စာရင်း

မိတ်ဆွေ သမ္မာကျမ်းစာထဲရှိ ကယ်တင်ခံရခြင်း၏ စစ်မှန်သည့် အနက်ကို သိပါသလား

ဝိညာဉ်ရေးရာ အမေးအဖြေမှ ညီအစ်ကိုမောင်နှမတို့၊ မင်္ဂလာပါ။

ယုံကြည်သူများ သိကြပြီးဖြစ်သည်နှင့်အညီ၊ သခင်ယေရှုသည် လူသားမျိုးနွယ်အတွက် ရွေးနှုတ်ခြင်းအမှုတော်အဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူခဲ့ပြီးဖြစ်သည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သခင်ယေရှုကို ကျွန်ုပ်တို့ နှုတ်ဖြင့် ဝန်ခံပြီး၊ ကျွန်ုပ်တို့နှလုံးသားများတွင် ကိုယ်တော်ကို ယုံကြည်သမျှကာလပတ်လုံး ကျွန်ုပ်တို့သည် ကယ်တင်ခံရကြောင်း မကြာခဏ တရားဟောကြားကြသည်။ သမ္မာကျမ်းစာတွင် ပြောထားသည်နှင့်အညီ “သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမသြဝါဒစာ ၁၀:၉-၁၁) ဟု ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့က သခင့်နာမတော်ကို လက်ခံပြီး၊ ဝန်ခံကာ၊ သခင့်ကို ဝန်ချတောင်းပန်သည့် ကာလတစ်လျှောက်လုံး၊ ကျွန်ုပ်တို့ ကယ်တင်ခံရသည်ဟု သူတို့က ယုံကြည်ကြသည်။ ပြီးနောက် ကျွန်ုပ်တို့ ကယ်တင်ခံရသည်နှင့် တပြိုင်နက် ကျွန်ုပ်တို့သည် ထာဝရ ကယ်တင်ခံရပြီဟုလည်း ယုံကြည်ကြသည်။ သို့သော်လည်း လတ်တလောတွင် ဒေသနာများ အပြင်ထွက်နားထောင်ကြသည့် ညီအစ်ကိုမောင်နှမအချို့က သခင်ယေရှုကို ယုံကြည်ခြင်း ဆိုသည်မှာ သူ့ရွေးနှုတ်ခြင်းကို လက်ခံခြင်းနှင့် လူတစ်ယောက်၏ အပြစ်များကို လွတ်ငြိမ်းခွင့်ရ ခြင်းဖြစ်သော်လည်း၊ ကယ်တင်ခြင်းကို အမှန်တကယ် ရရှိခြင်း မဟုတ်ကြောင်း ပြောကြ သည်ကို ကျွန်ုပ်ကြားခဲ့ရသည်။ ကယ်တင်ခြင်းအစစ်အမှန်အတွက်မူ ကျွန်ုပ်တို့ အသင်းတော်မှ ညီအစ်ကိုမောင်နှမများ မကြာခဏ ဆွေးနွေးကြသော်လည်း၊ ကျွန်ုပ်တို့သည် တိကျသည့် အဖြေကို မရခဲ့သေးပါ။ ထို့အပြင် ကျွန်ုပ်သည် ၎င်းကို နားမလည်နိုင်သေးပါ။ ထို့ကြောင်း ယင်းကို သင်မည်သို့နားလည်သည်ကို ကျွန်ုပ် စူးစမ်းမိသည်။ သင့်အဖြေကို စောင့်မျှော်နေပါသည်။

