စာရင်း

“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” ဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရပါသည်။ ဤသည်မှာ အလွန်ကောင်းပြီး၊ အလွန်လက်တွေ့ကျကာ အလွန်အရေးကြီးသော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ဖြစ်သည်ဟု ကျွန်ုပ် ထင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင့် လူ့ဇာတိခံယူခြင်း၏ ကယ်တင်ခြင်းကို အဘယ်ကြောင့် လက်ခံရရှိရမည်နှင့် စပ်လျဉ်း၍၊ ဤသည်မှာ လူသားက အရေးတကြီး နားလည်ရမည် သမ္မာတရား ရှုထောင့်တစ်ခု ဖြစ်ပါသည်။ ကျေးဇူးပြုပြီး ဤအရာနှင့် ပတ်သက်၍ ကျွန်ုပ်တို့နှင့် အနည်းငယ်ပို၍ ဆွေးနွေးပေးပါ။

အဖြေ-

“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” ဤစာပိုဒ်က ဘုရားသခင်က လူ့ဇာတိခံပြီး အကျင့်ပျက်နေသည့်လူများကို ကယ်တင်မည့်၊ အမှုတော်၏အဓိပ္ပာယ်ကို သေချာရှင်းပြ ထားခြင်း ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်ဘုရား၏နှုတ်ကပတ်တော်ကို ဖတ်ကြည့် ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ-

အတိအကျအားဖြင့် စာတန်သည် လူသား၏ဇာတိပကတိအား ဖျက်ဆီးခဲ့ကာ၊ လူသားသည် ဘုရားသခင်က ကယ်တင်ရန်ရည်ရွယ်သူ ဖြစ်သဖြင့်၊ ဘုရားသခင်က ဇာတိပကတိခံယူ၍ စာတန်နှင့် တိုက်ပွဲဝင်ကာ လူသားကို ကိုယ်တိုင်လမ်းပြရမည် ဖြစ်သည်။ ဤသည်သာလျှင် သူ၏အမှုအတွက် အကျိုးရှိ၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း”)

လူ့ဇာတိခန္ဓာသည် အကြီးအကျယ် ဖျက်ဆီးခြင်းကို အများဆုံးခံခဲ့ရပြီး၊ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာ ဖြစ်လာကာ ဘုရားသခင်၏တည်ရှိမှုကို ပို၍ပင် ပွင့်လင်းစွာ ဆန့်ကျင်၍ ငြင်းဆန်သည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် ပြောင်းလဲရန် အလွန်ပင်ခက်ခဲလှပြီး၊ ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို ကိုင်တွယ်ရန်၊ သို့မဟုတ် ပြောင်းလဲရန်လောက် ခက်ခဲသည့်အရာမရှိပေ။ စာတန်သည် လူ့ဇာတိခန္ဓာထဲသို့ နှောင့်ယှက်မှုများဖြင့် ဂြိုဟ်မွှေရန် ဝင်ရောက်လာပြီး၊ ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် လူ့ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေခဲ့သဖြင့် လူသားသည် ဘုရားသခင်၏ရန်သူ၊ စာတန်ဖြစ်သွားသည်။ လူသားသည် ကယ်တင်ခံရရန်အတွက် သူသည် ပထမဆုံးအနေဖြင့် သိမ်းပိုက်ခြင်းကို ခံရမည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် အခက်အခဲကို ပိုင်နိုင်စွာ ဖြေရှင်းကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန် လူ့ဇာတိခံယူပြီး စာတန်ကို တိုက်ပွဲဝင်ခြင်းဖြစ်သည်။ သူ၏ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်ကြောင့် ဖောက်ပြန်ပျက်စီးကာ ကျရှုံး၊ ပျက်သုဉ်းခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်သည့် သူ၏အမှုအားဖြင့် စာတန်ကို အနိုင်ယူကာ တစ်ဆက်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် တစ်ကြိမ်တည်းနှင့် ပြဿနာနှစ်ခုကို ဖြေရှင်းလေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်”)

လူသား၏ ဇာတိခန္ဓာကို စာတန်မှ ဖျက်ဆီးခဲ့ပြီး၊ အဆုံးစွန်မျက်ကွယ်စေခဲ့ကာ ကြီးစွာဒုက္ခပေးခဲ့သည်။ ဘုရားသခင်သည် ဇာတိခန္ဓာထဲ၌ ကိုယ်တိုင်ကိုယ်ကျ အမှုလုပ်ဆောင်ခဲ့ရခြင်း၏ အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ၏ကယ်တင်ခြင်းကို ခံရသည့်အရာသည် ဇာတိခန္ဓာရှိသော လူသားဖြစ်သောကြောင့်နှင့် စာတန်သည်လည်း လူသား၏ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သောကြောင့်ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်စင်စစ် လူသားကို သိမ်းပိုက်သည့် အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသည့်အရာလည်းဖြစ်သည်။ ဤနည်းဖြင့် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အမှုသည် မုချလိုအပ်သော အရာဖြစ်သည်။ စာတန်သည် လူသား၏ဇာတိခန္ဓာကို ဖျက်ဆီးခဲ့သည်၊ ဤသို့ဖြင့် လူသားသည် စာတန်၏ ပြယုဂ်တစ်ခုဖြစ်လာပြီး ဘုရားသခင်က အနိုင်ယူရမည့် အရာတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့် စာတန်နှင့် တိုက်ပွဲဝင်သည့်အမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုသည် ကမ္ဘာကြီးပေါ်တွင် ဖြစ်ပွားကာ စာတန်နှင့် တိုက်ပွဲဝင်ရန်အတွက် ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်လာရခြင်းဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျမှု၏ အမှုပင်တည်း။ ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အလုပ်လုပ်နေသည့်အခါ သူသည် စာတန်နှင့် ဇာတိခန္ဓာအားဖြင့် အမှန်တကယ် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ သူသည် ဇာတိခန္ဓာနှင့် အလုပ်လုပ်စဉ်တွင် သူသည် ဝိညာဉ်ရေးရာနယ်ပယ်၌ သူ၏အမှုကို လုပ်နေခြင်းဖြစ်ပြီး၊ ဝိညာဉ်ရေးရာနယ်ပယ်မှ သူ၏အမှုတစ်ခုလုံးကို ကမ္ဘာပေါ်တွင် စစ်မှန်လာစေရန် လုပ်ဆောင်သည်။ သိမ်းပိုက်ခြင်းခံရသောသူသည် သူ့ကိုမနာခံသော လူသားဖြစ်ပြီး၊ အနိုင်ယူခြင်းခံရမည့်သူသည် သူနှင့် ရန်ဘက်ဖြစ်သော စာတန်၏ပြယုဂ် (ဤသည်မှာလည်း လူသားပင်ဖြစ်၏) ဖြစ်သည်၊ ထို့ပြင် နောက်ဆုံး၌ ကယ်တင်ခြင်းခံရမည့်သူမှာလည်း လူသားပင်ဖြစ်သည်။ ဤနည်းအားဖြင့် ဖန်ဆင်းခံတစ်ဦး၏ အပြင်ပန်းသဏ္ဌာန်ရှိသည့် လူသားတစ်ဦးဖြစ်လာရန် သူ့အတွက် ပို၍ပင် လိုအပ်လာသည်၊ သို့မှသာ ဘုရားသခင်သည် စာတန်နှင့် စစ်မှန်သောတိုက်ပွဲကို ပြုနိုင်ကာ သူ့ကို မနာခံသော၊ သူကဲ့သို့ အပြင်ပန်းသဏ္ဌာန်ကို ပိုင်ဆိုင်ထားသော လူသားကို သိမ်းပိုက်၍၊ သူ့ကဲ့သို့ အပြင်ပန်းသဏ္ဌာန်ရှိပြီး စာတန်၏ အန္တရာယ်ပြုမှုကို ခံခဲ့ရသော လူသားတို့ကို ကယ်တင်နိုင်ပေမည်။ သူ၏ရန်သူမှာ လူသားဖြစ်သည်၊ သူသိမ်းပိုက်မည့်အရာမှာ လူသားဖြစ်ပြီး၊ သူ၏ကယ်တင်ခြင်းကို ခံရမည့်အရာမှာ သူဖန်ဆင်းခဲ့သော လူသားဖြစ်သည်။ ထို့ကြောင့် သူသည် လူသားဖြစ်လာရမည် ဖြစ်ပြီး ဤနည်းအားဖြင့် သူ၏အမှုသည်ပို၍ လွယ်ကူသွားသည်။ သူသည် စာတန်ကို ချေမှုန်းကာ လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်သည်၊ ထို့အပြင် လူသားမျိုးနွယ်ကိုလည်း ကယ်တင်နိုင်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်”)

