စာရင်း

ဘုရားသခင်လူသားတို့ကို ကယ်တင်ခြင်း၏အမှုတော်ကို ဘယ်လိုသိကျွမ်းရမလဲ

လက်ဝါးကပ်တိုင်ပေါ်မှာ သခင်ယေရှုက အမှုပြီးပြီ (ရှင်ယောဟန် ၁၉:၃၀) ဟု ပြောလိုက်သည့်စကားက မည်သည့်အရာကို ရည်ညွှန်ပြီးပြောခဲ့သနည်း။ ရွေးနုတ်ခြင်းအမှုက ဆုံးခန်းတိုင်သွားပြီဟု ပြောခြင်းလား သို့မဟုတ် ဘုရားသခင်၏ လူသားများကို အပြည့်အဝကယ်ဆယ်ခြင်းအလုပ် ဆုံးခန်းတိုင်သည်ဟု ပြောခြင်းလား။ ထိုအချိန်က လူများက ဤအဖြေကို သိနိုင်ခဲ့ပါသလား။ အမှန်မှာမူ မည်သူမျှ မသိခဲ့ပါ ဟု ပြော၍ရပါသည်။ သခင်ယေရှုက အမှုပြီးပြီ  ဆိုသည့် စကားကိုသာ ပြောသွားခဲ့သည်၊ ဘုရားသခင်၏ လူသားများကိုကယ်တင်သည့်အလုပ် ပြီးသွားပြီဟု ပြောခဲ့ခြင်းမဟုတ်ပါ။ သခင်ယေရှု အမှုပြီးပြီ ဟု ပြောခဲ့သည့်စကားအပေါ် မည်သည့်လူသားမျှ စစ်မှန်စွာ နားလည်နိုင်မည် မဟုတ်ပါ။ လူများက သခင့်၏ စကားများကို သူ့၏ ကိုယ်ပိုင် စိတ်ကူးအယူအဆများနှင့် အဘယ့်ကြောင့် ရှင်းပြရဲသနည်း။ “အမှုပြီးပြီ  ဆိုသည့်စကားကို အဘယ့်ကြောင့် ထင်ရာမြင်ရာ အဓိပ္ပါယ်ဖွင့်ဆိုရဲကြသနည်း။ ဤသည်မှာ သခင့်၏ နှုတ်ကပတ်တော်မှာ လူများ၏ကိုယ်ပိုင်အမြင်ကို ထည့်ပေါင်းပြီးလျှောက်ပြောနေခြင်း သက်သက်သာ ဖြစ်သည်။ အားလုံးပဲ စဉ်းစားကြည့်ကြပါ။ သခင်ယေရှု၏ အမှုပြီးပြီ ဆိုသည့်စကားက ဘုရားသခင်၏ လူသားများအပေါ် ကယ်ဆယ်ခြင်း အလုပ်ပြီးသွားပြီ ဖြစ်ကြောင်းကို ရည်ညွှန်းခဲ့သည်ဆိုပါက...သခင်က အဘယ့်ကြောင့် ဤဗျာဒိတ်ကို ထားခဲ့သနည်း။ သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။(ယော ၁၆:၁၂-၁၃) နောက်ပြီး ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်း ၁၂ စာပိုဒ် ၄၇-၄၈ မှာ မှတ်တမ်းတင် ထားသေးသည်။ သခင်ယေရှုမိန့်မှာခဲ့သည့်စကားအရ ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။ သခင်ယေရှု၏ နှုတ်ကပတ်တော် များမှာ သခင်က အမှန်တရားကို ထုတ်ဖော်ပြပြီး တရားစီရင်သည့်အလုပ်ကို လုပ်ဆောင်ဦးမည်ဟု အရှင်းသား ဖော်ပြထားပါသည်။ သမ္မာကျမ်းစာ ထဲမှာပင် ဗျာဒိတ်ပေး ထားသည်။ ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(၁ ပေ ၄:၁၇) သင်းအုပ်ဆရာနှင့် အကြီးအကဲများပြောကဲ့သို့ သခင်ယေရှု လက်ဝါးကပ်တိုင်မှာ စတေးခံလိုက်ရသည်မှာ လူသားမျိုးနွယ်ကို ကယ်တင်သည့်အမှု အဆုံးသတ်ခြင်းဆိုပါက သခင်ယေရှု၏ ဟောကိန်းတစ်ခုဖြစ်သည့် သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ဆိုသည့်စကားများက မည်ကဲ့သို့ မှန်ကန်နိုင်တော့မည်နည်း။ သခင်ယေရှု ပြန်ရောက် လာပြီး သမ္မာတရားကို ဖွင့်ဟကာ တရားစီရင်မှု လုပ်မည်ဆိုသည့် ဟောကိန်းက ပျက်မသွားပါလား။ ထို့ကြောင့်် သင်းအုပ်ဆရာနှင့် အကြီးအကဲများ ပြောစကားက သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် လုံးဝမကိုက်ညီ သကဲ့သို့၊ ဘုရားသခင်၏ စစ်မှန်သည့် လုပ်ဆောင်မှုများနှင့်လည်း မကိုက်ညီတော့ပါ။ သခင်ယေရှု ဆောင်ရွက်ခဲ့သည့် အရာများက လူသားမျိုးနွယ်ကို ရွေးနှုတ်ခြင်းအမှု ဖြစ်ကြောင်း ကျွန်မတို့အားလုံး သိသင့်ပါသည်။ ကျွန်မတို့ လုပ်သင့်သည်မှာ သခင်ယေရှုကို လက်ခံရမည်။ သူ့ရှေ့မှာ အပြစ်များကိုဝန်ခံ နောင်တရကြပါက၊ ကျွန်မတို့၏ အပြစ်များက ခွင့်လွှတ်ပေးခြင်းခံကြရမည် ဖြစ်သည်။ ဤကဲ့သို့ ခွင့်လွှတ်ခံရပါက၊ ကျွန်မတို့အနေနှင့် သခင့်ဆီမှာ ဆုတောင်းဖို့ အရည်အချင်း ပြည့်မီသွားမည် ဖြစ်ပြီး၊ သခင်ပေးမည့် ကျေးဇူးတော်ကို ခံစားခွင့်ရကြမည် ဖြစ်သည်။ အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ ပညတ်တော်များ၏ ဒဏ်ခတ်ခြင်းကို ကျွန်မတို့ခံကြရတော့မည် မဟုတ်ပါ။ ဤသည်မှာ သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုကနေ ရလာသည့် အကျိုးဆက်ဖြစ်သည်။ ဤသည်မှာ ကျွန်မတို့ ခဏခဏပြောနေကြသည့် ယုံကြည်မှုကြောင့် ကယ်တင်ခြင်းခံရသည် ဆိုသည့် စာပိုဒ်၏ အဓိပ္ပာယ်ဖြစ်သည်။ သခင်ယေရှု၏ လုပ်ဆောင်မှုကနေ ရလာသည့် ရလဒ်ကို ကြည့်ချင်းအားဖြင့် သခင်ယေရှု၏ အလုပ်က လူသားများ အတွက် ပေးဆပ် စတေးခံမှုသက်သက် ဖြစ်ကြောင်းကို ပြနေပါသည်။ နောက်ဆုံးကာလများမှာ လူသားများကို ပြီးပြည့်စုံအောင် သန့်စင်ပေးတာများ တရားစီရင်ပေးသည့် အလုပ် လုံးဝမဟုတ်ပါ။ သခင်ယေရှုအပေါ် ကျွန်မတို့၏ယုံကြည်မှုက ကျွန်မတို့၏ အပြစ်များကို ဆေးကြောပေးပြီး၊ ကျွန်မတို့ကလည်း သိသာသည့် အပြစ်များကို မကျူးလွန်ဘဲ ကောင်းကောင်းမွန်မွန်နေကြသော်လည်း၊ ကျွန်မတို့က အပြစ်များကနေ သေချာကင်းကွာသွားပြီး သန့်စင်ပြီး၊ ကယ်တင်ခြင်း အပြည့်အဝရရှိခြင်း မဖြစ် မဟုတ်ပါလား။ ကျွန်မတို့က