စာရင်း

ကယ်တင်ခံရသည်ဆိုသည်မှာ အဘယ်နည်း။ ပြည့်ဝသော ကယ်တင်ခြင်း ရရှိခြင်းဆိုသည်မှာ အဘယ်နည်း။

အဆုံးသတ်စကား -- လူများစွာက သခင့်ကို ယုံကြည်ခြင်းဖြင့် ၎င်းတို့၏ အပြစ်များ ခွင့်လွှတ်ခံရသည်၊ တစ်ကြိမ် ကယ်တင်ခံရဖို့ဆိုသည်မှာ အစဉ်အမြဲ ကယ်တင်ခံရဖို့ဖြစ်သည်၊ သခင် ပြန်ကြွလာသည့်အခါ ကောင်းကင်နိုင်ငံတော်ထဲသို့ ၎င်းတို့ ချက်ချင်း ချီဆောင်ခံရနိုင်သည်ဟု ယုံကြည်ကြသည်။ သို့သော် လူသား၏ အပြစ်များ ဖြေလွှတ်ခံရသော်လည်း၊ ၎င်းတို့၏ အပြစ်နှင့်ပြည့်သော သဘာဝဖြင့် ချည်နှောင်ခံရဆဲဖြစ်ပြီး၊ ၎င်းတို့သည် အပြစ်ပြုခြင်း၊ ဝန်ချခြင်းစက်ဝန်းတွင် နေထိုင်ကြကာ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်နိုင်စွမ်းမရှိကြချေ။ လူသား၏ အပြစ်နှင့်ပြည့်သော သဘာဝက မသန့်စင်ခံရသေးပေ။ သမ္မာကျမ်းစာက၊ “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄) ဟု ပြောပါသည်။ ထို့ကြောင့် ၎င်းတို့၏ အပြစ်နှင့် ပြည့်သော သဘာဝများ မသန့်စင်ခံရသေးသူများသည် ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိပြီးသူများ ဖြစ်ပါသလား။ ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်ဆီသို့ အမှန်ပင် ချီဆောင်ခံရနိုင်စွမ်း ရှိကြပါသလား။ ကယ်တင်ခံရဖို့ဆိုသည်မှာ မည်သည့်အရာကို အတိအကျ ဆိုလိုပါသနည်း။ ပြီးလျှင် ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ရှင်ယောဟန်ခရစ်ဝင် ၃:၁၇

လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည့်အကြောင်း စေလွှတ် တော်မူ၏။

ရှင်မဿဲခရစ်ဝင် ၂၆:၂၈

ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။

ဟေဗြဲသြဝါဒစာ ၁၂:၁၄

“သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။”

ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆

ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။

ရှင်မဿဲခရစ်ဝင် ၇:၂၁

သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။

ဗျာဒိတ်ကျမ်း ၁၄:၄-၅

သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ခြင်း ခံခဲ့ရလျက်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနုတ်မည်၊ အကယ်၍ သင်သည် သူ့ကို ယုံကြည်ပါက သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရပြီး သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ပေ။ဤသည်မှာ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရခြင်းနှင့် ဖြောင့်မတ်ရာသို့ရောက်ခြင်း ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်လိုသည့်အရာ ကျန်နေသေး၍ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ လူသား၏ အပြစ်များခွင့်လွှတ်ခြင်းခံရကာ သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ခြင်းကို ဆိုလိုပြီး၊ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။

“ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)” မှ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။