အနန္တတန်ခိုးရှင်ဘုရား၏နှုတ်ကပတ်တော်မှနေ ကျွန်တော်တို့ သိလိုက်ရပါပြီ။ ဖောက်ပြန်ပျက်စီးနေသည့် လူများကို ဘုရားသခင်၏ လူ့ဇာတိခံခြင်းနှင့်သာ ကယ်တင်ရမည်ဆိုသည့် အကြောင်းပြချက်က အဘယ့်ကြောင့်ဆိုသော် လူများ၏ဇာတိပကတိကို မာရ်နတ်က လုံးဝလှည့်စား ဖျက်ဆီးထားသောကြောင့်ဖြစ်သည်။ လူသားအားလုံးက မာရ်နတ်၏ကြီးစိုးမှုအောက်တွင် နေထိုင်ကြပါသည်။ လူများက ကောင်းခြင်း၊ ဆိုးခြင်း၊ လှခြင်း၊ ရုပ်ဆိုးခြင်းကို မခွဲခြားနိုင်ကြပါ။ ကောင်းသည့်သဘောနှင့် မကောင်းသည့် သဘောကြားက ခြားနားမှုကိုလည်း မသိကြပါ။ သူတို့က မာရ်နတ်၏အတွေးအခေါ်၊ နည်းဥပဒေသနှင့် သဘောသဘာဝအတိုင်းသာ နေထိုင်ကြသည်။ သူတို့က မောက်မာကြသည်၊ မိမိကိုယ်ကို အမှန်ထင်ကြသည်၊ မဆင်မခြင်နှင့် ဥပဒေမဲ့ကြသည်။ သူတို့အားလုံးက မာရ်နတ်၏ပြယုဂ်များသာ ဖြစ်သည်။ သူတို့များက ဘုရားသခင်ကို ဆန့်ကျင်ဖို့အတွက်၊ မာရ်နတ်နှင့်ပူးပေါင်းပြီး အကျင့်ပျက်ယိုယွင်း လာကြသည်။ ၎င်းကို သူတို့ကိုယ်သူတို့ သဘောမပေါက်ကြပါ။ ဘုရားသခင်က အရာအားလုံး၏ဖန်ဆင်းရှင်ဖြစ်ပါသည်။ လူများ၏ သဘောသဘာဝ အစစ်အမှန်နှင့် လူများ မည်မျှအထိ အကျင့်ပျက်နေကြောင်းကို ဘုရားသခင်ကသာ အလုံးစုံသိမည်။ လူများ၏ဆိုးယုတ်သည့်သဘာဝနှင့် အကျင့်ပျက်စိတ်ထားများကို ဘုရားသခင်ကသာ ခွဲခြားဖော်ထုတ် ပြနိုင်မည်။ လူများကို မည်သို့နေထိုင်ပြုမူရမည်ဖြစ်ကြောင်း ဘုရားသခင်ကသာ ပြောပြနိုင်မည်၊ ဘုရားသခင်ကသာ လူများကို သိမ်းပိုက် နိုင်မည်၊ သန့်စင်နိုင်မည်၊ ကယ်တင်နိုင်မည်။ ဘုရားသခင်ကလွဲလျှင်၊ လူများ၏အကျင့်ပျက်မှု သဘောသဘာဝအမှန်ကို ဖန်ဆင်းခံလူများ ထိုးဖောက်မြင်နိုင်မည်မဟုတ်ပါ။ လူပီသစွာ မည်သို့ပြုမူရမည် ဆိုကြောင်းကိုလည်း၊ ဖန်ဆင်းခံလူအချင်းချင်း ညွှန်ပြနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်က ဆိုးဆိုးဝါးဝါး အကျင့်ပျက်နေကြသည့် လူများကို မာရ်နတ်၏ လက်မှနေ လုယူပြီး၊ ကယ်တင်ချင်သည်ဆိုပါက၊ ဘုရားသခင်ကိုယ်တော်တိုင် လူ့ဇာတိခံပြီး၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သမ္မာတရားကို ဖော်ထုတ်ပြရမည်။ လူများတွင် ရှိရမည့် သမ္မာတရားအားလုံးကို ဟောကြားရမည်၊ ထိုသို့နှင့် လူများက သမ္မာတရားကို နားလည်လာမည်၊ ဘုရားသခင်ကို သိလာမည်၊ မာရ်နတ်၏ယုတ်မာသည့် အကြံအစည်များနှင့် အမျိုးမျိုးသော အမှားအယွင်းများကို မြင်လာကြမည်၊ သို့မှသာ လူများက မာရ်နတ်ကို ကျောခိုင်းပြီး၊ ဘုရားသခင်ရှေ့မှောက် ရောက်လာနိုင်ကြမည်။ နောက်ပြီး ဘုရားသခင်၏ လူ့ဇာတိခံခြင်း အမှုက လူမျိုးစုံကို ဖော်ထုတ်ပြပါသည်။ အဘယ့်ကြောင့်ဆိုသော် လူများအားလုံးက စိတ်ကြီးဝင်နေကြသည့်အပြင်၊ အလျှော့မပေးတတ် ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်က သမ္မာတရားကိုဖော်ပြဖို့ လူ့ဇာတိခံသည့်အခါ လူများကလည်း သူတို့အယူအဆများနှင့် တုံ့ပြန်ကြမှာသေချာသည်၊ ဆန့်ကျင်ကြမည်၊ တိုက်ပွဲများနှင့်ပင် ပြန်တိုက်ကြမည်။ ဤသို့နှင့် အကျင့်ပျက်လူသားများ၏ဆန့်ကျင်မှု၊ ဘုရားသခင်အပေါ် သစ္စာဖောက်မှုများက ထင်ထင်ရှားရှားပေါ်လာမည်။ ဘုရားသခင်က လည်း လူများကို သူတို့ကိုယ်တိုင်ဖော်ထုတ်ပြသည့် အကျင့်ပျက်မှုများ၊ စရိုက်အမှန်များအတိုင်း တရားစီရင်ခြင်းပြုမည်။ ဤနည်းနှင့်မှသာ လူများအပေါ် ဘုရားသခင်၏သိမ်းပိုက်ခြင်း၊ သန့်စင်စေခြင်းနှင့် ပြည့်စုံစေခြင်းများကို ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းကတစ်ဆင့်၊ လူများကို ဖြည်းဖြည်းချင်း သိမ်းပိုက်မည်၊ သန့်စင်စေမည်။ လူများကို လုံးဝသိမ်းပိုက်နိုင်ပြီဆိုပါက၊ သူတို့က လူ့ဇာတိခံယူသည့် ဘုရားသခင်ကို စပြီးနာခံလာသည်။ ဘုရားသခင်၏တရားစီရင်မှု၊ ဆုံးမမှုများကို စပြီးလက်ခံသည်၊ နာခံသည်၊ ဘုရားသခင်၏ အမှုတော်များကို နားလည်လာသည် သမ္မာတရားကို ရှာဖို့နှင့် မာရ်နတ်၏ အတွေးအခေါ်များ၊ စည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ မနေတော့ဖို့ စိတ်ပိုင်းဖြတ်သည်။ လူများက ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေထိုင်လာပြီ ဆိုပါက၊ ဘုရားသခင်က မာရ်နတ်ကို လုံးဝအနိုင်ရသွားပါပြီ။ ဤကဲ့သို့လူသားများက မာရ်နတ်အပေါ် အနိုင်ရလိုက်ခြင်း၏ အကျိုးအမြတ်များဖြစ်သည်။ အချုပ်ပြောရရင်တော့ ဘုရားသခင်က အကျင့်ပျက်နေသည့်လူများကို မာရ်နတ်၏လက်မှနေ လုယူတာဖြစ် ပါသည်။ လူ့ဇာတိခံသည့် ဘုရားသခင်၏ အမှုတော်ကြောင့်သာ ဤကဲ့သို့ရလဒ်မျိုးကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် လူများကို ကယ်တင်ဖို့အတွက် ဘုရားသခင်၏လူ့ဇာတိခံခြင်းက မဖြစ်မနေ လိုအပ်ပါသည်။ လူ့ဇာတိခံသည့်ဘုရားသခင်ကသာ လုံးလုံးလျားလျား လူများကို သိမ်းပိုက်နိုင်မည်၊ ကယ်တင်နိုင်မည်။ ဘုရားသခင် အသုံးပြုသည့်လူများကတော့ လူများကိုရွေးနုတ်ခြင်း၊ ကယ်တင်ခြင်းအမှုကို ဆောင်ရွက်နိုင်စွမ်းမရှိပါ။

