စာရင်း

သမ္မာကျမ်းစာထဲတွင်၊ “ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” (၁ သက် ၄:၁၇) ဟု ရေးထားသည့်အတွက် သခင့်၏ ပြန်ကြွလာခြင်းမှာ ယုံကြည်သူများ ကောင်းကင်နိုင်ငံထဲသို့ တိုက်ရိုက် ချီဆောင်ခံရမည်ကို ဆိုလိုသည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ သခင်ယေရှု ပြန်ကြွလာပြီဟု သင်တို့ သက်သေခံကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ်တို့ ကမ္ဘာမြေပေါ်တွင် ယခုရှိကြပြီး ချီဆောင်မခံရသေးသနည်း။

အဖြေ-

ကျွန်မတို့ကကိုယ်တော်ပြန်ကြွလာခြင်းကို ကိုယ်တော့်၏ ပရောဖက်ပြုခြင်း အပေါ်သာ အခြေခံပြီး၊ စောင့်မျှော်သင့်သည်။ ဤအချက်က ကိုယ်တော် ပြန်ကြွလာခြင်းကို စောင့်မျှော်ကြ သည့်အခါတွင်၊ စံထားရမည့်် အချက်သာ ဖြစ်သည်။ သင်တို့က အမှန်တကယ် မည်သူ့ကို အကိုးအကား ပြုနေသနည်း။ သခင့်၏စကားအပေါ် အကိုးအကားပြုနေခြင်းလား၊ လူများ၏ စကားအပေါ် အကိုးအကားပြု နေခြင်းလား၊ “ထိုအခါ အသက်ရှင်၍ ကျန် ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား ထံတော်သို့ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကိုခံရသောအားဖြင့်” ဆိုသည့်စကားကို မည်သူပြောခဲ့ သနည်း။ ဤစကားများ အားလုံးက သခင်ယေရှု၏ စကားများ ဖြစ်ပါသလား။ သခင်ယေရှုက မည်သည့်အချိန်ကမျှ ထိုကဲ့သို့ မပြောခဲ့ပါ။ သန့်ရှင်းသောဝိညာဉ်တော်ကလည်း မည်သည့်အချိန် ကမျှ ထိုကဲ့သို့ မပြောခဲ့ပါ။ သင်တို့ယုံကြည်ပြီး မှီငြမ်းနေသည့် စကားများက ရှင်ပေါလုစကား အပေါ်အမှီပြုနေခြင်းသာ ဖြစ်ပါသည်။ ရှင်ပေါလုစကားများက သခင်ယေရှုစကားများကို ကိုယ်စားပြုပါ သလား။ သူက ဘုရားကိုကိုယ်စားပြုနိုင်ပါသလား။ ဘုရားသခင် တစ်ပါးတည်းသာ ဤနက်နဲမှုကို အဖြေပေးနိုင်သည်။ ကျွန်မတို့က လူများကို ဤကဲ့သို့ မျက်ကန်းအဓိပ္ပါယ်ကောက် ယုံကြည်ပြီး၊ အဆုံးအဖြတ်ပေးဖို့ တွန်းအားပေးဖို့ စိန်ခေါ်ရင်းနှင့် ဖောက်ပြန်ပျက်စီးအောင် လုပ်သည်ဆိုလျှင်၊ ယင်းမှာ သိပ်ဆိုးဝါးသည့်ပြဿနာသာ ဖြစ်သည်။ ရှင်ပေါလုသည် ခရစ်တော် မဟုတ်ပါ၊ သူက သာမန်ဖောက်ပြန်ပျက်စီးသည့် လူသား တစ်ယောက်သာ ဖြစ်သည်။ သူ့ အရေးအသားများက မသန့်စင်သည့် လူ့အတွေးအမြင် အယူအဆများနှင့် ပြည့်နှက်နေသည်။ သူ့စကားများက သမ္မာတရား မဟုတ်ပါ၊ ထို့ကြောင့်တို့များ ၎င်းတို့ကို သက်သေအဖြစ် မှီငြမ်း၍မရနိုင်ပါ။ သက်သေအဖြစ် မှီငြမ်းချက်များ အားလုံးက သမ္မာကျမ်းစာထဲက ဘုရားသခင်၏ နှုတ်ကပတ်တော်များ အပေါ်တွင်သာ အခြေခံသင့်သည်။ ယင်းမှာ သမ္မာတရားနှင့် ကိုက်ညီသည်။ ချီဆောင်ခြင်းခံရပြီး၊ ကောင်းကင်နိုင်ငံတော် ဝင်ခွင့်ရဖို့အရေး နှင့် ပတ်သက်လျှင်၊ သမ္မာကျမ်းစာထဲက လူများ၏ စကားများ အပေါ်အခြေခံပြီး ဆုံးဖြတ်ကြခြင်းက မှားသည်၊ အဓိကအနေနှင့် သခင်ယေရှုစကားများ အပေါ်အခြေမခံဘဲ၊ ရှင်ပေါလုစကားများ အပေါ် အခြေခံလျှင်မှားသည်၊ အဘယ့်ကြောင့် နည်းဆိုသော် သခင်ယေရှုတစ်ပါးတည်း၏ နှုတ်ကပတ်တော်သာလျှင် သမ္မာတရားဖြစ်ပြီး၊ သူသာလျှင် သြဇာအာဏာနှင့် ပြည့်စုံခြင်းကြောင့် ဖြစ်သည်။ သခင်ယေရှုတစ်ပါးတည်းသာ ခရစ်တော်ဖြစ်ပြီး၊ ကောင်းကင်နိုင်ငံတော်၏ ဘုရင်ဖြစ်သည်။ သင်တို့က သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်အတွက် အဘယ့်ကြောင့် သခင်ယေရှု၏ နှုတ်ကပတ်တော်များထဲတွင် မရှာကြ သနည်း။ ယင်းအစား လူများ၏ စကားအပေါ်တွင်သာ အဘယ့်ကြောင့် မှီငြမ်းနေကြ သနည်း။ ဤသည်မှာ သခင့််၏အလိုတော်အတိုင်း ထပ်တူညီပါသလား။ ဤသည်မှာ လူများ၏စကား နှင့် မိမိ၏ ကိုယ်ပိုင်လမ်းစဉ်အတိုင်း သင်တို့ကို လိုက်လျှောက်မိသွားစေသည်။ ဘုရားသခင်က လူများကို မြေမှုန့်မှ ဖန်ဆင်းခဲ့သည်။ ဘုရားသခင်က ကမ္ဘာပေါ်တွင်ရှိသော သူဖန်ဆင်းခဲ့သည့် ကျန်သည့် သက်ရှိသက်မဲ့များကို ဆက်လက်အုပ်စိုးစီမံဖို့၊ လူသားများကိုသာ တာဝန်ပေးအပ်ခဲ့သည်။ ကိုယ်တော်က လူများကို သူ့ကိုနာခံ၊ ကိုးကွယ်၊ ဂုဏ်ပြုခြင်းများ လုပ်ကြဖို့ တောင်းဆိုခဲ့သည်၊ ပြီးတော့သူတို့၏ နေရာက ကောင်းကင်တွင် မဟုတ်ဘဲ၊ ကမ္ဘာပေါ်တွင် ဖြစ်သည်ဟု သတ်မှတ်ပေးခဲ့သည်။ ထို့အပြင် ယခင်တုန်းကတည်းက ဘုရားသခင်က ကျွန်မတို့ကို သူ့၏နိုင်ငံတော်ကို ကမ္ဘာပေါ်တွင် တည်ထောင်မည် ဟု ပြောခဲ့သည်။ ထို့ထက်ပိုပြီးလျှင် ကိုယ်တော်က ကမ္ဘာပေါ်တွင် ကျွန်မတို့ လူသားများနှင့် အတူနေထိုင်ပြီး၊ ကမ္ဘာ့နိုင်ငံများသည် ခရစ်တော် အုပ်စိုးသည့်နိုင်ငံများ အဖြစ် အသွင်ပြောင်းခြင်း ခံရမည်ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်၏ နိုင်ငံတော်က ကမ္ဘာပေါ်တွင် တည်လိမ့်မည်၊ ကောင်းကင်ထက်တွင် မဟုတ်ပါ။ လူအများစုကတော့ ကောင်းကင်ပေါ်ကို ချီဆောင်ခံရဖို့သာ မျှော်လင့်နေကြသည်။ ယင်းမှာ သူတို့၏ ကိုယ်ပိုင်အယူအဆ၊ ကိုယ်ပိုင်စိတ်ကူးယဉ် ဆန္ဒများသာ ဖြစ်သည်။ ၎င်းမှာ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အမှုတော်ဆိုင်ရာ အချက်အလက် များနှင့် လုံးဝ မကိုက်ညီပါ။

သခင်ယေရှုပြောခဲ့သည့်စကားကိုကြည့်ရအောင်- “ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွနုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေသော၊ နိုင်ငံတော်တည်ထောင်ပါစေသော၊ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော သည့်။(မ ၆:၉-၁၀) ဘုရားသခင်၏နိုင်ငံတော်ဆိုသည်မှာ ကောင်းကင်ဘုံတွင်မဟုတ်ဘဲ၊ ကမ္ဘာပေါ်တွင်ပဲရှိကြောင်းကို၊ သခင်ယေရှုက အတိအလင်း မိန့်ခဲ့ပါသည်။ ဘုရားသခင်၏ အလိုတော်က ကောင်းကင်ဘုံတွင် ပြည့်စုံသလို၊ ကမ္ဘာပေါ်တွင်လည်း ပြည့်စုံလိမ့်မည်။ ဗျာဒိတ်ကျမ်း ၂၁:၂၊၃ကို ဖတ်ကြည့်ကြရအောင်၊ “ငါယောဟန်သည်သန့်ရှင်းသောမြို့တည်းဟူသောယေရုရှလင်မြို့သစ်သည်ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှဆင်းသက်သည်...ကိုမြင်၏ ဘုရားသခင်၏တဲတော်သည်လူတို့တွင်ရှိ၏ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်၊ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည် ဘုရားသခင်ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍သူတို့၏ဘုရားသခင်ဖြစ်တော်မူမည် သည့်။” ဗျာဒိတ်ကျမ်း ၁၁:၁၅ကို ကြည့်ကြရအောင်- “လောကီနိုင်ငံသည်ငါတို့အရှင်၏နိုင်ငံဖြစ်လေပြီ၊ ထိုအရှင်၏ခရစ်တော် နိုင်ငံဖြစ်လေပြီ သူသည်လည်းကမ္ဘာအဆက်ဆက်စိုးစံတော်မူမည် သည့်။” ဒီလို အနာဂတ္တိစကားများကိုလည်း ဖော်ပြထားခဲ့ပါသည်။ “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏” “ ယေရုရှလင်မြို့သစ်သည်ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှဆင်းသက်သည်” “လောကီ နိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။” ဤသည်မှာ ဘုရားသခင်က သူ့၏နိုင်ငံတော်ကို ကမ္ဘာပေါ်တွင် တည်ထောင် လိမ့်မည်၊ သူကလည်း လူများနှင့်အတူ ကမ္ဘာပေါ်တွင် နေလိမ့်မည် ဖြစ်ကြောင်းကို သက်သေပြပါသည်။ ဤလောကီနိုင်ငံများ အားလုံးက ခရစ်တော်၏နိုင်ငံများဖြစ်လာကြပြီး၊ ၎င်းတို့သည် အစဉ် ထာဝရတည်ရှိကြလိမ့်မည်။ ကျွန်မတို့၏ စိတ်ကူးယဉ်ထင်မြင်ချက်များ အပေါ်အခြေခံပြီး၊ ဘုရားသခင်၏ နိုင်ငံတော်သည် ကောင်းကင်ဘုံတွင် တည်ကြောင်း၊ ကိုယ်တော်က သူပြန်ကြွလာသည့်အခါ ကျွန်မတို့ကိုကောင်းကင်ဘုံသို့ ခေါ်သွားမည် ဖြစ်ကြောင်းယုံနေလျှင်၊ ကိုယ်တော် ယခင် ပြောသည့် စကားများက အချည်းအနှီးမဖြစ်ပါလား။ လက်တွေ့အရှိတရားတွင် လူသား မျိုးနွယ်ကို ကယ်တင်ဖို့ အတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ နောက်ဆုံးရလဒ်က ဘုရားသခင်၏ နိုင်ငံတော်ကို ကမ္ဘာပေါ်တွင် တည်ထောင်ခြင်း ဖြစ်ပါသည်။ နောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားသခင်က ကမ္ဘာပေါ်တွင် အောင်မြင်သူတစ်စုကို ပြုလုပ်နိုင်ဖို့အတွက် လူသားမျိုးနွယ်အပေါ် တရားစီရင်ခြင်း၊ သန့်စင်ခြင်းအမှုများကို ပြုပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိပြီးစုံလင်ခြင်းခံရသည့် အောင်မြင်သူများက ကမ္ဘာပေါ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ ကျင့်သုံးနိုင်သူများ၊ ကိုယ်တော့်လမ်းစဉ် အတိုင်းလိုက်နာ နိုင်သူများ ဖြစ်ပါသည်။ သူတို့က ကိုယ်တော့် နိုင်ငံတော်သားများဖြစ်ကြသည်။ ဤအောင်မြင်သူများကို ဖန်တီးပြီးနောက်၊ ဘုရားသခင်၏ အလိုတော်က ကမ္ဘာပေါ်တွင် ပြည့်စုံလာပါလိမ့်မည်။ ထို့နောက် ခရစ်တော်၏နိုင်ငံတော်ကို ကမ္ဘာပေါ်တွင် တည်ထောင်ပြီး၊ ဘုရားသခင်က အပြည့်အဝ ဘုန်းတော် ထင်ရှား လာလိမ့်မည်။ နောက်ဆုံးတွင် ကိုယ်တော်က ဗျာဒိတ်ကျမ်းထဲက အနာဂတ္တိစကားများ အကုန်ပြည့်စုံစေ လိမ့်မည်။ ကျွန်မတို့ ယခုထိ ဤအချက်များကို မရှင်းမလင်း ဖြစ်နေသေးပါသလား။ သခင်ယေရှုက မည်သည့်နေရာကို ကျွန်မတို့အတွက် ပြင်ဆင်ပေးခဲ့ သနည်း။ နောက်ဆုံးသောကာလတွင် ကျွန်မတို့ကိုမွေးဖွားစေပြီး၊ သူပြန်ကြွလာ သည့်အခါ ကမ္ဘာပေါ်တွင်သူနှင့်ဆုံတွေ့စေဖို့၊ ကျွန်မတို့က ဘုရားသခင်၏ သန့်စင်ခြင်း နှင့် စုံလင်စေခြင်းကို လက်ခံရရှိဖို့၊ ပြီးလျှင် ဘုရားသခင်၏ အလိုတော်ကို ထမ်းဆောင်နိုင်သည့် အောင်မြင်သူများ ဖြစ်လာစေဖို့၊ နှင့် ကမ္ဘာပေါ်က လောကီနိုင်ငံများကို ခရစ်တော်၏နိုင်ငံများ ဖြစ်စေဖို့ ကိုယ်တော် စီမံခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော် ဖြစ်သည်။ ဘုရားသခင်က ကမ္ဘာပေါ် ကြွလာသော်လည်း၊ ကျွန်မတို့ က ကောင်းကင်ဘုံဆီ တက်ဖို့သာ ကြိုးစားနေသည်။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် ကျွန်မတို့က ဘုရားသခင်၏ အမှုတော် နှင့် သူ့ အလိုတော်တို့ကို ဆန့်ကျင်နေရာ မရောက်ပါလား။ ကိုယ်တော်ကသာ ကျွန်မတို့ကိုကောင်းကင်ပေါ် ခေါ်သွားမည်ဆိုလျှင်၊ ထိုနေရာတွင် နေစရာနှင့် စားစရာမှမရှိပါ၊ ကျွန်မတို့ မည်သို့ အသက်ရှင်မည်နည်း။ ယင်းမှာ ကျွန်မတို့၏ စိတ်ကူးယဉ် အယူအဆများသာ မဟုတ်ပါလား၊ ကိုယ်တော်က ထိုသို့သော အရာတစ်ခုခုကို လုပ်မည်လော။ ယင်းသို့ တွေးထင် ယုံကြည်နေခြင်းက ကျွန်မတို့ သိပ်ကို ကလေးဆန်နေကြောင်းကို ပြနေသည်။ ကျွန်မတို့သည် လေထဲတွင်အိမ်ဆောက်နေသ ကဲ့သို့ပင် ဖြစ်ပါသည်။