အကြောင်းမှာ ကျေးဇူးတော်ခေတ်တွင် နတ်ဆိုးများသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူမှအဝေးသို့ နှင်ထုတ်ခြင်းခံခဲ့ရသော်လည်း၊ လူအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ ဆက်လက်ရှိရစ်နေသောကြောင့် ဖြစ်သည်။ လူသည် သူ၏ဖျားနာမှုမှ သက်သာ ပျောက်ကင်းပြီး သူ၏အပြစ်များမှ ခွင့်လွှတ်ခြင်း ခံရသော်လည်း လူအတွင်းတွင် ရှိနေသည့် ဖောက်ပြန်ပျက်စီးနေသော စာတန်စိတ်သဘောထားများကို ဖယ်ရှားရန်အတွက် လုပ်ဆောင်မှုမှာ သူ့တွင်မလုပ်ဆောင်ရသေးဘဲ ရှိသည်။ လူသည် သူ၏ယုံကြည်ခြင်းကြောင့် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်း ခံရရုံသာ ရှိသည်၊ သို့သော်လည်း လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း မရှိသောကြောင့် ထိုသဘာဝမှာ သူ့အထဲတွင် ကျန်ရှိနေဆဲဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း ယင်းမှာ လူသည် သူ့အတွင်းတွင် အပြစ်မရှိတော့ဟု ဆိုလိုခြင်း မဟုတ်ပေ။ လူ၏အပြစ်များသည် အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခြင်း ခံရနိုင်သော်လည်း၊ လူသည် သူ့အနေဖြင့် အပြစ်မရှိတော့ရန်နှင့် သူ၏အပြစ်နှင့်ပြည့်သော သဘာဝကို အပြည့်အဝ ဖယ်ရှားပြီး အသွင်သဏ္ဌာန်ပြောင်းလဲပစ်ရန်ဟူသည့် ပြဿနာကိုမူ ဖြေရှင်းနိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအလုပ်ကြောင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း လူသည် ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထား အဟောင်းတွင် ဆက်လက်နေထိုင်ခဲ့သည်။ သို့ဖြစ်ရာ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို လုံးဝစွန့်ပစ်ရန်နှင့် မည်သည့်အခါမျှ ပြန်လည်မပေါ်ပေါက်စေရန်အတွက် လူကို ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထားမှ လုံးဝကယ်တင်ရမည်ဖြစ်သည်၊ ထိုသို့အားဖြင့် လူ၏စိတ်သဘောထားကို ပြောင်းလဲရန် အခွင့်ပြုရမည်။ ယင်းအတွက် လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်း၊ အသက်၏ လမ်းခရီးနှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲရန် လမ်းခရီးတို့ကို နားလည်ရန် လိုအပ်သည်။ လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲစေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် နေထိုင်နိုင်ရန်အတွက် လူသည် ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန်လည်း လိုအပ်ပြီး၊ သူပြုသမျှသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဖြစ်စေရန်၊ သူ၏ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထားကို ဖယ်ရှားပစ်ရန်နှင့် စာတန်၏ မှောင်မိုက်သော လွှမ်းမိုးမှုမှ ချိုးဖောက်လွန်မြောက်ရန်လည်း ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန် လိုအပ်သည်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်မြောက်လာမည်ဖြစ်သည်။ ထိုအခါမှသာလျှင် လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိမည်။ ယေရှုသည် သူ၏အလုပ်ကို လုပ်ခဲ့သည့်အခါ လူ၏သူ့အပေါ် သိနားလည်မှုသည် ဝေဝါးပြီး မရှင်းမလင်း ဖြစ်နေခဲ့သည်။ လူသားအနေဖြင့် သူ့ကို ဒါဝိဒ်၏သားတော်အဖြစ် ယုံကြည်ခဲ့ကြပြီး၊ သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်၊ လူသား၏ အပြစ်များကို ရွေးနုတ်ခဲ့သော ကောင်းမြတ်သည့် အရှင်သခင်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အချို့သည် သူတို့၏ ယုံကြည်ခြင်းခွန်အားအပေါ် အခြေခံလျက် သူ့ဝတ်ရုံ၏ ပန်းပွားကို ထိတွေ့ရုံဖြင့် ရောဂါဝေဒနာ ပျောက်ကင်းခဲ့ကြသည်၊ မျက်စိမမြင်သူ မြင်နိုင်ခဲ့ပြီး သေဆုံးသူပင် အသက်ပြန်ရှင်နိုင်ခဲ့သည်။ သို့ရာတွင် လူသည် သူ့အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ဖောက်ပြန်ပျက်စီးနေသည့် စာတန်စိတ်သဘောထားကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသကဲ့သို့၊ ယင်းကို မည်သို့ဖယ်ထုတ်ရမည်ကိုလည်း သူမသိခဲ့ပေ။ လူသည် ကျေးဇူးတော် အများအပြားကို ရရှိခဲ့သည်၊ ငြိမ်သက်ခြင်းနှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုများ၊ တစ်ဦး၏ ယုံကြည်ခြင်းအပေါ် မိသားစု တစ်ခုလုံး ကောင်းချီးမင်္ဂလာရရှိခြင်း၊ နာမကျန်းမှုများကို ပျောက်ကင်းစေခြင်း စသဖြင့်ဖြစ်သည်။ ကျန်သည့်အရာများမှာ လူ၏ကောင်းမှုများဖြစ်ပြီး သူတို့၏ ဘုရားတရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ လူသည် ယင်းကို အခြေခံပြီး နေထိုင်နိုင်ပါက သူ့ကို လက်သင့်ခံနိုင်သော ယုံကြည်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ယင်းသို့သော ယုံကြည်သူများသာလျှင် သေဆုံးပြီးနောက်တွင် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်မည်၊ သူတို့ ကယ်တင်ခြင်းခံရသည်ဟု ဆိုလိုသည်။ သို့ရာတွင် သူတို့ဘဝတစ်သက်တာတွင် သူတို့သည် အသက်၏လမ်းခရီးကို နားလည်ခြင်း လုံးဝမရှိခဲ့ပေ။ သူတို့ပြုခဲ့သမျှမှာ အပြစ်များကို ကျူးလွန်ခဲ့ပြီးနောက်တွင် စိတ်သဘောထား ပြောင်းစေရန် မည်သည့်လမ်းကြောင်းကိုမျှ မပြုဘဲနှင့် အပြစ်ဝန်ခံခြင်းကို အစဉ်တစိုက် စက်ဝန်းကဲ့သို့ ပြုလုပ်ခဲ့ကြခြင်းသာသည်။ ယင်းသည် ကျေးဇူးတော်ခေတ်တွင်ရှိသော လူ၏အခြေအနေဖြစ်သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိခဲ့ပြီလော။ မရပါ။ ထို့ကြောင့် ထိုအဆင့် ပြီးဆုံးပြီးနောက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်များ ကျန်ရှိနေသေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်မှတစ်ဆင့် သန့်ရှင်းအောင် လုပ်ခြင်းဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို လူအား ပေးအပ်သည်။ အကယ်၍ နတ်ဆိုးများကို ဆက်လက်နှင်ထုတ်နေဆဲဖြစ်ပါက ဤအဆင့်သည် အသီးအပွင့်များ ဖြစ်ထွန်းမည်မဟုတ်၊ သို့မဟုတ် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ၊ အကြောင်းမှာ လူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း ရှိလိမ့်မည် မဟုတ်ဘဲ လူသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့်နေလိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်။ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ အကြောင်းမှာ လက်ဝါးကပ်တိုင်တွင် အသေခံသော အလုပ်သည် အဆုံးသို့ ရောက်ခဲ့ပြီဖြစ်ပြီး ဘုရားသခင်သည် စာတန်ကို အနိုင်ရခဲ့သည် ဖြစ်သောကြောင့်ဖြစ်သည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူတို့အတွင်းတွင် ဆက်လက်ရှိနေ၏၊ လူသည် အပြစ်ပြုနိုင်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်သေးသည်၊ ထို့ပြင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရသေးပေ။ သို့ဖြစ်ရာ ဤအဆင့်၏ အလုပ်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြု၍ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ပြီး လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့ကျင့်သုံးစေခြင်းဖြစ်သည်။

“လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

လူ၏ဇာတိပကတိသည် စာတန်နှင့်ဆိုင်ပြီး မနာခံသော စိတ်သဘောထားများနှင့် ပြည့်နှက်နေသည်။ ယင်းသည် မနှစ်မြို့ဖွယ်ကောင်းသော ညစ်ညမ်းမှုဖြစ်ပြီး မသန့်ရှင်းသော အရာတစ်ခုဖြစ်သည်။ လူများသည် ဇာတိပကတိ၏ ဝမ်းမြောက်မှုကို အလွန်အမင်း တပ်မက်ကြပြီး ဇာတိပကတိ၏ များပြားလှသော သရုပ်သကန်များ ရှိလေသည်၊ ထို့ကြောင့် ဘုရားသခင်သည် လူသား၏ ဇာတိပကတိကို အတိုင်းအတာတစ်ခုထိ စက်ဆုပ်ရွံရှာခြင်းဖြစ်သည်။ လူများသည် ညစ်ညမ်းမှု၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော အရာများကို စွန့်ပစ်သောအခါ ဘုရားသခင်၏ ကယ်တင်ခြင်းကို သူတို့ရရှိကြသည်။ သို့သော်လည်း သူတို့သည် ညစ်ညမ်းခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းကို သူတို့စိတ်ကူးထဲမှ မထုတ်ပစ်သေးလျှင် သူတို့သည် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်နေကြဆဲဖြစ်သည်။ လူများ၏ မသိကျိုးကျွန်ပြုခြင်း၊ လိမ်ညာလှည့်ဖြားခြင်းနှင့် ကောက်ကျစ်ခြင်းတို့ အားလုံးသည် စာတန်နှင်ဆိုင်သည့် အရာများဖြစ်သည်။ သင့်ကို ကယ်တင်ခြင်းဟူသည် ဤအရာများမှ သင့်ကို လွတ်မြောက်ခွင့်ပေးခြင်းဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မမှားနိုင်ပေ၊ ထိုအရာအားလုံးသည် လူတို့ကို အမှောင်မှ ကယ်တင်ဖို့ရန်အတွက်ပင် ဖြစ်သည်။ သင်သည် အတိုင်းအတာတစ်ခုအထိ ယုံကြည်ထားပြီး ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းမှ သင့်ကိုယ်သင် ခွဲထွက်နိုင်သောအခါ၊ ထို့ပြင် ဤဖောက်ပြန်ပျက်စီးခြင်း၏ ချုပ်နှောင်ခြင်းကို နောက်ထပ်မခံရသောအခါ သင်သည် ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်မဟုတ်လော။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်သောအခါ ဘုရားသခင်ကို ပြသထင်ရှားစေခြင်းငှာ သင်စွမ်းဆောင်နိုင်မည် မဟုတ်ဘဲ သင်သည် ညစ်ညမ်းသောအရာတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အမွေကို မရရှိနိုင်ပေ။ သင်သည် သန့်စင်ခံရပြီး စုံလင်အောင်ပြုခြင်း ခံရသောအခါ သင်သည် သန့်ရှင်းလာမည်ဖြစ်ပြီး သင့်တင့်လျောက်ပတ်သောလူတစ်ဦး ဖြစ်လာမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရမည်ဖြစ်ပြီး ဘုရားသခင်၌ သင်ပျော်ရွှင်ကြည်နူးမည် ဖြစ်သည်။