လူက ကယ်တင်ခြင်းခံရချင်သည်ဆိုပါက၊ သူ့ကို တရားစီရင်ဖို့ သန့်စင်ပေးဖို့အတွက် ဘုရားသခင်က လူ့ဇာတိခံဖို့ အမှန်တကယ် လိုအပ်ပါသည်။ လူ့ဇာတိခံသည့်ဘုရားသခင်က လူများနှင့် တုံ့ပြန်ဆက်ဆံ ရာတွင် လူများကို ဘုရားသခင်အပေါ် မျက်မြင် သိနားလည်လာအောင် လုပ်ယူပါသည်။ သမ္မာတရားကို အမှန်တကယ် ရှာဖွေသူများက နောက်ဆုံးသောကာလခရစ်တော်၏ တရားစီရင်မှု၊ သန့်စင်စေမှုများကို လက်ခံသည့်အတွက် သူတို့များက ပင်ကိုအားဖြင့် ဘုရားသခင်ကို နာခံနိုင်စွမ်းရှိကြသည်။ ရင်ထဲတွင် မြတ်နိုးနိုင်စွမ်း ရှိကြသည်။ ပြီးတော့ မာရ်နတ်၏အုပ်စိုးမှုအောက်မှနေ ကယ်တင်ခံရ နိုင်သည်။ ဒါက ဘုရားသခင်အတွက် လူများကို ကယ်တင်ဖို့၊ ပြည့်စုံစေဖို့ အကောင်းဆုံးနည်းလမ်း မဟုတ်လား။ ဘုရားသခင်က လူ့ဇာတိခံယူလိုက်သည့်အတွက် ကျွန်တော်တို့က ဘုရားသခင်ကို မျက်မြင်ဖူးခွင့်ရဖို့၊ ကိုယ်တော်၏အမှုတော်နှင့် တွေ့ကြုံရဖို့ အခွင့်အလမ်းကို ရသွားပါပြီ။ ဘုရားသခင်၏တိကျသည့် နှုတ်ကပတ်တော်ကို ရဖို့၊ ကိုယ်တော်တိုင် ထိန်းကျောင်းပျိုးထောင် ပေးတာကို ခံရဖို့ အခွင့်အလမ်းကိုလည်း ရသွားပါပြီ။ ဒါများကို ကြုံရတော့မှ ကျွန်တော်တို့က ဘုရားသခင်အပေါ် အားထားလာမည်၊ နာခံလာမည်၊ ကိုယ်တော်ကို အမှန်တကယ် ချစ်မြတ်နိုးလာပါမည်။ လူများကိုကယ်တင်ခြင်းအမှုကို ပြုဖို့အတွက်၊ ဘုရားသခင်က လူ့ဇာတိမခံယူခဲ့ ဆိုပါက၊ ဤကဲ့သို့လက်တွေ့ကျသည့် ရလဒ်ကို ရနိုင်မှာမဟုတ်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဇာတိခန္ဓာထဲရှိ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ တိကျမှန်ကန်သော နှုတ်ကပတ်တော်များနှင့် တိုက်တွန်းနှိုးဆော်မှုများ၊ သူ့နောက်သို့လိုက်သော လူသားမျိုးနွယ်အတွက် သူ၏တိကျမှန်ကန်သောအလိုတော် စသည်တို့ကို ဘုရားသခင်အနေဖြင့် ချန်ရစ်ထားနိုင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် ထိုအရာပြီးနောက်တွင် သူ၏နောက်လိုက်များသည် ဇာတိခန္ဓာထဲရှိ သူ၏အမှုအားလုံးနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏အလိုတော်တို့အား ဤလမ်းကို လက်ခံသောသူတို့ထံ ပို၍တိကျမှန်ကန်စွာနှင့် ပို၍ရုပ်လုံးပေါ်စွာ လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်သည်။ လူတို့ကြားမှ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုသည်သာလျှင် ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွနေထိုင်ခြင်း အစရှိသည့် အချက်တို့ကို စစ်မှန်စွာ အထမြောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဤအမှုသည်သာလျှင် ဘုရားသခင်၏ မျက်နှာတော်ကိုကြည့်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားရန်ဖြစ်သည့် လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပေမည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်”)ဖောက်ပြန်ပျက်စီးသော လူသားအတွက် အကြီးမားဆုံးသော တန်ဖိုးရှိသည့်အမှုမှာ တိကျမှန်ကန်သော နှုတ်ကပတ်တော်များ၊ လိုက်လျှောက်ရန် ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသောအမှုဖြစ်ပြီး မြင်တွေ့နိုင်ကာ ထိတွေ့နိုင်သော အမှုဖြစ်သည်။ လက်တွေ့ကျသောအမှုနှင့် အချိန်မီလမ်းညွှန်မှုတို့သည်သာလျှင် လူသား၏အကြိုက်များနှင့် သင့်လျော်ပြီး၊ စစ်မှန်သောအမှုသာလျှင် လူကို သူ၏ ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံယူသော ဘုရားသခင်အားဖြင့်သာလျှင် ရရှိနိုင်သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်သာလျှင် လူသား၏ ယခင်က ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ လူသားကို ကယ်တင်နိုင်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်”)ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ တိုက်ရိုက်လုပ်ဆောင်မှုကို ပို၍လိုအပ်သည်။ လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသော ဘုရားသခင်မှ မိမိတို့ကို ထိန်းကျောင်းရန်၊ ပံ့ပိုးရန်၊ ရေလောင်းပေးရန်၊ ကျွေးမွေးရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်တို့ကို လိုအပ်သည်၊ ထို့အပြင် လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်ထံမှ ပို၍များသော ကောင်းချီးနှင့် ပို၍ကြီးမားသော ရွေးနုတ်ခြင်းတို့ကို လိုအပ်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သာလျှင် လူသား၏ ယုံကြည်စိတ်ချရသူ၊ လူသား၏သိုးထိန်း၊ လူသားအတွက် အမြဲရှိနေသော အကူအညီဖြစ်နိုင်ပြီး၊ ဤအရာအားလုံးသည် ယနေ့နှင့် ယခင်အတိတ်ကာလများမှ လူ့ဇာတိခံယူခြင်းကို လိုအပ်မှုဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်”)