ဘုရားသခင်၏နိုင်ငံတော်က နောက်ဆုံးသောကာလတွင် ကမ္ဘာပေါ်တွင် တည်လိမ့်မည်။ လူသားမျိုးနွယ်၏ နောက်ဆုံးပန်းတိုင်က ကမ္ဘာပေါ်တွင်ဖြစ်လိမ့်မည်၊ ကောင်းကင်ထက် တွင် မဟုတ်ပါ။ ဤသည်မှာ ဘုရားသခင် စီမံထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်သည့်အခါ လူသားတို့သည် ကယ်တင်ခြင်းခံရပြီးဖြစ်ပြီး စာတန်သည်လည်း ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကာ လူသားထဲက ဘုရားသခင်၏အမှု လုံးဝဥဿုံပြီးဆုံးသွားပြီဟု အဓိပ္ပာယ်ရလိမ့်မည်။ ဘုရားသခင်သည် လူအထဲက အလုပ်ဆက်လုပ်တော့မည် မဟုတ်ဘဲ၊ လူသားတို့သည်လည်း စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြတော့မည်မဟုတ်ပေ။ သို့ဖြစ်ရာ ဘုရားသခင်သည် ဆက်လက်အလုပ်မများတော့ဘဲ လူသားသည်လည်း ဟိုဟိုသည်သည် ပြေးလွှားလှုပ်ရှားတော့မည် မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ တစ်ပြိုင်နက် ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်သည် သူ၏မူလအနေအထားသို့ ပြန်သွားလိမ့်မည်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီတိုင်းသည်လည်း မိမိတို့၏ သက်ဆိုင်ရာနေရာများသို့ ပြန်သွားကြလိမ့်မည်။ ယင်းတို့မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး ပြီးဆုံးပြီးသည့်နောက်တွင် ဘုရားသခင်နှင့် လူသားတို့အနေဖြင့် အသီးသီး နေထိုင်သွားကြမည့် ခရီးပန်းတိုင်များဖြစ်သည်။ ဘုရားသခင်၌ ဘုရားသခင်၏ ခရီးပန်းတိုင်ရှိပြီး လူသား၌ လူသား၏ ခရီးပန်းတိုင်ရှိသည်။ အနားယူနေစဉ်အတွင်း ဘုရားသခင်သည် ကမ္ဘာမြေပေါ်မှ လူသားအားလုံးတို့၏ အသက်တာကို ဆက်လက်လမ်းပြမည် ဖြစ်သည်။ ဘုရားသခင်၏ အလင်းအတွင်းရှိနေစဉ် လူသားသည် ကောင်းကင်ဘုံရှိ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို ကိုးကွယ်လိမ့်မည်။ ဘုရားသခင်သည် လူသားများအကြားတွင် ဆက်လက်နေထိုင်တော့မည်မဟုတ်ဘဲ လူသားသည်လည်း ဘုရားသခင်၏ ခရီးပန်းတိုင်တွင် ဘုရားသခင်နှင့်အတူ နေထိုင်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်နှင့် လူသားတို့သည် နယ်ပယ်တစ်ခုထဲတွင် အတူတကွ မနေနိုင်ချေ။ ယင်းအစား နှစ်ဦးစလုံး၌ မိမိတို့၏ သက်ဆိုင်ရာ ကိုယ်ပိုင်နေထိုင်ပုံနည်းဟန်များ ရှိကြသည်။ ဘုရားသခင်သည် လူသားအားလုံးကို လမ်းပြသောသူဖြစ်သော်လည်း လူသားအားလုံးတို့မှာမူ ဘုရားသခင့်စီမံခန့်ခွဲမှုအလုပ်၏ ပုံဆောင်ခဲဖြစ်သည်။ ဦးဆောင်ခြင်းခံရသည်မှာ လူသားဖြစ်သည်၊ အနှစ်သာရအားဖြင့် လူသားသည် ဘုရားသခင်နှင့် မတူပေ။ အနားယူခြင်း၏ အဓိပ္ပာယ်မှာ တစ်ဦးတစ်ယောက်၏ မူလနေရာသို့ ပြန်သွားခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်က အနားယူခြင်းထဲသို့ ဝင်ရောက်သည့်အခါ၊ ယင်းမှာ ဘုရားသခင်သည် မိမိ၏မူလနေရာသို့ ပြန်သွားခြင်းကို ဆိုလိုသည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်နေထိုင်တော့မည်မဟုတ်၊ သို့မဟုတ် လူသားတို့အကြားရှိနေစဉ် လူသားတို့၏ ပျော်ရွှင်မှုနှင့် နာကျင်မှုများကို ဝေမျှခံစားတော့မည် မဟုတ်ပေ။ လူသားသည် အနားယူခြင်းထဲသို့ ဝင်ရောက်သည်ဆိုခြင်းမှာ လူသားသည် စစ်မှန်သည့် ဖန်ဆင်းခြင်းတစ်ခုဖြစ်လာခြင်းကို ဆိုလိုသည်၊ လူသားတို့သည် ဘုရားသခင်ကို ကမ္ဘာမြေပေါ်မှ ကိုးကွယ်ကြလိမ့်မည်ဖြစ်ပြီး ပုံမှန်လူသားအသက်တာများ ရှိကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို နာမခံခြင်း သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတို့ ရှိတော့မည် မဟုတ်ပေ။ သူတို့သည် အာဒံနှင့် ဧဝတို့၏ မူလဘဝသို့ ပြန်သွားကြလိမ့်မည်။ ယင်းတို့မှာ အနားယူခြင်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်နှင့် လူသားတို့၏ သက်ဆိုင်ရာ ဘဝများနှင့် ခရီးပန်းတိုင်များ ဖြစ်ကြသည်။ ဘုရားသခင်နှင့် စာတန်တို့အကြား စစ်ပွဲတွင် စာတန်၏ ရှုံးနိမ့်မှုမှာ မလွဲမရှောင်သာသည့် လားရာပင်ဖြစ်သည်။ ဤနည်းအားဖြင့် သူ၏စီမံခန့်ခွဲမှုအလုပ် ပြီးပြည့်စုံပြီးနောက် ဘုရားသခင်သည် အနားယူခြင်းထဲသို့ ဝင်ရောက်ခြင်း၊ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်းနှင့် အနားယူခြင်းထဲသို့ ဝင်ရောက်ခြင်းတို့သည်လည်း အလားတူပင် ရှောင်လွဲ၍မရသော လားရာများဖြစ်သည်။ လူသား၏ အနားယူရာအရပ်မှာ ကမ္ဘာမြေကြီးဖြစ်ပြီး၊ ဘုရားသခင်၏ အနားယူရာအရပ်မှာ ကောင်းကင်ဘုံဖြစ်သည်။ လူသားသည် အနားယူလျက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်စဉ်၊ သူသည်ကမ္ဘာမြေပေါ်တွင် နေထိုင်လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်သည် အနားယူလျက် ကျန်ရှိနေသော လူသားတစ်စိတ်တစ်ပိုင်းကို ဦးဆောင်နေစဉ်၊ သူသည်မြေကြီးပေါ်မှ မဟုတ်ဘဲ ကောင်းကင်ဘုံမှ ထိုသူတို့ကို ဦးဆောင်လိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်”) ကိုယ်တော့်၏ အစီအစဉ်များ အားလုံးပြီးသည့်အခါ၊ ပြည့်စုံသည့်အခါ ဘုရားသခင် နှင့် လူ နှစ်ဦးလုံး ငြိမ်းချမ်းစွာ အနားယူကြမည်ဟု အနန္တတန်ခိုးရှင်ဘုရားသခင်က ကျွန်မတို့ကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။ ဘုရားသခင်၏ အနားယူရာနေရာသည် ကောင်းကင်ထက်တွင် ဖြစ်ပြီး၊ လူများ၏ အနားယူရန် နေရာမှာ ကမ္ဘာပေါ်တွင် ဖြစ်သည်။ ဤသည်မှာ လူများအတွက် ကိုယ်တော်ပြင်ဆင်ပေးထားသည့် လှပသည့်ပန်းတိုင်သာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏နိုင်ငံတော်က ကမ္ဘာပေါ်တွင် ပြည့်စုံလာသည် ဟုခေါ်ခြင်း ဖြစ်သည်။ ကျွန်မတို့ကဘုရားသခင်ကို နှစ်ပေါင်း များစွာ ယုံကြည်ခဲ့သော်လည်း၊ ဤအရာကို မတွေ့မြင်နိုင်ပါက၊ ဤသည်မှာ ကိုယ်တော့်နှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် ကျွန်မတို့ နားမလည်ကြဘူးဆိုသည့် သဘောသာမဟုတ်ပါလား။

ကောင်းပါပြီ၊ ချီဆောင်ခြင်း အစစ်အမှန်မှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းကို လူအများစုက သိပ်မရှင်းလင်းကြပါ။ သန့်ရှင်းသူများကိုချီဆောင်ခြင်း၏ နက်နဲမှုကို အနန္တတန်ခိုးရှင် ဘုရားသခင် ရောက်ရှိပြီးသည့်အခါကျမှသာ ထုတ်ဖော်ထားသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “‘ဆောင်ယူခံရခြင်း’ ဆိုသည်မှာ လူတို့ စိတ်ကူးသကဲ့သို့ နိမ့်သော နေရာ တစ်ခုမှ မြင့်သော နေရာ တစ်ခုသို့ ဆောင်ယူခြင်း မဟုတ်ပေ။ ဤသည်မှာ ကြီးမားသော အမှား တစ်ခု ဖြစ်သည်။ ဆောင်ယူခံရခြင်း ဆိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်း နှင့် ရွေးကောက်ခြင်းကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ၎င်းသည် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးကောက်ထားသော သူ အားလုံးကို ပစ်မှတ်ထားခြင်း ဖြစ်သည်။ သားဦး၏ အရိုက်အရာ၊ သားများ သို့မဟုတ် လူမျိုး၏ အရိုက်အရာကို ရသော သူများသည် ဆောင်ယူခြင်းကို ခံရသော သူ အားလုံး ဖြစ်ကြသည်။ ဤ အချက်သည် လူတို့၏ အယူအဆများဖြင့် သဟဇာတ မဖြစ်ဆုံးသော