“လက်တွေ့လုပ်ဆောင်ခြင်း (၂)” မှ

ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိပ္ပါယ်မှာ ကယ်တင်ခံရဖို့ဖြစ်သည်၊ သို့ဆိုလျှင် ကယ်တင်ခံရခြင်း၏ မည်သည့်အရာကို ဆိုလိုပါသနည်း။ “ကယ်တင်ခံရခြင်း”၊ “စာတန်၏မှောင်မိုက်သော လွှမ်းမိုးမှုမှ ထွက်ပြေးလွတ်မြောက်ခြင်း- လူတို့က ဤအကြောင်းအရာများကို မကြာခဏ ပြောကြသော်လည်း၊ ကယ်တင်ခံရခြင်းက မည်သည့်အရာကို ဆိုလိုသည်ကို သူတို့ မသိကြ။ ကယ်တင်ခံရခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လွတ်မြောက်ခြင်းကို ဆိုလိုသလော။ ကယ်တင်ခံရခြင်းသည် မုသာမပြောခြင်းကို ဆိုလိုသလော။ ကယ်တင်ခံရခြင်းသည် ရိုးသားသောလူတစ်ဦးဖြစ်ခြင်းနှင့် ဘုရားသခင်အား မပုန်ကန်ခြင်းကို ဆိုလိုသလော။ လူသားသည် ကယ်တင်ခံရသည့်အခါ မည်သည့်အရာနှင့် အတိအကျ တူလိမ့်မည်နည်း။ ဤအရာက ဘုရားသခင်၏ အလိုတော်နှင့် ဆက်နွှယ်၏။ ကယ်တင်ခံရခြင်းဆိုသည်မှာ၊ ဒေသဝေါဟာရဖြင့် ပြောသော်၊ သင်သည် ဆက်လက်အသက်ရှင်နေနိုင်ပြီး သင့်ကို အသက်ပြန်ရှင်စေခြင်းဖြစ်သည်။ ထို့ကြောင့် အသက်ပြန်မရှင်မီ သင်သည် စကားပြောနိုင်သည်၊ အသက်ရှုနိုင်သည်၊ သင် သေနေသလော။ (ဝိညာဉ် သေနေသည်။) လူတို့၏ဝိညာဉ်သေပါက လူသေပြီဟု အဘယ်ကြောင့် ဆိုထားသနည်း။ ဤစကား၏အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ကယ်တင်ခြင်းမခံရမီ သူတို့ မည်သည့်နေရာတွင် ရှိကြသနည်း။ (စာတန်၏ အုပ်စိုးမှုအောက်တွင်ရှိကြသည်။) လူတို့သည် စာတန်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည်။ သူတို့သည် အသက်ရှင်ရန်အတွက် မည်သည့်အရာအပေါ် အမှီပြုကြသနည်း။ သူတို့သည် အသက်ရှင်ရန်အတွက် သူတို့၏ စာတန်ဆိုင်ရာသဘာဝဗီဇနှင့် ဖောက်ပြန်ပျက်စီးသော သဘာဝဗီဇအပေါ် အမှီပြုကြသည်။ လူတစ်ဦးသည် သူတို့၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆိုင်ရာ သဘာဝဗီဇအားဖြင့် အသက်ရှင်သည့်အခါ၊ သူတို့၏ ဖြစ်ခြင်းတစ်ခုလုံး - သူတို့၏ သွေးသားဇာတိ၊ သူတို့၏ စိတ်ဝိညာဥ်နှင့် သူတို့၏ အတွေးစိတ်ကူးကဲ့သို့သော သူတို့၏ အခြားကဏ္ဍများအားလုံး - ၎င်းတို့မှာ အရှင်လော၊ သို့မဟုတ် အသေလော။ ဘုရားသခင်၏ ရှုထောင့်တွင် ၎င်းတို့မှာ အသေဖြစ်ကြသည်။ အပေါ်ယံတွင် သင်သည် အသက်ရှုနေပုံ၊ သင်၏မျက်တောင်များကိုခတ်နေပုံနှင့် စဉ်းစားနေပုံရသော်လည်း၊ သင်၏ အတွေးစိတ်ကူးများအားလုံးမှာ မည်သည့်အကြောင်းများ ဖြစ်သနည်း။ သင် အဆက်မပြတ် တွေးနေသောအရာတိုင်းမှာ မကောင်းမှုဒုစရိုက်အကြောင်းပင် ဖြစ်၏၊ သင်သည် ဘုရားသခင်ကို အာခံသောအရာများနှင့် ဘုရားသခင်ကို ပုန်ကန်သောအရာများ၊ ဘုရားသခင် စက်ဆုပ်သော၊ မုန်းတီးပြီးရှုတ်ချသော အရာများအကြောင်းကို တွေးလျက်နေ၏။ ဘုရားသခင်၏အမြင်တွင် ဤအရာအားလုံးသည် ဇာတိပကတိနှင့်သက်ဆိုင်သည်သာမက စာတန်နှင့် နတ်ဆိုးများနှင့်လည်း လုံးလုံးလျားလျား သက်ဆိုင်၏။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် လူတို့မှာ အဘယ်အရာဖြစ်သနည်း။ ၎င်းတို့သည် လူသားများလော။ ဘုရားသခင်သည် ၎င်းတို့ကို နတ်ဆိုးများ၊ တိရစ္ဆာန်များနှင့် စာတန်များ၊ အသက်ရှင်သော စာတန်များအဖြစ် မြင်လေ၏။ လူတို့သည် စာတန်၏ အခြင်းအရာများနှင့် အနှစ်သာရအားဖြင့် အသက်ရှင်ကြပြီး၊ ဘုရားသခင်၏အမြင်တွင် ၎င်းတို့သည် လူ့ဇာတိကို ဝတ်ဆင်ထားသော အသက်ရှင်သည့် စာတန်များပင် ဖြစ်၏။ ဘုရားသခင်က ယင်းကဲ့သို့ လူများကို လမ်းလျှောက်နေသော အလောင်းကောင်များ၊ လူသေများအဖြစ် သတ်မှတ်၏။ ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စာတန်ဆိုင်ရာ စိတ်သဘောထားနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆိုင်ရာ အနှစ်သာရတို့ဖြင့် အသက်ရှင်ကြသော၊ ယင်းကဲ့သို့ လူများကို ရယူရန် ဘုရားသခင်သည် သူ၏လက်ရှိ ကယ်တင်ခြင်းအမှုကို ပြုလေ၏၊ ကိုယ်တော်သည် လူသေများဟု အမည်ရသောသူများကို ရယူပြီး အသက်ရှင်သူများအဖြစ် ပြောင်းလဲသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းကို ဆိုလိုခြင်းဖြစ်၏။

“စစ်မှန်စွာနာခံခြင်းသာလျှင် လက်တွေ့ကျသောယုံကြည်မှုတစ်ခုဖြစ်၏” မှ

အမှာစကား ချန်ခဲ့မည်