ခင်မင်လေးစားစွာဖြင့်

ကီးဝမ်

စစ်မှန်သည့် ကယ်တင်ခြင်း ဆိုသည်မှာ အဘယ်နည်း

မင်္ဂလာပါ ကီးဝမ်

သင့်၌ ငြိမ်သက်ခြင်းရှိပါစေ။ သခင့်ကို ကျေးဇူးတင်တယ်။ သင့်ထုတ်တဲ့ မေးခွန်းက အရမ်းကို အရေးပါ ပါတယ်။ ကယ်တင်ခြင်း၏ သမ္မာတရားကို နားလည်ခြင်းသည် ကျွန်ုပ်တို့ ကယ်တင်ခြင်း လက်ခံရရှိနိုင်ပြီး၊ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ခြင်း ရှိမရှိ ဆိုသည့် အရေးကြီးသည့် ကိစ္စနှင့် သက်ဆိုင်နေပါသည်။ ယနေ့ ကျွန်ုပ်တို့၏ ဆွေးနွေးချက်ကို သခင်က ဦးဆောင်ပါစေ။

ကယ်တင်ခြင်း၏ စစ်မှန်သည့် အဓိပ္ပါယ်သည် ပညတ်တော်ခေတ်၌ ရှိသည်

ပထမဦးစွာ ဓမ္မဟောင်းကျမ်းတွင် ကယ်တင်ခြင်းအကြောင်း မည်သို့ ပြောထားသည့်ကို ကြည့်ကြပါစို့။ “ယေဟောဝါ၏ အမည်နာမကို ပန်ကြားသောသူ မည်သူမဆို ကယ်နုတ်ခံရလိမ်မည်။” (ယောလအနာဂတ္တိကျမ်း ၂:၃၂) “အကျွန်ုပ်သည် ချမ်းသာရပါမည်အကြောင်း မစတော်မူပါ။ အထုံးအဖွဲ့တော်တို့ကို အစဉ်အမြဲ ထောက် ရှုပါမည်။” (ဆာလံကျမ်း ၁၁၉:၁၁၇) ပညတ်တော်ခေတ်တွင် ကယ်တင်ခံရခြင်းသည် ယေဟောဝါဘုရားသခင်၏ နာမတော်ကို ခေါ်ဆိုခြင်းနှင့် ဘုရားသခင် သတ်မှတ်တော်မူခဲ့သည့် တရားတော်များနှင့် ပညတ်တော်များကို လိုက်နာခြင်းတို့မှ ရလဒ်များဖြစ်ကြောင်း ဤကျမ်းချက်များက ကျွန်ုပ်တို့ကို ပြနေပါသည်။ ပညတ်တော်ခေတ်တွင် ဘုရားသခင်ပြုသည့် အမှုတော်ကို ပူးပေါင်းခြင်းနှင့် ယင်းအားဖြင့် အောင်မြင်ရရှိသည့် ရလဒ်တို့ဖြင့် ကျွန်ုပ်တို့သည် ထိုခေတ်တွင် ကယ်တင်ခြင်း၏ စစ်မှန်သောအဓိပ္ပါယ်ကို ပို၍ကောင်းမွန်စွာ နားလည်နိုင်ပါသည်။ ကျွန်ုပ်တို့ သိပြီးဖြစ်သည့်အတိုင်း အာဒံနှင့် ဧဝတို့သည် ဧဒင်ဉယျာဉ်တွင် အသက်ရှင်နေထိုင်ခဲ့သည့်အချိန် အစပိုင်း၌ ကမ္ဘာကြီးသည် သဟဇာတပြည့်ဝခဲ့ပြီး၊ ဖောက်ပြန်ပျက်စီးခြင်း သို့မဟုတ် ပဋိပက္ခလည်း မရှိခဲ့ပါ။ ဘုရားသခင်၏ စောင့်ရှောက်မှု နှင့် ကွယ်ကာခြင်းတို့အောက်တွင် သူတို့သည် ပျော်ရွှင်စွာ အသက်ရှင်နေထိုင်ခဲ့ကြသည်။ သို့သော်လည်း သူတို့သည် ဘုရားသခင်၏ အမိန့်ကို အာခံပြီး၊ ကောင်းမကောင်းသိကျွမ်းရာအပင်မှ အသီးကို စားခဲ့ပြီးကတည်းက လူသားသည် အပြစ်ရှိလာခဲ့သည်။ အာဒံနှင့် ဧဝတို့သည် ဧဒင်ဉယျာဉ်မှ မောင်းထုတ်ခံရပြီးနောက် ကမ္ဘာသည်လည်း အကြမ်းဖက်မှုဖြင့် စတင်ပြည့်နှက်လာခဲ့သည်။ ဥပမာအားဖြင့် ကာဣနသည် သူ၏ ညီအာဗေလကို မနာလိုစိတ်ကြောင့် သတ်ဖြတ်ခဲ့သော်လည်း သူသည် အပြစ်ကျူးလွန်ခဲ့မှန်းကို မသိခဲ့ပါ။ နောက်ပိုင်းတွင် လူသားမျိုးနွယ်သည် ပို၍ပို၍ ဖောက်ပြန်ပျက်စီးလာပြီး၊ အချင်းချင်း သတ်ဖြတ်ကြသည်မှာ သူတို့၏ ဆိုးယုတ်ပြီး အကျင့်ပျက်မှုသည် အထွဋ်အထိပ်သို့ ရောက်ခဲ့ပါသည်။ ထို့ကြောင့် ဘုရားသခင်က သူတို့ကို ရေကြီးမှုဖြင့် ဖျက်ဆီးခဲ့သည်။ နောဧသည် ဘုရားသခင်ကို နာခံခဲ့ပြီး ဝတ်ပြုကိုးကွယ်ခဲ့သောကြောင့် လူရှစ်ဦးရှိသည့် နောဧမိသားစုသည် ယေဟောဝါဘုရားသခင် ရှေ့တော်မှောက်တွင် ကျေးဇူးတော်ကို ရရှိပြီး အသက်ရှင်ခဲ့ကာ၊ လူသားသည် ဆက်လက်တည်ရှိပြီး၊ ရှေ့ဆက် ဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။ နောက်ပိုင်းတွင် လောတအချိန်၌ လူသား၏ သဘာဝသည် အလွန်ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးကာ၊ ကိုယ်ကျင့်သိက္ခာကင်းမဲ့လာကာ၊ ရုပ်ထုများနှင့် ဆိုးယုတ်သော ဝိညာဉ်များကို ဝတ်ပြုကိုးကွယ်ကာ၊ လူသတ်မှု၊ လုယက်မှုနှင့် ခိုးယူမှုတို့ကို ကျူးလွန်သောကြောင့် ဘုရားသခင်သည် အပြစ်ရှိသော မြို့များဖြစ်သည့် သောဒုံနှင့် ဂေါမောရတို့ကို ကောင်းကင်ဘုံမှ မီးဖြင့် ဖျက်ဆီးခဲ့သည့်အပြင်၊ လောတနှင့် သူသမီးနှစ်ယောက်တို့ကိုသာ ကယ်တင်တော်မူခဲ့သည်။ လူသားမျိုးနွယ်သည် ဤသို့သာ ဆက်နေပါက ဘုရားသခင်၏ ဖျက်ဆီးခြင်းကို တစ်ဖန်ခံရမည် ဖြစ်သည့်အပြင်၊ မည်သည့်အရာမျှ မရှိသည့် အရာသို့ ပြန်သွားရမည် ဖြစ်ပါသည်။ ထို့ကြောင့် သူတို့ကို ကယ်တင်ရန်၊ ယေဟောဝါ ဘုရားသခင်သည် ပညတ်တော်ခေတ် အမှုတော်ကို စတင်ခဲ့ပြီး၊ သူတို့၏ အမူအကျင့်ကို ကန့်သတ်ရန် တရားတော်များနှင့် ပညတ်တော်များကို ကြွေးကြော်သတ်မှတ်ကာ၊ ၎င်းတို့အား ကမ္ဘာပေါ်တွင် ပုံမှန်အားဖြင့် အသက်ရှင်နေထိုင်ရန် လမ်းပြခဲ့ပါသည်။ လူများသည် ဘုရားသခင်၏ တရားတော်များကို ကျင့်ကြံစောင့်ထိန်းပါက၊ သူတို့သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို ရရှိမည် ဖြစ်ပြီး၊ မဟုတ်ပါက သူတို့သည် ထိုက်သင့်သည့် အပြစ်ဒဏ်ကို ခံရမည် ဖြစ်ပါသည်။ တရားတော်များနှင့် ပညတ်တော်များကြောင့် ဣသရေလလူမျိုးများသည် တဖြည်းဖြည်း ဘုရားသခင်ကို ကြောက်ရွံ့သော နှလုံးသားများ ဖြစ်ပေါ်လာခဲ့သည်။ ထို့အပြင် သူတို့သည် ဤပညတ်တော်များနှင့် တရားတော်များကို လိုက်နာခြင်းကြောင့် ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်းတို့ကို ရရှိခဲ့သည်။ ထိုအချိန်တွင် လူများအပြစ်ကျူးလွန်ပါက သူတို့သည် အပြစ်ဖြေရန်အတွက် မီးရှို့ပူဇော်ခြင်းများ ပြုလုပ်နိုင်သည်။ ဤနည်းဖြင့် သူတို့သည် အပြစ်မှ လွှတ်ခံရခြင်းကြောင်း လူများသည် သေခြင်းတရားကို ရှောင်ရှားနိုင်သည်။ ဤသည်မှာ ပညတ်တော်ခေတ်၌ ကယ်တင်ခြင်း၏ စစ်မှန်သည့် အဓိပ္ပါယ်ပင် ဖြစ်ပါသည်။ ထိုခေတ်တွင် ဣသရေလလူမျိုးတို့သည် ယေဟောဝါ ဘုရားသခင်ကို ခေါ်ဆိုခြင်း နှင့် တရားတော်များနှင့် ပညတ်တော်များကို လိုက်နာခြင်းတို့ကြောင့် ကယ်တင်ခံခဲ့ရသော်လည်း၊ သူတို့သည် ထာဝရကယ်တင်ခံ ရမည်ဟု မဆိုလိုပါ။