ဘုရားသခင်က အကျင့်ပျက်နေသည့်လူများကို ကယ်ဖို့အတွက် လူ့ဇာတိခံယူသည့်အခါ၊ ဘုရားသခင်၏တောင်းဆိုမှုများ၊ ကိုယ်တော့် အလိုတော်များ၊ ကိုယ်တော့်စိတ်သဘောထားနှင့် အရာအားလုံးနှင့် ဖြစ်ခြင်းများကို လူများကို ရှင်းရှင်းလင်းလင်း ပြောပြဖို့အတွက် လူများ၏ဘာသာစကားကိုသာ အသုံးပြုပါသည်။ ထို့ကြောင့် လူများက ကြိုးစားပမ်းစားလိုက်ရှာဖို့ မလိုတော့ဘဲ၊ ဘုရားသခင်၏အလိုတော်ကို ရှင်းရှင်းလင်းလင်း နားလည်နိုင်သည်။ ဘုရားသခင်၏ တောင်းဆိုမှုများနှင့် သူတို့ကျင့်သုံးရမည့် လမ်းစဉ်ကိုလည်း သိနိုင်သည်။ ဘုရားသခင်အပေါ် လက်တွေ့ကျသည့်နားလည်မှုနှင့် အသိကိုလည်း သူတို့အနေနှင့် ရနိုင်သည်။ ကျေးဇူးတော်ခေတ်မှာ ရှင်ပေတရုက သခင်ယေရှုကို မေးခဲ့သကဲ့သို့ပဲ “သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ်ရပါအံ့နည်း ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လော” (မ ၁၈:၂၁) သခင်ယေရှုက ရှင်ပေတရုကို အရှင်းဆုံးပဲမိန့်ခဲ့ပါသည် “ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရမည် ငါမဆို။ အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏(မ ၁၈:၂၂) လူ့ဇာတိခံသည့်သခင်ယေရှုက လူများကို မည်သည့်အချိန် မည်သည့်နေရာတွင်မဆို လက်တွေ့အကျဆုံး အရှင်းဆုံး အထောက်အပံ့ကို ပေးရင်း၊ လမ်းပြခဲ့ကြောင်းကို ဤမိန့်ဆိုချက်တွင် ကျွန်တော်တို့ မြင်နိုင်ပါသည်။ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားက လူများကြားတွင် လူ့ဇာတိခံယူလိုက်ပါပြီ။ လူများ၏တကယ့် အခြေအနေမှန်ကို ဖြေရှင်းဖို့ သမ္မာတရားကို ဖော်ပြပေးနေပါသည်။ လူများကို အထောက်အပံ့ဖြစ်စေဖို့အတွက် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံး နှင့်ဖြစ်ခြင်းကို ဖော်ပြပေးနေပါသည်။ ဘုရားသခင်အပေါ်ထားသည့် လူများ၏ယုံကြည်မှု ထဲက မတိကျမှုများ၊ အတွေးမှားများကို ထောက်ပြပေး နေပါသည်၊ ဘုရားသခင်၏အလိုတော်နှင့် တောင်းဆိုမှုများကို အသိပေးနေပါသည်၊ လက်တွေ့အကျဆုံး၊ အတိကျဆုံး ဘဝအထောက်အပံ့နှင့် အာဟာရကို လူများအား ပေးကမ်းနေပါသည်။ ဥပမာအားဖြင့်..ကျွန်တော်တို့က မိမိကိုယ်ကို မသိလိုက်ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး နေထိုင်မိသည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်တော်တို့ကို ချက်ချင်းဖော်ထုတ်ပြပြီး၊ တရားစီရင်ပါသည်။ ကျွန်တော်တို့၏ ဆိုးယုတ်သည့်သဘာဝက ဘုရားသခင်ကို ဆန့်ကျင်နေကြောင်း နှုတ်ကပတ်တော်ကတစ်ဆင့် မြင်စေပါသည်။ ကျွန်တော်တို့က တစ်ကိုယ်ရေ ရလိုမှုများအတွက် ဘုရားသခင်ကို ဆည်းကပ်ပြီး၊ ယင်းကိုလည်း မိမိဘာသာ မှန်သည်ဟု ထင်နေသည့်အခါ ဘုရားသခင်က ကျွန်တော်တို့၏ချို့ယွင်းချက်များကို ဖော်ထုတ်ပြသည်၊ ဘုရားသခင်ကို ဆည်းကပ်သူများက မည်သို့ယုံကြည်မှုများ ကိုင်စွဲရမည်ဖြစ်ကြောင်းကို ပြောပြသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုအပေါ် ကျွန်တော်တို့က သိမြင်နားလည်မှု လွဲနေသည့်အခါတွင်လည်း လူများကို ကယ်တင်မည့်၊ တရားစီရင်မည့်၊ လေးနက်သည့်ရည်ရွယ်ချက်များကို ဘုရားသခင်၏နှုတ်ကပတ်တော်က သတိပေးပါသည်၊ ဘုရားသခင်အပေါ် နားလည်မှုလွဲမှားနေခြင်းများကို ဖြေရှင်းပေးပါသည်။ ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူအားလုံးက သူတို့ကို လူ့ဇာတိခံသည့်ဘုရားသခင်က အမြဲတမ်းအထောက်အပံ့ ပေးနေကြောင်း ခံစားမိနေကြပါပြီ၊ လိုက်ပြီး ရှာဖွေနေစရာမလိုတော့ပါ။ ကျွန်တော်တို့လုပ်ဖို့လိုသည်မှာ ဘုရားသခင်၏ လက်တွေ့အကျဆုံး အထောက်အပံ့ကို ရဖို့အတွက်၊ အနန္တတန်ခိုးရှင်ဘုရား၏ နှုတ်ကပတ်တော်ကို ပိုပြီးဖတ်ကြဖို့ဖြစ်သည်။ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်ကတစ်ဆင့်၊ ဘုရားသခင်၏အလိုတော်၊ ကိုယ်တော်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းများကို ကျွန်တော်တို့အနေနှင့် အမှန်တကယ် နားလည်လာပါသည်။ ဤကဲ့သို့နားလည်လာရာမှနေ၊ စစ်မှန်သည့်ဘဝတစ်ခုကို မည်သို့နေထိုင်သွားမည်ဖြစ်ကြောင်းကို ထပ်ပြီးသိလာသည်။ မာရ်နတ်၏ယုတ်မာသည့်အကြံအစည်များကို မည်သို့မြင်အောင်ကြည့်ရ မည်ကိုလည်း သင်ယူတတ်လာသည်၊ ကျွန်တော်တို့က မာရ်နတ်ကြောင့် မည်မျှအထိ ပျက်စီးနေကြပြီဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း မြင်လာသည်၊ ထိုကတစ်ဆင့်၊ မာရ်နတ်၏မကောင်းသည့်လွှမ်းမိုးမှုနှင့် ကျွန်တော်တို့ အပြစ်များကို ဖြည်းဖြည်းချင်း ဖယ်ရှားတတ်လာသည်။ ထိုအတွက် ရလဒ်မှာမူ၊ ဘဝအပေါ်ထားသည့် ကျွန်တော်တို့ သဘောထားက ပြောင်းလဲသွားသည်၊ သမ္မာတရား၏စစ်မှန်မှုကိုလည်း နားလည်လာရင်း လမ်းကြောင်းမှန်ကို စပြီးလျှောက်လာကြပါသည်။ ဤအရာများအားလုံးက ဘုရားသခင်၏လူ့ဇာတိခံခြင်းကြောင့် ဖြစ်လာပါသည်။

