စာရင်း

ကယ်တင်ခြင်းနှင့်ပတ်သက်သည့် သမ္မာကျမ်းစာအချက် ၂၀ -ကယ်တင်ခြင်းအတွက် သိထားရန်

ဘုရားသခင်၏ကယ်တင်ခြင်းကျေးဇူးတော်သည် ဘုရားသခင်က လူသားတို့ကို ပေးသနားတော်မှုသော ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်သည် ပညတ်တော်ခေတ်တွင် ဥပဒေနှင့်ပညတ်တော်တွေထုတ်ဖော်ခဲ့ပြီး လူသားတို့၏အသက်တာကို ဦးဆောင်ပေးလျက်ရှိကာ လူသားတို့အား အပြစ်ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သိစေဖြစ်သည်။ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်တွင် ရွေးနုတ်ကယ်တင်ခြင်းကို လုပ်ဆောင်ခဲ့သည်။ လူသားတို့၏အပြစ်တွေကို ခွင့်လွှတ်ပေးခဲ့သည်။ ဘုရားသခင်သည် သူ့အား စောင့်မျှော်နေသူအားလုံးတို့အတွက် နောက်ဆုံးကယ်ခြင်းကို ပြင်ဆင်ထားပေးခဲ့သေးသည်။ ၎င်းသည် လူသားတို့၏အပြစ်ကို လုံးဝဖယ်ရှားပေးရန်ဖြစ်သည်။ ယင်းကယ်တင်ခြင်းသည် ကျွနု်ပ်တို့၏ အဆုံးသတ်နှင့် နောက်ဆုံးပန်းတိုင်တို့နှင့် ဆက်နွယ်မှုရှိပြီး ကျွနု်ပ်တို့သည် ကယ်တင်ခြင်းကိုရရှိပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ဖို့အတွက်တွင် အလွန်အရေးကြီးသည်။ ဒါဆိုရင် နောက်ဆုံးခေတ်ကာလ ကယ်တင်ခြင်းက ဘာကိုဆိုလိုတာလဲ။ ဘုရားသခင်ပြင်ဆင်ပေးထားသည့် နောက်ဆုံးခေတ်ကာလရဲ့ ကယ်တင်ခြင်းကို မည်သို့ရရှိနိုင်မည်နည်း။ ကျေးဇူးပြုပြီး ဤခေါင်းစဉ် ကျမ်းစာကို ဖတ်ရှုပါ။

အမြန်လမ်းညွှန်
၁။ ကယ်တင်ခြင်းအကြောင်း
၂။ ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသည့် နောက်ဆုံးကာလ ကယ်တင်ခြင်း
၃။ မည်သို့လုပ်ဆောင်မှ ဘုရားသခင်၏နောက်ဆုံးကာလ ကယ်တင်ခြင်းကို ရရှိနိုင်မည်နည်း။

၁။ ကယ်တင်ခြင်းအကြောင်း

ဆာလံကျမ်း ၉၁:၁၄-၁၆

သူသည် ငါ့ကို ချစ်သောကြောင့်၊ သူ့ကို ငါကယ် နှုတ်မည်။ ငါ၏နာမကို သိသောကြောင့်၊ သူ့ကို ငါချီး မြှောက်မည်။ သည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခ ခံရသောအခါ သူ့ဘက်မှာ ငါနေ၍ ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။ ရှည်သောအသက်နှင့် သူ့ကိုရောင့်ရဲစေ၍၊ ငါ၏ ကယ်တင်ခြင်းကျေးဇူးကို သူ့အားပြမည်။

ဆာလံကျမ်း ၉၈:၁-၃

ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူပြီ။ လက်ျာလက်တောနှင့် သန့်ရှင်းသော လက်ရုံ့းတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်း၊ အမှုကို ပြုလေပြီ။ ထာဝရဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ထင်ရှားစေ၍၊ ဖြောင့်မတ်တော်မူခြင်း တရား ကိုလည်း တပါးအမျိုးသားတို့အား ဘော်ပြတော်မူပြီ။ ဣသရေလအမျိုးသားတို့၌ ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ။ ငါတို့ဘုရားသခင် ၏ ကယ်တင်တော်မူခြင်းကျေးဇူးကို မြေကြီးစွန်းအပေါင်း တို့သည် မြင်ရကြပြီ။

ဆာလံကျမ်း ၆၂:၁

အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါ့ကို ကယ်တင်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏။

