စာရင်း

ကယ်တင်ခံရခြင်းနှင့် ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းတို့အကြား ကွာခြားချက်

ကျန်စင်း တရုတ်ပြည်

ကယ်တင်ခံရခြင်း နှင့် ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းတို့အကြား ကွာခြားချက်ကို ပြောသည့်အခါတိုင်း၊ “ကယ်တင်ခံရတာနဲ့ ကယ်တင်ခြင်း အပြည့်အဝ ရတာကြားမှာ ကွာခြားချက်ရှိလို့လား။ ကယ်တင်ခံရတာဟာ ကယ်တင်ခြင်း အပြည့်အဝ ရတာလို့ အဓိပ္ပါယ်မရဘူးလား။ ကျွန်မတို့က သခင်ယေရှုကို ယုံကြည်ခြင်းမှတစ်ဆင့် ကယ်တင်ခံရပြီးဖြစ်တာကြောင့် ကျွန်မတို့က ကယ်တင်ခြင်းအပြည့်အဝကို ရရှိခဲ့ပြီးပြီ မဟုတ်ဘူးလား။ သခင်ကြွလာတဲ့အချိန်၊ ကျွန်တော်တို့က ကောင်းကင်ကို ချက်ခြင်း ချီဆောင်ခြင်းခံရမယ်” ဟု ပြောသည့် ညီအစ်ကိုမောင်နှမ အချို့ ရှိကြပါလိမ့်မည်။ သို့သော်လည်း အရေးကိစ္စများသည် ဤမျှ ရိုးရှင်းပါ သလား။ ကျွန်မတို့သည် ဤအရေးကို ရှာဖွေပြီး ဆွေးနွေးပါက ကျွန်မတို့ အတွက် ကောင်းပေလိမ့်မည်။

အမြန်လမ်းညွှန်
၁။ ကယ်တင်ခံရသည်ဆိုသည်မှာ မည်သည့်အဓိပ္ပါယ်နည်း။ ကျွန်မတို့က ကယ်တင်ခံရပြီးနောက် အပြစ်ကင်းမဲ့သွားပြီလား
၂။ ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းဆိုသည်မှာ အဘယ်နည်း။ ကယ်တင်ခြင်းအပြည့်အဝ ရရှိသူများသည် မည်သို့သော အမူအကျင့်များကို ပိုင်ဆိုင်ကြသနည်း
၃။ ကယ်တင်ခံရခြင်းနှင့် ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းတို့အကြား ကွာခြားချက်
၄။ ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းဆီသို့ လမ်းကြောင်းအတွက် ရှာဖွေခြင်း

၁။ ကယ်တင်ခံရသည်ဆိုသည်မှာ မည်သည့်အဓိပ္ပါယ်နည်း။ ကျွန်မတို့က ကယ်တင်ခံရပြီးနောက် အပြစ်ကင်းမဲ့သွားပြီလား

ပထမဆုံးအနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ကြပါစို့၊ “ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ လူသားသည် သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ သူ၏ အပြစ်များခွင့်လွှတ်ခံရခြင်းကို ဆိုလိုသည်။ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။” သခင်ယေရှုသည် ရွေးနှုတ်ခြင်းအမှုကိုပြုခဲ့သောကြောင့် သခင့်ကို ကျွန်မတို့၏ ယုံကြည်မှုမှ တစ်ဆင့် ကျွန်မတို့က ကယ်တင်ခြင်းခံရကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မတို့ တွေ့မြင်နိုင်ပါသည်။ သခင်သည် သူ့ကိုယ်သူ အပြစ်ဖြေရာယဇ်အဖြစ် ပေးအပ်တော်မူပြီး၊ လက်ဝါး ကပ်တိုင်တွင် သံမှိုစွဲခြင်းခံရသည့်အပြင်၊ ထိုသို့ဖြင့် ကိုယ်တော်သည် ကျွန်မတို့ကို အပြစ်မှ ရွေးနှုတ်တော်မှုခဲ့သည်။ ထို့ကြောင့် သခင့်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်မတို့သည် အပြစ်သားများ မဟုတ်တော့ သည့်အပြင်၊ ပညတ်တော်၏ ချည်နှောင်ခြင်းလည်း မခံရတော့ပါ။ ယခုကျွန်မတို့ အပြစ်ကျူးလွန်သည့်အခါတွင်၊ ကျွန်မတို့သည် သူ့အား ဆုတောင်းရန် ဘုရားသခင်ရှေ့တော်မှောက်သို့ တိုက်ရိုက်လာရောက်နိုင်ပြီး၊ ကျွန်မတို့ကို အပြစ်မှလွှတ်ပါရန် သခင့်ကို တောင်းဆိုနိုင်ပြီ ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခံရခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်မတို့သည် ကယ်တင်ခံရပြီးနောက် အပြစ်ကင်းမဲ့သူများ ဖြစ်ပြီ မဟုတ်ပါသလား။ ကျွန်မတို့သည် ပင်ပန်းခက်ခဲစွာနှင့် ကြိုးစားပမ်းစား အလုပ်လုပ်ပြီး၊ အပြင်ပန်း ကောင်းမှုအချို့ကို လုပ်နိုင်သော်လည်း၊ ကျွန်မတို့သည် မကြာခဏ အပြစ်ကျူးလွန်နိုင် ဆဲဖြစ်ကာ၊ အပြစ်၏ချည်နှောင်မှုကို မဖယ်ရှားခဲ့သေးပါ။ ကျွန်မတို့ အသက်တာစိတ်သဘောထားများသည် ယခင်ကကဲ့သို့သာ တစ်ထေရာ တည်းရှိနေပြီး၊ ကျွန်မတို့၏ အယူအဆများနှင့် ဆန့်ကျင်သည့် တစ်စုံတစ်ခုကို သို့မဟုတ် ကျွန်မတို့ ကိုယ်ပိုင်အကျိုးစီးပွားအပေါ် ထိပါးသည့် တစ်စုံတစ်ခုကို ကြုံတွေ့ရသည့်အခိုက်အတန့်တွင် ကျွန်မတို့သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများစွာကို ထုတ်ဖော်ကာ၊ ရလဒ်တစ်ခုအနေဖြင့် ကျွန်မတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး၊ ခုခံပါတော့သည်။ ဥပမာအားဖြင့် အသင်းတော်ထဲတွင် တစ်စုံတစ်ယောက် ကျွန်မတို့ထက် ဆုကျေးဇူးပို၍ရရှိကြောင်းပြသည့် ဒေသနာတစ်ခုကို ဟောကြားသည့် အခါတိုင်း၊ ကျွန်မတို့သည် ၎င်းတို့ကို မနာလိုဖြစ်ခြင်း သို့မဟုတ် ၎င်းတို့ကို တိတ်တဆိတ် ချောက်တွန်းရန် ကြိုးစားပါတော့သည်၊ တစ်စုံတစ်ယောက်က