ဘုရားသခင်က အမှုတော်ကိုပြုဖို့၊ နှုတ်ကပတ်တော်ကို ဖော်ပြဖို့အတွက် လူ့ဇာတိခံယူပြီးပါပြီ၊ လူများကို ဘဝအတွက် လက်တွေ့အကျဆုံးအထောက်အပံ့နှင့် အာဟာရကိုလည်း ပေးနေသည်။ လူ့ဇာတိခံသည့် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုအပေါ် လူတွေမှာ အယူအဆတွေအများကြီး ဖြစ်နေသည့်တိုင် ဘုရားသခင်က လူများအတွက် ဘဝ၏လမ်းစဉ်နှင့် ထာဝရတည်မြဲသည့် ကယ်တင်ခြင်းကို ယူဆောင်လာပါပြီ၊ လူများကလည်း ကိုယ်တော်ကို အားထားနေကြပါပြီ။ အနန္တတန်ခိုးရှင်ဘုရား၏ နှုတ်ကပတ်တော်ထဲက နောက်တစ်ပိုဒ်ကို ဖတ်ကြည့်ကြရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဇာတိခန္ဓာနှင့် သူလုပ်ဆောင်ခဲ့သောအမှုတို့ကို စိတ်ကူးရန်၊ သို့မဟုတ် တိုင်းတာရန် နည်းလမ်းမရှိပေ၊ အကြောင်းမှာ သူ၏ဇာတိခန္ဓာသည် မည်သည့်လူသား၏ဇာတိခန္ဓာနှင့်မျှ တူညီမှုမရှိခြင်းကြောင့်ဖြစ်သည်၊ အပြင်ဘက် ပုံပန်းသဏ္ဌာန်သည် ဆင်တူသော်လည်း၊ အနှစ်သာရခြင်း မတူညီပေ။ ဘုရားသခင်၏ ဇာတိခန္ဓာသည် လူတို့ကြားတွင် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာကို ဖြစ်ပေါ်စေသည်၊ သို့ရာတွင် သူ၏ဇာတိခန္ဓာသည် လူသားကို အသိပညာများစွာ ရရှိလာစေရန်လည်း ခွင့်ပြုနိုင်ပြီး၊ ထိုသို့တူညီသော အပြင်ပန်းသဏ္ဌာန် ပိုင်ဆိုင်ထားသည့် မည်သည့်လူကိုမဆိုပင် သိမ်းပိုက်နိုင်သည်။ အကြောင်းမှာ သူသည် သာမန်လူသားတစ်ယောက်သာမဟုတ်ဘဲ၊ လူသား၏အပြင်ပန်းသဏ္ဌာန်ရှိသော ဘုရားသခင်ဖြစ်ပြီး၊ မည်သူမျှ သူ့ကို အပြည့်အဝသဘောပေါက်ခြင်း၊ သို့မဟုတ် နားလည်ခြင်း မရှိနိုင်သောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်”)

လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုကြောင့် ဘုရားသခင်သည် လူသားတို့ တွေ့မြင်၊ ထိတွေ့နိုင်သည့် လက်ဆုပ်လက်ကိုင်ပြနိုင်သော ပုံသဏ္ဌာန်ရှိသည့် ဇာတိခန္ဓာဖြစ်လာခြင်းဖြစ်သည်။ သူသည် ပုံသဏ္ဌာန်မရှိသော ဝိညာဉ်တော်မဟုတ်ဘဲ လူသားအနေဖြင့် ထိတွေ့ဆက်သွယ်ကာ တွေ့မြင်နိုင်သော ဇာတိခန္ဓာဖြစ်သည်။ သို့ရာတွင် လူတို့ယုံကြည်သည့် ဘုရားအများစုသည် ပုံသဏ္ဌာန်ကင်းမဲ့သော၊ ဇာတိခန္ဓာမရှိသည့် နတ်ဘုရားများဖြစ်ပြီး၊ ၎င်းတို့မှာ စိတ်ကြိုက်ပုံသဏ္ဌာန်နှင့်လည်း ဖြစ်နေသည်။ ဤသို့ဖြင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် ဘုရားသခင်ကို ယုံကြည်သောသူ အများစု၏ ရန်သူဖြစ်လာပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခဲ့သည်ဟူသော အချက်ကို လက်မခံနိုင်သည့် သူများသည်လည်း ထိုနည်းတူပင် ဘုရားသခင်၏ ရန်ဘက်များဖြစ်လာကြသည်။...လူအများစုသည် ဤဇာတိခန္ဓာကြောင့် ဘုရားသခင်၏ ရန်သူများဖြစ်လာကြသော်လည်း ဘုရားသခင်သည် သူ၏အမှုကို အဆုံးသတ်သောအခါ သူ့ကိုဆန့်ကျင်သောသူများသည် သူ၏ရန်သူဖြစ်ခြင်းမှ ရပ်တန့်ရုံတင်မကဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ၏သက်သေများ ဖြစ်လာလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရသော သက်သေများ၊ သူနှင့်သဟဇာတရှိပြီး သူနှင့်ခွဲ၍မရသော သက်သေများဖြစ်လာလိမ့်မည်။ ဘုရားသခင်သည် လူသားကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်သော သူ့အမှု၏ အရေးကြီးမှုကို သိရှိစေပြီး၊ လူသားသည်လည်း သူ၏တည်ရှိမှု၌ ထိုဇာတိခန္ဓာ၏ အရေးပါပုံကို နားလည်လာကာ၊ လူ့အသက်တာကြီးထွားမှု၌ ဘုရားသခင်၏ စစ်မှန်သောတန်ဖိုးကို သိလာလိမ့်မည်၊ ထို့အပြင် ဤဇာတိခန္ဓာသည် လူသားတို့ခွဲခွာရန် မစွမ်းသာသော ဘဝ၏သက်စမ်းရေဖြစ်လာမည်ဟု သိလာလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်”)

