စာရင်း

ဘုရားသခင်သည် ပညတ်တော်ခေတ် အမှုတော်ကို လုပ်ဆောင်ရန် မောရှေကို အသုံးပြုခဲ့၏၊ သို့ဆိုလျှင် နောက်ဆုံးသော ကာလတွင် သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို အသုံးမပြုပါသနည်း။ ယင်းကို သူကိုယ်တိုင်လုပ်ဆောင်ဖို့ လူ့ဇာတိဖြစ်လာဖို့ရန် အမှန်တကယ်လိုအပ်ပါသလား။ လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသော လူတို့ကြား ပဓာနကျသော ကွာခြားချက်မှာ အဘယ်နည်း။

အဖြေ-

ဘုရားသခင်က နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်း အမှုကို ပြုဖို့အတွက် အဘယ့်ကြောင့် လူ့ဇာတိခံယူရသနည်း ဆိုသည်မှာ လူတော်တော်များများ အဓိကအလေးထားကြသည့် မေးခွန်းတစ်ခုဖြစ်သည်။ ထိုကဲ့သို့ လူများကလည်း ဘုရားသခင် ပေါ်ထွန်းခြင်းနှင့် သမ္မာတရားကို အမှန်တကယ် တောင့်တနေကြသူများဖြစ်သည်။ ဤမေးခွန်းက ကျွန်တော်တို့ အနေနှင့် ကောင်းကင်နိုင်ငံဆီ ချီဆောင်ခံရ၏ မရ၏ ဆိုသည်နှင့်လည်း ပတ်သက်ပါသည်။ ထို့ကြောင့် ဤအကြောင်းရင်းမှန်ကို နားလည်ဖို့က တော်တော် အရေးကြီး ပါသည်။ ဘုရားသခင်က နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း အမှုကို ပြုဖို့အတွက် လူတစ်ယောက်ကို အသုံးပြုမည့်အစား၊ အဘယ့်ကြောင့် ကိုယ်တော်တိုင် လူ့ဇာတိခံရပါသလဲ။ ဤကိစ္စကိုမူ တရားစီရင်ခြင်းအမှု၏ သဘောသဘာဝနှင့် စိစစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် တရားစီရင်ခြင်းအမှုက ဘုရားသခင်က သမ္မာတရားကို ဖော်ထုတ်ပြခြင်းဖြစ်ပြီး၊ လူများကို သိမ်းပိုက်ဖို့၊ သန့်စင်ဖို့၊ ကယ်တင်ဖို့အတွက် ကိုယ်တော်၏ စိတ်သဘောထားကို ဖော်ပြခြင်းလည်း ဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက စာပိုဒ်တစ်ချို့ကို ဖတ်ကြည့်ကြရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသင့်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။ အကြောင်းမှာ တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်။ လူသားတို့အကြား ထိုအလုပ်ကို လုပ်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဍာန်ဖြင့် ပေါ်နေဆဲဖြစ်သည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ၊ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် သမ္မာတရားကို အသုံးပြု၍ ကမ္ဘာတဝှမ်းရှိ လူတို့ကို သွန်သင်ကာ သမ္မာတရား အလုံးစုံကို သူတို့အား သိစေလိမ့်မည်။ ယင်းကား ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတည်း။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”)

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘာထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည်လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်းအကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် သမ္မာတရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက်နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်းအမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”)

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ မှနေ ကျွန်တော်တို့ မြင်လိုက်ကြရပြီ။ နောက်ဆုံးသောကာလတွင် ပြုမည့်၊ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုမှာ ပါဝင်သည့် အရာများက သမ္မာတရား၏ သွင်ပြင်လက္ခဏာ အမျိုးမျိုးကို ဖော်ထုတ်ပြခြင်း၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြခြင်း၊ နက်နဲသောအရာ အားလုံးကို ပြသခြင်း၊ ဘုရားသခင်အပေါ် လူများ၏ ဆန့်ကျင်သစ္စာဖောက်တတ်သည့် ဆိုးယုတ်သည့် သဘာဝကို တရားစီရင်ခြင်း၊ လူများ၏အပြောအဆိုနှင့် အမူအကျင့်များကို ထုတ်ဖော်ခွဲခြားပြခြင်း၊ ဘုရားသခင်၏ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်းဂုဏ်တော်နှင့် အတုမဲ့သည့် စိတ်သဘောထားကို လူသားအားလုံးထံ ဖော်ထုတ်ပြခြင်း တို့ဖြစ်ပါသည်။ ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများ အနေနှင့် နှုတ်ကပတ်တော်များ အားဖြင့် တရားစီရင်ခြင်းကို ခံရခြင်းက သူတို့အနေနှင့် ဘုရားသခင်ကို ဖူးခွင့်ရသည့်သဘောဖြစ်သည်။ ကိုယ်တော့်ရှေ့မှောက်မှာ တရားစီရင်ခြင်းခံကြရခြင်းဖြစ်သည်။ ဘုရားသခင်က လူများကို တရားစီရင်သည့်အခါတွင်၊ ကိုယ်တော်၏ ဖြောင့်မတ်သည့် စိတ်သဘောထား သရုပ်သကန် ကိုလည်း လူများကို သိမြင်ခွင့်ရပါသည်။ ဘုရားသခင်၏ သန့်ရှင်းသောဂုဏ်တော်ကို မြင်လိုက်ရ သကဲ့သို့၊ ကြီးမားသည့် အလင်းရောင်ကြီးက ကောင်းကင်ဘုံဆီကနေ ထိုးဆင်း လာသည်ကို မြင်ခွင့်ရ သကဲ့သို့ ဖြစ်ပါသည့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားရသည်နှင့် လူတစ်ယောက်၏ ရင်ထဲကို ထက်မြသည့် နှစ်ဖက်သွား ဓါးတစ်လက် ထိုးဖောက်ဝင်သွားသည့် အတိုင်းဖြစ်သည်။ ပြောပြ၍မရနိုင်သည့် ဝေဒနာကို ခံစားရလိမ့်မည်။ သို့မှသာ လူက သူ၏ အကျင့်ပျက်သည့် သဘောနှင့် အကျင့်ပျက်ခြင်း၏ အဖြစ်မှန်ကို သဘောပေါက်နားလည် နိုင်လာမည်။ အရှက်ကြီးစွာ ရလာမည်၊ စစ်မှန်သည့် နောင်တရပြီး၊ ဘုရားသခင်ရှေ့မှောက်တွင် ဝပ်ဆင်းလာမည်။ ထိုနောက်မှာမှ သမ္မာတရားကို လက်ခံနိုင်လာပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေထိုင်နိုင် လာမည်။ မာရ်နတ်၏လွှမ်းမိုးမှုကိုလည်း သူ့ဘာသာ ဖယ်ရှားပစ်နိုင်လာမည်။ ပြီးလျှင် ဘုရားသခင်၏ ကယ်တင်ခြင်း နှင့် ပြည့်စုံစေခြင်းကို ရလာပါမည်။ ထို့ကြောင့် လူများကို တရားစီရင်ခြင်း၊ သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်း အမှုတော်များက ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံယူမှသာ ပြီးမြောက်နိုင်ခြင်းဖြစ်သည်။

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်အရ တရားစီရင်ခြင်း အမှုကို ကြုံတွေ့သွားပြီဆိုပါက၊ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် လူများအနေနှင့် စော်ကား၍ မရမှန်း ကျွန်တော်တို့ ခံစားမိကြ ပါပြီ။ ဘုရားသခင်၏နှုတ်ကပတ်တော်တိုင်းမှာ ဘုန်းအာနုဘော် နှင့် အမျက်ဒေါသကို မြှုပ်နှံထားသည်။ စကားလုံးတိုင်းက ကျွန်တော်တို့ရင်ထဲအထိ ရိုက်ခတ်ပါသည်။ ဘုရားသခင် အပေါ် ဆန့်ကျင်တတ်သည့်၊ သစ္စာဖောက်တတ်သည့် ကျွန်တော်တို့၏ ဆိုးယုတ်သည့်သဘာဝကို ဤစကားလုံးများက ဖော်ထုတ်ပေး သည်။ ပြီးလျှင် ကျွန်တော်တို့ရင်ထဲမှာ နက်နက် ရှိုင်းရှိုင်း ဝင်ရောက်နေသည့် အကျင့်ပျက် စိတ်သဘောထား ကိုလည်း ဖော်ထုတ်ပြသည်။ ဤသည်ကို ကျွန်တော်တို့ ကိုယ်တိုင်တောင် မမြင်နိုင်ပါ။ စိတ်ကြီးဝင်ခြင်းများ၊ မိမိကိုယ်ကို အမှန်ထင်ခြင်းများ၊ တစ်ကိုယ်ကောင်းဆန်ခြင်းများ၊ သစ္စာဖောက်ခြင်းများနှင့် ပြည့်နေသည့် ကျွန်တော်တို့၏ စိတ်နေသဘောထားကိုလည်း ဤစကားလုံးများကြောင့် သိလာရသည်။ ကျွန်တော်တို့က စာနာမှုနည်းနည်းမှ မရှိသည့်အပြင်၊ မိစ္ဆာများကဲ့သို့ ရှင်သန်နေကြခြင်း၊ ဤကဲ့သို့ စိတ်ဓာတ်များနှင့် နေထိုင်နေကြခြင်း ဖြစ်ကြောင်း ကို သိလာရသည်။ ဘုရားသခင်မှာမူ ၎င်းတို့ကို စက်ဆုပ်ရွံရှာ ပါသည်။ ကျွန်တော်တို့က နောင်တကြောင့် အရှက်ရ သကဲ့သို့ဖြစ်မိကြသည်။ ကျွန်တော်တို့၏ယုတ်ညံ့မှု၊ မကောင်းမှုများကို ပြန်မြင်ပြီး၊ ဘုရားသခင်ရှေ့မှောက် ရှင်သန်ဖို့ မထိုက်တန်မှန်း သိလာသည်။ ထို့ကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရချင်စိတ်နှင့် မြေပေါ်မှာ ဝပ်ဆင်းကြသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်အရ တရားစီရင်ခြင်းအမှုကို တွေ့ကြုံရပြီဆိုပါက၊ ကျွန်တော်တို့က ဘုရားသခင် ပေါ်ထွန်းခြင်းကို စစ်မှန်စွာ သက်သေခံ လိုက်ခြင်းဖြစ်သည်ဖြစ်သည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းက မပျက်ဆီးနိုင်ကြောင်း၊ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းက ချိုးဖျက်၍မရနိုင်ကြောင်း သိမြင်သွားကြခြင်းဖြစ်သည်။ လူများကို ကယ်တင်ဖို့အတွက် ထားသည့် ဘုရားသခင်၏ ထက်သန်သည့် စေတနာများနှင့် စစ်မှန်သည့်ချစ်ခြင်းကိုလည်း ကျွန်တော်တို့ နားလည်သွားခြင်းဖြစ်သည်။ မာရ်နတ်ကြောင့် ပျက်စီးနေသည့် ကျွန်တော်တို့အကျင့်စရိုက်များကိုလည်း၊ သိမြင်သွာခြင်းဖြစ်ပါသည်။ သို့နှင့် ကျွန်တော်တို့ရင်ထဲမှာ ဘုရားသခင်အပေါ် ကြည်ညိုခြင်း စဖြစ်လာသည့်အပြင်၊ သမ္မာတရားကို ကျေကျေနပ်နပ် လက်ခံလာမည်၊ ဘုရားသခင်၏ အကြံအစည်တော်များကိုလည်း နာခံလာမည်။ သို့မှသာ အကျင့်ပျက်နေသည့် ကျွန်တော်တို့စိတ်သဘောထားများက ဖြည်းဖြည်းချင်း သန့်စင်လာမည်ဖြစ်သည်။ ယနေ့ ကျွန်တော်တို့ ရလိုက်ကြသည့် အပြောင်းအလဲများက တရားစီရင်ခြင်းအမှု အတွက် ဘုရားသခင် လူ့ဇာတိခံခြင်း၏ ရလဒ်တစ်ခုဖြစ်သည်။ ထို့ကြောင့် လူများအနေနှင့် စစ်မှန်သည့်အလင်းဖြစ်သည့် ဘုရားသခင် ပေါ်ထွန်းခြင်းကို မြင်ရဖို့၊ ဘုရားသခင်၏ စစ်မှန်သည့်အသိဉာဏ်ကို ရဖို့ဆိုသည်မှာ ဘုရားသခင် လူ့ဇာတိခံပြီး သမ္မာတရားကို ဟောကြားသည့် အချိန်ကျမှ သာဖြစ်မည်။ တရားစီရင်ခြင်းအမှု အတွက် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ထုတ်ပြသည့် အချိန်ကျမှသာ ဖြစ်မည်ဖြစ်သည်။ သို့မှသာလူများအနေနှင့် သန့်စင်ခြင်း၊ ကယ်တင်ခြင်းကို ရနိုင်မည်ဖြစ်ပါသည်။ နောက်ဆုံးသော ကာလ၏ တရားစီရင်ခြင်းအမှုကို ခရစ်တော်ကလွဲလျှင်၊ မည်သူမျှ မဆောင်ရွက်နိုင်ပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် စာပိုဒ်တစ်ချို့ကိုဖတ်ကြည့် ရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသား၏ ဇာတိခန္ဓာဖောက်ပြန်ပျက်စီးမှုကို တရားစီရင်သည့် အမှုအတွက် ဇာတိခန္ဓာရှိသည့် ဘုရားသခင်ထက် ပို၍သင့်တော်ပြီး အရည်အချင်းရှိသောသူ မရှိပေ။...ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝအောင်နိုင်လိမ့်မည်ဖြစ်သည်။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသော လူသားနှင့်တူညီသူတစ်ဦးအနေဖြင့် ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက်တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ယင်းသည် သူ၏ရှိရင်းစွဲ သန့်ရှင်းမြင့်မြတ်မှု၏ လက္ခဏာဖြစ်ပြီး၊ သူ၏သာမန်ထက်ထူးခြားမှုဖြစ်သည်။ ဘုရားသခင်သာလျှင် လူသားကို တရားစီရင်နိုင်သည့် အခြေအနေတွင်ရှိပြီး၊ ထိုအရည်အချင်းနှင့် ပြည့်မီသည်၊ အကြောင်းမှာ သူသည် သမ္မာတရားနှင့် ဖြောင့်မတ်မှုကို ပိုင်ဆိုင်သဖြင့် လူသားကို တရားစီရင်နိုင်လေသည်။ သမ္မာတရားနှင့် ဖြောင့်မတ်မှုမရှိသောသူတို့သည် အခြားသူများကို တရားစီရင်ရန် သင့်တော်မှုမရှိပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်”)