ကျေးဇူးတော်ခေတ်၌ ကယ်တင်ခြင်း၏ စစ်မှန်သည့် အဓိပ္ပါယ်

ပညတ်တော်ခေတ် အဆုံးတွင် လူများသည် စာတန်၏ ပို၍ဆိုးရွားစွာ ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံရပြီး၊ အပြစ်၌ အသက်ရှင်နေထိုင်ကြသောကြောင့် သူတို့သည် တဖြည်းဖြည်းချင်း ပညတ်တော်များအားဖြင့် လိုက်နာကျင့်ကြံရန် အရေးနိမ့်ခဲ့ကြသည်။ ထို့ကြောင့် လူများသည် ပူဇော်ခြင်းများပြုလုပ်ရန် အတွက် ယေဟောဝါ ဘုရားသခင်၏ သတ်မှတ်ချက်များကို သိရှိကြသော်လည်း၊ သူတို့၏ ပညတ်တော်ကို အလွန်အမင်း ချိုးဖောက်ခြင်းနှင့် စင်ကြယ်သော ပူဇော်ခြင်းများကို လိုအပ်ခြင်းတို့ကြောင့်၊ သူတို့သည် နောက်ဆုံးတွင် ၎င်းတို့၏ အပြစ်များအတွက် ဖြေဖို့ရာ မျက်မမြင်သော၊ ခြေလက်မသန်သော အရာများကဲ့သို့ ပူဇော်ခြင်းများဖြင့် ဘုရားသခင်ကို မသင့်တော်သည့် ပူဇော်ခြင်းများပြုလုပ်ရန် အသုံးပြုခဲ့သည်။ ရလဒ်အနေဖြင့် သူတို့က ပညတ်တော်ကို ချိုးဖောက်ခြင်းကြောင့် အပြစ်ဒဏ်ခံခြင်းနှင့် သေဒဏ်ပေးခံရခြင်း ဘေးအန္တရာယ်များကို ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတိုင်း ဘုရားသခင်သည် သူ၏အမှုတော်ကို ပြုရန် ကိုယ်တော်တိုင် ဇာတိပကတိဖြစ်လာခဲ့သည်။ ယင်းမှာ ကျွန်ုပ်တို့၏ ကယ်တင်ပိုင်ရှင် သခင်ယေရှုသည် ရွေးနှုတ်ခြင်းအမှုတော်ကို ပြုရန် ကမ္ဘာဆီသို့ ကြွလာခြင်းဖြစ်သည်၊ လူသား၏ အပြစ်ဖြေရာယဇ်အဖြစ် အစေခံခဲ့သောကြောင့် လူသား၏ အပြစ်များကို လွှတ်ပေးကာ၊ ပညတ်တော်အောက်မှ လူသားကို ကယ်တင်ခြင်း၊ တရားတော်၏ စီရင်ခြင်းမှ လူများကို သက်သာရာရစေခြင်းတို့ ဖြစ်စေခဲ့သည်။ ထို့နောက်တွင်မှသာ လူသားသည် ဘုရားသခင်ရှေ့တော်မှောက်တွင် ဆုတောင်းရန်၊ ကိုယ်တော်နှင့် မိတ်သဟာယပြုရန်၊ သခင်ပေးကမ်းသည့် အလျှံပယ်ဖြစ်သော ကျေးဇူးတော်နှင့် သမ္မာတရားတို့ကို နှစ်သက်ခံစားပြီး၊ အပြစ်ကျူးလွန်သောကြောင့် တရားတော်၏ သေဒဏ်စီရင်ခြင်းကို မခံရတော့ပေ။ ဤသည်မှာ ကျေးဇူးတော်ခေတ်မှ စစ်မှန်သည့် အဓိပ္ပါယ် ဖြစ်ပါသည်။ ဤသည်မှာ သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ဤနှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အဓိပ္ပါယ် ဖြစ်ပါသည်၊ “သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” (ရောမသြဝါဒစာ ၁၀:၉)