ဟေရှာယအနာဂတ္တိကျမ်း ၁၂:၂

ဘုရားသခင်သည် ငါ့ကို ကယ်တင်သော အရှင် ဖြစ်တော်မူ၏။ ကြောက်လန့်သော စိတ်မရှိဘဲ ရဲရင့်မည်။ ထာဝရဘုရားသည် ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကို ကယ်တင်တော်မူသော အရှင်ဖြစ်တော်မူ၏။

ရှင်လုကာခရစ်ဝင် ၁၉:၉-၁၀

ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သားဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။ လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော် မူ၏။

ဟေရှာယအနာဂတ္တိကျမ်း ၄၆:၁၃

ငါ၏ဖြောင့်မတ်ခြင်းတရားကို အနီးသို့ ငါ ဆောင်ခဲ့မည်။ အဝေး၌မနေရ။ ငါ၏ကယ်တင်ခြင်း ကျေးဇူးလည်း မဖင့်နွှဲရ။ ဇိအုန်တောင်ပေါ်မှာ ငါ၏ ကယ်တင်ခြင်း ကျေးဇူးကို၎င်း၊ ဣသရေလအမျိုး၌ ငါ့ဘုန်းကို၎င်း ငါထားမည်။

ရှင်ပေတရုဩဝါဒစာပဌမစောင် ၁:၈-၉

ထိုသခင်ကိုသင်တို့သည် မမြင်ဘူးသော်လည်းချစ်ကြ၏။ ယခုမှာလည်းမမြင်ဘဲလျက်၊ ယုံကြည်သော အားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း၏ အကျိုးကိုခံရကြ၏။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏ သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များ အားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှု အောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ပြသရန်နှင့် စာတန်၏ မခံမရပ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းခြင်းကို ထုတ်ဖော်ပြရန်ဖြစ်၏၊ ယင်းထက်ပို၍ပင် ဖန်ဆင်းခံသက်ရှိတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်စေရန်၊ ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကြောင်းကို သိကြစေရန်၊ စာတန်သည် လူသားတို့၏ ရန်သူ၊ အကျင့်ပျက်ယိုယွင်းသော နတ်ဆိုးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်စေရန်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား၊ သမ္မာတရားနှင့် မုသားကြား၊ သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်းကြား၊ ကြီးမြတ်သောအရာနှင့် ယုတ်ညံ့သောအရာကြား ခြားနားမှုကို အကြွင်းမဲ့ သေချာမှုဖြင့် သိကြစေရန် ဖြစ်သည်။ သို့မှသာ မသိနားမလည်သော လူသားတို့သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီး စေသည်မှာ ငါမဟုတ်ကြောင်းကိုလည်းကောင်း၊ ဖန်ဆင်းရှင်ဖြစ်သော ငါကသာ လူသားတို့ကို ကယ်တင်နိုင်ပြီး လူတို့မွေ့လျော်ခံစား နိုင်သောအရာတို့ကို လူတို့အပေါ် အပ်နှင်းနိုင်ကြောင်းကိုလည်းကောင်း၊ ငါ့အတွက် သက်သေခံနိုင်လာကြလိမ့်မည်၊ ထို့ပြင် ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကာ၊ စာတန်မူကား ငါက ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းတွင် ငါ့ကိုဆန့်ကျင်ခဲ့သော သတ္တဝါများထဲမှ တစ်ယောက်မျှသာ ဖြစ်ကြောင်းကို ၎င်းတို့သိလာကြလိမ့်မည်။ ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး၊ ငါသည် ဤသို့လုပ်ဆောင်ရခြင်းမှာ ဖန်ဆင်းခံသတ္တဝါ တို့ကို ငါ့အတွက် သက်သေခံနိုင်စေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိစေရန်၊ ငါ၏အလိုတော်ကို နားလည်သဘောပေါက်ကြစေရန်နှင့် ငါသည် သမ္မာတရားဖြစ်ကြောင်းကို သိကြစေရန်ဖြစ်သည်။” (ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်)

အမှုအဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး၏ အချက်အချာတွင်ရှိ၍ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏ဖြစ်ခြင်းကို ၎င်းတို့တွင် ဖော်ပြထား၏။ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို မသိသူတို့သည် ဘုရားသခင်အနေဖြင့် သူ၏ စိတ်နေသဘောထားအား မည်သို့ဖော်ပြသည်ကို သိရှိနိုင်စွမ်းမရှိပါ။ ဘုရားသခင့်အမှု၏ ဉာဏ်ပညာကိုလည်း မသိကြပါ။ ထို့အပြင် ထိုသူတို့သည် လူသားမျိုးနွယ်ကို သူကယ်တင်သည့် နည်းများစွာနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏ဆန္ဒကိုလည်း မသိဘဲရှိ နေကြ၏။ အမှုအဆင့်သုံးဆင့်သည် လူသားမျိုးနွယ်အား ကယ်တင်သည့် အမှုကို အပြည့်အဝ ဖော်ပြချက်ဖြစ်၏။ အမှုအဆင့်သုံးဆင့်ကို မသိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ နည်းမျိုးစုံနှင့် အခြေခံသဘောတရားမျိုးစုံကို မသိဘဲရှိလိမ့်မည်။ အမှုအဆင့်တစ်ရပ်မှ ကျန်ရှိနေသော အယူဝါဒကိုသာ တင်းကျပ်စွာ လိုက်နာသူများသည် ဘုရားသခင်ကို အယူဝါဒတွင် ကန့်သတ်ထားသူများဖြစ်ကြ၍ ထိုသူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် ဝိုးတဝါးနှင့် မသေချာ မရေရာဖြစ်သည်။ ထိုကဲ့သို့သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်သာလျှင် ဘုရားသခင်၏ စိတ်နေသဘောထား တစ်ရပ်လုံးကို အပြည့်အဝဖော်ပြနိုင်ပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း လုပ်ငန်းစဉ်တစ်ရပ်လုံးကို လုံးဝဖော်ပြနိုင်မည်ဖြစ်သည်။ ဤသည်မှာ သူသည် စာတန်အပေါ် အောင်နိုင်၍ လူသားမျိုးနွယ်ကို ရရှိခဲ့ပြီးဖြစ်ကြောင်း သက်သေအထောက်အထားဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ အောင်မြင်ခြင်း အထောက်အထားဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထား တစ်ရပ်လုံး၏ ဖော်ပြချက်ဖြစ်သည်။ (ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်)

သက်ဆိုင်သည့် အကြောင်းအရာ-

၂။ ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသည့် နောက်ဆုံးကာလ ကယ်တင်ခြင်း

ရှင်ပေတရုဩဝါဒစာပဌမစောင် ၁:၅

ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသောအမွေတည်း။

ဟေဗြဲ သြဝါဒစာ ၉:၂၈

ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှါ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မြော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။

ရှင်ပေတရုဩဝါဒစာပဌမစောင် ၁:၁၃

သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ၊ သင်တို့ဆီသို့ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့။

ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃

သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။

ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇

ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနှုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်း ဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။(ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏)

နောက်ဆုံးသောကာလ၏ အမှုသည် အရာအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပိုင်းခြားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်၊ အကြောင်းမှာ အချိန်သည် နီးလာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာ ခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ့နိုင်ငံတော်သို့ ဝင်လာသူအားလုံးကို၊ အဆုံးတိုင်အောင် သူ့ကို သစ္စာရှိသူများအားလုံးကို ဘုရားသခင်ကိုယ်တိုင်၏ ခေတ်အတွင်းသို့ ဆောင်ယူ၏။ သို့သော် ဘုရားသခင် ကိုယ်တိုင်၏ခေတ် မရောက်လာမီတွင် ဘုရားသခင်၏အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်၊ သို့မဟုတ် လူသား၏ အသက်တာကို စုံစမ်းမှုပြုရန် မဟုတ်ဘဲ၊ လူသား၏မနာခံမှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ပလ္လင်ရှေ့သို့ ရောက်လာသူတိုင်းကို သန့်စင်ပေးလိမ့်မည် ဖြစ်သောကြောင့်တည်း။ ယနေ့ချိန်ထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးတို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာရောက် ကြသူများ ဖြစ်ကြသည့်အတွက် ဘုရားသခင့်အမှု၏ နောက်ဆုံး အဆင့်ကို လက်ခံသောလူအယောက်စီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောသူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။ (ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

သူ၏တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်နှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်နှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစား အားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည် လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်း အကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက် နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။ (ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