ယနေ့ သင့်အား ငါ၏ တရားစီရင်ခြင်းသည် သင်၏ ညစ်ညူးခြင်းကြောင့် ဖြစ်သည်၊ ယနေ့ သင့်အား ငါ၏ ပြစ်တင် ဆုံးမခြင်းသည် သင်၏ ယိုယွင်းပျက်စီးခြင်းနှင့် ပုန်ကန်ခြင်းတို့ကြောင့် ဖြစ်သည်။ ယင်းမှာ သင်တို့အကြား၌ သြဇာအာဏာနှင့် ဂုဏ်သိက္ခာတို့ကို ပြရန်မဟုတ် သို့မဟုတ် သင်တို့ကို တမင်တကာ အနိုင်ကျင့်ရန်လည်း မဟုတ်ဘဲ ညစ်ညူးသော မြေတွင်နေထိုင်သော သင်တို့သည် အလွန်အမင်း များပြားလှသော ညစ်ညူးခြင်းနှင့် စွန်းထင်းပေကျံနေခဲ့ကြ၍ ဖြစ်သည်။ သင်တို့သည် သင်တို့၏ သမာဓိ၊ သင်တို့၏ လူ့သဘာဝတို့ကို တကယ်ပင် ဆုံးရှုံးခဲ့ကြပြီး အဆိုးညစ်ဆုံးသော နေရာများတွင် နေကြသည့် ဝက်နှင့် ဘာမျှမခြားပေ။ သင်တို့ အထဲတွင်ရှိသော ဤအရာများကြောင့်၊ သင်တို့သည် တရားစီရင်ခြင်း ခံရပြီး သူ၏ အမျက်ဒေါသသည် သင်တို့ အပေါ်သို့ သက်ရောက်ခြင်း ဖြစ်သည်။ ဤတရားစီရင်ခြင်းများကြောင့် ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင်သည် သန့်ရှင်းသော ဘုရားသခင် ဖြစ်သည်ကို သင်တို့ တွေ့မြင်ခြင်းငှာ တတ်စွမ်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။ သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကြောင့် သူသည် သင်တို့ကို တရား စီရင်ခဲ့ပြီး၊ သူ၏ အမျက်ဒေါသကို သင်တို့အပေါ်သို့ သက်ရောက်စေခဲ့ခြင်း ဖြစ်သည်။ လူသားမျိုးနွယ်၏ ပုန်ကန်မှုကို တွေ့မြင်ရသောအခါ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို သူသည် ဖော်ပြနိုင်သည့် အတွက်ကြောင့်နှင့် လူသားမျိုးနွယ်၏ ညစ်ညူးခြင်းကို တွေ့မြင်ရသောအခါ သူ၏သန့်ရှင်းခြင်းကို သူဖော်ပြနိုင်သည့်အတွက်ကြောင့်၊ သူသည် သန့်ရှင်း၍ စွန်းထင်းခြင်းမရှိသော်လည်း ညစ်ညူးခြင်း၏ တိုင်းပြည်တွင် မွေးဖွားလာခဲ့သည့် ဘုရားသခင်ကိုယ်တော်တိုင်လည်း ဖြစ်ကြောင်းကို သက်သေပြရန် ထိုအရာက လုံလောက်ပေသည်။ ကိုယ်တော်သည် အခြားသူများနှင့်အတူ မိမိကိုယ်ကိုယ် စွန်းထင်းပေကျံစေသော လူသားတစဦး ဖြစ်ခဲ့မည်ဆိုပါက၊ သူသည် ဖြောင့်မတ်သော စိတ်သဘောထား သို့မဟုတ် သန့်ရှင်းခြင်း၏ အခြေခံသဘောတရားများ ဘာမျှ မရှိခဲ့ပါက ကိုယ်တော်သည် လူသားမျိုးနွယ်၏ မဖြောင့်မတ်မှုများကို တရားစီရင်ရန် သို့မဟုတ် လူသားမျိုးနွယ်၏ တရားစီရင်သူ ဖြစ်ရန် အရည်အချင်းပြည့်မီခဲ့လိမ့်မည် မဟုတ်ချေ။ အကယ်၍ လူသည် လူကိုပြန်၍ တရားစီရင်မည် ဆိုပါက ယင်းမှာ ကိုယ့်ပါးကိုယ် ကိုယ်ပြန်ရိုက်ခြင်းပင် ဖြစ်လိမ့်မည် မဟုတ်လော။ တစ်စုံတစ်ယောက်သော သူသည် မိမိတို့နှင့် ထပ်တူညီသော ပုဂ္ဂိုလ်မျိုး၊ မိမိတို့ကဲ့သို့ပင် ညစ်ညူးသော ပုဂ္ဂိုလ်မျိုးကို တရားစီရင်ပိုင်ခွင့် မည်သို့ ရှိနိုင်မည်နည်း။ ညစ်ညူးသော လူသားမျိုးနွယ် အားလုံးကို တရားစီရင်နိုင်သည့် တစဦးတည်းသော သူမှာ သန့်ရှင်းသော ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ လူသည် အဘယ်သို့လျှင် လူ၏ အပြစ်များကို တရားစီရင်နိုင်မည်နည်း။ လူသည် အဘယ်သို့လျှင် လူ၏ အပြစ်များကို မြင်တွေ့ခြင်းငှာ တတ်နိုင်မည်နည်း၊ သူတို့သည် လူကို ပြစ်တင်ရှုတ်ချရန် အဘယ်သို့လျှင် အရည်အချင်း ပြည့်မီနိုင်မည်နည်း။ အကယ်၍ ဘုရား သခင်၌ လူ၏ အပြစ်များကို တရားစီရင်ပိုင်ခွင့် မရှိခဲ့ပါက သူသည် အဘယ်သို့လျှင် ဖြောင့်မတ်သော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နိုင်မည်နည်း။ လူတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားများသည် ဖော်ပြခြင်း ခံရသောအခါ ဘုရားသခင်သည် လူတို့ကို တရားစီရင်ရန် ထုတ်ဖော်ပြောဆိုပြီး၊ ထိုအခါမှသာလျှင် သူတို့သည် ဘုရားသခင်မှာ သန့်ရှင်းကြောင်းကို တွေ့မြင်နိုင်ကြသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်း အမှုတော်၏ ဒုတိယခြေလှမ်း အသီးသီးပုံ”)

အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်အရ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိရပြီ။ နောက်ဆုံးသော ကာလမှာ ပြုမည့် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုက လူများကို အောင်နိုင်ဖို့၊ သန့်စင်ဖို့၊ ပြည့်စုံစေဖို့ဆိုပါက၊ ဘုရားသခင်၏အနန္တတန်ခိုးတော်၊ ပညာဉာဏ်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သမ္မာတရားကို ဖော်ထုတ်ပြမှသာ ပြီးမြောက်နိုင်မည်။ နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုကို ပြုဖို့အတွက် ဘုရားသခင်ကိုယ်တော်တိုင် ကြွမည်ဖြစ်သည်။ ဤီအမှုတော်က ခေတ်တစ်ခု၏အစနှင့် ခေတ်တစ်ခု၏အဆုံးကို ခွဲခြားပြပါသည်။ ဤအမှုတော်က ဘုရားသခင်၏လူ့ဇာတိခံခြင်းနှင့်သာ ပြီးမြောက်ရပါမည်။ ဤအမှုတော်ကို ကိုယ်တော့်ကိုယ်စား မည်သည့်လူသားမှ မလုပ်နိုင်ပါ။ ဘုရားသခင်က အမှုတော်များအတွက် ကိုယ်တော်တိုင် လူ့ဇာတိခံမည့်အစား လူများကို အသုံးပြုသင့်သည်ဆိုပြီး၊ လူတော်တော်များများက ယုံကြည်ကြသည်မှာ အဘယ့်ကြောင့်နည်း။ ဤသည်မှာ မယုံနိုင်စရာဖြစ်သည်။ လူများက ဘုရားသခင် ကြွလာခြင်းကို အမှန်တကယ်ကြိုဆိုကြပါသလား။ ဘုရားသခင်၏ အမှုတော်အတွက် လူများကို အသုံးပြုစေချင်သူများက အဘယ့်ကြောင့် အမြဲတမ်းအများကြီးရှိနေရသနည်း။ ဤသည်မှာ လူအချင်းချင်းဆိုပါက သူတို့အယူအဆများနှင့်အညီ ဆောင်ရွက်တတ် သောကြောင့်ဖြစ်သည်။ လူဆိုသည်မှာ တခြားလူများက မည်ကဲ့သို့လုပ်သင့်သည်ဟု ထင်တာကိုပဲ လုပ်ကြသည်။ ထို့ကြောင့် လူများက တခြားလူများကို လွယ်လွယ်ကူကူသာ ကိုးကွယ်ကြသည်။ ဖျာလိုလိပ် ထိပ်ပေါ်တင်ပြီး ဆည်းကပ်ကြသည်။ သို့သော်လည်း ဘုရားသခင်၏ဆောင်ရွက်ပုံနည်းလမ်းက လူ၏အယူအဆများ နှင့် လုံးဝကိုက်ညီမည်မဟုတ်ပါ။ လူများဖြစ်စေချင်သည့်အတိုင်း ပြုမူမည်မဟုတ်ပါ။ ထို့ကြောင့် လူက ဘုရားသခင်နှင့် လိုက်လျောညီထွေဖြစ်ဖို့ ခက်ခဲပါသည်။ ဘုရားသခင်၏ အနှစ်သာရက သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားက သန့်ရှင်းသည်၊ ဖြောင့်မတ်သည်၊ ချိုးဖောက်၍မရနိုင်ပါ။ သို့သော်လည်း အကျင့်ပျက်လူများမှာမူ မာရ်နတ်၏အလုံးစုံဖျက်ဆီးခြင်းကို ခံထားရသည်။ ဆိုးယုတ်သည့်စိတ်သဘောထားများ ပြည့်နေသည်။ သူတို့များက ဘုရားသခင်နှင့် လိုက်လျောညီထွေဖြစ်ဖို့ ခက်ခဲနေသည်။ ထို့ကြောင့် လူများက ဘုရားသခင်၏လူ့ဇာတိခံခြင်းအမှုကို လက်ခံဖို့ ခက်ခဲနေ သကဲ့သို့၊ ရှာဖွေလေ့လာချင်စိတ်လည်း မရှိကြပါ။ ထိုအစား လူလူချင်း ကိုးကွယ်ပြီး၊ မျက်ကန်းတစ္ဆေယုံကြည်ကြသည်။ အဲဒါများကို ဘုရားသခင်၏အမှုတော်လို့ သတ်မှတ်ပြီး၊ လက်ခံကြသည်၊ ဆည်းကပ်ကြသည်၊ သို့ပါက ပြဿနာက မည်သည့်အရာ ဖြစ်သနည်း။ လူများက ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် အမှုတော်ကို တွေ့ကြုံရခြင်း၏ အဓိပ္ပာယ်ကို လုံးဝမသိကြဟု ပြောနိုင်ပါသည်။ ထို့ကြောင့် အကျင့်ပျက် လူသားအားလုံး၏ ပြဿနာများကို ဖြေရှင်းဖို့အတွက် လူ့ဇာတိခံပြီး သမ္မာတရားကို ဟောကြားခြင်းက နောက်ဆုံးသောကာလမှာပြုမည့် ဘုရားသခင်၏အမှုတော်တွင် အဓိကကျပါသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုအတွက် ဘုရားသခင်က လူများကို ဘာကြောင့်မသုံးသနည်းဆိုသည့် ခင်ဗျားတို့မေးခွန်းအတွက် အဖြေလိုသေးပါသလား။ လူ၏အနှစ်သာရက လူဖြစ်သည်။ လူတွင် ဘုရားသဘောသဘာဝ၏ အနှစ်သာရ မရှိပါ။ ထို့ကြောင့် လူက သမ္မာတရားကို ဖော်ထုတ်နိုင်စွမ်း မရှိပါ။ ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြနိုင်စွမ်းမရှိပါ။ လူများကိုကယ်တင်ခြင်းအမှုကိုလည်း မလုပ်နိုင်ပါ။ လူများက မာရ်နတ်ကြောင့် ပျက်စီးနေပြီး၊ ယုတ်မာသည့်သဘာ၀ ရှိကုန်ပြီဆိုတာတော့ ထည့်ပြောမနေတော့ပါ။ ထို့ကြောင့် တခြားလူများကို တရားစီရင်ဖို့၊ သူတို့တွင် ဘာအရည်အချင်းများ ရှိလဲ၊ အကျင့်ပျက်ယုတ်ညံ့နေသည့်လူက သူ့ကိုယ်သူတောင် သန့်စင်ခြင်း၊ ကယ်တင်ခြင်း လုပ်နိုင်စွမ်းမရှိ ဆိုတော့ သူက တခြားလူများကို မည်ကဲ့သို့များ သန့်စင်စေမည်နည်း၊ ကယ်တင်မည်နည်း။ ဤကဲ့သို့လူများ၏ တရားစီရင်ခြင်းကို တခြားလူများကလည်း လက်ခံချင်မည်မဟုတ် သည့်အတွက်၊ အရှက်တကွဲ သာ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်ကသာ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းရှိပါသည်။ ဘုရားသခင်ကသာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ပါသည်။ ထို့ကြောင့် နောက်ဆုံးသောကာလတွင်ပြုမည့်၊ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုကို ကိုယ်တော်၏လူ့ဇာတိခံခြင်းနှင့် သာ ဆောင်ရွက်ရပါမည်။ ဤအမှုတော်ကို မည်ကဲ့သို့လူကမှ မဆောင်ရွက်နိုင်ပါ။ ဒါမှာမူ သေချာပါသည်။

ဟုတ်ပါပြီ။ ဘုရားသခင်က ပညတ်တော်ခေတ်မှာကျတော့ အမှုတော်အတွက် ဘာကြောင့်လူသားကို အသုံးပြုခဲ့သနည်း။ ဒါက ဘာကြောင့်လဲဆိုတော့ ပညတ်တော်ခေတ်၏အမှုတော်နှင့် နောက်ဆုံးသောကာလ၏တရားစီရင်ခြင်းအမှုတော်က ကွဲပြားသည့်သဘောသဘာ၀ ရှိကြလို့ဖြစ်သည်။ ပညတ်တော်ခေတ်မှာက လူများက အသစ်မွေးဖွားလာစ လူသားမျိုးနွယ်များပါ။ မာရ်နတ်၏ဖျက်ဆီးတာကိုလည်း နည်းနည်းသာ ခံကြရသေးသည်။ ယေဟောဝါဘုရားသခင်၏ အမှုတော်ကလည်း ကမ္ဘာကြီးပေါ်မှာ ခေတ်ဦးလူများ မည်ကဲ့သို့နေထိုင်ရမည်ဆိုတာ လမ်းပြဖို့အတွက် ပညတ်တော်များ၊ ဥပဒေများ ပြဋ္ဌာန်းပေးတာက အဓိကကျခဲ့ ပါသည်။ ဤအမှုတော်က လူများ၏ စိတ်သဘောထားကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါ။ သမ္မာတရားကိုလည်း အများကြီးဖော်ပြဖို့ မလိုခဲ့ပါ။ ဘုရားသခင် ချမှတ်ပြီးသားဖြစ်သည့် ပညတ်တော်များကို ဣသရေလ လူမျိုးများဆီ ပျံ့နှံ့စေဖို့အတွက် လူသားကိုသာ လိုအပ်ခဲ့ခြင်းဖြစ်သည်။ သို့မှသာ ဣသရေလလူမျိုးများအနေနှင့် ပညတ်တော်များကို မည်ကဲ့သို့လိုက်နာရမည်၊ ယေဟောဝါကို မည်ကဲ့သို့ကိုးကွယ်ရမည်၊ ကမ္ဘာပေါ်တွင် မည်ကဲ့သို့နေထိုင်ရမည် ဆိုတာများကို သိလာကြမည်။ ထိုကဲ့သို့လုပ်ဆောင်နိုင်ပြီဆိုပါက အမှုတော်က ပြီးမြောက်ပြီလေ။ ထို့ကြောင့် ပညတ်တော်ခေတ်၏ အမှုတော်ကို ပြီးမြောက်စေဖို့အတွက် ဘုရားသခင်က မောရှေကို သာ အသုံးပြုခဲ့သည်။ ဤအမှုတော်ကို ဆောင်ရွက်ဖို့အတွက် ကိုယ်တော်ကိုယ်တိုင် လူ့ဇာတိခံဖို့ မလိုခဲ့၊ မည့်သို့သော်လည်း နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုကျတော့ ကွဲပြားနေသည်။ ဤသည်မှာ မာရ်နတ်ကြောင့် အကြီးအကျယ် ပျက်စီးနေကြသည့်လူများကို ကယ်တင်ဖို့ရည်ရွယ်သည့် အမှုတော်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော် နည်းနည်းလောက်ကို ဟောကြားရုံ၊ ပညတ်တော်တချို့ကို ပြဋ္ဌာန်းပေးရုံလောက်နှင့် ဤအမှုတော်တွင် မလုံလောက်ပါ။ သမ္မာတရားကို အများကြီး ဟောကြားရမည်၊ ဘုရားသခင်၏ပင်ကို စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းများကို အလုံးစုံဖော်ပြရမည်၊ သမ္မာတရား၊ လမ်းခရီးနှင့် အသက်က လူများအားလုံးအတွက် လမ်းဖွင့်ထားရမည်၊ ဘုရားသခင် ကိုယ်တော်တိုင် လူသားအားလုံးရှေ့ကို ကြွလာ သကဲ့သို့ အခြေအနေမျိုးနှင့် လူများကို သမ္မာတရားအပေါ် နားလည်စေမည်၊ ဘုရားသခင်ကို သိလာစေရမည်၊ ဤကဲ့သို့နည်းနှင့်မှသာ ကိုယ်တော်အနေနှင့် လူများကို သန့်စင်ရာ ရောက်မည်၊ ကယ်တင်ရာရောက်မည်၊ ပြည့်စုံစေရာ ရောက်ပါမည်။ ဘုရားသခင်က ဒါများကို ကိုယ်တော်တိုင် လူ့ဇာတိခံခြင်းအားဖြင့်သာ လုပ်ရမည်။ ဤအမှုတော်ကို ကိုယ်တော့်ကိုယ်စား ဘယ်သူမှ မလုပ်နိုင်ပါ။ ဘုရားသခင်က နှုတ်ကပတ်တော်တချို့ကို ပျံ့နှံ့စေဖို့ တမန်တော်များကို အသုံးပြုနိုင်ပါသည်။ သို့သော်လည်း ဘုရားသခင်၏ ပင်ကို စိတ်သဘောထားကို ဖော်ပြဖို့၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ပြဖို့၊ သို့မဟုတ် အလုံးစုံသောသမ္မာတရားကို ဟောကြားဖို့အတွက်တော့ တမန်တော်များကို ဘုရားသခင်က ခွင့်မပြုပါ။ အဘယ့်ကြောင့်နည်းဆိုသော် လူသားက ၎င်းတို့ကိုလုပ်ဖို့ မထိုက်တန်လို့ဖြစ်သည်။ ဘုရားသခင်က အလုံးစုံသော စိတ်သဘောထားနှင့် သမ္မာတရားကို ဖော်ပြဖို့အတွက် လူသားကို အသုံးပြုမည်ဆိုပါက၊ ဘုရားသခင်က သူတို့ကြောင့် အရှက်ရဖို့များပါသည်။ လူသားက အကျင့်ပျက်သည့် စိတ်သဘောထား ရှိပြီး၊ သူ့ကိုယ်ပိုင်အယူအဆနှင့် အတွေးမှားများကိုလည်း ပြန်ပြီး သစ္စာဖောက်တတ်တာကြောင့် သူ့လုပ်ဆောင်မှုများထဲတွင် မစင်ကြယ်မှုများပါသည်။ ဤအရာများကြောင့် ဘုရားသခင်ကို အရှက်ရစေနိုင်သည်၊ ဘုရားသခင်အမှုတော်၏ထိရောက်မှုအပေါ် သက်ရောက်မှုရှိနိုင် ပါသည်။ ထို့အပြင် လူသားက ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သူ့၏ အရာအားလုံး နှင့် ဖြစ်ခြင်းအဖြစ် မှတ်ယူတတ်ပါသည်။ သမ္မာတရားအတွက် အမှုတော်ထမ်းရာတွင် သူ့၏မစင်ကြယ်မှုများကိုပါ ယူလာပါသည်။ ၎င်းတို့က နားလည်မှုလွဲမှားခြင်းများ၊ ဘုရားသခင်ကို အရှက်ရစေခြင်းများ ဖြစ်စေပါသည်။ ဘုရားသခင်က အလုံးစုံသော စိတ်သဘောထားနှင့် သမ္မာတရားကို ဖော်ပြဖို့အတွက် လူကို အသုံးပြုသည်ဆိုပါကလည်း၊ လူ၏မစင်ကြယ်မှုများကြောင့်၊ ကျန်သည့်လူအပေါင်းက လက်ခံချင်ကြမည်မဟုတ်ပါ။ ဆန့်ကျင်ခြင်းများပင် ရှိလာနိုင်သည်။ ၎င်းတွင် မာရ်နတ်ကလည်း အပြစ်ရှာပြီး၊ စွပ်စွဲတာများ လုပ်လာလိမ့်မည်။ ဘုရားသခင်အပေါ် လူများ၏မကျေနပ်မှုကို မြှောက်ပေးမည်။ ပုန်ကန်ခြင်းများ ဖြစ်အောင် လှုံ့ဆော်မည်။ လူများကို လွတ်လပ်သည့် ကိုယ်ပိုင်နိုင်ငံတော် တည်ထောင်အောင် သွေးထိုးပေးလာမည်။ ၎င်းတို့က ဘုရားသခင်၏အမှုတော်ကို လူက ဆောင်ရွက်ရင်ဖြစ်လာမည့် ရလဒ်များဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသောကာလတွင် အကျင့်ပျက်ပြားနေသည့် လူများကို ဘုရားသခင်က ကယ်တင်ခြင်းပြုမည်ဆိုသည့် ကိစ္စတွင်လည်း လူများက ဘုရားသခင်၏လူ့ဇာတိခံခြင်းအမှုတော်ကို လွယ်လွယ်နှင့် လက်မခံပါ၊ မနာခံကြပါ။ ထို့ကြောင့် ဘုရားသခင်က အမှုတော်အတွက် လူသားများကို အသုံးပြုမည်ဆိုပါက၊ လူများက ပိုပြီးတောင် လက်ခံနိုင်ခြေ နာခံနိုင်ခြေ နည်းသွားလိမ့်မည်။ ၎င်းတို့က အရှင်းဆုံးမြင်နိုင်သည့် အချက်များ မဟုတ်ပါလား။ ဘာသာရေးလောက၏ သင်းထောက်များ၊ သင်းအုပ်များကို ကြည့်ပါ။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းအမှုကို သူတို့တွေက ဆန့်ကျင်ရှုတ်ချနေတာ များက ထိုအချိန်က သခင်ယေရှုကို ဆန့်ကျင်ခဲ့ကြသည့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ဖာရိရှဲများနှင့် မည်သည့်အရာများ ကွာခြားသွားပါသနည်း။ အကျင့်ပျက်နေသည့် လူသားများကို ဘုရားသခင်က ကယ်တင်ခြင်းက လွယ်သည့်အလုပ်မဟုတ်ပါ။ ဘုရားသခင်၏ စဉ်းစားပုံကို ကျွန်တော်တို့က နားလည်ရမည်။