ကျွန်မတို့ အကျိုးစီးပွားများကို ထိပါးလာပါက၊ ကျွန်မတို့က သူတို့ကို မုန်းတီးပြီး၊ ဒေါသထွက်လာကာ၊ လေးနက်သည့် အခြေအနေများတွင် သူတို့ကို ဆန့်ကျင် လက်တုံ့ပြန်နိုင် ပါသည်၊ ကျွန်မတို့သည် တစ်စုံတစ်ခုကို စွန့်ပစ်ရတိုင်း၊ သို့မဟုတ် သခင့်အတွက် ကျွန်မတို့အလုပ်တွင် မိမိကိုယ်ကို အနည်းငယ် အသုံးခံရတိုင်း၊ ကျွန်မတို့က မိမိတို့၏ အောင်မြင်ခြင်းများကို ကြွားဝါပြီး ဘုရားသခင်ကို အနေအထားများ ချပြသည်ဖြစ်စေ၊ သို့မဟုတ် အခြားသူများကို အထင်သေးပြီး၊ ကဲ့ရဲ့ရှုတ်ချပါသည်၊ ကျွန်မတို့၏ အလုပ်နှင့် ဒေသနာများတွင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ရရှိပြီး၊ ရလဒ်များအကျိုးကျေးဇူးခံစားရသည့်အခါတိုင်း၊ ကျွန်မတို့သည် မိမိကိုယ်ကို အလွန်ကျေနပ်ဝမ်းမြောက်လာပြီး၊ ဘုရားသခင်၏ ဘုန်းတော်ကို လုယူသိမ်းပိုက်ပါတော့သည်၊ကျွန်မတို့ ဆင်းရဲဒုက္ခခံစားရပြီး၊ ပေးဆပ်မှုများပြုပြီးနောက်၊ မည်သည့်အရာမျှ ပြန်မရရှိသည့်အပြင်၊ မိမိကိုယ်ပိုင် အကျိုးစီးပွားများသည် ကျေနပ်ဖွယ်မရှိပါက၊ ကျွန်မတို့က ဘုရားသခင်ကို အပြစ်တင်ကာ၊ သူ့ကို အထင်မှားသည့်အပြင်၊ ဘုရားသခင်သည် ကျွန်မတို့ကို ကွယ်ကာခြင်းမရှိ သို့မဟုတ် ကောင်းကြီးမင်္ဂလာပေးခြင်း မရှိဟု ယုံကြည်ကြသည်၊ ဘုရားသခင်၏ပညတ်တော်များကို ချိုးဖောက်သည့် တစ်စုံတစ်ခုကို ကျွန်မတို့ပြုမိသည့်အခါတွင်၊ အခြားသူများ သိရှိမည်ကို ကျွန်မတို့ စိုးရွံ့ကာ၊ အခြားသူများနှင့် ဘုရားသခင်တို့ကို လှည့်စားရန် မုသားများကို ပြောပါသည်၊ ကျွန်မတို့က ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး၊ ဘုရားသခင်က ကျွန်မတို့အပေါ်တွင် လုံလောက်သော ကျေးဇူးတော်ကို ပေးအပ်နှင်းခြင်း မရှိဟု ကျွန်မတို့ တွေးလာသည့်အချိန်တွင်၊ ကျွန်မတို့သည် လောက၏ နည်းလမ်းများအတိုင်း လိုက်ကာ၊ ဘုရားသခင်ကို သစ္စာဖောက်ကြပြီး၊ စသည်တို့ကို လုပ်ဆောင်ကြသည်။ ထိုသို့သော အမူအကျင့်များနှင့် ဖော်ပြခြင်းများက ကျွန်မတို့သည် အပြစ်တွင် အသက်ရှင်နေထိုင်နေဆဲဖြစ်ကြောင်း နှင့် စာတန်၏စွမ်းအားအောက်တွင် အသက်ရှင်နေထိုင်နေကြောင်း တို့ကို သက်သေပြရန် လုံလောက်ပါသည်၊ ကျွန်မတို့၏ သဘာဝသည် ဆိုးယုတ်သည့် သဘာဝသာ ဖြစ်မြဲဖြစ်ကြောင်း၊ ကျွန်မတို့၏ အတွေးများနှင့် အမြင်ရှုထောင့်များသည် လောကနှင့် သက်ဆိုင်ကြောင်း၊ ကျွန်မတို့ စိတ်ကူးများနှင့် မကိုက်ညီသည့် မည်သည့်အခြေအနေမဆိုကြောင့် ကျွန်မတို့သည် ဘုရားသခင်ကို စိတ်ကူးပေါက်လျှင်ပေါက်သကဲ့သို့ သစ္စာဖောက်ရန် နှင့် လောကီအသက်တာများကို ပြန်သွားရန် လုပ်နိုင်စွမ်းရှိကြောင်းတို့ကိုလည်း ၎င်းတို့က သက်သေပြပါသည်။