ကယ်တင်ခံရခြင်းသည် ထာဝရကယ်တင်ခံရခြင်းနှင့် တူညီပါသလား

ခရစ်ယာန် ညီအစ်ကိုမောင်နှမများစွာတို့အားလုံးက ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်သမျှ ကာလပတ်လုံး၊ ကျွန်ုပ်တို့သည် ကယ်တင်ခံရပြီး၊ ကျွန်ုပ်တို့ ကယ်တင်ခံရသည်နှင့် တပြိုင်နက်၊ ကျွန်ုပ်တို့သည် ထာဝရကယ်တင်ခံရသည့်အပြင်၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခံရပြီး၊ သခင်နှင့် စားတော်ပွဲကြီးကို စားသုံးရမည် ဖြစ်ကြောင်း ယုံကြည်ကြပါသည်။ သို့သော်လည်း သခင်ယေရှုသည် လူသား၏အပြစ်ရှိသော သဘာဝ နှင့် ဆိုးယုတ်သော စိတ်သဘောထားများအစား လူသားတို့၏ အပြစ်များကိုသာ ဖြေရှင်းခဲ့ပါသည်။ ထို့ကြောင့် လူသားသည် ဆိုးယုတ်သော သဘာဝကို ပိုင်ဆိုင်ဆဲဖြစ်ပြီး၊ အပြစ်ကျူးလွန်ခြင်းနှင့် ဝန်ခံခြင်း ၏ ဆိုးရွားသည့် သံသရာထဲတွင် အသက်ရှင်နေထိုင်ကြကာ၊ အပြစ်ရှိသည့် သဘာဝ၏ ထိန်းချုပ်မှုနှင့် ချည်နှောင်မှုတို့ကို မဖယ်ရှားနိုင် သို့မဟုတ် စာတန်၏ စွမ်းအားမှ ရုန်းထွက်မလွတ်မြောက်နိုင်ကြပါ။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို မကြာခဏ လိမ်လည်ပြီး လှည့်စားကြသည်၊ လူတိုင်းသည် ကိုယ်ကျိုးအတွက်သာဖြစ်၍ သူတစ်ပါးအတွက် ထည့်တွက်ခြင်းသည် လုံးဝမရှိ ကဲ့သို့သော စာတန်၏ ဘဝ ဒဿနမျိုးဖြင့် ကျွန်ုပ်တို့ အသက်ရှင်နေထိုင်နေဆဲ သာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျော်ကြားမှု၊ အဆင့်အတန်းနှင့် ကိုယ်ပိုင် အကျိုးအမြတ် တို့အတွက် အချင်းချင်း အခွင့်ကောင်းယူသည်၊ ကျွန်ုပ်တို့သည် အချင်းချင်း ယှဉ်ပြိုင်ကာ၊ သတ်ဖြတ်ကြသည်၊ ကျွန်ုပ်တို့သည့် တစ်ကိုယ်ကောင်းဆန်ကာ၊ မာနထောင်လွှားပြီး၊ လှည့်စားကြသည်၊ သာမာန်လူ့သဘာဝ၏ အသိစိတ်နှင့် အမှားအမှန်ခွဲခြားနိုင်မှုတို့ အပြည့်အဝ ဆုံးရှုံးကြသည်၊ သဘာဝနှင့် လူလုပ်သော ဘေးအန္တရာယ်များ၊ ညှင်းပန်းနှိပ်စက်ခြင်းများ၊ ဘေးဒုက္ခများကို ကြုံတွေ့ရသည့်အခါတွင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အထင်မှားကာ၊ အပြစ်တင်ပြီး၊ သစ္စာပင်ဖောက်ကြသေးသည်၊ အလုပ်လုပ်ခြင်းနှင့် မိမိကိုယ်ကို အသုံးခံခြင်းများ၌ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် အလဲအထပ် ပြုကြသည်၊ ကျွန်ုပ်တို့သည် ကောင်းကင်ဘုံ၏ သရဖူနှင့် ကောင်းကြီးမင်္ဂလာများ အတွက် ပင်ပန်းစွာ အလုပ်လုပ်သည်။ ကျွန်ုပ်တို့သည် သခင့် ပညတ်တော်များကို မစောင့်ထိန်းနိုင်၊ သူ့နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင် သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့သော နှလုံးသားတစ်စုံ မရှိသောကြောင့် ကျွန်ုပ်တို့ အားလုံးသည် အပြစ်၌ အသက်ရှင်နေထိုင်ကာ၊ မခံစားနိုင်သည့် နာကျင်မှုကို ခံစားကြရသည်။ “ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသော အရာတစုံတခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်း မူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။” (ရောမသြဝါဒစာ ၇:၁၈) ဟု သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထား သကဲ့သို့ ဖြစ်လေသည်။ သခင့်ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိတို့အပြစ်များကိုသာ ဖြေရှင်းခဲ့သော်လည်း၊ ကျွန်ုပ်တို့၏ အပြစ်ရှိသော သဘာဝသည် ပြောင်းလဲခြင်းမရှိသောကြောင့် ကျွန်ုပ်တို့သည် သတိမမူမိပဲနှင့် အပြစ်များကျူးလွန်ကြဆဲဖြစ်သည်။ ကျွန်ုပ်တို့ကဲ့သို့ လူများသည် ကယ်တင်ခြင်းရရှိသူများဟု ခေါ်ဝေါ်နိုင်ပါသလား။ သခင်ယေရှုက “ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” (ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) ဟု မိန့်တော်မူခဲ့သည်။ သခင့်နှုတ်ကပတ်တော်များပေါ်တွင် အခြေခံကာ၊ ကျွန်ုပ်တို့သည် အပြစ်ကို မကြာခဏ ကျူးလွန်နေဆဲဖြစ်သည်နှင့် အညီ၊ ကျွန်ုပ်တို့သည် အပြစ်၏ကျွန်များဖြစ်သည်ဟု ဆိုလိုသည်။ ကျွန်ုပ်တို့ အပြစ်များ၏ ဇစ်မြစ်သည် ဖြေရှင်းပြီးခြင်း မရှိပါက၊ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ရရှိမည် မဟုတ်ပါ။