လူများကို ကယ်တင်ဖို့ ပြည့်စုံစေဖို့အတွက် နောက်ဆုံးသောကာလ လူ့ဇာတိခံခြင်းမှာ ဘုရားသခင်က သာမန်လူသား တစ်ယောက်၏အသွင်ကို ယူထားသည့်အပြင် ကိုယ်တော်က တန်ခိုးပြာဋိကတွေ မပြမည့်အပြင်၊ သာမန်ထက်သာလွန်သည့် အရည်အသွေးများ အရှိန်အဝါများလည်း မပိုင်ဆိုင်ပါ၊ ထို့အပြင် ကိုယ်တော်က လူများ၏အယူအဆများ၊ သူတို့၏ငြင်းပယ်မှုများနှင့် ဆန့်ကျင်မှုများ၏ ပစ်မှတ်လည်း ဖြစ်နေပါသည်၊ ယင်းသို့ရှိသော်ငြားလည်း၊ ခရစ်တော် ဖော်ပြသည့်သမ္မာတရားနှင့် ဆောင်ရွက်မည့်၊ တရားစီရင်ခြင်းအမှုတော်ကြောင့် လူများအနေနှင့် ဘုရားသခင်နှုတ်ကပတ်တော်၏အထောက်အပံ့ကို ရသွားကြပါသည်။ သမ္မာတရားကိုလည်း ရသွားနိုင်သည့်အပြင်၊ ဘုရားသခင် ပေါ်ထွန်းခြင်းကိုလည်း မြင်ခွင့်ရသွားကြပါသည်။ ကျွန်တော်တို့က ဘုရားသခင်၏လူသားအသွင်ကို မမြင်ကြသေးသော်လည်း၊ ကိုယ်တော်၏ ပင်ကိုယ်စိတ်သဘောထားနှင့် သန့်ရှင်းသည့်ဂုဏ်တော် ကိုတော့ မြင်ပြီးကြပါပြီ။ ဤသည်မှာ ကိုယ်တော်၏လူသားအသွင်ကို မြင်ရခြင်းနှင့် တူညီသည်။ ကျွန်တော်တို့လူတွေကြားတွင် ရောက်ရှိနေသည့် ဘုရားသခင်ကို ကျွန်တော်တို့အနေနှင့် အမှန်တကယ်မြင်ပြီးကြပါပြီ။ ကိုယ်တော့်ပလ္လင်တော်ရှေ့ကို ချီဆောင်ခံ လိုက်ရပြီ ဟုလည်း ခံစားမိကြပါသည်။ ဘုရားသခင်၏ အမှုတော်ကို ဘုရားသခင်နှင့်အတူ တွေ့ကြုံနေကြပါပြီ၊ ပလ္လင်တော်ဆီက စီးဆင်းလာသည့် အသက်ရေစင်၏ အထောက်အပံ့ ကိုလည်း ကျေနပ်နေမိကြပါပြီ။ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို သိနားလည်သွားခြင်း က လူများကို ကယ်တင်မည့် ဘုရားသခင်၏လေးနက်သည့် ရည်ရွယ်ချက်များကို တဖြည်းဖြည်းနှင့် အသိအမှတ်ပြုမိသွားတာ ဖြစ်ပါသည်။ လူများကိုကယ်ဖို့အတွက် ဘုရားသခင် ပေးဆပ်ရသည့်တန်ကြေးနှင့် ခံစားရသည့်ဆင်းရဲဒုက္ခများက တကယ့်ကို ကြီးမားကြောင်းကို မြင်သွားကြခြင်း ဖြစ်ပါသည်။ ဘုရားသခင် ဆောင်ရွက်သမျှအားလုံးက ကိုယ်တော့်မေတ္တာကို ဖော်ပြခြင်းဖြစ်ပြီး၊ ကျွန်တော်တို့ကို ကယ်တင်ခြင်းအတွက်သာ ရည်ရွယ်ပါသည်။ ကျွန်တော်တို့က ယခင်က ပုန်ကန်ခဲ့ခြင်းများ၊ မိုက်မဲခဲ့ခြင်းများ အတွက် မိမိကိုယ်ကိုပြန်ပြီး ရွံမိကြသည်။ သို့သော်လည်း ဘုရားသခင်အပေါ် အမှန်တကယ် ချစ်မြတ်နိုးပြီး နာခံလာကြသည်။ ဘုရားသခင်၏အမှုတော်ကို ယခုလောက်အထိ သိနားလည်သွား ကြပြီဆိုပါက၊ ကျွန်တော်တို့ မိမိကိုယ်ကို ပြန်မြင်နေသည့် အပြောင်းအလဲတွေက လူ့ဇာတိခံသည့်ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့်ဖြစ်သည့် ရလဒ်ဖြစ်ကြောင်း သဘောပေါက်နေကြပါပြီ။ နောက်ဆုံးသောကာလ၏ ခရစ်တော်က အကျင့်ပျက်လူသားများ အတွက် အကြီးဆုံးသော ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်ကိုသိနိုင်ဖို့နှင့် ဘုရားသခင်၏ချီးမွမ်းမှုကိုရဖို့အတွက် တစ်ခုတည်းသောလမ်းက ကိုယ်တော်သာဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရား၏ နှုတ်ကပတ်တော်ထဲက နောက်ထပ် စာတစ်ပိုဒ်ကို ဖတ်ကြည့်ရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယခုတစ်ကြိမ်မှာ ဘုရားသခင်သည် ဝိညာဉ်ခန္ဓာကိုယ်ထဲမှာ မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်ထဲတွင် လုပ်ဆောင်ရန် ကြွဆင်းလာသည်။ ၎င်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်ပါသေးသည်။ ၎င်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အထဲတွင် အခြားသူတို့နှင့် မတူသည့်အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က တစ်ခါမျှ မကြားဖူးသည့် သမ္မာတရားများကို သင်ကြားရနိုင်သည်။ ယင်းကဲ့သို့ မထင်မရှားသည့် ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရားဆိုင်ရာ နှုတ်ကပတ်တော်များအားလုံး၏ ပြယုဂ်ဖြစ်ပြီး၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာဖြစ်ကာ၊ လူသားများ သိရှိလာရန်အလို့ငှာ လူသားတို့အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြမှုလည်းဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကိုမြင်ရဖို့ စိတ်ပြင်းပြမနေခဲ့သလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုပင် သင့်အားပြောပြဦးမည် ဖြစ်သည်။ သူသည် ဘုရားသခင့်နိုင်ငံတော်အတွင်းသွားရာ သင်၏တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ သင့်ကိုလမ်းပြမည့်သူဖြစ်သည်။...နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုက ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မြေကြီးပေါ်ရှိ လူသားများအကြား၌ နေထိုင်နေခြင်းကို လူသားတို့အား မြင်တွေ့စေလျက် လူသားအနေဖြင့် ဘုရားသခင်အား သိရှိလာစေရန်၊ နာခံရန်၊ ရိုသေလေးမြတ်ရန်နှင့် မေတ္တာထားရှိရန် သူ့ကိုထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။ ယနေ့တွင် လူသားက မြင်နေရသည့် ဘုရားသခင်သည် လူသားကဲ့သို့ပင်၊ နှာခေါင်းတစ်ပေါက်နှင့် မျက်လုံးနှစ်လုံးပါသည့် ဘုရားသခင်၊ မထူးခြားသော ဘုရားသခင်ဖြစ်သည်မှာ မှန်သော်လည်း၊ နောက်ဆုံးမှာတော့ ထိုလူသားသာ မရှိခဲ့လျှင်၊ ကောင်းကင်နှင့် မြေကြီးတို့သည် အကြီးအကျယ် ပြောင်းလဲသွားကြမည်ဖြစ်ကြောင်း၊ ထိုလူသားသာ မရှိခဲ့လျှင်၊ ကောင်းကင်သည် မှောင်မည်းလာမည်ဖြစ်ပြီး၊ မြေကြီးသည် ကမောက်ကမဖြစ်လာလျက်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မွတ်သိပ်ကာ ကပ်ဘေးဆိုက်လာမည်ဖြစ်ကြောင်းကို ဘုရားသခင်က ပြသပေးမည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်၏ ကယ်တင်ခြင်း မရှိလျှင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရှေးကတည်းက ငရဲပြည်၌ ဖျက်ဆီးခဲ့ပြီးဖြစ်မည်ကို သူပြသပေးမည်ဖြစ်သည်၊ ဤဇာတိခန္ဓာသာ မရှိလျှင်၊ သင်တို့သည် အပြစ်သားများနှင့် အလောင်းကောင်များ၏ အကြီးအကဲအဖြစ် ထာဝရ ရှိနေကြမည်ဖြစ်သည်။ ထိုဇာတိခန္ဓာသာ မရှိလျှင်၊ လူသားမျိုးနွယ်တစ်ရပ်လုံးသည် ကပ်ဘေးကြီးကို မလွဲဧကန် ရင်ဆိုင်လာရမည်ဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ပိုပြီးပြင်းထန်သည့် ဒဏ်ခတ်မှုမှ လွတ်မြောက်ရန် ခဲယဉ်းမည်ကို သင်တို့သိသင့်သည်။ ယင်းသာမညဇာတိခန္ဓာသာ မမွေးခဲ့ပါက၊ သင်တို့အားလုံးသည် မည်သို့ပင်ရှာကြံကြစေကာမူ အသက်ရှင်၍လည်း မရနိုင်၊ သေ၍လည်း မရနိုင်သည့် အခြေအနေကို ရင်ဆိုင်ကြရမည်၊ ထိုဇာတိခန္ဓာသာ မရှိလျှင်၊ သင်တို့သည် ယနေ့တွင် သမ္မာတရားကို ရယူနိုင်ကြမည် မဟုတ်ဘဲ ဘုရားသခင်၏ ပလ္လင်ရှေ့မှောက်ကို ရောက်လာနိုင်ကြမည် မဟုတ်ပေ။ စင်စစ်အားဖြင့် သင်တို့သည် သင်တို့၏ ကြီးလေးလှသည့် အပြစ်များကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကိုခံကြရလိမ့်မည်။ သင်တို့သိပါ၏လော။ ဘုရားသခင်က လူ့ဇာတိသို့ ပြန်လာခဲ့ခြင်းကြောင့်သာ မဟုတ်လျှင်၊ မည်သူ၌မျှ ကယ်တင်ခံရမည့် အခွင့်အလမ်းရှိခဲ့မည် မဟုတ်ပေ၊ ထို့ပြင် ဤဇာတိခန္ဓာ၏ ကြွလာခြင်း မရှိခဲ့လျှင်၊ ဘုရားသခင်သည် ခေတ်ဟောင်းကို အဆုံးသတ်ပစ်ခဲ့သည်မှာ ကြာလှပြီးဖြစ်လိမ့်မည်။ သို့ဖြစ်လျှင်၊ သင်တို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမှုကို ငြင်းပယ်နိုင်တုန်းပင်လော။ သင်တို့သည် ယင်းသာမညလူသားထံမှ ကြီးမားစွာ အကျိုးခံစားရနိုင်သည်ဖြစ်လေရာ၊ သင်တို့သည် သူ့ကို အဘယ်ကြောင့် အလွယ်တကူ လက်မခံလိုကြသနည်း။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား”)