၂။ ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းဆိုသည်မှာ အဘယ်နည်း။ ကယ်တင်ခြင်းအပြည့်အဝ ရရှိသူများသည် မည်သို့သော အမူအကျင့်များကို ပိုင်ဆိုင်ကြသနည်း

ပထမဦးစွာ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ကြပါစို့၊ “လူတို့သည် စာတန်၏ ညစ်ညမ်းသော၊ ဖောက်ပြန်ပျက်စီးသော အမှုအရာများကို စွန့်ပစ်သောအခါ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ရရှိကြလေသည်။ သို့သော်လည်း ၎င်းတို့သည် ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို မထုတ်ပစ် သေးပါက၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင် နေကြဆဲဖြစ်သည်။ လူတို့၏ သူတစ်ပါးကို ဒုက္ခပေးခြင်း၊ လှည့်ဖြားခြင်းနှင့် ကောက်ကျစ်ခြင်းအားလုံးသည် စာတန်နှင်ဆိုင်သည့် အရာများဖြစ်သည်။ သင့်အား ဘုရားသခင်ကယ်တင်ခြင်းသည် သင့်ကို စာတန်၏ ဤအရာများမှ ကယ်ထုတ်ရန်ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မမှားနိုင်ပေ။ ယင်းသည် လူတို့ကို အမှောင်မှ ကယ်တင်ဖို့ရန်သာ လုပ်ဆောင်ပေသည်။...သင်သည် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်သောအခါ သင်သည် ဘုရားသခင်ကို ထင်ရှားစေခြင်းငှာ မတတ်စွမ်းနိုင်ပေ၊ သင်သည် ညစ်ညမ်းသော အရာတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အမွေဥစ္စာကို မရရှိနိုင်ပေ။ သင်သည် သန့်စင်ခံရပြီး စုံလင်စေခြင်း ခံရသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သန့်ရှင်းလိမ့်မည်၊ ပုံမှန်လူတစ်ဦး ဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရမည်ဖြစ်ကာ ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ဖြစ်လိမ့်မည်။

ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းဆိုသည်မှာ အပြစ်ကိုဖယ်ရှားရန် နှင့် သန့်စင်ခံရန်ကို ဆိုလိုကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မတို့မြင်တွေ့နိုင်ပါသည်။ဆိုလိုသည်မှာ ကယ်တင်ခြင်းအပြည့်အဝ ရရှိသူများသည် အပြင်ပန်းကောင်းမှုများကိုသာ ပြုရုံမျှမကပဲ၊ သူတို့၏ မာနထောင်လွှားသော၊ အတ္တကြီးသော၊ လှည့်စားသော၊ပြီးနောက် ဆိုးညစ်သော အတွင်းပိုင်းသဘာဝသည်လည်း ပြောင်းလဲခဲ့သည့်အပြင်၊ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် အသက်ရှင်နေထိုင် ရန်ဖြစ်သည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီစဉ်ခြင်းများကို အပြည့်အဝ အပ်နှံပြီး၊ ဖြစ်အံ့ဆဲဆဲ သေခြင်းတရား၏ ခြိမ်းခြောက်မှုဖြင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် သူတို့က ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး၊ မကောင်းသောအကျင့်ကို ရှောင်ကြဉ်နိုင်ဆဲဖြစ်သည်။ သူတို့သည် စာတန်၏စွမ်းအားအောက်တွင် အသက်ရှင်နေထိုင်ရန် ပြန်သွားခြင်းထက် သေလိုကြသည်၊ ပြီးနောက်တွင် သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်နိုင်ခြင်း သို့မဟုတ် ခုခံနိုင်ခြင်း မရှိတော့ပါ။ ဤသို့သော လူများသာလျှင် ဘုရားသခင်၏ အပြည့်အဝ ရယူခြင်းကို ခံရသူများဖြစ်ပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအပြည့်အဝကို ရရှိသူများသည် သမ္မာတရားကို နားလည်သဘောပေါက်သူ၊ ဘုရားသခင်ကို သိကျွမ်းသူနှင့် ဘုရားသခင်ကို နာခံနိုင်သူများသာ ဖြစ်ကြသည်၊ ကယ်တင်ခြင်းအပြည့်အဝ ရရှိသူများသည် စာတန်၏ စုံစမ်းသွေးဆောင်ခြင်း ဟန်ပန်များအားလုံးအကြားတွင် သက်သေရပ်တည်နိုင်သူများ၊ သမ္မာတရား အားဖြင့် အသက်ရှင်နေထိုင်နိုင်သူများနှင့် ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေကာ၊ မကောင်းသောအကျင့်ကို ရှောင်ကြဉ်သူများ ဖြစ်ပါသည်၊ ကယ်တင်ခြင်းကို အပြည့်အဝ ရရှိသူများသည် ဘုရားသခင်၏ အလိုတော်ကို အရေးထားသူများ၊ ရိုးသားစွာနှင့် ရိုးရိုးစင်းစင်း စကားပြောသူများ၊ ကြင်နာသောနှလုံးသားရှိသူများ၊ ဘုရားသခင်ကို ချစ်နိုင်ပြီး၊ စိတ်ကျေနပ်စေနိုင်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့၏ လုပ်ရပ်နှင့် အပြုအမူများအတွက် စည်းမျဉ်းများအဖြစ် မှတ်ယူသူများ၊ စစ်မှန်သော လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်နိုင်သူများ နှင့် ဘုရားသခင်ကို ဘုန်းတော်ထင်ရှားစေနိုင်သူ၊ သူတို့လုပ်ဆောင်သူမျှတွင် ဘုရားသခင်ကို ထင်ရှားစေသူများသာ ဖြစ်ပါသည်။

၃။ ကယ်တင်ခံရခြင်းနှင့် ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းတို့အကြား ကွာခြားချက်

ကျွန်မတို့က ကယ်တင်ခံရခြင်းနှင့် ကယ်တင်ခံရပြီးနောက် ကျွန်မတို့ကအပြစ်ကင်းခြင်းရှိမရှိ တို့အကြောင်းနှင့် ကယ်တင်ခြင်း အပြည့်အဝ ရရှိခြင်း၏ အဓိပ္ပါယ်အပြင်၊ ကယ်တင်ခြင်းအပြည့်အဝ ရရှိသူတို့ ဖော်ပြသည့် အမူအကျင့်များမှာ မည်သည့်အရာများဖြစ်ကြောင်း တို့ကိုလည်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ လူတိုင်းသည် ကယ်တင်ခံရခြင်းနှင့် ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းတို့အကြား ထိုးထွင်းသိမြင်နိုင်ခြင်းအချို့ ရရှိမည်ဟု ကျွန်မ ယုံကြည်ပါသည်။ ကယ်တင်ခံရခြင်းဆိုသည်မှာ ကျွန်မတို့သည် ပညတ်တော်၏ စီရင်ခြင်းကို လုံးဝမခံရတော့သည့်အပြင်၊ ကျွန်မတို့သည် အပြစ်သားများလုံးဝ မဟုတ်တော့ပဲနှင့်၊ ကျွန်မတို့သည် ဘုရားသခင်၏ ရွေးနှုတ်ခံခဲ့ရပြီးဖြစ်သည်၊ ကျွန်မတို့သည် ဘုရားသခင် ရှေ့တော်မှောက်သို့ လာရောက်ရန် အရည်အသွေးပြည့်ဝခဲ့ပြီး၊ ကျွန်မတို့သည် အပြင်ပန်းကောင်းမှုအချို့ကို ပြုနိုင်သော်လည်း၊ ကျွန်မတို့၏ အပြစ်ရှိသော သဘာဝသည် ကျွန်မတို့အတွင်း၌ နက်ရှိုင်းစွာ အမြစ်တွယ်ကျန်ခဲ့သည် ဟု ဆိုလိုခြင်းဖြစ်ပါသည်။ အခြားတစ်ဖက်မှာမူ ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းဆိုသည်မှာ ကျွန်မတို့ အသက်တာ စိတ်သဘောထား ပြောင်းလဲခဲ့ပြီး၊ ကျွန်မတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြောင်း၊ ကျွန်မတို့သည် မည်သည့်အပြစ်ကိုမျှ မကျူးလွန်တော့ကြောင်း၊ ကျွန်မတို့ သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လုံးလုံးလျားလျား အလေးဂရု ပြုနိုင်ပြီး နာခံနိုင်ကြောင်း၊ ကျွန်မတို့သည် စာတန်၏စွမ်းအားအောက်မှ အပြည့်အဝ လွတ်မြောက်ပြီး လွတ်လပ်သောလူများ ဖြစ်လာကြောင်း စသည်တို့ကို ဆိုလိုပါသည်။