အချက် ဖြစ်သည်။ အနာဂတ်တွင် ငါ၏ အိမ်၌ ဝေစု တစ်ခု ရှိကြသော သူများသည် ငါ့ ရှေ့တွင် ဆောင်ယူခြင်းကို ခံရသော သူ အားလုံး ဖြစ်ကြသည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်သည်၊ မည်သည့်အခါမျှ မပြောင်းလဲဘဲ မည်သူမျှ မငြင်းဆိုနိုင်ပေ။ ဤသည်မှာ စာတန်အား တန်ပြန်တိုက်ခိုက်ခြင်း ဖြစ်သည်။ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသော သူ မည်သူမဆို ငါ၏ ရှေ့သို့ ဆောင်ယူခြင်း ခံရကြမည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀၄” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက သိပ်ကို ရှင်းလင်းသည်။ ချီဆောင်ခံရခြင်း ဆို သည်မှာ၊ ကျွန်မတို့ ထင်ထားသကဲ့သို့၊ မိုးတိမ်ထဲတွင် ကိုယ်တော်နှင့် တွေ့ဆုံဖို့ ကမ္ဘာပေါ်ကနေ လေထဲသို့ ချီဆောင်မည်မဟုတ်ပါ။ ကောင်းကင်ထက်ကိုလည်း ခေါ်သွားခြင်းလည်း မဟုတ်ပါ။ ဘုရားသခင်က သူ့နှုတ်ကပတ်တော်များကို ဟောကြားပြီး၊ အမှုတော်များကို ဆောင်ရွက်ဖို့၊ ကမ္ဘာပေါ်ကို ပြန်လာသည့်အချိန်တွင် ကျွန်မတို့ကကိုယ်တော့်၏ အသံတော်ကို ကြားရမည် ဖြစ်ပြီး၊ နောက်ဆုံးသောကာလတွင် ကိုယ်တော့်နောက်ကို လိုက်လျှောက်ပြီး၊ ကိုယ်တော့်၏ အမှုတော်ကို နာခံသူများ ဖြစ်မည် ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ပလ္လင်တော်ရှေ့တွင် ချီဆောင်ခံရခြင်း၏ အဓိပ္ပါယ်အမှန် ဖြစ်ပါသည်။ ကိုယ်တော့်၏ အသံတော်ကို သဲသဲကွဲကွဲ ခွဲခြားနိုင်သူအားလုံး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေကာ၊ ထိုသမ္မာတရားကို လက်ခံကျင့်သုံးပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံသို့ ပြန်သွားသည့် သူများအားလုံးက ပညာရှိသတို့သမီးများပါဖြစ်သည်။ သူတို့က ကိုယ်တော်ခိုးယူထား လိုက်ပြီး သူ၏အိမ်တော်တွင် ပြန်ထားခဲ့သည့် ရွှေ၊ ငွေ၊ အဖိုးတန်ကျောက်မျက်များသာ ဖြစ်ပြီး၊ အဘယ့်ကြောင့်နည်းဆိုသော် သူတို့အားလုံးက အစွမ်းအစ ပြည့်ဝပြီး၊ သမ္မာတရားကို နားလည်လက်ခံသူများ၊ ဘုရားသခင်၏ အသံတော်ကို သဘောပေါက်သူများ ဖြစ်ကြသည်။ သူတို့က ဘုရားသခင်၏ အသံတော်ကို နားလည်သဘောပေါက်နိုင်ကြသည်။ သူတို့က အမှန်တကယ် ချီဆောင်ခြင်းခံရသည့် သူများဖြစ်ပါသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်က ကမ္ဘာပေါ်ကို တိတ်တဆိတ်ဆင်းလာပြီး၊ အမှုတော်များကိုပြုသည့်အချိန်တွင်၊ သူတို့က အောင်မြင်သူများ ဖြစ်လာကြလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလ အမှုတော်များကို စတင်နေ ခဲ့ကတည်းက၊ ဘုရားသခင်၏ ပေါ်ထွန်းမှုကို ဆာငတ်တောင့်တ ကြသည့် လူပေါင်းများစွာတို့က၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက သူ့အသံတော်ကို သတိပြုမိလာခဲ့ ကြသည်။ သူတို့က နောက်ဆုံးသောကာလ ဘုရားသခင်၏ စီရင်ခြင်းအမှုတော်များကို တစ်ယောက်ပြီး တစ်ယောက် လက်ခံလာခဲ့ကြသည်။ သူတို့က ဘုရားသခင်ကို မျက်နှာချင်းဆိုင် ဖူးတွေ့ကြရဖို့၊ ပလ္လင်တော်ရှေ့တွင် အခေါ်ခံထားကြရပြီး၊ ကိုယ်တော့်၏နှုတ်ကပတ်တော်အားဖြင့် ရေလောင်းခြင်းခံရပြီး၊ အားဖြည့်မှုကိုရကြသည်။ ဘုရားသခင်၏ မှန်ကန်သည့်အသိပညာကို သူတို့ရခဲ့ကြပြီ။ သူတို့၏ ဖောက်ပြန်ပျက်ဆီးနေသည့် စိတ်သဘောထားများလည်း သန့်စင်ခြင်းခံခဲ့ရပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သမ္မာတရား၏ စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်နိုင်ခဲ့ပြီ။ သူတို့က ကိုယ်တော်၏ ပေါလျှံသည့် ကယ်တင်ခြင်းကို ရခဲ့ပြီ။ သူတို့များက ကပ်ဘေးဒဏ်ကြီး မကျရောက်ခင်တွင် ပြည့်စုံအောင်မြင် သူများ ဖြစ်လာခဲ့ပြီ။ သူတို့က အဦးသီးများအဖြစ် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်း ခံကြရပြီဖြစ်သည်။ ကိုယ်ပိုင်အတွေးအခေါ်များနှင့် စိတ်ကူးများကို လက်ကိုင်ထားပြီး၊ ကိုယ်တော်ပြန်ကြွလာသည့်အခါ သူတို့ကို ကောင်းကင်ဘုံဆီ အခေါ်ခံရဖို့ မျက်ကန်းစောင့်မျှော်နေသူများကတော့၊ မိုက်မဲသည့်သတို့သမီးများလို နောက်ဆုံးသောကာလ ဘုရားသခင်၏ စီရင်ခြင်း အမှုတော်များကို ငြင်းပယ်ကြသည်၊ သူတို့က ဘုရားသခင်၏ ပစ်ပယ်ခြင်းခံရသည့်သူများ ဖြစ်လာကြလိမ့်မည်။ သူတို့က ကပ်ဘေးဒဏ်ကြီးထဲတွင် အံသွားခဲကြိတ် ငိုကြွေးရင်း ဝေဒနာများကို ခံစားကြရလိမ့်မည်။ ဤသည်မှာ အမှန်တရား ဖြစ်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

ချီဆောင်ခြင်းကို ကျွန်ုပ်တို့ မည်သို့နားလည်သင့်ပါသနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်က လူအား ဤလောကနှင့် ဤအုပ်စိုးမှုအောက်မှ မည်သို့ ကယ်တင်ပြီး ၎င်းတို့ကို ထိုလောကနှင့် ထိုအုပ်စိုးမှုအောက်တွင် ထားရှိသည်ကို ရှင်းပြရာတွင် ချီဆောင်ခြင်းကို အသုံးပြုကြသည်။ သို့သော်၊ ချီဆောင်ခြင်းကို လူတို့ စဉ်းစားသည့် အခါတိုင်းတွင် ယင်းကို ၎င်းတို့က လေထဲသို့ သယ်ဆောင်ခံရခြင်းအဖြစ် စိတ်ကူးကြသည်။ ဤသည်မှာ မှားယွင်းသည် မဟုတ်လော။ ဥပမာ၊ သင်သည် မတိုးတက်သော ဝေးလံသည့် ရွာတစ်ရွာတွင် မွေးဖွားပြီး နောက်ပိုင်းတွင် မြို့ကြီးတစ်မြို့၌ အလုပ်လုပ်ဖို့ ခန့်အပ်ခံရလျှင်၊ ဤအရာကို လူဘာသာစကားဖြင့် ဝေလံသော ရွာတစ်ရွာမှ မြို့ကြီးတစ်မြို့ထဲသို့ အလုပ်လုပ်ရန်နှင့် နေထိုင်ရန် မြှင်တင်ခံရခြင်းအဖြစ် ကျွန်ုပ်တို့ ဖော်ပြကြပါလိမ့်မည်။ ဤသည်မှာ မြှင့်တင်ခံရခြင်း၏ အဓိပ္ပါယ်ဖြစ်သည် မဟုတ်လော။ ယင်း မြှင့်တင်ခံရခြင်းသည် လူက စိတ်ကူးထားသည့် လေထဲသို့ ချီပင့်ခံရခြင်းနှင့် ကွဲပြားပါသလား။ ဤအရာများထဲမှ အဘယ်အရာသည် လက်တွေ့အရှိတရား ဖြစ်ပါသနည်း။ ချီဆောင်ခြင်းဆိုသည်မှာ လောကတစ်မျိုးမှ အခြားလောကတစ်မျိုးထဲသို့ ပင့်ခံရခြင်းကို ရည်ညွှန်းသည် - ဤသည်မှာ မြှင့်တင်ခြင်းဖြစ်သည်။ ဤမြှင့်တင်ခံရခြင်းမှာ မြေပြင်မှ အထက်အမြင့်သို့ ပင့်ခံရခြင်းမဟုတ်ပါ သို့မဟုတ် မြေပြင်မှ အာကာသထဲသို့ ပင့်ခံရခြင်း မဟုတ်ပါ၊ ထိုသို့ ဆိုလိုခြင်း မဟုတ်ပါ။ ယင်းထက် ထိုအရာက ပိုမိုမြင့်မားသောအဆင့်၊ ပိုမိုမြင့်မားသောနေရာ၊ ပို၍ပင်မြင့်မားသော အဆင့်အတန်းနေရာသို့ ပင့်ခံရခြင်းကို ရည်ညွှန်းပါသည်။ ဤသည်မှာ မြှင့်တင်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့်၊ ကျွန်ုပ်တို့သည် မူလက ဖောက်ပြန်ပျက်စီးလျက်ရှိသော လူသားမျိုးနွယ်၏ အနိမ့်ကျဆုံးအဆင့်မှ လူမှုအဆင့်အတန်းမရှိသော၊ အခြားသူများ၏ အထင်သေးခြင်းကိုခံရကာ ဖိနှိပ်ခြင်းနှင့် အမြတ်ထုတ်ခံရခြင်းတို့ကို ခံစားနေရသော၊ ပြောရေးဆိုခွင့် မရှိသည့် တောင်သူလယ်သမားများနှင့် အလုပ်သမားများ ဖြစ်ခဲ့ကြပြီး ယခုတွင်မူ တစ်ချက်တည်းဖြင့် နိုင်ငံတော်ခေတ်၏ လူများအဖြစ် မြှင့်တင်ခြင်းခံရကြသည် - ကျွန်ုပ်တို့၏ အနေအထားများမှာ မြှင်တင်ခြင်းခံရကြပြီ မဟုတ်လော။ မူလက၊ ကျွန်ုပ်တို့သည် ဖောက်ပြန်ပျက်စီးလျက်ရှိသော