မုသားများကို ခဏခဏပြောပြီး မကောင်းမှုများကို လုပ်မိနေကြဆဲ မဟုတ်ပါ လား။ ကျွန်မတို့က လောဘကြီးသည့် ကာယကံမှုများ လိမ်လည် လှည့်ဖြားချင်သည့် စိတ်မျိုးများက ဖြစ်တတ်လာဆဲ မဟုတ်ပါလား။ တခြားသူများကို မနာလိုဖြစ်ဆဲ၊ မုန်းတီးဆဲ မဟုတ်ပါလား။ ကျွန်မတို့၏ နှလုံးသားများမှာလည်း၊ မာနတရားများ မောဟများ ကိန်းအောင်းနေဆဲ မဟုတ်ပါလား။ လောကအရာများကို တုပနေဆဲပါလား။ စည်းစိမ် ချမ်းသာကို ဖက်တွယ်ပြီး ဂုဏ်ကို မက်မောနေဆဲပါလား။ တချို့က တရုတ်ကွန်မြူနစ်အစိုးရက လိုက်ဖမ်း၍ မိသွားသည့်အခါမျိုးမှာ ဘုရားသခင်ကိုပင် အပြစ်တင်ချင်တတ် ကြပါသည်။ ဘုရားသခင်ကို ငြင်းဆန် သစ္စာဖောက်ကြောင်း စာနှင့်ထွက်ဆိုချက်များပင် ပေးကြသည်။ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်မှု နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ထုတ်ဖော်ပြောပြ နေခြင်းနှင့် ပတ်သက်ပြီး လူများက သူတို့နှစ်သက်ရာ အတွေး စိတ်ကူးများကို အခြေခံကာ ဘုရားသခင်၏ လုပ်ဆောင်မှုများကိုပင် ဝေဖန်ပြောဆိုမှုများ လုပ်လာကြသည် မဟုတ်ပါလား။ ထို့ကြောင့်် သခင့်ကို ကျွန်မတို့ ယုံသည့်အတွက် ကျွန်မတို့၏ အပြစ်များမှနေ သက်သာခွင့်ပဲရခြင်း ဖြစ်သည်။ သို့သော်လည်း စာတန်၏သဘာဝနှင့် စိတ်သဘောထားတို့က ကျွန်မတို့အတွင်းထဲမှာ ရှိနေဆဲပါဖြစ်သည်။ ထို့ကြောင့်် ဘုရားသခင်ကို ကျွန်မတို့ အပြစ်လုပ်ခြင်းများ အာခံခြင်းများ ဖြစ်လာသည်။ ကျွန်မတို့ ကိုယ်တွင်း အပြစ်နှင့်ပြည့်သည့် သဘာဝကို မဖြေရှင်းပါက၊ ဘုရားသခင်ကို အာခံမိကြမည်ဖြစ်သည်၊ သစ္စာဖောက်မိ ကြမည်ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်ကို ရန်သူကဲ့သို့ သတ်မှတ်လာလိမ့်မည်။ ထိုကဲ့သို့လူမျိုးက ကောင်းကင်နိုင်ငံတော် ဝင်ရဖို့ အရည်အချင်းရှိသည်ဟု သင်တို့ပြောမလား။ ယခု ရှင်းလင်းသွားပြီဟု ထင်ပါသည်။ အမှုပြီးပြီ  ဟု သခင်ယေရှုပြောခဲ့သည့်စကားက ဘုရားသခင်၏ ရွေးနှုတ်ခြင်းအမှု ပြီးဆုံးသွားပြီဟုသာ ဆိုလိုခြင်း ဖြစ်သည်။ အသေချာဆုံးမှာမူ လူသားမျိုးနွယ်များကို ကယ်တင်ဖို့ အလုပ်အားလုံးက ပြီးသွားပြီဟု ဆိုလိုခြင်း မဟုတ်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးကာလမှာ လူဇာတိခံယူခြင်းက သမ္မာတရားကို ထုတ်ပြောပြဖို့ ဘုရားသခင်၏ အိမ်တော်ကနေ အစပြုပြီး တရားစီရင်မှုအလုပ်ကို လုပ်ဆောင်ဖို့ ဖြစ်သည်။ ဤကြွလာမှုက လူများကို အပြည့်သန့်စင်ပေးပြီး၊ အပြည့်ကယ်တင်ပေးနိုင်ဖို့နှင့် လူသားများ၏ ကိုယ်တွင်းက မကောင်းမှုနှင့်ဆိုင်သည့် အခြေခံကျသည့် ပြဿနာများကို ဖြေရှင်းပေးဖို့ လာခြင်းဖြစ်သည်။ လူများကို အပြစ်များကနေ လွတ်ကင်းပြီး သန့်စင်မှုကို ရရှိစေဖို့ အပြီးသတ် ကယ်ဆယ်မှုကို ရရှိပြီး ဘုရားသခင်၏ နိုင်ငံတော်ထဲကို ဝင်ခွင့်ရဖို့ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် အချို့ကို ရွတ်ဖတ်လိုက်ရအောင်။ သို့ပါမှ ပိုပြီးရှင်းရှင်း လင်းလင်း နားလည်လာနိုင်မည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သည်မှာ မှန်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ ကံကောင်းလိုက်မည့် ဖြစ်ခြင်း။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးခဲ့ပြီ။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်အလို့ငှာ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင်လုပ်ရမည်။ သင်သည် အကယ်၍ ရွေးနုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် မွန်မြတ်သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ မကြာသေးမီက ရွေးနုတ်ခံရသော အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက်အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။” (အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍)

မည်ကဲ့သို့သော လူမျိုးကို ငါနှစ်သက်သည်ကို သင်သိရမည်။ မသန့်စင်သော ထိုသူများအား နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြု၊ မသန့်စင်သော ထိုသူများအား သန့်ရှင်းသောမြေကို ညစ်ညူးစေရန် အခွင့်မပြု။ သင်သည် များစွာသော အလုပ်တို့ကို လုပ်ဆောင်ခဲ့ပြီး၊ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်ငြားလည်း၊ အဆုံး၌ သင်သည် ဆိုးရွားစွာပင် ညစ်ညမ်းနေဆဲ ဖြစ်မည်ဆိုပါက၊ သင် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအတွက် သည်းမခံနိုင်စရာပင် ဖြစ်သည်။ လောကကြီးအား အုတ်မြစ်ချသည့် အချိန်မှစ၍ ယနေ့အထိ၊ မည်သည့်အခါမျှပင် ငါသည် ငါ့အား မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ လွယ်ကူစွာ ဝင်နိုင်ခွင့်ကို မပေးခဲ့။ ဤအရာသည် ကောင်းကင်ဆိုင်ရာ စည်းမျဉ်းပင် ဖြစ်ပြီး၊ ယင်းအား မည်သူမျှ မချိုးဖောက်နိုင်။(အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်)

ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။(ကျမ်းဦးစကား မှ)

လူသည် ရွေးနုတ်ခြင်း မခံရမီ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အမြစ်စွဲလျက် ရှိပြီးဖြစ်သည်၊ စာတန်၏ ဖျက်ဆီးခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက် လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်နေသောသဘာဝ ရှိလာခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ လူသားကို ရွေးနုတ်ပြီးသောအခါ ယင်းသည် လူကိုအဖိုးအခကြီးစွာ ပေးဝယ်ရသည့် ရွေးနုတ်ခြင်းထက် ဘာမျှမပိုဘဲ သူ့အတွင်းတွင်ရှိသည့် အဆိပ်သင့်သော သဘာဝကမူ ဖယ်ထုတ်ခြင်းကို မခံရပေ။ ညစ်ညမ်းလွန်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို တွေ့ကြုံရန် လိုအပ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ လူသားသည် သန့်ရှင်းပြီး ပြောင်းလဲအောင် ပြုခံရနိုင်ရန်အလို့ငှာ ယနေ့မျက်မှောက်တွင် အလုပ်အားလုံးကို လုပ်ဆောင်ပြီးစီးခဲ့ခြင်းဖြစ်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့်သာမက စစ်ဆေးခြင်းအားဖြင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းအောင်ပြုခြင်းကို ခံရနိုင်သည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ယူဆမည့်အစား သန့်ရှင်းစင်ကြယ်စေခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။(လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

နောက်ဆုံးသောကာလ၏ အမှုသည် အရာအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပိုင်းခြားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်၊ အကြောင်းမှာ အချိန်သည် နီးလာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ့နိုင်ငံတော်သို့ ဝင်လာသူအားလုံးကို၊ အဆုံးတိုင်အောင် သူ့ကို သစ္စာရှိသူများအားလုံးကို ဘုရားသခင်ကိုယ်တိုင်၏ ခေတ်အတွင်းသို့ ဆောင်ယူ၏။ သို့သော် ဘုရားသခင်ကိုယ်တိုင်၏ခေတ် မရောက်လာမီတွင် ဘုရားသခင်၏အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်၊ သို့မဟုတ် လူသား၏ အသက်တာကို စုံစမ်းမှုပြုရန် မဟုတ်ဘဲ၊ လူသား၏မနာခံမှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ပလ္လင်ရှေ့သို့ ရောက်လာသူတိုင်းကို သန့်စင်ပေးလိမ့်မည် ဖြစ်သောကြောင့်တည်း။ ယနေ့ချိန်ထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးတို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာရောက်ကြသူများ ဖြစ်ကြသည့်အတွက် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောလူအယောက်စီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောသူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။(ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

နောက်ဆုံးသော ကာလသည် ရောက်ရှိလာပြီ ဖြစ်သည်။ ဖန်ဆင်းထားသော အရာအားလုံးကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး သူတို့၏သဘာဝအပေါ်မူတည်၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားလိမ့်မည်။ ယင်းအချိန်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ရလဒ်နှင့် သူတို့၏ ခရီးဆုံးပန်းတိုင်ကို ဖော်ထုတ်သည့် အချိန်ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံရပါက သူတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုများကို ဖော်ထုတ်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာလျှင် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်သည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှုပြုသူများကို မကောင်းသောသူများ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးသည် သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း ခံရလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖန်ဆင်းခံအားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်ခြင်းဖြင့် မကောင်းသောသူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရလိမ့်မည်။ ယင်းအလုပ်များအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရမည်။ လူသား၏ ဖောက်ပြန်ခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီး သူ၏ မနာခံခြင်းသည်လည်း အလွန်အကျွံ ဆိုးဝါးလာနေခြင်းကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာလျှင်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားသော စိတ်သဘောထားသည်သာလျှင်၊ နောက်ဆုံးသောကာလတွင် ဖော်ထုတ်ခြင်းခံရသော စိတ်သဘောထားသည်သာလျှင် လူသားကို အပြည့်အဝ ပြောင်းလဲပြီး စုံလင်စေလိမ့်မည်။ ဤစိတ်သဘောထားသည်သာလျှင် မကောင်းမှု ပြုသူများကို ဖော်ထုတ်နိုင်ပြီး ထိုသို့အားဖြင့် မဖြောင့်မတ်မှုအားလုံးကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးနိုင်သည်။ (ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှု၏ အနှစ်သာရသည် လူသားတို့ကို သန့်ရှင်းစေရန်ဖြစ်ပြီး ယင်းသည် နောက်ဆုံးသော အနားယူရာနေ့အတွက်ဖြစ်သည်။ သို့မဟုတ်ပါက လူသားမျိုးနွယ်တစ်ရပ်လုံးသည် သူတို့၏ ကိုယ်ပိုင်အမျိုးအစားနောက်သို့ လိုက်နိုင်ကြမည်မဟုတ်ပေ၊ သို့မဟုတ် အနားယူခြင်းထဲသို့ ဝင်ရောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤအမှုသည် လူသားအတွက် အနားယူခြင်းထဲသို့ ဝင်ရောက်ရန် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားမျိုးနွယ်ကို သူတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်အကြားမှ မနာခံသော ထိုအရာများကို ဖော်ထုတ်လိမ့်မည်။ ထိုသို့ဖြင့် ကယ်တင်ခြင်း ခံရနိုင်သူတို့ကို မခံရနိုင်သူတို့နှင့် ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများနှင့် ခွဲခြားထားလိမ့်မည်။ သူ၏အမှုပြီးဆုံးသောအခါ ကျန်ရှိမည့်သူများသည် သန့်စင်စေခြင်း ခံကြရမည်ဖြစ်ပြီး လူသားမျိုးနွယ်၏ ပို၍မြင့်သောနယ်ပယ်သို့ သူတို့ဝင်ရောက်သည်နှင့် ပိုမိုပျော်ရွှင်ဖွယ်ကောင်းသော ဒုတိယလူသားဘဝကို ကမ္ဘာမြေပေါ်တွင် ခံစားကြရမည်။ တစ်နည်းအားဖြင့်ဆိုသော် သူတို့သည် လူသား၏ အနားယူရာနေ့ထဲသို့ ဝင်ရောက်ကြမည်ဖြစ်ပြီး ဘုရားသခင်နှင့်အတူ နေထိုင်ကြလိမ့်မည်။ မကျန်ရှိနိုင်သော သူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံကြရပြီးနောက်တွင် သူတို့၏ မူလရုပ်ဆင်းသဏ္ဌာန်မှာ လုံးဝဥဿုံ ထုတ်ဖော်ခြင်းခံရလိမ့်မည်။ ထို့နောက်တွင် သူတို့အားလုံးသည် စာတန်ကဲ့သို့ပင် ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ်လူသားတို့တွင် ဤကဲ့သို့သောလူများ ဆက်လက်ပါဝင်တော့မည် မဟုတ်ပေ၊ ထိုလူများသည် လုံးဝအနားယူရာပြည်အတွင်းသို့ ဝင်ရောက်ရန် မထိုက်တန်ကြသကဲ့သို့ ဘုရားသခင်နှင့် လူသားတို့ မျှဝေခံစားကြမည့် အနားယူရာနေ့ရက်ကို ဝင်ရောက်ရန်လည်း မထိုက်တန်ကြပေ။ အကြောင်းမှာ ထိုသူတို့သည် အပြစ်ဒဏ်ပေးခြင်းကိုခံရမည့် ပစ်မှတ်များဖြစ်ကြပြီး ကောက်ကျစ်စဉ်းလဲသူများဖြစ်ကာ သူတို့သည် မဖြောင့်မတ်သောလူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။...မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် သူ၏နောက်ဆုံးအမှုသည် လူသားအားလုံးကို လုံးဝသန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ထိုသို့အားဖြင့် သူသည် သန့်ရှင်းသော လူသားအားလုံးကို ထာဝရအနားယူခြင်းထဲသို့ ဆောင်ယူသွားရန်ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံးအလုပ်ဖြစ်သည်။ ယင်းမှာ သူ့စီမံခန့်ခွဲမှု အလုပ်တစ်ခုလုံး၏ နောက်ဆုံးအဆင့်ဖြစ်သည်။” (ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)

အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကနေ ရရှိသည့် ရလဒ်များနှင့် ရည်ရွယ်ချက်အကြောင်းကို ရှင်းရှင်းလင်းလင်း မိန့်မြွက်ထားပါသည်။ ဤစကားများမှနေ သိရသည်မှာ၊ နောက်ဆုံးကာလမှာ ဘုရားသခင်၏ တရားစီရင်မှု အလုပ်များက လူသားမျိုးနွယ်ကို အလုံးစုံသန့်စင်ပေးပြီး၊ ကယ်တင်ပေးသည့် အလုပ်ဖြစ်ကြောင်းကိုသေချာသွားစေပါသည်။ သခင်ယေရှု လုပ်ဆောင်ခဲ့သည့် ရွေးနှုတ်ခြင်းအမှုက နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို လမ်းဖွင့်ပေးခဲ့ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှု၏ အခြေခံအုတ်မြစ်ပေါ်ကနေ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုကို လုပ်ဆောင်ပါသည်။ လူသားမျိုးနွယ်ကို မကောင်းမှုများကနေ လုံးဝ သန့်စင်ပေးပြီး ဘုရားသခင်၏ နိုင်ငံတော်ထဲ ဝင်ခွင့်ရအောင် လုပ်ပေးတာဖြစ်သည်။ ဘုရားသခင်က ဤကဲ့သို့ လုပ်ဆောင်ခြင်းက အရမ်းလက်တွေ့မကျပါလား။ ကျွန်မတို့က သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုကိုသာလက်ခံပြီး၊ နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုကို လက်မခံပါက ဘုရားသခင်၏ နိုင်ငံတော်ထဲကို ဝင်ခွင့်ရဖို့ မည်ကဲ့သို့ အရည်အချင်းပြည့်မီတော့မည်နည်း။ ဘုရားသခင်ကို ယုံကြည်ဖို့ဆိုပါက ဘုရားသခင်၏ အမှုတော်ကိုလည်း နားလည်ဖို့လိုပါသည်။ ဤသည်မှာ သိပ်အရေးကြီးပါသည်။ သို့သော်လည်း ဘာသာရေးလောကက လူအများစုက ကယ်တင်ခြင်းအပေါ် ယုံကြည်ရာမှာ ယုံကြည်မှု တစ်ခုတည်းကိုသာ အားထားနေကြသည်။ သူတို့က သခင့်ကို ယုံကြည်ခြင်းက အပြစ်များကို ခွှင့်လွှတ်ပေးသည်၊ ပြဿနာအားလုံးကို ဖြေရှင်းပေးသည့်၊ သနားကြင်နာစိတ်ကြီးသည့် သခင်က လူတစ်ဦးကျူးလွန်သမျှ အပြစ်အားလုံးကို ခွင့်လွှတ်ပေးမည်ဟု ယုံနေကြသည်။ ယုံကြည်ခြင်းနှင့်ပင် အားလုံးကို ကောင်းကင်နိုင်ငံတော်ဆီ ခေါ်သွားခံရမည် ထင်နေခြင်းဖြစ်သည်။ ထို့ကြောင့်် သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးကာလ တရားစီရင်မှုကို လက်ခံဖို့ ငြင်းနေခြင်းဖြစ်သည်။ ဤသည်မှာ မည်ကဲ့သို့ ပြဿနာမျိုးဖြစ်သနည်း။ ထိုသို့သော လူမျိုးများက ဘုရားသခင်၏ အလုပ်များကို နားလည်နိုင်ဦးမလား။ ဘုရားသခင်၏ မှန်ကန်သည့် သဘောထားကို နားလည်နိုင်ဦးမလား။ ဘုရားသခင်က သူ့ကို ပုန်ကန်ပြီး ဆန့်ကျင်သည့် စာတန်ကဲ့သို့ လူကို သူ့၏နိုင်ငံတော်ကို ဝင်ခွင့်ပေးလိမ့်မည်ဟု ပြောမလား။ ပေးမည်မဟုတ်ပါ။ ထိုကဲ့သို့လူမျိုးများ ဘုရားသခင်နိုင်ငံတော်ထဲ ဝင်လာပါက၊ မည်ကဲ့သို့ ရလဒ်မျိုးရမည်ကို စဉ်းစားကြည့်ပါ။ ဥပမာတစ်ခုလောက် စဉ်းစားကြည့်ရအောင်။ ယေဟောဝါဘုရားသခင်ကိုသာ ယုံကြည်သည့် ဣသရေလများကို ဘုရားသခင်နိုင်ငံတော်ထဲ ခေါ်ခဲ့မည်ဆိုပါက၊ မည်သည့်အရာများ ဖြစ်လာမည်ဟု ထင်ပါသနည်း။ သူတို့က လူ့ဇာတိခံယူသည့် ဘုရားသခင်ဖြစ်သည့် သခင်ယေရှုကိုပင် လက်မခံခဲ့ပါ။ ပြီးလျှင် သခင်ယေရှုကို အသရေဖျက်ဖို့ နည်းမျိုးစုံနှင့် ကြိုးစားခဲ့ကဲ့သို့ လက်ဝါးကပ်တိုင်ပေါ်မှာပင် သခင်ယေရှုကို ရိုက်ထားခဲ့သေးသည်။ ဤကဲ့သို့ ဘုရားသခင်ကို ရူးမိုက်စွာ ဆန့်ကျင်သည့် ဤစာတန် အမျိုးအစားများက ကောင်းကင်နိုင်ငံတော်အတွင်းကို ခေါ်ယူခံရပါက၊ ဘုရားသခင်ကို ဆက်လက် ဆန့်ကျင်နေကြဦးမလား။ သူတို့ ပုန်ကန်ကြမလား။ သခင့်၏အာဏာကို လုယူဖို့ ကြိုးစားကြမလား။ သခင်ယေရှုက ဂျူးဝတ်ပြုကျောင်းများမှာ အဘယ့်ကြောင့် တရားသွားမဟောခဲ့သနည်း။ သင်သိပါသလား။ ဂျူးကိုးကွယ်မှု၏ ဘုန်းကြီးခေါင်းဆောင်များ၊ ကျမ်းပြုသူများနှင့် ဖာရိရှဲများက တော်တော်ဆိုးယုတ်သည့်အတွက် ဖြစ်ပါသည်။ သူတို့က မည်သည့်အရာမဆို ကျူးလွန်နိုင်သည်။ အားလုံးသိထားသည့် အတိုင်းပင် သခင်ယေရှုကို သူတို့ဖမ်းဆီးပြီးသည့် နောက်တွင် ရိုက်နှက် နှိပ်စက်ပြီး တံတွေးများနှင့်ပင် ထွေးခဲ့ကြသည်။ ပြီးလျှင် ရောမအစိုးရထံ ကားစင်တင်ခံရဖို့ပင် အပ်ခဲ့ကြသည်။ သခင်ယေရှုက သူတို့သည် စေတန်၏ဖမ်းစားမှု ခံထားရကြောင်း သိသည့်အတွက် ဂျူးဘုရားကျောင်း များမှာ သွားတရားမဟောခဲ့ပါ။ ယခုနောက်ဆုံးကာလ သခင်ယေရှု ပြန်လာပြီးသည့်နောက် သူက အသင်းတော်များကို အဘယ့်ကြောင့် မသွားခဲ့သနည်း။ အသင်းတော်များ၏ ခေါင်းဆောင်များက အရမ်းကို ဆိုးဝါးလာကြ သောကြောင့် ဖြစ်သည်။ လူ့ဇာတိခံယူထားသည့် အနန္တတန်ခိုးရှင်ဘုရားသခင်က အသင်းတော်များကို သွားပါက၊ သူတို့က သေချာပေါက် ရဲကို ခေါ်ကြမှာဖြစ်သည်။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို တရုတ်ကွန်မြူနစ်အစိုးရဆီ ကျိမ်းသေပေါက်ကို အပ်ကြမှာ မဟုတ်ပါ။ ယခု ကျွန်မတို့ရော အနန္တတန်ခိုးရှင်ဘုရားသခင် အကြောင်း ပြောပြဖို့ ဘုရားကျောင်း များထဲကို သွားရဲပါသလား။ အနန္တတန်ခိုးရှင်ဘုရားသခင်အကြောင်းကို သူတို့ကို ပြောပြခဲ့ပါက၊ သူတို့က သေချာပေါက်ဝိုင်းဖမ်းပြီး သိက္ခာချကြမည်။ ပြည်သူ့လုံခြုံရေး အဖွဲ့ဆီကိုပင် အပ်ကြလိမ့်မည်။ ဤကဲ့သို့ အကြောင်းချင်းရာများကြောင့် ယနေ့ခေတ် ဘုရားကျောင်း များက ယခင်က ဂျူးဘာသာဝင်တို့၏ ဂျူးဘုရားကျောင်းများကဲ့သို့ ဖြစ်သည်။ ၎င်းတို့က ဘုရားသခင်ကို နှင်ထုတ်မည်၊ ဆန့်ကျင်မည်၊ ရှုတ်ချကြမည် နေရာများသာ ဖြစ်ပါ သည်။ ထိုသို့ ဖြစ်နေခြင်း မဟုတ်ပါ လား။ ဤသည်မှာ လူသားမျိုးနွယ်က မည်မျှအထိပျက်စီး နေကြောင်းကို ပြနေခြင်းဖြစ်သည်။ သူတို့က အမှန်တရားကို စိတ်ကုန်နေပြီး၊ အမှန်တရားကို ငြင်းဆန်နေ ကြသည်။ သူတို့အားလုံးက ဘုရားသခင် ဆိုက်ရောက်လာမှုကို ငြင်းပယ်ပြီး၊ စေတန်၏ လက်ပါးစေများကဲ့သို့ ဖြစ်ကာ ဘုရားသခင်ကို ဆန့်ကျင်နေကြပြီ။ အကယ်၍ ဘုရားသခင်သာ နောက်ဆုံးကာလမှာ လူ့ဇာတိကိုခံယူပြီး၊ အမှန်တရားကို ချမပြပါက လူများကို တရားစီရင်ပြီး မသန့်စင်ပေးပါက၊ လူသားမျိုးနွယ်က ဘုရားသခင်ကို ဆန့်ကျင်၍ ဘုရားသခင်၏ ချေဖျက်ခြင်းကို ခံကြရလိမ့်မည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ယခုတွင်၊ ကားတိုင်ထက်တွင် သခင်ယေရှု နောက်ဆုံးပြောခဲ့သည့်အရာမှာ၊ အမှုပြီးပြီ (ယော ၁၉:၃၀) ဖြစ်သည်ဟု ထောက်ပြသော လူအချို့ ရှိသည်။ထို့နောက် ၎င်းတို့က၊ “သခင်ယေရှုက လူသားအတွက် အပြစ်ဖြေရာယဇ်အနေနဲ့ အစေခံခဲ့ချိန်မှာ၊ သူဟာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှုတော်ကို ပြီးမြောက်ခဲ့တယ်။ သခင်ယေရှုကို ကျွန်တော်တို့ ယုံကြည်ကြလို့ ကျွန်တော်တို့ရဲ့ အပြစ်တွေ ခွင့်လွှတ်ခံခဲ့ရပြီးပါပြီ။ ယုံကြည်ခြင်းတစ်ခုထဲအားဖြင့် ကျွန်တော်တို့ ဖြောင့်မတ်စေခြင်းကို ခံခဲ့ကြရပြီး၊ အဲဒါကြောင့် ကောင်းကင်နိုင်ငံတော်ကို ကျွန်တော်တို့ ဝင်နိုင်မှာပါ။ ကျွန်တော်တို့အနေနဲ့ သခင့်ရဲ့ ချီဆောင်ခြင်းကို စောင့်ဖို့ပဲ လိုပါတယ်” ဟု ဆိုကြသည်။ သို့မဟုတ် ၎င်းတို့က၊ “ အရာရာက အဆင်သင့်ပဲ၊ ချီဆောင်ခြင်းပဲ ကျွန်တော်တို့ လိုအပ်တယ်” ဟု ဆိုတတ်ကြသည်။ ဤဖော်ပြချက်သည် မှန်ကန်ကြောင်းအတည်ပြုထားပါသလား။ အတည်မပြုထားပါ။ ကျွန်ုပ်တို့ အပြစ်များ ခွင့်လွှတ်ခြင်းခံခဲ့ရပြီးဖြစ်သည်ဟုသာ ကျွန်ုပ်တို့ အတည်ပြုနိုင်သည်၊ ဟုတ်ပါသလော။ ကျွန်ုပ်တို့အပြစ်များ ခွင့်လွှတ်ခြင်းခံရသည်ဟု မည်သို့ ကျွန်ုပ်တို့ သေချာနိုင်ပါသနည်း။ မည်သည့် အပြစ်မျိုးကို သင်ကျူးလွန်မိသည်ဖြစ်စေ၊ သင့်အနေဖြင့် ဆုတောင်းပြီး သင်၏အပြစ်ကို ဝန်ခံဖို့ရန်သာ လိုပြီး ဝမ်းမြောက်ခြင်း၊ ငြိမ်ချမ်းခြင်းကို သင်ခံစားရလိမ့်မည်ဖြစ်ကာ သင်၏ စိတ်ဝိညာဉ်သည် အပြစ်၏ ချည်နှောင်ခြင်းမှ လွတ်မြောက်လိမ့်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် အပြစ်မှ လွတ်မြောက်သောအခါ လုံးဝ လွတ်မြောက်မှုကို ခံစားရသည်။ ဤသည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့်၊ အပြစ်ဖြေရာယဇ်သည် လုံးဝ မှန်ကန်ပြီး သခင်ယေရှုအပေါ် ယုံကြည်သူအားလုံး ၎င်းတို့၏ အတွေ့အကြုံများမှတဆင့် အတည်ပြုနိုင်ကြသော အရာဖြစ်သည်။ သို့သော်၊ သခင်ယေရှုက၊ “သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့်၊ သင်တို့ ကယ်တင်ခြင်းရပြီး အပြစ်ကနေ လုံးလုံးလျားလျား လွှတ်မြောက်မယ်။ တကယ်လို့ သင်တို့ သခင်ယေရှုကို ယုံကြည်ရင်၊ဘုရားသခင်အားဖြင့် ချီးကျူးခံရပြီး ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရမှာပါ” ဟု မပြောခဲ့ပါ။ ဤအရာကို သခင်ယေရှု မပြောခဲ့သလို ယင်းအတွက် သက်သေအထောက်အထား မရှိပါ။ အဘယ်ကြောင့် သက်သေအထောက်အထား မရှိသနည်း။ လူ့၏ အပြစ်များ ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း သူ၏အတွင်းပိုင်း ဆိုးယုတ်သည့် စိတ်သဘောထားနှင့် သူ၏ အပြစ်နှင့် ပြည့်သော သဘာဝများသည် ခွင့်လွှတ်ခြင်းခံခဲ့ရပြီးပြီလော။ မခံရပါ။ သခင်ယေရှုက၊ “သင်တို့၏ အပြစ်များ ခွင့်လွှတ်ခြင်းခံရသည်နှင့်တပြိုင်နက်၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်သည်” ဟု ဆိုခဲ့ပါသလား။ သခင်ယေရှုက၊ “သင်သည် ငါ့ကို ယုံကြည်ဖို့ရန်သာလိုပြီး ကောင်းကင်နိုင်ငံတော်တွင် သင့်အတွက် နေရာတစ်နေရာ ရှိလိမ့်မည်” ဟို ဆိုခဲ့ဖူးပါသလား။ ယင်းကို သခင် ဘယ်သောအခါမျှ မမိန့်ဆိုခဲ့ဖူးပါ။ သခင်ယေရှု မည်သည့်အရာကို မိန့်ဆိုခဲ့ပါသနည်း။ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (မဿဲ ၇:၂၁)ထို့ကြောင့်၊ “ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလို” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုပါသနည်း။ ယင်းမှာ၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရမည်၊ ဘုရားသခင်၏ နည်းလမ်းကို လိုက်လျှောက်ရမည်၊ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သော သမ္မာတရား လမ်းကို လက်တွေ့လုပ်ဆောင်ရမည်ဟု ဆိုလိုသည်။ လူတစ်ဦးသည် ဘုရားသခင် သူ့ကို တောင်းဆိုသမျှအား လုပ်ဆောင်ရမည်ဖြစ်ပြီး ဘုရားသခင် လုပ်ဆောင်ရန် တောင်းဆိုသမျှအရာတိုင်း၊ လိုက်နာရန် ဘုရားသခင် တောင်းဆိုသမျှအရာတိုင်း နှင့် သစ္စာရှိစွာ လိုက်လျှောက်ရန် ဘုရားသခင် တောင်းဆိုသမျှအရာရာတိုင်းကို သူဆုပ်ကိုင်ထားရမည်ဖြစ်ပြီး သို့မှသာ ကောင်းကင်နိုင်ငံတောထဲသို့ သူဝင်ရောက်နိုင်ပေသည်။ သို့သော်၊ ကျေးဇူးတော်ခေတ်တွင်၊ လူမည်မျှသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ခဲ့ပါသနည်း။ တစ်ဦးမျှ မရှိပါ။ ထို့ကြောင့်၊ ကျေးဇူးတော်ခေတ်၏ အမှုတော်မှာ ရွေးနှုတ်ခြင်းအမှု၏ အဆင့်တစ်ခုဖြစ်ခဲ့သည်ဟု ကျွန်ုပ်တို့ ဆိုနိုင်သည်။ သခင် ပြန်ကြွလာသောအခါ၊ ဘုရားသခင် ရှေ့မှောက်သို့ လာကြသော လူအားလုံးကို သန့်စင်စေရန် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်အဆင့်ကို လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း သမ္မာကျမ်းစာထဲတွင် ပရောဖက်ပြုထားပါသည်။ တနည်းအားဖြင့်၊ ဘုရားသခင်သည် ခေတ်ကို သူအဆုံးမသတ်မီ နောက်ဆုံးသောကာလတွင် အားလုံးကို ၎င်းတို့၏ ကိုယ်ပိုင်အမျိုးအစားအလိုက် ခွဲခြားခြင်းအမှုဖြစ်သော၊ သန့်စင်ခြင်း အမှုတော်၏ အဆင့်တစ်ခုကို ဆောင်ရွက်ဖို့ရှိနေပါသည်။ သခင်ယေရှု ပရောဖက်ပြုခဲ့သည့် ဂျုံပင်များမှ တောရိုင်းပင်များ၊ မိုက်မဲသော အပျိူကညာများမှ ပညာရှိ အပျိုကညာများ၊ သိုးများကို ဆိတ်များမှခွဲခြားခြင်းနှင့် ကောင်းသော အစေခံများကို ဆိုးသော အစေခံများမှ ခွဲခြားခြင်းတို့ဖြစ်သည့်ဤအရာများအားလုံး အမှန်ဖြစ်လာပါလိမ့်မည်။ နောက်ဆုံးသော ကာလအတွင်းတွင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာထဲတွင် ပရောဖက်ပြုထားသကဲ့သို့ လူတို့ကို တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်း အမှုတော်၏ အဆင့်တစ်ဆင့်ကို ဆောင်ရွက်ပါလိမ့်မည်။ ဥပမာအားဖြင့်၊ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။ (၁ ပေ ၄:၁၇) ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသောအမွေတည်း။ (၁ ပေ ၁:၅) ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာ ၁၆:၁၆)ထိုကြောင့်၊ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။(ဗျာ ၃:၃)အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သောယေရှုရှလင်မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင်မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။(ဗျာ ၃:၁၂) ဤပရောဖက်ပြုချက်များအားလုံးသည် သခင်ပြန်ကြွလာသောအခါ လုပ်ဆောင်ပြီးမြောက်မည့် အမှုတော်ကို ရည်ညွှန်းသည်။ ဤအရာက ပညတ်တော်ခေတ်မှ ခေတ်ကို အဆုံးသတ်ရန် သခင် ပြန်ကြွလာခြင်းအချိန်အထိတွင်၊ အမှုတော်၏ အဆင့်သုံးဆင့် ရှိသည်ကို သက်သေပြသည်။ ဤသည်မှာ မှန်ကန်ပြီး သမ္မာကျမ်းဆိုင်ရာ ပရောဖက်ပြုချက်များတွင် တွေ့ရပါသည်။ ကျေးဇူးတော်ခေတ်၏ အမှုတော်သည် ရွေးနှုတ်ခြင်းအမှုတော် ဖြစ်ခဲ့ပေသည်။ယင်းမှာ လူသားမျိုးနွယ်၏ အပြစ်နှင့်ပြည့်သော သဘာဝကို ပယ်ရှင်းရန် သန့်စင်ခြင်းအမှုတော် သေချာပေါက် မဟုတ်ခဲ့ပေ။ မိမိ၏ အပြစ်နှင့် ပြည့်သော သဘာဝ လုံးဝ ပယ်ရှင်းခံခဲ့ရပြီးသော သခင်ယေရှု၌ ယုံကြည်သူတစ်ဦးတစ်ယောက်မျှ မရှိပါ။ ခွင်လွှတ်ခြင်းခံရပြီးနောက် အပြစ်ထပ်မံမလုပ်သောသူ တစ်ဦးတစ်ယောက်မျှ မရှိပါ။ ၎င်းတို့၏ စိတ်သဘောထားများ လုံးလုံးပြောင်းလဲခြင်း ရရှိပြီးသောသူ တစ်ဦးမျှ မရှိပါ။ ဘုရားသခင်ကို အမှန်တကယ် သိရှိသောသူ တစ်ဦးမျှ မရှိပါ။ ဤအရာများသည် ဤကိစ္စရပ်၏ အမှန်တရားများ ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင်၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို နှစ် ၂၀၀၀ ကြာ ယုံကြည်ခဲ့ကြသော်လည်း အခြေခံကျသော ပြဿနာ ငါးရပ်က မဖြေရှင်းပဲ ကျန်နေခဲ့၏။ ပထမ၊ လူသားမျိုးနွယ်၏ အပြစ်နှင့် ပြည့်သည့် ဆိုးယုတ်သော သဘာဝ၏ ပြဿနာကို မဖြေရှင်းထားပါ။ ဒုတိယ၊ လူသားမျိုးနွယ်က ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားကို မကြာခဏ ဖော်ပြခြင်း ပြဿနာမှာ မဖြေရှင်းထားပါ၊ တတိယ၊ လူတစ်ဦးစီ၏ အသက်တာ စိတ်သဘောထား ပြောင်းလဲခြင်း ပြဿနာမှာ မဖြေရှင်းခဲ့ပါ၊ စတုတ္ထ လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင်ကို မည်သို့ သိရှိပြီး နာခံသင့်သည်နှင့် ဆိုင်သော ပြဿနာကို လုံးလုံးလျားလျား မဖြေရှင်းခဲ့ပေ။ ပဉ္စမ၊ လူသားမျိုးနွယ်သည် သန့်စင်ခြင်းကို အဘယ်သို့ ရရှိနိုင်သည်နှင့် ဆိုင်သော ပြဿနာမှာ လုံးဝ မဖြေရှင်းထားခဲ့ပါ။ ဤအခြေခံကျသော ပြဿာနာ ငါးရပ်မှာ ဖြေရှင်းမထားပဲ ကျန်ခဲ့ပြီး ကျေးဇူးတော်ခေတ် ဘုရားသခင်၏ အမှုတော်မှာ ရွေးနှုတ်ခြင်း အမှုတော်နှင့်ဆိုင်သော အဆင့်တစ်ခုဖြစ်ပြီး လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှုတော် နောက်ဆုံးအဆင့် မဟုတ်သည်ကို သက်သေပြနေပေသည်။ ကျေးဇူးတော်ခေတ်၏ အမှုတော်သည် နောက်ဆုံးသော ကာလ ကယ်တင်ခြင်းအမှုတော်အတွက် လမ်းခင်းပေးပြီး အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးခဲ့ရုံမျှသာ ဖြစ်ပေသည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