မတူညီကြောင်းနှိုင်းယှဉ်ပြရပါက၊ သခင်၌ ညီအစ်ကိုမောင်နှမ များအနေဖြင့် ကျွန်မတို့၏ လက်ရှိအခြေအနေသည် ကျွန်မတို့အနေဖြင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အမျိုးအစားမျိုးစုံကြားတွင် ရှင်သန်နေဆဲဖြစ်ကြောင်း နှင့် ကျွန်မတို့သည် နေ့အချိန်တွင် အပြစ်ကျူးလွန်ကာ၊ ညအချိန်တွင် ဝန်ခံသည့် အသက်တာများဖြင့် အသက်ရှင်နေထိုင်နေခြင်းသာ ဖြစ်ပါသည်။ ကျွန်မတို့သည် စာတန်၏ ဖြားယောင်းသွေးဆောင်မှုများနှင့် စုံစမ်းသွေးဆောင်ခြင်းများကို လုံးလုံး တွန်းလှံနိုင်ခြင်းမရှိပဲနှင့် ကျွန်မတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန် နိုင်ဆဲ၊ ခုခံနိုင်ဆဲ၊ အပြစ်တင်ပြီး၊ အထင်မှားနိုင်ဆဲ ဖြစ်ပါသည်။ ကျွန်မတို့အသက်ရှင်နေထိုင်သည့် အသက်တာသည် ဘုရားသခင်ကို ဘုန်းတော်မထင်ရှားနိုင်သကဲ့သို့၊ ကိုယ်တော့်ကို လုံးဝ ထင်ရှားစေခြင်း မရှိသောကြောင့် ကျွန်မတို့သည် ကယ်တင်ခြင်း အပြည့်အဝ မည်သို့ရရှိမည်နည်း။ ဘုရားသခင်က “ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့။(ရှင်ပေတရုဩဝါဒစာပဌမစောင် ၁:၁၆)သင်သည် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်သောအခါ သင်သည် ဘုရားသခင်ကို ထင်ရှားစေခြင်းငှာ မတတ်စွမ်းနိုင်ပေ၊ သင်သည် ညစ်ညမ်းသော အရာတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အမွေဥစ္စာကို မရရှိနိုင်ပေ။ သင်သည် သန့်စင်ခံရပြီး စုံလင်စေခြင်း ခံရသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သန့်ရှင်းလိမ့်မည်၊ ပုံမှန်လူတစ်ဦး ဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရမည်ဖြစ်ကာ ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ဖြစ်လိမ့်မည်။” ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းပြီးဖြောင့်မတ်သည်။ ဘုရားသခင်သည် ကျွန်မတို့ အတွင်းမှ အပြစ်အမျိုးမျိုးကို မုန်းတီးသည့်အပြင်၊ ကျွန်မတို့အတွင်းမှ အညစ်အကြေး အမျိုးအစားအားလုံး ကိုလည်း စက်ဆုပ်ရွံရှာလေသည်၊ ထိုသို့သော ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသော ကျွန်မတို့ကဲ့သို့ လူများသည် ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် မထိုက်တန်ပါ။ သခင့်ကို ကျွန်မတို့ ယုံကြည်မှုတွင် ဤညစ်ညစ်းပြီးဖောက်ပြန်ပျက်စီးသည့် အရာများအားလုံးကို လုံးလုံး ဖယ်ရှားပြီး၊ သန့်စင်ခံရခြင်းဖြင့်သာလျှင် ကျွန်မတို့သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ထိုက်တန်စွာ ရရှပြီး၊ လှပသည့် ကံတရားထဲသို့ ကိုယ်တော်၏ ဦးဆောင်ခြင်းကို ခံရမည် ဖြစ်သည်။ ထို့ကြောင့် ကယ်တင်ခံရခြင်းဆိုသည်မှာ ကျွန်မတို့ ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းဟု မဆိုလိုသည့်အပြင်၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်မတို့သည် ကောင်းကင်ဘုံသို့ ချက်ခြင်းချီဆောင်ခံရမည်ဟု ဆိုလိုခြင်းလည်း မဟုတ်ပါ။