တစ်ဖက်ကကြည့်လျှင်၊ နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအတွက် ဘုရားသခင် လူ့ဇာတိခံခြင်းက လူများကို တရားစီရင်ဖို့၊ သန့်စင်စေဖို့နှင့် ကယ်တင်ဖို့ပါ။ ကျန်သည့်တစ်ဖက်က ကြည့်လျှင် ပို၍ပင် အရေးကြီးပါသည်။ လူသားအားလုံးအနေနှင့် ဘုရားသခင်ကို အမှန်တကယ် သိနားလည်လာစေဖို့၊ ဘုရားသခင် လူ့ဇာတိခံပြီး၊ ပေါ်ထွန်းခြင်းကို မြင်ကြစေဖို့အတွက်၊ ဘုရားသခင်က သမ္မာတရားကိုဟောကြားခြင်း၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ထုတ်ပြခြင်း အားဖြင့်၊ အမှုတော်ကို ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ချို့ကို ဖတ်ကြည့်ကြရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဇာတိခန္ဓာနှင့်နေထိုင်သူ အားလုံးအတွက် မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် လိုက်လျှောက်ရမည့် ပန်းတိုင်များကို လိုအပ်ပြီး၊ ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် အမှန်များနှင့် ဘုရားသခင်၏ မျက်နှာတော်အမှန်အား မျက်မြင်တွေ့ခြင်းကို လိုအပ်သည်။ ဤနှစ်ခုစလုံးကို လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာမှသာ စွမ်းဆောင်နိုင်ပြီး၊ နှစ်ခုစလုံးကို သာမန်ဖြစ်သော စစ်မှန်သည့် ဇာတိခန္ဓာဖြင့်သာ ဖြစ်မြောက်စေနိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်းကို လိုအပ်ရသည့် အကြောင်းရင်းနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လူ့ဇာတိခံယူခြင်းကို လိုအပ်ရခြင်း အကြောင်းရင်းဖြစ်သည်။ လူသားတို့သည် ဘုရားသခင်ကို သိရန်လိုအပ်သဖြင့်၊ မရေရာဘဲ သဘာဝထက်လွန်ကဲသော ဘုရားများ၏ ပုံရိပ်များကို သူတို့၏နှလုံးသားများမှ လွင့်ပျောက်သွားအောင် ပြုရမည်၊ ထို့ပြင် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပယ်ထုတ်ပစ်ရန် လိုအပ်သဖြင့် သူတို့သည် ပထမဆုံးအနေနှင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရမည်။ အကယ်၍ လူတို့၏နှလုံးသားများထဲမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို ဖယ်ထုတ်ပစ်ရန်အတွက် လူသားကသာ လုပ်ဆောင်ပါက သူသည် သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိမည်မဟုတ်ပေ။ လူသားတို့၏နှလုံးသားများထဲရှိ မရေရာသော ဘုရားများ၏ပုံရိပ်များကို စကားလုံးများဖြင့်သာ မြင်သာအောင်ပြခြင်း၊ ဖယ်ရှားခြင်း၊ သို့မဟုတ် အပြည့်အဝ နှင်ထုတ်ခြင်း မပြုနိုင်ပေ။ ထိုသို့ပြုလျှင် လူတို့ထံတွင် နက်ရှိုင်းစွာ အမြစ်စွဲနေသော ဤအရာများကို ပပျောက်စေရန်မှာ နောက်ဆုံးအချိန်အထိ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤအရာတို့ကို လူတို့ တဖြည်းဖြည်း သိလာခွင့်ပေးရန် လက်တွေ့ကျသော ဘုရားသခင်နှင့် ဘုရားသခင်၏ ပုံရိပ်စစ်တို့သာလျှင် ဤမရေရာသော၊ သဘာဝလွန်သောအရာများကို အစားထိုးနိုင်ကာ၊ ဤနည်းအားဖြင့်သာ သတ်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်သည်။...ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် သူ၏ကိုယ်ပိုင်အမှုကို လုပ်ဆောင်နိုင်ပြီး သူ့ကိုယ်စား ဤအမှုကို မည်သူကမျှ လုပ်ဆောင်ပေးနိုင်ခြင်းမရှိပေ။ လူသား၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ လူသားသည် ဘုရားသခင်၏စစ်မှန်မှုနှင့် သာမန်ဖြစ်မှုအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်စွမ်းမရှိပေ။ ဘုရားသခင်သည် လူသားတို့အလယ်တွင် ကိုယ်တိုင်အမှုပြုကာ သူ၏ပုံရိပ်နှင့် သူ၏ဖြစ်ခြင်းကို အပြည့်အဝ ပြသမှသာလျှင် လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ တွေ့နိုင်မည်ဖြစ်သည်။ ဤရလဒ်ကို ဇာတိခန္ဓာရှိသည့် မည်သည့်လူကမျှ မရယူနိုင်ပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်”)

လူသားတို့၏ တွေးထင်မှုများသည် အမှန်စင်စစ် အလဟဿဖြစ်ပြီး ဘုရားသခင်၏ မျက်နှာတော် အစစ်အမှန်ကို အစားမထိုးနိုင်ပေ၊ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လူသားသည် တူအောင်မတုနိုင်ပါ။ လူသားတို့အကြားတွင် ကိုယ်တိုင်ကိုယ်ကျ အမှုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်မှသာလျှင် ကောင်းကင်ဘုံမှ မမြင်ရသော ဘုရားသခင်နှင့် သူ၏အမှုကို ကမ္ဘာကြီးပေါ်သို့ ယူဆောင်လာနိုင်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူသားတို့ထံ ပေါ်ထွန်းလာပြီး၊ လူသားသည် ဘုရားသခင်ကိုတွေ့မြင်ကာ၊ ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်၊ လူ့ဇာတိမခံယူသော ဘုရားသခင်မှ ဤအရာကို မစွမ်းဆောင်နိုင်ပါ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်”)

လူ့ဇာတိထဲသို့ ဘုရားသခင် ရောက်ရှိလာခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ အမှန်တကယ် လုပ်ဆောင်မှုများကို လူသားတို့ တွေ့မြင်နိုင်စေရန်၊ ပုံပန်းသဏ္ဌာန်မရှိသည့် ဝိညာဉ်တော်ကို လူ့ဇာတိထဲ၌ အကောင်အထည် ပေါ်စေရန်ဖြစ်ပြီး၊ ကိုယ်တော့်ကို လူသားများ မြင်တွေ့ခွင့်နှင့် ထိကိုင်ခွင့်ကို ပေးရန်ဖြစ်သည်။ ဤနည်းအားဖြင့် ကိုယ်တော်က ပြီးပြည့်စုံအောင် လုပ်ပေးခြင်းခံရသော ၎င်းတို့သည် ကိုယ်တော်နှင့်သာ နေ၍၊ ၎င်းတို့သည် ကိုယ်တော်အားဖြင့် ရယူခြင်းခံရကာ၊ ကိုယ်တော့်နှလုံးသားနင့် ညီနိုင်ပါလိမ့်မည်။ အကယ်၍ ဘုရားသခင်သည် ကောင်းကင်ဘုံတွင်သာ စကားပြောပါက၊ မြေကြီးပေါ်သို့ အမှန်တကယ် ကြွလာခြင်း မရှိခဲ့ပါက၊ ဘုရားသခင်ကို လူများသိခြင်းငှာ မတတ်နိုင်ဘဲ ရှိပါလိမ့်မည်။ သူတို့သည် အနှစ်မဲ့သော သီအိုရီကိုသာ အသုံးပြု၍ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ဟောပြောနိုင်ပါလိမ့်မည်။ လက်တွေ့အဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိမည်မဟုတ်ပေ။ အဓိကအားဖြင့် ဘုရားသခင် ရယူအောင်နိုင်သည့် သူများအတွက် စံပြအဖြစ် နမူနာအဖြစ် လုပ်ဆောင်ရန် ဘုရားသခင် မြေကြီးပေါ်သို့ ကြွလာခဲ့ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်ကို လူသားတို့ ဧကန်အမှန် သိလာနိုင်သည်၊ ဘုရားသခင်ကို တို့ထိနိုင်ပြီး၊ ကိုယ်တော်ကို မြင်နိုင်သည်။ ထိုအခါမှသာ ဘုရားသခင်သည် သူတို့ကို စစ်မှန်စွာ ရရှိအောင်နိုင်လာပါသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်”)

ယေဟောဝါသည် လူသားမျိုးနွယ်ကို စွန့်ခွာသွားသည့်အခါမှသာ လူ့ဇာတိခံယူသော ဘုရားသခင်သည် ခေတ်ကိုအဆုံးသတ်ကာ မရေရာသော ဘုရားသခင်အပေါ် လူသားမျိုးနွယ်တို့ ယုံကြည်ကြသည့်ခေတ်ကိုလည်း နိဂုံးချုပ်ပေးသည်။ အထူးသဖြင့် နောက်ဆုံးလူ့ဇာတိခံယူသည့် ဘုရားသခင်သည် ပို၍စစ်မှန်သော၊ ပို၍လက်တွေ့ကျသော၊ ပို၍သာယာသော ခေတ်တစ်ခေတ်ထဲသို့ လူသားမျိုးနွယ်အားလုံးကို ပို့ဆောင်ပေးသည်။ သူသည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်ရုံသာမကဘဲ ပို၍အရေးကြီးသည်မှာ စစ်မှန်ပြီး သာမန်ဖြစ်သော၊ ဖြောင့်မတ်ပြီး သန့်ရှင်းမြင့်မြတ်သော၊ စီမံခန့်ခွဲမှုအစီအစဉ်၏ အမှုကိုဖွင့်လှစ်ပြီး လူသားမျိုးနွယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပန်းတိုင်ကို ပြသသော၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲမှုအမှုကို အဆုံးသတ်ပေးသော၊ နှစ်ထောင်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သော ဘုရားသခင်တစ်ပါးကို လူသားမျိုးနွယ်အား သူထုတ်ဖော်ပြသည်။ မရေရာသောခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ်တစ်ရပ်လုံးမှ ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေရန်ဆန္ဒရှိသော်လည်း ထိုသို့မလုပ်ဆောင်နိုင်သောခေတ်ကို နိဂုံးချုပ်၍၊ လူသားမျိုးနွယ်တစ်ရပ်လုံး စာတန်ကို အစေခံသည့်ခေတ်ကို သူသည်ကုန်ဆုံးစေပြီး၊ လူသားတစ်မျိုးနွယ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ ဦးဆောင်သွားသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်ဘဲ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုဆိုင်ရာ ရလဒ်ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်”)