နောက်ဆုံးသောကာလတစ်လျှောက်လုံး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း၊ ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု အတောအတွင်း အခိုင်အမာ ရပ်တည်နိုင်သူများသည် ဘုရားသခင်နှင့် အတူ နောက်ဆုံးသော အနားယူခြင်းထဲသို့ ဝင်ရောက်ကြမည့် သူများဖြစ်သည်။ သို့ဖြစ်ရာ အနားယူခြင်းထဲသို့ ဝင်ရောက်သော သူတို့သည် ဘုရားသခင်၏ နောက်ဆုံးသန့်စင်စေခြင်းအမှုကို ဖြတ်ကျော်ပြီးမှသာလျှင် စာတန်၏ လွှမ်းမိုးခြင်းမှ ချိုးဖောက် လွတ်မြောက်ပြီးသား၊ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးသား ဖြစ်ကြလိမ့်မည်။ နောက်ဆုံး၌ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်သော ထိုသူတို့သည် နောက်ဆုံးသော အနားယူခြင်းထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှု၏ အနှစ်သာရသည် လူသားတို့ကို သန့်ရှင်းစေရန်ဖြစ်ပြီး ယင်းသည် နောက်ဆုံးသော အနားယူရာနေ့အတွက်ဖြစ်သည်။ သို့မဟုတ်ပါက လူသားမျိုးနွယ် တစ်ရပ်လုံးသည် သူတို့၏ ကိုယ်ပိုင်အမျိုးအစားနောက်သို့ လိုက်နိုင် ကြမည်မဟုတ်ပေ၊ သို့မဟုတ် အနားယူခြင်းထဲသို့ ဝင်ရောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤအမှုသည် လူသားအတွက် အနားယူခြင်းထဲသို့ ဝင်ရောက်ရန် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားမျိုးနွယ်ကို သူတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင် စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်အကြားမှ မနာခံသော ထိုအရာများကို ဖော်ထုတ်လိမ့်မည်။ ထိုသို့ဖြင့် ကယ်တင်ခြင်း ခံရနိုင်သူတို့ကို မခံရနိုင်သူတို့နှင့် ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများနှင့် ခွဲခြားထားလိမ့်မည်။ ဤအမှုပြီးဆုံးသောအခါ ကျန်ရှိရန် ခွင့်ပြုထားသောသူများ အားလုံးသည် သန့်စင်စေခြင်း ခံကြရပြီး၊ လူ့သဘာဝ၏ ပိုမိုမြင့်မားသော အခြေအနေထဲသို့ ဝင်ရောက် ရမည်ဖြစ်ကာ ယင်းတွင် ပိုမိုပျော်ရွှင်ဖွယ်ကောင်းသော ဒုတိယ လူသားဘဝကို ကမ္ဘာမြေပေါ်တွင် ခံစားကြရမည်။ တစ်နည်းအားဖြင့် ဆိုသော် သူတို့သည် သူတို့၏ လူသား အနားယူရာနေ့ကို စတင်ကြပြီး ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ မကျန်ရှိနိုင်သော သူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံကြရ ပြီးနောက်တွင် သူတို့၏ မူလရုပ်ဆင်းသဏ္ဌာန်မှာ လုံးဝဥဿုံ ထုတ်ဖော်ခြင်းခံရလိမ့်မည်။ ထို့နောက်တွင် သူတို့အားလုံးသည် စာတန်ကဲ့သို့ပင် ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီး ပေါ်တွင် ဆက်လက်ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားတို့တွင် ဤကဲ့သို့သောလူများ ဆက်လက်ပါဝင်တော့မည် မဟုတ်ပေ၊ ထိုလူများသည် လုံးဝအနားယူရာပြည်အတွင်းသို့ ဝင်ရောက်ရန် မထိုက်တန်ကြသကဲ့သို့ ဘုရားသခင်နှင့် လူသားတို့ မျှဝေခံစားကြမည့် အနားယူရာနေ့ရက်ကို ဝင်ရောက်ရန်လည်း မထိုက်တန်ကြပေ။ အကြောင်းမှာ ထိုသူတို့သည် အပြစ်ဒဏ်ပေးခြင်းကို ခံရမည့် ပစ်မှတ်များဖြစ်ကြပြီး ကောက်ကျစ်စဉ်းလဲသူများဖြစ်ကာ သူတို့သည် မဖြောင့်မတ်သောလူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ သူတို့သည် တစ်ချိန်က ရွေးနုတ်ခြင်းခံခဲ့ရပြီး၊ သူတို့သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်း ခံခဲ့ကြရသည်၊ သူတို့သည် ဘုရားသခင်အတွက် တစ်ချိန်က အစေခံခဲ့ကြရသည်၊ သို့သော်လည်း နောက်ဆုံးနေ့ရက် ရောက်လာသောအခါ သူတို့၏ ကိုယ်ပိုင်စဉ်းလဲခြင်းကြောင့်၊ သူတို့၏ ကိုယ်ပိုင်နာမခံခြင်းနှင့် ရွေးနုတ်၍မရနိုင်ခြင်းတို့ကြောင့် ဖယ်ရှားခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ခံကြရလိမ့်မည်။ သူတို့သည် အနာဂတ်ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် တည်ရှိတော့မည်မဟုတ်၊ ထို့ပြင် သူတို့သည် အနာဂတ်လူသားမျိုးနွယ်စု အကြားတွင်လည်း ဆက်လက်တည်ရှိတော့မည်မဟုတ်ပေ။…မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် သူ၏ နောက်ဆုံးအမှုသည် လူသားအားလုံးကို လုံးဝသန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ထိုသို့အားဖြင့် သူသည် သန့်ရှင်းသော လူသားအားလုံးကို ထာဝရအနားယူခြင်းထဲသို့ ဆောင်ယူသွားရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံးအလုပ်ဖြစ်သည်။ ယင်းမှာ သူ့စီမံခန့်ခွဲမှု အလုပ်တစ်ခုလုံး၏ နောက်ဆုံးအဆင့်ဖြစ်သည်။ အကယ်၍သာ ဘုရားသခင်သည် ကောက်ကျစ်စဉ်းလဲသူများကို မဖျက်ဆီးဘဲ သူတို့ကို ကျန်ရှိစေပါက၊ လူသားအားလုံးတို့သည် အနားယူခြင်းထဲသို့ မဝင်ရောက်နိုင်သေးဘဲ ရှိလိမ့်မည်။ ထို့အပြင် ဘုရားသခင်သည် လူသားအားလုံးကို ပိုမိုကောင်းမွန်သော နိုင်ငံတော်သို့ ခေါ်ဆောင်မသွားနိုင်ဘဲ ရှိလိမ့်မည်။ ဤအမှုမျိုးသည် အဆုံးတိုင် ပြီးစီးခြင်းရှိမည်မဟုတ်ပေ။ သူ့အမှုကို သူအပြီးသတ်သည့်အခါ လူသားအားလုံးတို့သည် လုံးဝသန့်ရှင်းကြလိမ့်မည်။ ထိုသို့သော အနေအထားမျိုးမှသာလျှင် ဘုရားသခင်သည် အနားယူခြင်း၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်ပေမည်။ (ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။