ကယ်တင်ခြင်းခံရသည်မှာ အတိအကျ မည်သည့်အရာကို ဆိုလိုပါသနည်း။ ဘာသာတရားထဲရှိ လူတို့သည် ကားတိုင်ပေါ်တွင် သခင်ယေရှု၏ နောက်ဆုံးသော စကားများမှာ အမှုပြီးပြီ(ယော ၁၉း၃၀) ဖြစ်သည့်အတွက်၊ သခင်ယေရှု၌ သင်ယုံကြည်ခြင်းရှိပြီး သင်၏အပြစ်များ ခွင့်လွှတ်ခံရသရွေ့၊ ဤသည်မှာ သင် ကယ်တင်ခြင်းခံရသည်ဟု ဆိုလိုကြောင်း ယုံကြည်ကြသည်။ ဘာသာတရားထဲရှိ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို မသိကြသောကြောင့် ဘုရားသခင်ပြောခဲ့သောအရာများကို အဓိပ္ပါယ်ကောက်လွဲကြလေသည်။ သခင်ယေရှုက အမှုပြီးပြီ ဟု ဆိုချိန်တွင် မည်သည့်အရာကို ရည်ညွှန်းခဲ့ခြင်း ဖြစ်ပါသနည်း။ သူသည် ဘုရားသခင်၏ ရွေးနုတ်ခြင်းအမှုတော် ပြည့်စုံခြင်းကို ရည်ညွှန်းပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် ပြီးစီးခြင်းကို ရည်ညွှန်းခြင်း မဟုတ်သည်မှာ သေချာပါသည်။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုတော်ကို မသိရှိသောသူတို့သည် သူပြောခဲ့သောအရာကို နားလည်မှုလွဲလေ့အရှိဆုံးဖြစ်ပြီး သူ၏ အမှုတော်ကို ဝေဖန်တတ်လေ့အရှိဆုံးဖြစ်သည်။ ထို့ကြောင့်၊ ကယ်တင်ခြင်းကို ရရှိခြင်းမှာ နောက်ဆုံးတွင် အဘယ်အရာနည်း။ အပြစ်ခွင့်လွှတ်ခြင်းမှာ စစ်မှန်သော ကယ်တင်ခြင်းလော။ မဟုတ်ပါ။ အပြစ်ခွင့်လွှတ်ခြင်းက နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်အတွက် အခြေခံကို ပြင်ပေးရုံသာ ရှိသည်၊ ယင်းက အခြေခံအုတ်မြစ်တစ်ခုကို ထူထောင်ပေးသည်။ ဘုရားသခင်၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတော်မှာ လက်တွေ့အရှိတရားတွင် ကျေးဇူးတော်ခေတ်ထဲက အပြစ်ဖြေရာယဇ်၏ အခြေခံအပေါ် တည်ထောင်ထားသော နောက်ဆုံးသောကာလ အမှုတော် ဖြစ်သည်။ လူ၏ အပြစ်များ ဖြေလွှတ်ခံရပြီး လူသားမျိုးနွယ်သည် ဘုရားသခင့် အမှုတော်ကို ရရှိဖို့ သူ၏ရှေ့မှောက်သို့ လာရန် အရည်အချင်းရှိသည်မှာ အပြစ်ဖြေရာယဇ်ကြောင့်သာ ဖြစ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ နောက်ဆုံးသောကာလ၏ စပ်သပ်မှုများနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့်သာ၊ လူသည် စာတန်၏သြဇာလွှမ်းမိုးမှုနှင့် သူ၏ ဆိုးယုတ်သော သဘာဝ၏ ထိန်းချုပ်မှုမှ အမှန်တကယ် ကယ်တင်ခံရပြီး လွတ်မြောက်ခဲ့ပေသည်။ နောက်ဆုံးသောကာလ၏ အမှုတော်သာ စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခဲ့သည့် လူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ပြီး စာတန်၏ သြဇာလွှမ်းမိုးမှုမှ ကယ်တင်နိုင်ကာ လူကို ဘုရားသခင်ထံတော်သို့ လုံးလုံးလျားလျား ပြန်လှည့်စေခြင်းရည်မှန်းချက်ကို ဖြစ်မြောက်အောင်မြင်စေသည်။ ထို့ကြောင့်၊ တစ်စုံတစ်ဦးသည် သူ၏ ယုံကြည်ခြင်းတွင် နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံရလျှင် ကယ်တင်ခြင်းသို့ အမှန်တကယ် မရောက်ရှိနိုင်ပါ။...

ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်တော်မူသည်။ လူ၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီးနောက်၊ လူ၏ ဆိုးယုတ်သော သဘာဝဖြစ်သည့် သူ၏အပြစ်ပြုခြင်း အရင်းအမြစ်မှာ ဖယ်ရှားခြင်း မခံရသေးချေ။ ထုံးစံအတိုင်း လူသည် ဘုရားသခင်ကို အာခံရင်းနှင့် သစ္စာဖောက်ရင်း ရှေ့ဆက်လျှင်၊ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ အကယ်၍ ဘုရားသခင်သည် သူ့ကို အာခံပြီး သစ္စာဖောက်နေနိုင်ဆဲဖြစ်သော လူကို သူ၏နိုင်ငံတော်ထဲသို့ ချီပင့်ခဲ့လျှင်၊ ဤအရာက ဘုရားသခင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားခဲ့ပြီဟု ညွှန်ပြလိမ့်မည် မဟုတ်လော။ ဤဖောက်ပြန်ပျက်စီးလျက်ရှိသော လူသားမျိုးနွယ်သည် ဘုရားသခင်ကို အာခံခြင်းနှင့် ခရစ်တော်ကို နောက်တဖန် ကားတိုင်ထက် ရိုက်ထားခြင်းငှာ တတ်စွမ်းနေနိုင်ဆဲ ဖြစ်လိမ့်မည်။ ဤသို့သော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းခံရသည့် လူသားမျိုးနွယ်ဖြစ်လျှင်၊ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ရှင်းပြခြင်းငှာ နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ- ယင်းသည် အဓိပ္ပါယ်ရှိလိမ့်မည် မဟုတ်ပါ။ ဘုရားသခင်၏ နိုင်ငံတော်သည် ဘုရားသခင်ကို အာခံသော လူတို့၏ တည်ရှိခြင်းကို အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် လူ၏ ပုန်ကန်ပြစ်မှားမှုကို သည်းမခံသောကြောင့် ယင်းမှာ မဖြစ်နိုင်ပါ။ ယင်းမှာ “အပြစ်ဖြေရာယဇ်ကို ရရှိပြီးသောသူသည် ကယ်တင်ခံခဲ့ရပြီး သူသည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်သည်” ဟူသော ပြောစကား အလုပ်မဖြစ်မည့်အကြောင်းရင်းဖြစ်သည်။...

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

အမှာစကား ချန်ခဲ့မည်