နောက်ဆုံးသောကာလမှာ လူ့ဇာတိခံခြင်းအားဖြင့်၊ ဘုရားသခင် ဆောင်ရွက်သည့် တရားစီရင်ခြင်းအမှုက တကယ့်ကို အဓိပ္ပါယ်ရှိပါသည်။ ဘုရားသခင်က နောက်ဆုံးသောကာလ အတွက် ကမ္ဘာမြေပေါ်တွင် လူ့ဇာတိခံယူ ပြီးပါပြီ။ ကိုယ်တော်က လူတွေကြားတွင် နေထိုင်ရင်း၊ နှုတ်ကပတ်တော်များကို လူများဆီ ဖော်ထုတ်ပြနေပါသည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို လူအများဆီ ဖော်ပြနေပါသည်။ ဘုရားသခင် ချစ်သည့်သူများ၊ ဘုရားသခင် မုန်းသည့်သူများ ဘုရားသခင်၏အမျက်ဒေါသကို ရသည့်သူများ၊ ကိုယ်တော် အပြစ်ပေးသည့်သူများ ကိုယ်တော်၏ စိတ်ခံစားမှုအခြေအနေ၊ လူတွေအပေါ် ကိုယ်တော် တောင်းဆိုခြင်းများ၊ လူများအတွက် ကိုယ်တော်၏ရည်ရွယ်ချက် ဘဝအပေါ် တန်ဖိုးထားမှုများအပေါ် လူ၏စံအမြင်များစသဖြင့်၊ ကိုယ်တော်က ဤအရာများ အားလုံးကို လူသားများဆီ အသိပေးပါသည်။ လူများကို ဘာသာရေးနှင့်ပတ်သက်ပြီး ရေရေရာရာမရှိ၊ ဦးတည်ချက်မဲ့ ရှာဖွေနေစရာမလိုအောင်၊ ဘဝအတွက် ရှင်းလင်းသည့် ပန်းတိုင်များကို ပေးအပ်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည့်အတိုင်းပင် ဖြစ်သည်၊ “လူ့ဇာတိခံယူသော ဘုရားသခင်သည် ယေဟောဝါ၏ကျောပြင်သာ လူသားမျိုးနွယ်ထံသို့ ပေါ်လာသည့်ခေတ်ကို အဆုံးသတ်ပေးသည်၊ ထို့အပြင် မရေရာသော ဘုရားသခင်အပေါ် လူသားမျိုးနွယ်တို့ ယုံကြည်ကြသည့်ခေတ်ကိုလည်း နိဂုံးချုပ်ပေးသည်။” အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် နောက်ဆုံးသောကာလ၏ အမှုတော်ကို သိနားလည်သွားသူ အားလုံးမှာမူ ဘုံအသိအမြင်တစ်ခု ရနေကြပါပြီ။ ကျွန်တော်တို့က ဘုရားသခင်၏တရားစီရင်ခြင်း နှင့် ဆုံးမခြင်းကို ခံကြရပြီးပါပြီ။ စစ်ဆေးမှုမျိုးစုံ၊ ကန့်သတ်မှုမျိုးစုံ ကိုလည်း ကြံ့ကြံ့ခံခဲ့ပြီးပြီ၊ တရုတ်ကွန်မြူနစ်အစိုးရ၏ ရက်စက် ကြမ်းကြုတ်သည့် ဖမ်းဆီးပြီး၊ ညှင်းပန်းနှိပ်စက် မှုများ ကိုလည်း အကြီးအကျယ် ခံစားခဲ့ကြပြီးပြီ၊ ဤကဲ့သို့ဒုက္ခပေါင်းစုံ ရှိခဲ့မည့်သော်လည်း၊ ကျွန်တော်တို့ အပေါ် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား လွှမ်းခြုံလာတာကို မြင်ကြရပါပြီ။ ဘုရားသခင်၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ၊ ကိုယ်တော်၏ အနန္တတန်ခိုးတော်နှင့် ပညာဉာဏ်ကိုလည်း မြင်ကြရပါပြီ။ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းသရုပ်သကန်ကိုလည်း မြင်ကြရပါပြီ။ ဘုရားသခင်ကိုယ်တော်တိုင်ကို ဖူးခွင့်ရလိုက် သကဲ့သို့ဖြစ်သည်။ ကျွန်တော်တို့က ဘုရားသခင်၏ဝိညာဉ် ခန္ဓာကို မမြင်ကြရသေးမည့်သော်လည်း၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထား၊ အနန္တတန်ခိုးတော်နှင့် ပညာဉာဏ်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းများကိုမူ ကျွန်တော်တို့ကို အပြည့်အစုံ ထုတ်ဖော်ပြခဲ့ပါပြီ။ ဤသည်မှာ ဘုရားသခင်ကို မျက်မြင်ဖူးခွင့်ရလိုက် သကဲ့သို့ဖြစ်သည်။ ကျွန်တော်တို့က ဘုရားသခင်ကို အမှန်တကယ် သိနားလည်လာ သကဲ့သို့၊ ဘုရားသခင်ကို ကြောက်ရွံ့တတ်သည့် နှလုံးသားကိုလည်း ရလာကြသည်။ ထို့ကြောင့် ကျွန်တော်တို့မသေခင်အထိ၊ ဘုရားသခင်၏ အစီအမံတိုင်းကို နာခံတတ်သွားကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်များအရ၊ ဘုရားသခင်က လက်တွေ့ကျပြီး စစ်မှန်သည်ဆိုတာကိုလည်း၊ ကျွန်တော်တို့ သိမြင်ကြရသည်။ ကျွန်တော်တို့၏အယူအဆများ အတွေးမှားများအားလုံးကိုလည်း ပစ်ပယ်လိုက်ပြီ။ ဘုရားသခင်ကို အမှန်တကယ် သိနားလည်သူများ ဖြစ်လာကြပါပြီ။ ယခင်က ဘုရားသခင်က လူများ၏အပြစ်များကို ဆက်လက် ခွင့်လွှတ်ပေးမည်ဖြစ်သည်ဟု ယုံကြည်ရင်း ဘုရားသခင်၏ စိတ်သဘောထားကို ချင်ခင်ကြင်နာ တတ်သည်၊ ကရုဏာထားတတ်သည်ဟု ထင်ခဲ့မိကြသည်။ သို့သော်လည်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်အရ တရားစီရင်ခြင်းအကြောင်းကို သိပြီးသည့်နောက်တွင်၊ ကျွန်တော်တို့ အနေနှင့် ပိုပြီးလျှင် အမှန်တကယ် နားလည်လာခဲ့ကြသည်။ ဘုရားသခင်၏ စိတ်သဘောထားက သနားကရုဏာရှိ ရုံတင်မဟုတ်ဘဲ၊ ဖြောင့်မတ်ပါသည်၊ ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်၊ အမျက်ဒေါသလည်း ရှိသည်။ ကိုယ်တော့် စိတ်သဘောထားကို စော်ကားသူတိုင်း အပြစ်ပေးခံရလိမ့်မည်။ ဤကဲ့သို့ ကျွန်တော်တို့က ဘုရားသခင်ကို ကြည်ညိုတတ် သွားသည်။ သမ္မာတရားကို လက်ခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေတတ်သွားသည်။ နောက်ဆုံးသောကာလတွင် ပြုမည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို သဘောပေါက်သွား သည့်အတွက် ဘုရားသခင်၏ စိတ်သဘောထားက သန့်ရှင်းသည်၊ ဖြောင့်မတ်သည်၊ အနှောင့်အယှက်ကင်းကြောင်းကို ကျွန်တော်တို့က လက်တွေ့ကျကျ နားလည်လာကြသည်။ ဘုရားသခင်၏ ကရုဏာနှင့် ချစ်ခြင်းကိုလည်း သိမြင်သွားသည်။ ဘုရားသခင်၏ အနန္တတန်ခိုးတော်နှင့်ပညာဉာဏ်ကိုလည်း သဘောပေါက် လာကြသည်။ ဘုရားသခင်ကိုယ်တော်တိုင် မည်ကဲ့သို့ လျှို့ဝှက်စွာ နှိမ့်ချထားသည်ဆိုတာကိုလည်း အသိအမှတ်ပြုမိ လာသည်။ ကိုယ်တော့်စေတနာများ၊ နှစ်သက်စရာကောင်းသည့် အရည်အသွေးများကိုလည်း သိလာကြသည်။ ကိုယ်တော့် စိတ်ခံစားချက်အခြေအနေများ၊ ကိုယ်တော်၏ သစ္စာတော်၊ ကိုယ်တော်၏တင့်တယ်ခြင်း၊ ကောင်းမြတ်ခြင်းများ၊ ကိုယ်တော့် ဩဇာအာဏာ၊ အတုမရှိသည့် တန်ခိုးတော်နှင့် အရာအားလုံးအပေါ် စေ့စေ့စပ်စပ်ရှိခြင်း စသဖြင့် တို့ဖြစ်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း ဆိုသည်မှာလည်း ကျွန်တော်တို့ရှေ့တွင် ပေါ်လာခဲ့ပါပြီ။ ဘုရားသခင် ကိုယ်တော်တိုင်ကို ဖူးခွင့်ရလိုက် သကဲ့သို့၊ ဘုရားသခင်ကို မျက်မြင် သိခွင့်ရလိုက် သကဲ့သို့ဖြစ်သည်။ ကျွန်တော်တို့က ဘုရားသခင်ကို ကိုယ်ပိုင်အယူအဆများ၊ အတွေးမှားများပေါ် အခြေခံပြီး၊ ယုံကြည်ဆည်းကပ်ခြင်း မပြုတော့ပါ။ ဘုရားသခင်အပေါ် စစ်မှန်သည့်ကြည်ညိုမှုနှင့် မြတ်နိုးမှုသာ ရှိပါတော့သည်။ ဘုရားသခင်ကိုလည်း အစစ်အမှန်နာခံတတ်ပြီ။ အားထားတတ်ပါပြီ လူများကို သမ္မာတရားဟောဖို့၊ တရားစီရင်ဖို့အတွက် ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိမခံယူခဲ့ ပါက၊ ကျွန်တော်တို့အနေနှင့် ဘုရားသခင်ကို သိလာမည်မဟုတ် သကဲ့သို့၊ အပြစ်များကို ဖယ်ရှားနိုင်စွမ်း၊ သန့်စင်ခြင်းကို ရနိုင်စွမ်းလည်း ရှိလာမည်မဟုတ်ကြောင်းကို ကျွန်တော်တို့ တကယ်ကို နားလည်သွားပါပြီ။ ထို့ကြောင့် သင်တို့ မည်ကဲ့သို့ပင် ကြည့်ပါစေ၊ နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံခြင်း နှင့်သာ ဆောင်ရွက်ရမည်။ မည်သူမှ ကိုယ်စားဝင်ပြီး မဆောင်ရွက်နိုင်ပါ။ လူ၏အယူအဆများနှင့် အတွေးမှားများ အရ စဉ်းစားကြည့်ပါကလည်း ဘုရားသခင်က နောက်ဆုံးသောကာလ ၏ တရားစီရင်ခြင်းအမှုကိုပြုဖို့ လူသားကို အသုံးပြုမည်ဆိုပါက၊ ကိုယ်တော် ဆန္ဒရှိသည့်ထိရောက်မှုကို ရနိုင်မည်မဟုတ်ပါ။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

သို့ပါက လူ့ဇာတိခံဘုရားသခင်နှင့် ဘုရားအသုံးပြုသည့် လူများကြားက အဓိကကျသည့် ကွာခြားချက်အကြောင်းကို နောက်ထပ် ခြေတစ်လှမ်းတိုးပြီး မိတ်သကယပြုကြရအောင်။ ဤသမ္မာတရား ရှုထောင့်အကြောင်းနှင့် ပတ်သက်၍ အနန္တတန်ခိုးရှင် ဘုရားသခင် မည်သည့်အရာ ပြောထားသည်ကို ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ-

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ သူ၏ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန်လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန်လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက်လုပ်ဆောင်နေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်”)

သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် လူသားတစ်ယောက် ဖြစ်သည့်အတွက် ဖန်ဆင်းခံ မည်သည့်လူသားထက်မဆို ကြီးမြတ်ပြီး၊ ဘုရားသခင်၏အလုပ်ကို ထမ်းဆောင်နိုင်သည့် မည်သည့်လူသားထက်မဆိုလည်း ကြီးမြတ်သည်။ ထို့ကြောင့် သူကဲ့သို့ပင် လူ့ခန္ဓာအပြင်ပန်းသဏ္ဌာန် ရှိကြသည့်သူများထဲတွင်၊ လူ့သဘာဝကို ပိုင်ဆိုင်ကြသည့်သူများထဲတွင်၊ သူတစ်ပါးတည်းသာလျှင် လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး အခြားသူအားလုံးမှာမူ ဖန်ဆင်းခံလူသားများသာ ဖြစ်သည်။ ထိုသူအားလုံးတို့တွင် လူ့သဘာဝရှိကြသော်လည်း ဖန်ဆင်းခံလူသားများ၌ လူ့သဘာဝမှလွဲ၍ ဘာမျှမရှိကြပေ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကမူ ကွဲပြားခြားနားသည်၊ သူ၏ဇာတိခန္ဓာထဲတွင် သူသည် လူ့သဘာဝရှိရုံသာမက ပိုအရေးကြီးသည်မှာ ဘုရား၏သဘောသဘာဝ ရှိနေခြင်းဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိခန္ဓာ၏ အနှစ်သာရ”)

ခရစ်တော်၏ ဘုရားသဘောသဘာဝမှာ လူသားအားလုံးတို့ အထက်၌ရှိသည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခံ အရာအားလုံးအထဲ၌ သြဇာအာဏာ အမြင့်ဆုံး ဖြစ်သည်။ ယင်းသြဇာအာဏာမှာ သူ၏ဘုရားသဘောသဘာဝဖြစ်ပြီး ယင်းမှာ သူ၏ကိုယ်ပိုင်လက္ခဏာကို ဆုံးဖြတ်ပေးသည့် ဘုရားကိုယ်တိုင်၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းပင်ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်”)

ဘုရားသခင်သည် သန့်ရှင်း၍ စင်ကြယ်ပြီး စစ်မှန်၍ အမှန်တကယ် ဖြစ်သောကြောင့် သူ၏ဇာတိခန္ဓာသည် ဝိညာဉ်မှ လာသည်။ ဤသည်မှာ တိကျသေချာပြီး သံသယဖြစ်စရာမရှိ။ ဘုရားသခင်ကို သက်သေခံနိုင်ရုံသာမကဘဲ ဘုရားသခင်၏ အလိုတော်ကိုလည်း လုံးလုံးလုပ်ဆောင်နိုင်သည်၊ ဤသည်မှာ ဘုရားသခင့် အနှစ်သာရ၏ ရှုထောင့်တစ်ရပ်ဖြစ်သည်။ လူ့ဇာတိသည် ဝိညာဉ်ထံမှ ပုံရိပ်တစ်ခုနှင့် လာသည်ဆိုခြင်းမှာ ဝိညာဉ်သည် မိမိကိုယ်မိမိ လွှမ်းခြုံထားသော ဇာတိခန္ဓာသည် လူသား၏ ဇာတိခန္ဓာ နှင့် အခြေခံအားဖြင့် ကွဲပြားခြားနားသည်ဟု ဆိုလိုပြီး ဤကွဲပြားခြားနားချက်သည် ၎င်းတို့၏ ဝိညာဉ်ထဲတွင် အဓိကအားဖြင့် တည်ရှိသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၉” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်)

ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကိုလည်း စွဲကိုင်ထားမည်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူပြုရမည့်အမှုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်တာကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် မဟုတ်သည်မှာ မုချဖြစ်၏၊ ဤသည်ကို သံသယဖြစ်ဖွယ် မရှိချေ။...

...နောက်ဆုံးမှာတော့ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသားသည် လူသားဖြစ်သည်။ ဘုရားသခင်တွင် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူတွင် လူသားအနှစ်သာရရှိသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ)

လူ့ဇာတိခံ ဘုရားသခင်ဆိုသည်မှာ လူ့ဇာတိမှာ ပေါ်လာသည့် ဘုရားသခင်၏ဝိညာဉ်တော် ဖြစ်ကြောင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်က သေသေချာချာ ရှင်းထားပါသည်။ သူ့မှာ သာမန်လူ့သဘာဝရှိသော်လည်း၊ ဘုရားဖြစ်ခြင်းဂုဏ်ဒြပ်နှင့် ပြည့်စုံသည်။ သို့သော်လည်း ဘုရားသခင် အသုံးပြုသည့် လူများမှာမူ လူသားဂုဏ်ဒြပ်သာ ရှိကြသည်။ သူတို့က လူသားသာ ဖြစ်နိုင်သည်၊ ဘုရားဖြစ်ခြင်းဂုဏ်ဒြပ် မရှိနိုင်ပါ။ ခရစ်တော်မှာ ဘုရားဖြစ်ခြင်း ဂုဏ်ဒြပ်ရှိသည်ဟု ဆိုရာတွင် ဘုရားသခင်၏ ဝိညာဉ်တော်မှာ ရှိသည့် သူ့၏ပင်ကို စိတ်နေသဘောထား သူ့၏ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းဂုဏ်ဒြပ်၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာ၊ ပြီးလျှင် ဘုရားသခင်၏ဩဇာအာဏာနှင့် တန်ခိုး စတာများအားလုံးက လူ့ဇာတိမှာ ပေါ်ပေါက်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤဇာတိခန္ဓာက ဘုရားဖြစ်ခြင်း ဂုဏ်ဒြပ်ရှိသည့် ဇာတိခန္ဓာဖြစ်သည်။ လူသားမျိုးနွယ်ကို အမှုပြုပြီး ကယ်တင်ဖို့ ကမ္ဘာမြေပေါ် ကြွရောက်လာသည့် ဘုရားသခင်အစစ်အမှန်ဖြစ်သည်။ ခရစ်တော်မှာ ဘုရားဖြစ်ခြင်း ဂုဏ်ဒြပ် ရှိသောကြောင့် အမျိုးမျိုးသောလူများ အဖြစ်အပျက်များ နှင့် အကြောင်းအရာများ အပေါ် သူ့၏စိတ်ခံစားချက်အခြေအနေ သဘောထားများ အမြင်များနှင့် ခံယူချက်များ၊ ခရစ်တော်၏ အတွေးများ အားလုံးက သမ္မာတရားသာဖြစ်ပါသည်။ ၎င်းတို့အားလုံးက ဘုရားသခင်၏သန့်ရှင်းသည့် ဂုဏ်ဒြပ်နှင့် အသက်တာ စိတ်သဘောထား၏ ဖော်ပြချက်များဖြစ်သည်။ ခရစ်တော်က ဘုရားသခင်ကို လုံးဝကိုယ်စားပြုနိုင်သည်။ ဘုရားသခင်၏ အသံတော် စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းများကို ဘုရားသခင်၏ ထင်ရှားသည့် လက္ခဏာအားဖြင့် တိုက်ရိုက် ဖော်ပြနိုင်သည်။ လူသားအပေါ် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို အပ်နှင်းနိုင်သည်။ ဤသည်မှာ ဖန်ဆင်းခံလူသားတိုင်း၏ တတ်စွမ်းနိုင်မှုကို ကျော်လွန်ပါသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ခရစ်တော်က ပြည့်စုံသည့် ဘုရားသဘောသဘာဝကို ပိုင်ဆိုင်၍ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တချို့ကို ရံဖန်ရံခါလောက် ပြောပြနိုင်သည့် ပရောဖက်များထက် သူက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အချိန်နေရာမရွေး တိုက်ရိုက် ဖော်ပြနိုင်သည်။ ခရစ်တော် ဖော်ပြသည့် အရာအားလုံးက သမ္မာတရားဖြစ် သကဲ့သို့၊ ခေတ်သစ်မှာ ဘုရားသခင်၏အမှုတော် ဖြစ်ပါသည်။ သူက ဘုရားသခင်၏နှုတ်ကပတ်တော်များအပေါ် သူ့အသိပညာနှင့် အတွေ့အကြုံကို မပြောဆိုပါ။ ခရစ်တော်က ပြည့်စုံသည့် ဘုရားသဘောသဘာဝ ရှိသောကြောင့် လူများကို ထောက်ပံ့ဖို့၊ ရေလောင်းဖို့၊ ထိန်းကျောင်းဖို့ လူသားများ အားလုံးကို လမ်းပြဖို့အတွက် သမ္မာတရားကို အချိန်နေရာမရွေး ဖော်ပြနိုင်သည်။ ခရစ်တော်က ပြည့်စုံသည့် ဘုရားသဘောသဘာဝ ရှိသောကြောင့် ဘုရား၏ အမှုတော်ကို ဆောင်ရွက် နိုင်သည်၊ လူသားမျိုးနွယ်ကို ဦးဆောင်နိုင်ပြီး၊ ရွေးနုတ်နိုင်သည် လူသားမျိုးနွယ်ကို သိမ်းပိုက်၊ ကယ်တင်ပြီး ခေတ်ဟောင်းတစ်ခုလုံးကို အဆုံးသတ်နိုင်သည်။ သို့သော်လည်း ဘုရားသခင် အသုံးပြုသည့် လူများမှာမူ လူသားဂုဏ်ဒြပ်သာ ရှိကြသည် သူတို့မှာ ဘုရားသဘောသဘာဝ မပိုင်ဆိုင်။ လူသားသက်သက်သာ ဖြစ်သည်။ ထို့ကြောင့် သူတို့က လူသား၏အလုပ်ကိုသာ ဆောင်ရွက်နိုင် သကဲ့သို့၊ လူသား၏တာဝန်ကိုသာ ဖြည့်ဆည်းနိုင်သည်။ သူတို့က သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှု၊ အလင်းပြမှု၊ အမှုတော်နှင့် စုံလင်ခြင်းများကို ပိုင်ဆိုင်ကြသော်လည်း၊ သူတို့အနေနှင့် ဘုရားသခင်၏အမှုတော်တွင် ပူးပေါင်း လုပ်ဆောင်တာ သူတို့၏အသိပညာနှင့် အတွေ့အကြုံကို ဖော်ပြခြင်းမျှသာ အလွန်ဆုံး တတ်နိုင်ကြသည်။ သူတို့စကားများ က သမ္မာတရားနှင့် ကိုက်ညီပြီး တခြားသူများကို အများအားဖြင့် အကျိုးပြုကောင်းပြုနိုင်သော်လည်း၊ ၎င်းတို့က သမ္မာတရား မဟုတ် သကဲ့သို့၊ ဘုရား၏နှုတ်ကပတ်တော်များနှင့် တန်းတူ မရပ်တည်နိုင်ပါ။ လူ့ဇာတိခံ ဘုရားသခင်က ခေတ်တစ်ခေတ်ကို အစပြုပြီး တစ်ခေတ်ကို အဆုံးသတ်ပေးသည့် အမှုကို လုပ်ဆောင်သည်။ သူက သမ္မာတရားကို တိုက်ရိုက် ဖော်ပြနိုင်ပြီး၊ လူသားမျိုးနွယ်တစ်ခုလုံးကို ဦးဆောင်လမ်းပြ နိုင်သည်။ သို့သော်လည်း ဘုရားသခင် အသုံးပြုသည့်လူများ ဒါမှမဟုတ် သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော် ရှိသည့်လူများမှာမူ အလွန်ဆုံးပြောရရင်၊ လူသား၏တာဝန်ကို ဖြည့်ဆည်းရင်း ဘုရားသခင်၏အမှုတွင် ပူးပေါင်းလုပ်ဆောင်နေခြင်းမျှသာ ဖြစ်သည်။ အလွန်ဆုံးဆိုပါက သူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပတ်သက်သည့် သူတို့ကိုယ်ပိုင်အသိပညာ အတွေ့အကြုံများကို ဖော်ပြနေခြင်းမျှသာ ဖြစ်သည်။ သူတို့ပြောသည့်အရာများကလည်း သမ္မာတရားနှင့် ကိုက်ညီသည်။ သူတို့က ဘုရားသခင်အတွက် မည်မျှ အချိန်ကြာကြာ အမှုထမ်းခဲ့ပါစေ၊ မည်မျှပင် ပြောဆိုထားပါစေ၊ သူတို့တွေက ဘုရား၏နှုတ်ကပတ်တော်နှင့် ဆိုင်သည့် သူတို့၏ အသိပညာနှင့် အတွေ့အကြုံကို ဝေမျှနေရုံသက်သက်သာဖြစ်သည်၊ ဘုရားသခင်ကို ချီးမြှောက်ပြီး ဘုရားသခင်အတွက် သက်သေခံနေကြခြင်းမျှသာ ဖြစ်သည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားနှင့် ဘုရားအသုံးပြုသည့် လူများ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် ရှိသည့်လူများကြားက ပဓာနကျသည့် ကွာခြားချက်ဖြစ်ပါသည်။