၄။ ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းဆီသို့ လမ်းကြောင်းအတွက် ရှာဖွေခြင်း

ထို့ကြောင့် ကယ်တင်ခြင်း အပြည့်အဝ ရရှိခြင်းဆီသို့ လမ်းကြောင်းမှာ အဘယ်နည်း။ အမှန်မှာမူ ကယ်တင်ခြင်း အပြည့်အဝ ရရှိခြင်း ဆီသို့ လမ်းကြောင်း အကြောင်းကို ရှေးယခင်ကတည်းက သခင်ယေရှုက ကျွန်မတို့ကို ပြောပြတော်မူခဲ့ပြီး ဖြစ်ပါသည်။ သမ္မာကျမ်းစာ ကျမ်းချက် အချို့ကို လေ့လာကြပါစို့ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၁၇)အမှုပြီးပြီ။ ငါသည် အာလပဖြစ်၏။ ဩမေဃ လည်း ဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ရေငတ်သော သူအား အသက်စမ်းရေကို အဘိုးမယူဘဲ ငါပေးမည်။(ဗျာဒိတ်ကျမ်း ၂၁:၆)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) သခင်က ကျွန်မတို့ကို ကယ်တင်ခြင်းအပြည့်အဝ ရရှိရန် နှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် လမ်းကို ပြတော်မူခဲ့ပြီးဖြစ်သည်။ ၎င်းမှာ ယခုနောက်ဆုံးသောကာလတွင် သခင်ယေရှုက သမ္မာတရား အားလုံးကို ဖော်ပြရန် ဒုတိယအကြိမ် ပြန်ကြွလာမည်ဖြစ်ကြောင်း ဘုရားသခင်၏ပေါ်ထွန်းမှုအတွက် ငတ်မွတ်ပြီး ရှာဖွေသူတစ်ယောက်ချင်းစီ အတွက်၊ ကိုယ်တော်သည် အသက်တာစမ်းရေကို အခမဲ့ မေးတော်မူမည် ဖြစ်သောကြောင့် ကျွန်မတို့သည် ဘုရားသခင်ထံမှ အသက်တာအသစ်၏ အသက်ရေကို ရရှိစေခဲ့သည့်အပြင်၊ ကျွန်မတို့ ဝိညာဉ်ရေးရာ အသက်တာများအတွက်လည်း ထောက်ပံ့မှုကို ရရှိခဲ့သည်။ ထို့နောက်တွင် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တို့ကို တွေ့ကြုံခံစားခြင်းမှတစ်ဆင့်၊ ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် သန့်စင်မည် ဖြစ်ပြီးလျှင်၊ ကျွန်မတို့သည် အပြစ်၏ချည်နှောင်ခြင်းများကို ဖယ်ရှားကာ၊ ဆိုးယုတ်သော မှောင်မိုက်သည့် စွမ်းအားများအားလုံးမှ ဖယ်ရှားမည် ဖြစ်ကာ၊ ကျွန်မတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်နေထိုင်မည် ဖြစ်ပါသည်။ ဘုရားသခင်၏ စမ်းသပ်မှုများ ကျွန်မတို့အပေါ်သို့ ကျရောက်လာ သည့်အချိန်တွင်၊ ကျွန်မတို့သည် မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ပြီး၊ ဘုရားသခင်ကို နာခံသူများ၊ ဘုန်းတော်ထင်ရှားစေသူများနှင့် ကျွန်မတို့ ပြုသမျှတွင် ဘုရားသခင်ကို ထင်ရှားစေသူများ ဖြစ်လာပေလိမ့်မည်။ ဤနည်းအားဖြင့် ကျွန်မတို့သည် ကယ်တင်ခြင်းအပြည့်အဝကို အမှန်တကယ်ပင် ရရှိလာပြီး၊ ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် အရည်အသွေးပြည့်ဝမည် ဖြစ်ပါသည်။