၃။ မည်သို့လုပ်ဆောင်မှ ဘုရားသခင်၏နောက်ဆုံးကာလ ကယ်တင်ခြင်းကို ရရှိနိုင်မည်နည်း။

ရှင်မဿဲခရစ်ဝင် ၅:၃

စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။

ရှင်မဿဲခရစ်ဝင် ၅:၆

ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သော သူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြ လတံ့။

ရှင်မဿဲခရစ်ဝင် ၂၅:၆

သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။

ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇-၂၈

ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။ သိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။

ဗျာဒိတ်ကျမ်း ၃:၂၀

ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။

ဗျာဒိတ်ကျမ်း ၂:၇

ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။

ဗျာဒိတ်ကျမ်း ၁၄:၄-၅

ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။

ရှင်မဿဲခရစ်ဝင် ၇:၂၁

သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည်နှင့်အညီ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ “ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏” ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် လူတို့၏ အယူအဆများနှင့် ဆက်စပ်ညီညွတ်မှု မရှိနိုင်ပါ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင်နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်တို့၏ ကိုယ်ပိုင်အယူအဆများကို ရှောင်ခွာရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ကိုယ်ပိုင်အကန့်အသတ်ထဲတွင် ဘောင်ခတ်ထားရန်နှင့် သင်၏ကိုယ်ပိုင်အယူအဆများအတွင်း ကန့်သတ်ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေသင့်ပုံ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံသင့်ပုံ၊ ထို့ပြင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံသင့်ပုံတို့ကို မေးသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့် သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။(ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏)

သက်ဆိုင်သည့် အကြောင်းအရာ-

အဆုံးသတ်စကား -- သင်သည် နောက်ဆုံးကာလ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိလိုသလော? အကယ်၍ မိတ်ဆွေသည် နောက်ဆုံးကာလ ဘုရားသခင်၏ သန့်စင်ကယ်တင်ခြင်းအမှုတော်နှင့် ပတ်သက်၍ ပိုမိုနားလည်လိုပါက မိတ်ဆွေသည် ဖုန်းမှန်မျက်နှာပြင်ရဲ့ ညာဘက်အောက်ရှိ Messenger ကိုနှိပ်ပြီး ကျွန်ုပ်တို့ကို တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်၊ သန့်စင်ခြင်းကို ရရှိကာ ဘုရားသခင်၏ ပြီးပြည့်စုံတဲ့ကယ်တင်ခြင်းကို ရရှိနိုင်မည့်နည်းလမ်းကို ကျွန်ုပ်တို့ အတူတကွဆွေနွေးကြရအောင်။

အမှာစကား ချန်ခဲ့မည်