စစ်မှန်သည့် ကယ်တင်ခြင်းသည် မည်သည့်အရာကို ညွှန်းဆိုသနည်း

ကောင်းကင်နိုင်ငံတော်ထဲသို့ လူသား၏ ဝင်ရောက်မှုအတွက် စံနှုန်းကို ကြည့်ကြပါစို့။ ဗျာဒိတ်ကျမ်းတွင် “အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” (ဗျာဒိတ်ကျမ်း ၁၄:၅) ဟု ပရောဖက်ပြုထားသည်။ ဘုရားသခင်၏နိုင်ငံတော်ကို နောက်ဆုံးတွင် ဝင်ရောက်သူများသည် သူတို့၏အပြစ်များမှ သန့်စင်ခံရပြီးသော ရိုးသားသူများဖြစ်ကြောင်း ဤအချက်က ကျွန်ုပ်တို့ကို ပြောပြနေသည်။ သို့သော်လည်း ကျွန်ုပ်တို့သည် လိမ်ညာဆဲ၊ လှည့်စားမှုများပြုဆဲ နှင့် မကြာခဏ အပြစ်ကျူးလွန်ဆဲဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကယ်တင်ခံရပြီးသည်နှင့် တပြိုင်နက် မည်သို့ ထာဝရကယ်တင်ခံရမည်နည်း။ စစ်မှန်သည့် ကယ်တင်ခြင်းဆိုသည်မှာ အဘယ်နည်း။