ညီအစ်ကိုမောင်နှမတို့၊ ကျွန်မတို့သည် ကယ်တင်ခံရခြင်းနှင့် ကယ်တင်ခြင်းအပြည့်အဝ ရရှိခြင်းအကြား ကွာခြားချက်ကို ရှင်းလင်းစွာ သိမြင်နိုင်ရန် နှင့် ကျွန်မတို့သည် မိမိတို့၏ နားလည်မှုလွဲခြင်းနှင့် စိတ်ကူးများ၌ အပြည့်အဝ နစ်မြုပ်နေပြီး၊ ကောင်းကင်နိုင်ငံထဲသို့ ကျွန်မတို့၏ ဝင်ရောက်ခြင်းဆိုင်ရာ ကြီးမားသည့် အဖြစ်အပျက်ကို မနှောင့်နှေးစေဖို့ သခင်က ကျွန်မတို့ကို အသိဉာဏ်ပွင့်လင်းစေပါ။ ကျွန်မတို့သည် ပညာရှိသော သတို့သမီးများ ဖြစ်ရမည့်အပြင်၊ အမြင်ကျယ်စွာဖြင့် သမ္မာတရားကို ရှာဖွေရမည်၊ သို့မှသာလျှင် ကျွန်မတို့သည် မင်္ဂလာဆောင်လုလင်၏ ပေါ်ထွန်းမှုကို အတတ်နိုင်ဆုံး အစောဆုံး ကြိုဆိုနိုင်မည် ဖြစ်ပြီး၊ သိုးသငယ်၏ မင်္ဂလာဆောင်စားတော်ပွဲကြီးကို တက်ရောက်ကာ၊ အသက်တာရေဖြင့် ရေလောင်းခံရမည် ဖြစ်သည်။ ကျွန်မတို့သည် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို တွေ့ကြုံခံစားပြီးသည်နှင့် တပြိုင်နက်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအားလုံးကို ဖယ်ရှားကာ၊ ကျွန်မတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ဆိုင်ရာ လက်တွေကျမှုတွင် အသက်ရှင် နေထိုင်နေပြီး၊ ထို့နောက် နောက်ဆုံးတွင် ကယ်တင်ခြင်း အပြည့်အဝကို ရရှိကာ၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ပေလိမ့်မည်။

ခပ်သိမ်းသောအမှုကိစ္စတွင် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားပါစေ။ အာမင်။

အမှာစကား ချန်ခဲ့မည်