လူ့ဇာတိခံဘုရားသခင်က ဘုရားဖြစ်ခြင်းဂုဏ်ဒြပ်နှင့် ပြည့်စုံသည်။ ထို့ကြောင့် သူ့အမှုတော်နှင့် နှုတ်ကပတ်တော်က လူ့အတွေးတွေ၊ အယူအဆတွေ၊ စိတ်ကူးတွေ ယုတ္တိတွေနှင့် ညစ်ညမ်းမနေပါ။ ထိုအစား ဘုရားသဘောသဘာဝ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်ဝိညာဉ်တော်၏ မူလအဓိပ္ပာယ် စသည်တို့ကို လူ့ဇာတိခံဘုရားသခင်က တိုက်ရိုက် ဖော်ပြသည်။ ကျေးဇူးတော်ခေတ်ကကဲ့သို့ပင်ဖြစ်သည်။ သခင်ယေရှုက ကောင်းကင်နိုင်ငံတော်၏ နက်နဲမှုများကို ထုတ်ဖော်ပြခဲ့သည်။ နောင်တလမ်းကို ယူဆောင်လာပြီး၊ ချစ်ခင်ကြင်နာမှုနှင့် သနားကရုဏာဆိုသည့် သူ့စိတ်သဘောထား ကို ဖော်ပြခဲ့သည်။ ဤအရာများအားလုံးက ဘုရားဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်တွေ ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ့၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို သဘာဝကျကျ ထုတ်ဖော်ပြခြင်းများ ဖြစ်သည်။ ဤအရာများအားလုံးက လူသား၏တွေးခေါ်နိုင်စွမ်းကို ကျော်လွန်နေခြင်းဖြစ်သည်။ နောက်ဆုံးသော ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို သန့်စင်၊ ကယ်တင်ပြီး စုံလင်စေမည့် သမ္မာတရားအားလုံးကို ဖော်ပြပါသည်။ မည်ကဲ့သို့ ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံသည့် ဘုရား၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သူက ထုတ်ဖော်ပြပြီး၊ သူ့၏ စီမံခန့်ခွဲမှုအစီအစဉ်၏ နက်နဲမှုများ အားလုံးကိုလည်း ဖွင့်ပြပါသည်။ ဘုရား၏ လူ့ဇာတိခံယူခြင်း နက်နဲမှုများ၊ ဘုရားအမှုတော်နှင့် လူ့အလုပ်ကြားက ခြားနားချက်၊ ဘုရား၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်၊ ဘုရားအမှုတော် အဆင့်သုံးဆင့်၏ အတွင်းဇာတ်ကြောင်း၊ လူ၏ ဖောက်ပြန်ပျက်စီးခြင်း အကြောင်းရင်း၊ လူက ဘုရား၏ကယ်တင်ခြင်းကို ရရှိဖို့ အပြစ်ကနေ မည်ကဲ့သို့ လွတ်မြောက်သင့်ပုံ လူသားမျိုးနွယ်၏ အနာဂတ် ကံကြမ္မာ စသည်တို့ဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြုလုပ်သမျှ အရာတိုင်းက ဘုရားသဘောသဘာဝ၏ တိုက်ရိုက် ဖော်ပြချက်များ ဖြစ်ပါသည်။ လူ့အတွေးအခေါ်နှင့် လက်လှမ်းမမီသည့် ဘုရားဝိညာဉ်တော်၏ မူလအဓိပ္ပါယ်ဖြစ်သည်။ လူ့ဇာတိခံဘုရား၏ အမှုတော်နှင့် နှုတ်ကပတ်တော် သူ့၏ဖော်ပြထားသည့် စိတ်သဘောထားအရ လူ့ဇာတိခံဘုရားက ဂုဏ်ဒြပ်အားဖြင့် ဘုရားသဘောသဘာ၀ဖြစ်ပြီး၊ သူက တစ်ပါးတည်းဖြစ်သည့် ဘုရားကိုယ်တော်တိုင်ကလွဲ၍၊ အခြားမဟုတ်သည်ကို သက်သေပြဖို့ လုံလောက်ပါသည်။ သို့သော်လည်း ဘုရားအသုံးပြုသည့်လူတွေက သူ့၏ ဘုရားသဘာဝ အမှုတော်ကို ဆောင်ရွက်ရာမှာ အစားထိုးဝင်နိုင်ခြင်း မရှိ သကဲ့သို့ ဘုရား ဝိညာဉ်တော်၏ မူလအလိုတော်ကို တိုက်ရိုက် မဖော်ပြနိုင်ပါ။ သူတို့က ဘုရားအမှုတော်၏ အခြေခံအုတ်မြစ်အပေါ်မှာ လူသား၏ပူးပေါင်းဆောင်ရွက်မှု အလုပ်ကိုသာ လုပ်ဆောင်နိုင်သည်။ သူတို့၏ အသိပညာနှင့် အတွေ့အကြုံတွေကို မျှဝေတာ၊ ဘုရားရွေးချယ်ထားသည့် လူများကို ဘုရားနှုတ်ကပတ်တော် သမ္မာတရား၏ စစ်မှန်မှုထဲကို ဝင်ရောက်ဖို့ ဦးဆောင်ခြင်း၊ ဘုရားအတွက် သက်သေခံပြီး သူ့ကို အစေခံခြင်းများကိုသာ လုပ်ဆောင်နိုင်သည်၊ ဤသည်မှာ လူ့တာဝန်ကို ဖြည့်ဆည်းခြင်းဖြစ်သည်။ လူ့စိတ်က တတ်စွမ်းနိုင်သည့် အလုပ်၊ လူသားအနေနှင့် တွေ့ကြုံနိုင်သည့် အလုပ် အခြေခံအားဖြင့် လူ၏ရှိခြင်းနှင့် ဖြစ်ခြင်းဆိုသည့် အလုပ်ကိုသာ သူတို့က လုပ်ဆောင်သည်။ လူ့ဇာတိခံဘုရားနှင့် ဘုရားအသုံးပြုသည့် လူများက ဂုဏ်ဒြပ်အရ ကွဲပြားတာကြောင့် သူတို့၏ အလုပ်က သဘောသဘာဝအရ လုံးဝ ကွဲပြားပါသည်။ ဘုရားဆိုသည်မှာ လူနှင့် ကွဲပြား သကဲ့သို့ လူ့ဇာတိခံဘုရားကလည်း ဘုရားအသုံးပြုသည့် လူများနှင့် ကွဲပြားပါသည်။ တစ်ဦးက ဘုရား၏ဂုဏ်ဒြပ် ရှိသော်လည်း၊ ကျန်တစ်ဦးမှာမူ ဂုဏ်ဒြပ်အရ လူသားသာဖြစ်သည်။ လူသားဂုဏ်ဒြပ်ရှိသူများက လူသား၏အလုပ်ကိုသာ လုပ်နိုင်သော်လည်း၊ ဘုရားအဖြစ်တော်ဂုဏ်ဒြပ်ရှိသူမှာမူ ဘုရားအလုပ်ကို လုပ်နိုင်သည်။ ဘုရားကို ယုံကြည်သူတိုင်း ဒါကို နားလည်ထားရမည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသင့်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။” ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အလွန်ရှင်းပါသည်။ တရားစီရင်ခြင်း အမှုတော်သည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုတော်ဖြစ်သည်- ယင်းသည် လူသားမျိုးနွယ်အကြားတွင် ဘုရားသခင်ဆောင်ရွက်ရမည့် အမှုတော်ဖြစ်သည်၊ ယင်းသည် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည့် အမှုတော်ဖြစ်ပြီး သူ့ကိုယ်စား မည်သည့်လူသားကမျှ မလုပ်ဆောင်နိုင်သည့် အမှုဖြစ်သည်။ မည်သည့်လူကမျှ သူ့ကိုယ်စား မလုပ်ဆောင်နိုင်ပါ။ ဤသည်မှာ ဤအမှုကို လုပ်ဆောင်ရာတွင် မည်သည့်လူသားကမျှ ဘုရားသခင်၏နေရာကို မယူနိုင်သည်ကို ဆိုလိုသည်။ အဘယ်ကြောင့် အဘယ်သူမျှ သူ၏နေရာကို မယူနိုင်ပါသနည်း။ အချို့က “ပညတ်တော်ခေတ်မှာ ဘုရားသခင်က သူ့အမှုတော်ကို ဆောင်ရွက်ဖို့ မောရှေကို အသုံးပြုခဲ့တယ် မဟုတ်လား။ အဲဒါဆိုရင် ဘုရားသခင်က တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ လူသားတွေကို ဘာဖြစ်လို့အသုံးမပြုနိုင်ရတာလဲ” ဟု မေးကောင်းမေးနိုင်သည်။ ဤအရာအတွင်းတွင် နက်နဲမှုတစ်ခု ပါရှိပါသလား။ ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် ဣသရေလလူတို့အတွက် ပညတ်တရားနှင့် ပညတ်တော်များကို ထုတ်ပြန်ခဲ့သည်၊ ယင်းသည် လူကို အသုံးပြုခြင်းအားဖြင့် ပြီးမြောက်နိုင်သည့်အရာဖြစ်သည်။ သို့သော် နောက်ဆုံးသောကာလတွင် လူသည် ဘုရားသခင်ကို အစားမထိုးနိုင်သလို တရားစီရင်ခြင်းအမှုတော်ကို မဆောင်ရွက်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ ဤနေရာတွင် နက်နဲသောအရာ ရှိပါသည်။ ဤနက်နဲသောအရာဆိုသည်မှာကား အဘယ်နည်း။ ယင်းနှင့်ပတ်သက်ပြီး ဘုရားသခင်ပြောရန်ရှိသည့်အရာကို သိရဖို့ ဆက်လက်ဖတ်ရှုကြပါစို့။ “အကြောင်းမှာ တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်။ လူသားတို့အကြား ထိုအလုပ်ကို လုပ်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဍာန်ဖြင့် ပေါ်နေဆဲဖြစ်သည်မှာ မေးစရာမလိုချေ။” တရားစီရင်ခြင်း အမှုတော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဘုရားသခင်က ထင်ရှားစေခဲ့ပြီးဖြစ်သည်- ဤအမှုတော်၏ သဘောသဘာဝမှာ အဘယ်နည်း။ “အကြောင်းမှာ တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်။” ဟု ဘုရားသခင်က ဆိုပါသည်။ ဤနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ မည်သို့အနက်ပြန်မည်နည်း။ တရားစီရင်ခြင်းဆိုသည်မှာ အတိအကျအားဖြင့် မည်သည့်အရာနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် အခြေခံပြီး အောက်ပါအတိုင်း ယင်းကို ကျွန်ုပ်တို့နားလည်နိုင်ပါသည်- ဘုရားသခင်သည် လူကို သိမ်းပိုက်ရန် သမ္မာတရားကို အသုံးပြုခြင်းအားဖြင့် သူ၏တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်သည်။ “သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်၊” ဤနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့အနေဖြင့် ဂရုတစိုက် အချိန်ယူ စဉ်းစားရပါမည်။ ဤတရားစီရင်ခြင်း အမှုတော်ကို လူက အဘယ်ကြောင့် မလုပ်ဆောင်နိုင်သနည်း။ လူ၌ သမ္မာတရားကင်းမဲ့သောကြောင့် သမ္မာတရားကို မဖော်ပြနိုင်ခြင်းဖြစ်သည်ဟု လူအချို့က ဆိုကြသည်။ ဤသို့သော သိနားလည်ခြင်းမျိုး၊ ဤသို့သော လက်ခံခြင်းမျိုးသည် အပြည့်အဝ ကောင်းမွန်ပါသည်။ လူသားတို့သည် သမ္မာတရားကို မပိုင်ဆိုင်သလို သမ္မာတရားနှင့်လည်း မတပ်ဆင်ထားကြသောကြောင့် တရားစီရင်ခြင်းအမှုတော်ကို ၎င်းတို့မဆောင်ရွက်နိုင်ကြပေ။ “ဘုရားသခင်က သူ့ရဲ့နှုတ်ကပတ်တော်ကို ဖော်ပြဖို့ ပရောဖက်တွေကို အသုံးပြုနိုင်တယ်လေ၊ ဒီတော့ ဘုရားသခင်က တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့အတွက် သူ့နှုတ်ကပတ်တော်တွေကို ဖော်ပြဖို့ ပရောဖက်တွေကို မသုံးနိုင်ဘူးလား” ဟု လူအချို့က ဆိုကြသည်။ မသုံးနိုင်ပါ။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပရောဖက်များက ပြောကြားပေးခြင်းနှင့် သမ္မာတရားကို ဘုရားသခင်ကိုယ်တော်တိုင် ဖော်ပြခြင်းသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို မတူညီသော ရလဒ်များကို ဆောင်ကြဉ်းလာလိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ပရောဖက်များကိုယ်တိုင်က သမ္မာတရားမဟုတ်သောကြောင့်ဖြစ်၏။ သမ္မာတရားမဟုတ်သောသူ တစ်စုံတစ်ဦးကို ဘုရားသခင်၏ နှုတ်ကပတ်တော်အား ပြောကြားခွင့်ပြုခြင်းမှ မည်သည့်အကျိုးဆက်များ ရှိလာလိမ့်မည်နည်း။ ခရစ်တော်သည် ဘုရားသခင်ဟူသည့် သူ၏ကိုယ်ပိုင်လက္ခဏာဖြင့် တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်သောအချိန်တွင် သူ့အနေဖြင့် အချိန်မရွေး၊ နေရာမရွေးတွင် သမ္မာတရားကို ဖော်ပြနိုင်ပြီး ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ထုတ်ဖော်ပြနိုင်ကာ ဘုရားသခင်၏ စိတ်သဘောထားကို ထင်ရှားစေနိုင်သည်။ သို့သော် ပရောဖက်တစ်ဦးမှာမူ ၎င်းကိုယ်တိုင်က သမ္မာတရားမဟုတ်သည့်အတွက် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အချိန်မရွေး၊ နေရာမရွေးတွင် ထုတ်ဖော်မပြနိုင်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပေးသိစေရန် ပရောဖက်များကို အသုံးပြုခြင်းနှင့် ဘုရားသခင်ကိုယ်တော်တိုင် သမ္မာတရားကို တိုက်ရိုက်ဖော်ပြခြင်းတို့မှ ရရှိသော ရလဒ်များကြားက ခြားနားချက်မှာ အမှန်တကယ်အားဖြင့် အဘယ်နည်း။ ဤသည်မှာ သင်နှံ့နှံ့စပ်စပ်နားလည်နိုင်သော အရာဖြစ်လျှင် သင်သည် “တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသင့်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။” ဟူသော နှုတ်ကပတ်တော်များကို ဧကန်အမှန် သိနားလည်ပါလိမ့်မည်။ “လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်၊” ဤအရာအတွင်းတွင် မည်သည့်အရာ ပါဝင်ပါသနည်း။ အကယ်၍သာ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို ပေးသိစေဖို့ သူသားများ၊ သို့မဟုတ် ပရောဖက်များကို အသုံးပြုလျှင် ယင်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အဘယ်ကြောင့် ထိုအရာသည် ဘုရားသခင်က သူ၏အမှုတော်ကို သူကိုယ်တိုင် ဆောင်ရွက်သကဲ့သို့ တူညီသော ရလဒ်များကို မရရှိနိုင်ပါသနည်း။ ဤကိစ္စကို စုံစမ်းစစ်ဆေးကြည့်နိုင်သည်နှင့်တစ်ပြိုင်နက် ဤနှုတ်ကပတ်တော်များကို သင်လက်ခံနိုင်ပါလိမ့်မည်။

တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ သူ၏နှုတ်ကပတ်တော်ကို သိရှိစေရန် ပရောဖက်များကို အသုံးပြုဖို့မှာ အဘယ်ကြောင့် ဘုရားသခင်အတွက် အဆင်မပြေလိမ့်မည်နည်း။ အကယ်၍ အမှုတော်ကို ယင်းနည်းလမ်းဖြင့် လုပ်ဆောင်လျှင် မည်သည့်ရလဒ်များကို မရရှိနိုင်ဘဲ ဖြစ်မည်နည်း။ ယင်းမှာ သင့်အနေဖြင့် မြင်နိုင်သောအရာ တစ်စုံတစ်ခုလော။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိစေရန် ပရောဖက်များကို အသုံးပြုလျှင် ရလဒ်များက လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော သိနားလည်မှု အနည်းငယ်ကိုသာ ရရှိခွင့် ပေးပါလိမ့်မည်။ သို့သော် ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူဖော်ပြသော သမ္မာတရားကို သိနားလည်ခြင်းအတွက်မူ လူသားတစ်ဦးက မည်မျှကြီးမားသော အားထုတ်မှုကို အသုံးပြုပါလေ့စေ အကောင်းဆုံးရလဒ်တစ်ခုကို ရရှိရန်မှာ မဖြစ်နိုင်ပါ။ အဘယ်ကြောင့် အကောင်းဆုံးရလဒ်တစ်ခုကို ၎င်းတို့မရရှိနိုင်သနည်း။ ပရောဖက်များ၏ အနှစ်သာရမှာ လူ့သဘာဝနှင့် ဆိုင်သောအရာဖြစ်သည်။ ၎င်းတို့သည် အခြေခံအားဖြင့် လူသားဖြစ်ကြသည်နှင့်အညီ ၎င်းတို့၏ ကိုယ်ပိုင်ထုတ်ဖော်ပြခြင်းမှာ ဘုရားသဘာဝ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ ဖြစ်နိုင်ပါမည်လော။ ၎င်းတို့အနေဖြင့် ထိုကဲ့သို့ လုံးဝမလုပ်ဆောင်နိုင်ပါ။... ဤအချက်အပေါ် အခြေခံ၍ ပရောဖက်တစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ပင်ပြောကြားပေးနိုင်သည်ဖြစ်စေ ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ထုတ်ဖော်နိုင်ကြလိမ့်မည် မဟုတ်သလို ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်း ထုတ်ဖော်နိုင်ကြမည် မဟုတ်ပေ၊ အကြောင်းမှာ ပရောဖက်များသည် အနှစ်သာရအားဖြင့် လူသားများဖြစ်ကြသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ဘုရားမဟုတ်ပါ။ ခရစ်တော်သည် ဘုရားအနှစ်သာရကို ပိုင်ဆိုင်ပြီး တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ရာတွင် သမ္မာတရားကို အချိန်မရွေး၊ နေရာမရွေးတွင် သူဖော်ပြနိုင်ပေသည်။ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သူထုတ်ဖော်ပြနိုင်သည်။ ခရစ်တော်ထဲ၌ လူသည် ဘုရားသခင်၏ စိတ်သဘောထားကို မြင်နိုင်သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို မြင်နိုင်ပြီး ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းနှင့် ဉာဏ်ပညာကို မြင်နိုင်လေသည်။ ဘုရားသခင်အသုံးပြုသော လူအတွက်မူ ၎င်းမှတစ်ဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့အနေဖြင့် မည်ရွေ့မည်မျှပင် နားလည်လာသည်ဖြစ်စေ ဘုရားသခင်ကို သိနားလည်ခြင်းအား အခြေခံအားဖြင့် ၎င်းမှတစ်ဆင့် ကျွန်ုပ်တို့ ဘယ်သောအခါမျှ ရရှိနိုင်လိမ့်ဦးမည် မဟုတ်သလို၊ ကျွန်ုပ်တို့အနေဖြင့် အနည်းငယ် ရရှိလျှင်ပင် ယင်းသည် အလွန့်အလွန် အကန့်အသတ်နှင့်သာ ဖြစ်လိမ့်မည် ဖြစ်သည်။ ယခုတွင် ဤအရာနှင့်ပတ်သက်၍ သင်နားလည်သဘောပေါက်သင့်ပေပြီ၊ မှန်ပါသလော။ ဤတော့ကား ယခု သင်သည်- “တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသင့်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။” ဟူသော ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို အတော်နားလည်လောက်ပေပြီ။ သို့သော် ဘာသာရေးလောကထဲရှိ လူတို့သည် ဤနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို သဘောမပေါက်နိုင်ကြချေ- ယင်းတို့ကို ၎င်းတို့နားမလည်ကြပါ။ ဘုရားသခင်သည် ပညတ်တော်ခေတ်တွင် သူ၏အမှုတော်ကို ဆောင်ရွက်ရန် မောရှေကို အသုံးပြုနိုင်ခဲ့သည့်အတွက် နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူသားကို အသုံးပြုနိုင်သင့်သည်ဟု ၎င်းတို့က ယုံကြသည်။ သို့သော် ဤသည်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည့်အရာနှင့် လုံးဝကွဲပြားသည် မဟုတ်ပါလား။ ဤအချက်နှင့်ပတ်သက်၍ နားလည်သဘောပေါက်မှုကို ရရှိခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ ဘာသာရေးအသိုင်းအဝိုင်းထဲရှိ လူတို့သည် နောက်ဆုံးသောကာလရှိ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့မတွေ့ကြုံကြသောကြောင့် ဤအရာကို သဘောမပေါက်နိုင်ကြပါ။ ၎င်းတို့သည် သမ္မာတရားများစွာကို နားလည်ရန် ပျက်ကွက်ကြသည်။ ၎င်းတို့၌ သမ္မာတရားများစွာကို နားလည်သဘောပေါက်ခြင်း ကင်းမဲ့ကြလေသည်။ နှိုင်းယှဉ်ကြည့်သော် ကျွန်ုပ်တို့သည် ပို၍များပြားစွာ ရရှိခဲ့ကြပေသည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ အရာအားလုံးသည် သမ္မာတရား၏ ဖော်ပြချက်ဖြစ်သည်။ ယင်းတွင် ကမ္ဘာလောကကို ဖန်ဆင်းခြင်းကတည်းက လူသားမျိုးနွယ် ကြုံခဲ့ရပြီးသော ဘုရားသခင့်အမှုတော်၏ အဆင့်များမှတစ်ဆင့် မရရှိနိုင်ခဲ့သည့် သမ္မာတရားများပါဝင်ပြီး ယခုထက်ထိ နားလည်သဘောပေါက်ခြင်းမရှိသော သမ္မာတရားများ ပါဝင်လေသည်။ သို့သော် ယနေ့တွင် နောက်ဆုံးသောကာလရှိ ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့တွေ့ကြုံနေရသည့်အတွက် ဤသမ္မာတရားများကို ကျွနုပ်တို့ရရှိပြီးဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော် မဟုတ်ပါလား။ ဤသည်မှာ ဘုရားသခင်၏ နက်နဲသော ချစ်ခြင်းမေတ္တာ မဟုတ်ပါလား။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း၊ အတွဲ ၁၃၇ မှ

နောက်သို့ပြန်သွားရန်

သမ္မာကျမ်းစာထဲတွင်၊ “ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” (၁ သက် ၄:၁၇) ဟု ရေးထားသည့်အတွက် သခင့်၏ ပြန်ကြွလာခြင်းမှာ ယုံကြည်သူများ ကောင်းကင်နိုင်ငံထဲသို့ တိုက်ရိုက် ချီဆောင်ခံရမည်ကို ဆိုလိုသည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ သခင်ယေရှု ပြန်ကြွလာပြီဟု သင်တို့ သက်သေခံကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ်တို့ ကမ္ဘာမြေပေါ်တွင် ယခုရှိကြပြီး ချီဆောင်မခံရသေးသနည်း။

ရှေ့သို့သွားရန်

“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” ဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရပါသည်။ ဤသည်မှာ အလွန်ကောင်းပြီး၊ အလွန်လက်တွေ့ကျကာ အလွန်အရေးကြီးသော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ဖြစ်သည်ဟု ကျွန်ုပ် ထင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင့် လူ့ဇာတိခံယူခြင်း၏ ကယ်တင်ခြင်းကို အဘယ်ကြောင့် လက်ခံရရှိရမည်နှင့် စပ်လျဉ်း၍၊ ဤသည်မှာ လူသားက အရေးတကြီး နားလည်ရမည် သမ္မာတရား ရှုထောင့်တစ်ခု ဖြစ်ပါသည်။ ကျေးဇူးပြုပြီး ဤအရာနှင့် ပတ်သက်၍ ကျွန်ုပ်တို့နှင့် အနည်းငယ်ပို၍ ဆွေးနွေးပေးပါ။

အမှာစကား ချန်ခဲ့မည်