သင်တို့ထံတွင် ယနေ့ ရှိသမျှအားလုံးသည် ယင်းဇာတိခန္ဓာ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ သင်တို့ထံတွင် အသက်ရှင်နေထိုင်ခွင့် ရှိနေခြင်းသည် ဘုရားသခင်က လူ့ဇာတိထဲ၌ နေထိုင်နေ၍ပင် ဖြစ်သည်။ ယင်းကဲ့သို့ ကံကောင်းမှုအားလုံးကို ရရှိခဲ့မှုက ထိုသာမည လူသားကြောင့် ဖြစ်သည်။ ထိုမျှမကသေး အဆုံးတွင် လူမျိုးတိုင်းသည် ထိုသာမည လူသားကို ဝတ်ပြုကြမည်ဖြစ်သကဲ့သို့ ထိုမထင်မရှားလူသားကို ကျေးဇူးတင်ရုံသာမက နာခံကြမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ပေးမည့် သမ္မာတရား၊ အသက်နှင့် လမ်းခရီးကို ယူဆောင်ပေးခဲ့ပြီး ဘုရားသခင်နှင့် လူသားအကြားက ပဋိပက္ခကို ပြေလည်စေလျက် ဘုရားသခင်နှင့် လူသားကို ပိုမိုရင်းနှီးစေပြီး ဘုရားသခင်နှင့် လူသားအကြားတွင် အတွေးအခေါ်များကို ဆက်သွယ်ဖလှယ်ရန် လုပ်ဆောင်ပေးခဲ့သည်မှာ ထိုသူပင် ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းတန်ခိုး သာ၍ကြီးထွားလာအောင် လုပ်ဆောင်ပေးခဲ့သည်မှာလည်း ထိုသူပင်ဖြစ်သည်။ ထိုကဲ့သို့သော သာမညလူသားသည် သင့်အနေနှင့် ယုံကြည်ပြီး ကြည်ညိုထိုက်သူ မဟုတ်သလော။ ယင်းကဲ့သို့သော သာမည ဇာတိခန္ဓာကို ခရစ်တော်ဟူ၍ မခေါ်ဆိုထိုက်ပေသလော။ ထိုသာမည လူသားသည် လူများအကြား၌ ဘုရားသခင်၏ပြယုဂ် မဖြစ်နိုင်သလော။ လူသားမျိုးနွယ်ကို ကပ်ဘေးမှ ချမ်းသာရာရရန် ကူပေးသည့် ထိုသာမညလူသားကို ချစ်မြတ်နိုးလျက် စွဲကိုင်ထားရန် မထိုက်တန်သလော။ သင်တို့က သူ၏နှုတ်မှ မိန့်ကြားခဲ့သည့် သမ္မာတရားများကို ငြင်းပယ်လျက် သင်တို့အကြား၌ သူ၏နေထိုင်မှုကို စက်ဆုပ်ကြမည်ဆိုလျှင် သင်တို့၏ ကံကြမ္မာမှာ မည်သို့များ ဖြစ်လာမည်နည်း။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား”)

ယေရှု၏အမှုသာ မရှိခဲ့လျှင် လူသားမျိုးနွယ်သည် လက်ဝါးကပ်တိုင်မှ အောက်ကို ဆင်းလာနိုင်ခဲ့မည် မဟုတ်ချေ၊ ယနေ့၏ လူ့ဇာတိခံယူမှု မရှိလျှင်လည်း လက်ဝါးကပ်တိုင်မှ အောက်ကို ဆင်းလာခဲ့ကြသူတို့ကို ဘုရားသခင်က မည်သည့်အခါမျှ ချီးကျူးမည် မဟုတ်သကဲ့သို့ ထိုသူတို့သည် ခေတ်သစ်ထဲကိုလည်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ထိုသာမညလူသား၏ ကြွဆင်းလာခြင်းသာ မရှိခဲ့ပါက သင်တို့ထံတွင် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို ရှုမြင်ရန် အခွင့်အလမ်း၊ သို့မဟုတ် အရည်အချင်း မည်သည့်အခါမျှ ရှိလာခဲ့မည် မဟုတ်ပေ၊ အကြောင်းမှာ သင်တို့အားလုံးသည် ဖျက်ဆီးပစ်ခံခဲ့ကြရမည်မှာ ကြာလှပြီဖြစ်ခဲ့၍ဖြစ်သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသူ ကြွဆင်းလာခဲ့ခြင်းကြောင့် ဘုရားသခင်သည် သင်တို့ကို ခွင့်လွှတ်ပေးလျက် ကရုဏာကို ပြသပေးခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ ငါသည် သင်တို့အတွက် ချန်ထားပေးခဲ့ချင်သည့် နှုတ်ကပတ်တော်များမှာ ဤအရာများဖြစ်သည်- လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည့် ထိုသာမညလူသားသည် သင်တို့အတွက် အလွန်ကို အရေးပါသူပင် ဖြစ်သည်။ ထိုအချက်ကမှ လူသားများအကြား၌ ဘုရားသခင်လုပ်ဆောင်ပေးခဲ့ပြီဖြစ်သည့် ကြီးမားသည့်အရာဖြစ်ပေ၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား”)

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ရှေ့သို့သွားရန်

သခင်ယေရှုသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့အားလုံး သိကြပါသည်။ သူ၏ အမှုတော်ကို ပြည့်စုံစေလျက်၊ သူသည် ကားစင်တင်ခံခဲ့ရပြီးနောက်၊ သူ၏ တပည့်တော်များအားလုံးရှေ့ ပေါ်ထွန်းလျက် ရှင်ပြန်ထမြောက်ခဲ့ပြီး၊ သူ၏ ဘုန်းသရေရှိသော ဝိညာဉ်ခန္ဓာဖြင့် ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သမ္မာကျမ်းစာက၊ “အို ဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌၊ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့။” (တမန်တော်ဝတ္တု ၁:၁၁) ဟု ဆိုသကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့်၊ သခင် တစ်ဖန်ပြန်ကြွလာသည့်အခါ၊ ယင်းမှာ လူသားထံ ပေါ်ထွန်းသော သူ၏ ရှင်ပြန်ထမြောက်သည့် ဝိညာဉ်ခန္ဓာဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာက အတည်ပြုပါသည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ရန် အဘယ်ကြောင့် လူသား၏ အသွေးအသားပုံသဏ္ဍာန်ဖြင့် လူ့ဇာတိခံယူခဲ့ပါသနည်း။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်သော ဝိညာဉ်ခန္ဓာနှင့် လူသားအဖြစ် သူ၏ လူ့ဇာတိခံယူခြင်းတို့ကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း။

အမှာစကား ချန်ခဲ့မည်