လူသားမျိုးနွယ် ဖြစ်ခဲ့ကြပြီး၊ အမှောင်ထဲ ဆိုးညစ်သောကမ္ဘာထဲရှိ လူသားမျိုးနွယ်၏ အနိမ့်ကျဆုံး အဆင့်ဖြစ်ခဲ့ပြီး ယခုတွင် ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ လူများ၊ နိုင်ငံတော်ခေတ်၏ နိုင်ငံသားများအဖြစ် ချီဆောင်ရာတွင် ရုတ်တရက် မြှင့်တင်ခြင်းခံရကြသည်။ နိုင်ငံတော်ခေတ်၏ လူများအဖြစ် ကျွန်ုပ်တို့ မြှင့်တင်ခြင်းခံရကြလျှင်၊ ဤသည်မှာ ချီဆောင်ခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ စစ်မှန်သော ချီဆောင်ခြင်း ဖြစ်သည်။ ကောင်းပြီ၊ အချို့က၊ “ငါအဲဒီမှာ အသက်ရှင်နေတုန်းပဲ မဟုတ်လား။ အဲဒီအလုပ်ကို ငါလုပ်နေတုန်းပဲ မဟုတ်လား။ ငါ စားတာနဲ့ ဝတ်တာတွေလည်း လုံးဝ မပြောင်းလဲဘူး မဟုတ်လား။ အမြင့်ကို မ,ချီခံရသလို ငါ ဘာကြောင့် မခံစားရတာလဲ။” သင် ချီဆောင်ခံရသည် မခံရသည်ကို အဘယ်မျှ မြင့်သည် သို့မဟုတ် နိမ့်သည်ဟု သင်ခံစားရသည်နှင့် မသတ်မှတ်နိုင်ပါ။ ဤအချက်ကို ထုတ်ဖော်ပြခံရမည့်အချိန် နေ့ရက် ရောက်လာသောအခါ၊ အမြင့်သို့ မ,ချီခံရဖို့ သင်ယုံကြည်ခဲ့သောသူတို့သည် ဖျက်ဆီးခြင်း ခံရကြလိမ့်မည်ဖြစ်ပြီး သင် မည်သည့်အရာမျှ မရရှိခဲ့ဟု ထင်ကောင်းထင်နိုင်သော်လည်း သင်သည် ကျန်ရစ်မည့်သူတစ်ဦး ဖြစ်ကောင်း ဖြစ်နိုင်သည်၊ ယင်းကို သင် အဘယ်သို့ ရှင်းပြမည်နည်း။ နိုင်ငံတော်၏ လူတို့နှင့်ဆိုင်သော ဤအဓိပ္ပါယ်မှာ မှန်ကန်ပါသည်။ ဤအချက် ခိုင်လုံကြောင်း သက်သေပြခြင်းခံရမည့် အချိန်နေ့ရက် ရောက်လာလိမ့်မည်။ ထိုအချိန်တွင် သင်က၊ “အို၊ ငါတကယ် ချီဆောင်ခံရတာပဲ၊ ဒါပေမယ့် ငါ သတိမပြုမိခဲ့ဘူး။ ဘုရားသခင်ရဲ့အမှုတော်က အရမ်းအံ့သြစရာကောင်းတာပဲ” ဟု ပြောလိမ့်မည်။ ၎င်းတို့၌ သမ္မာတရားမရှိလျှင်၊ လူတို့သည် ဤချီဆောင်ခြင်းကို သတိပြုမိကြလိမ့်မည် မဟုတ်ပေ၊ ၎င်းတို့ မည်မျှ ကောင်းကြီးခံစားကြရသည်ကို မသိဘဲ ကောင်းကြီးမင်္ဂလာများထဲတွင် ၎င်းတို့ အသက်ရှင်ကြလိမ့်မည်။ ကပ်ဘေးကြီးများ လာသောအခါ၊ သင့်ကို ဘုရားသခင် ကွယ်ကာလိမ့်မည်ဖြစ်ပြီး သင့်အပေါ် မည်သည့် ကပ်ဘေးမျှ ကျရောက်လိမ့်မည် မဟုတ်။ ဤအရာက သင်သည် ချီဆောင်ခြင်း၌ ယခု ချီပင့်ခံရနှင့်ပြီဖြစ်ပြီး သင်သည် နိုင်ငံတော်ခေတ်၏ လူမျိုး၊ ဘုရားသခင်ရွေးချယ်ထားသော လူမျိုးဖြစ်သည်ကို ရှင်းပြပေးသည် မဟုတ်လော။ ဤကိစ္စကို ဤအရာက မရှင်းပြသလော။ တစ်နေ့တွင်၊ သင်က၊ “ဒါ အမှန်တရားပဲ၊ ငါ့အဆင့်အတန်းက သေချာပေါက် ကွဲပြားသွားပြီ။ လောကထဲက လူတွေက ငါ့ကို အလုပ်သမား ဒါမှမဟုတ် တောင်သူလယ်သမားတစ်ယောက် ဖြစ်နေဆဲပဲလို့ သဘောထားကြပေမဲ့ ဘုရားသခင်ရဲ့ မျက်စိထဲမှာ ငါက နိုင်ငံတော်ခေတ်ရဲ့ လူတစ်ဦးဖြစ်တယ်၊ ဒါကြောင့် ငါ တကယ် ချီဆောင်ခံရပြီး ချီဆောင်ခြင်းနဲ့ဆိုင်တဲ့ ကျေးဇူးတော်ကို ငါ ပျော်မွေ့နှင့်ပြီ ဖြစ်တယ်” ဟု အသိအမှတ်ပြုလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ချီဆောင်ခြင်း၏ လက်တွေ့ကျသော အဓိပ္ပါယ်ဖြစ်သည်။ အဘယ်အရာကို ချီဆောင်ခြင်းဟု ခေါ်သည်ကို မသိဘဲ သင်၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းအပေါ် မှီခိုပြီး ချီဆောင်ခြင်းဆိုသည်မှာ လေထဲသို့ ချီပင့်ခံရဖို့ဖြစ်သည်ဟု သင်ယုံကြည်လျှင်၊ ကောင်းပြီ၊ သို့ဆိုလျှင် လေထဲသို့ ချီပင့်ခံရဖို့ သင်စောင့်မျှော်ပါလေ။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

အမှာစကား ချန်ခဲ့မည်