သမ္မာကျမ်းစာထဲတွင် “နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၁:၄-၅) “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) ဟု ပြောထားသည်။ သခင်ယေရှုက “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ဟု ပရောဖက်ပြုခဲ့သည်။ ကျွန်ုပ်တို့သည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရကြောင်း နှင့် နောက်ဆုံးသောကာလ၌ ထုတ်ဖော်သည့် ကယ်တင်ခြင်းကို လက်ခံဖို့ လိုသေးကြောင်း ဤကျမ်းချက်များမှ ကျွန်ုပ်တို့အား ပြောနေပါသည်။ နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ် သန့်စင်ခံရရန် နှင့် ကယ်တင်ခံရရန် တို့အတွက် လိုအပ်ချက်များဆိုင်ရာ သမ္မာတရားအားလုံးကို ဖော်ထုတ်ရန် သခင်က ပြန်ကြွလာမည် ဖြစ်ပြီး၊ လူသားအနေဖြင့် ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိရန် နှင့် ဘုရားသခင်၏ ရယူခြင်းကို နောက်ဆုံးတွင် ခံရရန် တို့အတွက် လူသား၏ ဆိုးယုတ်သော စိတ်သဘောထားကို အပြည့်အဝ ဖြေရှင်းဖို့ရာ ဘုရားသခင်၏ အိမ်တော်ရာမှ စတင်သည့် တရားစီရင်ခြင်းအမှုတော်ကို ပြုမည် ဖြစ်သည်။ သို့မှသာလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် အလဲအထပ်လုပ်ရန် သို့မဟုတ် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာနှင့် ကျေးဇူးတော်တို့ကို လက်ခံရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ခြင်း မျိုး ရှိတော့မည် မဟုတ်ပါ။ ထိုအစား ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် ဖန်ဆင်းခံသတ္တဝါများအဖြစ် ကျွန်ုပ်တို့၏ တာဝန်ကို ဖြည့်ဆည်းရန် နှင့် သမ္မာတရားနှင့် အသက်တာတို့ကို ရရှိရန် တို့အတွက် ယုံကြည်ကြမည် ဖြစ်သည်။ ထိုအချိန်တွင် အသက်တာနှင့် စံနှုန်းများအပေါ် ကျွန်ုပ်တို့၏ ထင်မြင်ချက်များနှင့် သဘောထားအမြင်များ တို့သည်လည်း ဘုရားသခင်နှင့် သဟဇာတ ဖြစ်လာကာ၊ ကျွန်ုပ်တို့၏ အသက်တာ စိတ်သဘောထားတွင် ပြောင်းလဲခြင်းများ ရရှိမည့်အပြင်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို နာခံသော၊ ကြောက်ရွံ့ရိုသော၊ ပြီးနောက် ချစ်သော သူများဖြစ်လာမည်။ သို့မှသာလျှင် ကျွန်ုပ်တို့သည် အမှန်တကယ် ကယ်တင်ခံရသူများဖြစ်သည်။ ဗျာဒိတ်ကျမ်းတွင် “အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သော ငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။(ဗျာဒိတ်ကျမ်း ၂၂:၁၄) ဟု ပြောထားသကဲ့သို့ပင် ဖြစ်ပါသည်။ ထို့ကြောင့် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် သန့်စင်ခြင်းကို တွေ့ကြုံခံစားပြီးမှသာလျှင် စာတန်၏ မှောင်မိုက်သောစွမ်းအားကို ဖယ်ရှားနိုင်ပြီး၊ ကျွန်ုပ်တို့၏ အသက်တာ စိတ်သထေားသည် သန့်စင်ပြီးပြောင်းလဲကာ၊ ကျွန်ုပ်တို့ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထား၏ ထိန်းချုပ်မှုများနှင့် ကန့်သတ်ချက်များမှ လွတ်မြောက်နိုင်ကာ၊ ဘုရားသခင်ကို နာခံပြီး ကြောက်ရွံ့ရိုသေမည် ဖြစ်သည့်အပြင်၊ အပြစ်ကျူးလွန်ခြင်းပြီးနောက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူ၊ ဘုရားသခင်ကို နာခံပြီး ကြောက်ရွံ့ရိုသူ၊ အပြစ်ကျူးလွန်ခြင်းမရှိပဲ၊ ဘုရားသခင်ကို ခုခံသူတို့ဖြစ်သည်။ သို့မှသာလျှင် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်ရန် နှင့် ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းကြီးမင်္ဂလာများကို ရယူရန် အရည်အချင်းပြည့်ဝမည် ဖြစ်သည်။

အထက်မှ အရာများအားလုံးသည် စစ်မှန်သည့် ကယ်တင်ခြင်းအကြောင်း ပြောပြချက်အချို့ဖြစ်သည်။ သင့်ထံတွင် မေးခွန်းအချို့ရှိပါက၊ ကျွန်ုပ်တို့ကို စာရေးသားပါက၊ ကျွန်ုပ်တို့သည် သံဓိဌာန်အတွက် သမ္မာတရားကို အတူတကွ ရှာဖွေနိုင်ပါသည်။ ဘုရားသခင်က သင့်အား ကောင်းကြီးမင်္ဂလာပေးပါစေ။

ခင်မင်လေးစွားဖြင့်

ဝိညာဉ်ရေးရာ နှီးနှောတင်ပွဲမှုမှ ဝမ်းကျောင်း

သက်ဆိုင်သည့် အကြောင်းအရာ-

အမှာစကား ချန်ခဲ့မည်