအသားရှိသူအားလုံးသည် လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် တစ်ကမ္ဘာလုံးကို ဖျက်ဆီးရန်အလို့ငှာ နိုင်ငံအချင်းချင်း စစ်တိုက်ရန်နှင့် လူမျိုးအချင်းချင်း ပဋိပက္ခများ ဖြစ်ပွားရန် လိုအပ်လိမ့်မည် မဟုတ်ပေ၊ ထိုအစား ကမ္ဘာကြီးသည် ဘုရားသခင်၏ပြစ်တင်ဆုံးမမှု ဆောင်ပန်းအတွင်း “အသိနိုးကြားစွာဖြင့် မွေ့လျော်ခံစား” လိမ့်မည်ဖြစ်၏။ မည်သူမျှ လွတ်မြောက်နိုင်မည်မဟုတ်၊ အယောက်စီတိုင်းသည် ဤတုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်သန်းသွားရလိမ့်မည်။ ထို့နောက်တွင် စကြဝဠာတစ်ခုလုံးသည် သန့်ရှင်းသော ထွန်းလင်းဝင်းပမှုဖြင့် တစ်ဖန်ပြန်၍တောက်ပလာကာ လူသားမျိုးနွယ်တစ်ရပ်လုံးသည် အသစ်သောအသက်တာကို နောက်တစ်ဖန် စတင်ကြလိမ့်မည်။ ပြီးလျှင် ဘုရားသခင်သည် စကြဝဠာအထက်၌ အနားယူလျက် လူသားမျိုးနွယ်အားလုံးကို နေ့စဉ်ကောင်းချီးပေးလိမ့်မည်။

“အခန်း ၁၈” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

သို့သော်လည်း လောကဟောင်း ဆက်လက် တည်ရှိနေသရွေ့၊ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန် ကြေညာမည် ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောကြားရန် စကြဝဠာဆီသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့်အမှုအားလုံးကို မြင်လေသည်။ ငါ၏အလိုကို ဆန့်ကျင်သောသူတို့သည်၊ ဆိုလိုသည်မှာ ငါ့ကို လူသား၏လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှု ခံရလိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိ မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုလုပ်မည် ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့်လသည်လည်း အသစ်ပြုလုပ်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံသွားကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားပြီး အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခု ဖြစ်လာကာ၊ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရ၍ မတည်ရှိတော့စေရန်၊ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူသားများတွင် မာရ်နတ်နှင့် ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး၊ စာတန်ကို ဝတ်ပြုကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးဖြင့် ချိုးနှိမ်ခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းချောင်း အတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည်။ ငါနှင့်ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ စွမ်းဆောင်ခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး၊ ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူသားမျိုးနွယ်အားလုံး သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြစေရန်အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါကိုယ်တော်တိုင်၏အသံနှင့် အသံပြုမည်။

“အခန်း ၂၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

င်ယေရှုက “ငါသည်အလျှင်အမြန် လာသည်”(ဗျာဒိတ်ကျမ်း ၂၂:၁၂) ယနေ့ခေတ်တွင် သခင် အစောကတည်းက ပြန်ကြွလာပါပြီ၊ပြီးတော့ လူတွေကို အကျင့်ပျက စားမှုကနေ လွတ်မြောက်ပြီး  သန့်စင်နိုင်အောင်၊ ကပ်ဘေးထဲ၌ ကျန်ရှိပြီး ဘုရားသခင်၏ နိုင်ငံတော်သို့ ခေါ်ဆောင်ခြင်းခံရနိုင်အောင် ကိုယ်တော်ဟ သမ္မာတရားကို ဖော်ပြ ပြီးလူသားကို သန့်စင်ကယ်တင်တဲ့အမှုကို လုပ်ဆောင်ခဲ့သည်။ ယခုအချိန်မှာ အရေးအပါဆုံးအရာက  ဘုရား သခင်ကြိုဆိုနိုင်ရန် ဘုရားသခင်၏ခြေရာများကို ရှာဖွေခြင်းဖြစ်သည်။

သခင့်ကို သင် စောစီးစွာကြိုဆိုချင်ပါသလား။ ကပ်ဘေးဒုက္ခကြားမှာ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်ခြင်း ရနိုင်သည့်အခွင့်အရေးရချင်ပါသလား။ သင်သည်  messenger မှတစ်ဆင့် ကျွန်ုပ်တို့နှင့် ဆက်သွယ်လို့ရတယ်။ကျွန်ုပ်တို့သည် အွန်လိုင်းပေါ်မှာ သင်နဲ့ ဖလှယ်ဆွေးနွေးလိမ့်မည်။

အမှာစကား ချန်ခဲ့မည်