စာရင်း

နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် လူသားကို လုံးဝ သန့်စင်ပြီး ကယ်တင်ဖို့ သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်သည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ ၎င်းတို့ထဲမှ အချို့မှာ လူသားကို ရှုတ်ချပြီး ကျိန်ဆဲသည်ကို ကျွန်ုပ်တွေ့ရသည်။ အကယ်၍ လူသားကို ဘုရားသခင်က ရှုတ်ချပြီး ကျိန်ဆဲလျှင်၊ လူသားသည် ပြစ်ဒဏ်ပေးခြင်းကို ခံစားရမည် မဟုတ်ပါလား။ ထိုသို့သော တရားစီရင်ခြင်းမျိုးက လူသားကို သန့်စင်ပြီး ကယ်တင်သည်ဟု သင် အဘယ်ကြောင့် ပြောနိုင်ရသေးသနည်း။

အဖြေ-

နောက်ဆုံးသောကာလတွင် ဘုရားသခင်က အောင်နိုင်သူများကို စုဖို့ သမ္မာတရား ကိုဖော်ပြပြီး၊ တရားစီရင်မှုပြုသည်၊ နှလုံးသားတစ်ခုတည်းနှင့် ဘုရားသခင်ကို ယုံကြည်သည့်သူများ ဖြစ်ပါသည်။ ဘုရားသခင် ကမ္ဘာကြီးကို စပြီးဖန်ဆင်းကတည်းက ဤအရာကို ဆုံးဖြတ်ပြီးသားပါ။ ဘုရားသခင်က အောင်မြင်သူ တစ်စုကို ပြုလုပ်ပြီး ဖြစ်သည်၊ သူတို့အားလုံးက ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် ပြုလုပ်ခံရသည်၊ ပြီးလျှင် သူတို့က တရုတ်ကွန်မြူနစ်ပါတီ၏ ရက်စက်သည့် ညှင်းပန်းနှိပ်စက်မှု အတိဒုက္ခထဲက လွတ်မြောက်လာပြီ ဟု သင် ပြောနိုင်ပါသည်။ ယင်းမှာ ဘုရားသခင်က ဤအရာကို ပြုပြီးဖြစ်သည် ဆိုသည့် အမှန်တရားပင် ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကမှ မငြင်းနိုင်ပါ။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ချို့တွင် လူသားများကို ရှုတ်ချခြင်းနှင့် ကျိန်ဆိုခြင်းတို့ ပါဝင်သည်ဟု ထင်နေသည့်သူတစ်ချို့ရှိပြီး၊ သူတို့က အယူအဆများကို ဖြစ်ပေါ်စေကြသည်။ ဤသည်မှာ သူတို့ဘုရားသခင်၏ လုပ်ဆောင်ချက်ကို မသိသည်မှာ အဓိကအချက်ပင် ဖြစ်ပါသည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ တရားစီရင်မှုက ဗျာဒိတ်ကျမ်းတွင် ပရောဖက်ပြုထားသည့်အတိုင်း တရားစီရင်မှု မဟာပလ္လင်ဖြူ ဖြစ်ပါသည်။ ဘုရားသခင်က သူ့၏တရားမျှတမှု၊ ကြီးကျယ် မြင့်မြတ်မှုနှင့် အမျက်ဒေါသ ဆိုသည့် စိတ်နေသဘောထားကို ပြပါသည်၊ ပြီးလျှင် ယင်းမှာ လူသားများကို အလုံးစုံမြင်အောင်ပြပြီး၊ လူတစ်ယောက် ချင်းစီ၏ ပုံစံကို ပိုင်းခြားသိမြင်စေခြင်း ဖြစ်သည်။ ထို့ထက်ပိုပြီး.. ခေတ်ဟောင်းကို အဆုံးသတ်ပြီး စာတန်၏ ဘက်တော်သားများ ကိုရှင်းပစ်ဖို့ ဖြစ်ပါသည်။ သို့ပါက ဘုရားသခင်ကို ခုခံသည့် စာတန် ဘက်တော်သားများကို ဘုရားသခင်က ရှုတ်ချပြီး မကျိန်ဆိုနိုင်ပါသလား။ ဘုရားသခင် ရွေးချယ်ထား သည့် လူများနှင့် သူတို့၏ ဖောက်ပြန်မှုကို နှစ်သက်သည့် စိတ်အမှန်ကြောင့်၊ စီရင်ခြင်းခံရမည့် လူများ အတွက် ၎င်းတို့က ရှုတ်ချပြစ်တင်မှုဟု ထင်ရပြီး၊ ဘုရားသခင် ရွေးချယ်ထားသည့် လူများကို ရှင်းရှင်းလင်းလင်းနှင့် သူတို့၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို နှလုံးအတွင်းထိ မြင်အောင် ထုတ်ပြပြီး၊ သမ္မာတရားကို နားလည်ခြင်း၏ အသီးကို စားသုံးစေမည်။ ဘုရားသခင်သာ မပြင်းထန်ခဲ့ ပါက၊ သူ့၏ နှုတ်ကပတ်တော်များသာ ထိထိမိမိနှင့် ကွက်တိမကျ ခဲ့ပါက၊ ကျွန်တော်တို့ ကိုယ်ပိုင်ဖောက်ပြန်မှုကို ကြိုက်နှစ်သက်သည့် စိတ်နှင့် ဆိုးယုတ်သည့်သဘာဝကို နားလည်နိုင်မည် မဟုတ်ပါ။ နောက်ဆုံးသောကာလ တွင် ဘုရားသခင်၏ အမှုတော်အနေနှင့် လူသားများကို သန့်စင်ပြီး၊ စုံလင်ခြင်းဆိုသည့် ရလဒ်ကို ရဖို့ ဖြစ်နိုင်မည် မဟုတ်ပါ။ သမ္မာတရားကို ချစ်မြတ်နိုးသည့်သူတိုင်း၊ အဖြစ်ရပ်မှန်ကို အလေးထားသည့်သူတိုင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထင်ရှားပြတ်သားသည်ကို တွေ့မြင်နိုင် လိမ့်မည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စကားများပဲဖြစ်စေ၊ ရှုတ်ချခြင်းနှင့် ကျိန်ဆိုခြင်း စကားများပဲဖြစ်စေ အားလုံးက တကယ့် ကျိုးကြောင်းများ နှင့် ကိုက်ညီပါသည်။ ဘုရားသခင်က လက်တွေ့ကျပြီး မှန်ကန်သည့် နည်းလမ်းနှင့်မိန့်ပါသည်၊ ၎င်းတို့သည် အလွန်မှန်ကန်ပါသည်။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တစ်လုံးတစ်ပါဒမှ အပိုချဲ့ကားခြင်း မရှိပါ။ ဘုရားသခင်၏ ဤပြင်းထန်သည့် နှုတ်ကပတ်တော်များ ကနေ ရရှိခဲ့သည့် ရလဒ်များကနေမှ ထိုနှုတ်ကပတ်တော် များတွင် တိမ်မြုပ်နေသည့် ဘုရားသခင်၏ လူသားများအပေါ် ချစ်ခင်မှုနှင့် လူသားများကို ကယ်တင်ဖို့ ရည်ရွယ်ချက်ကောင်းများကို တွေ့ရပါ လိမ့်မည်။ သမ္မာတရားကိုမကြိုက်သည့်သူများက စိတ်ကူး အယူအဆများ ပေါ်လာနိုင်သည်။ သမ္မာတရားကို မုန်းသည့်သူများသာ ဘုရားသခင်၏ လုပ်ဆောင်မှုများကို ဝေဖန်ရှုတ်ချပါလိမ့်မည်။ ဘုရားသခင်က တရုတ်ပြည်တွင် နှစ် ၂ဝ ကျော် လုပ်ဆောင်နေခဲ့ပြီး၊ အောင်နိုင်သူအုပ်စု ကိုလည်း ဖွဲ့စည်းထားပြီးပါပြီ။ သူတို့က တရုတ်ပြည် ကွန်မြူနစ်ပါတီ အစိုးရ၏ ရက်စက်သည့် ဖိနှိပ်မှုများခံခဲ့ရသည်။ ပြီးလျှင် သူတို့အားလုံး ရပ်တည်ပြီး၊ သက်သေခံနိုင်ကြသည်။ ဤသည်မှာ လုံးဝကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ရသည့် အကျိုးရလဒ်ပင် ဖြစ်ပါသည်။ သူတို့အားလုံး ဘုရားသခင်၏ချစ်ခြင်းအပြင် လူသားများကို ကယ်တင်ဖို့ ဘုရားသခင် ခံစားခဲ့ရသည့်အရာ များကိုလည်း နှုတ်ကပတ်တော်များ ထဲတွင် မြင်ခဲ့ပြီးဖြစ်ပါသည်။ တစ်ချို့နှုတ်ကပတ်တော်များက အရမ်းပြင်းထန်သော်လည်း၊ သူတို့နာခံနိုင်ကြပါသည်။ ထိုမှနေ ဘုရားသခင်၏ စိတ်နေသဘောထားကို အမှန်တကယ်သိကြပြီး၊ ဘုရားသခင်ကို နှလုံးသားထဲတွင် ရိုသေလေးမြတ်ပြီး၊ ချစ်ခင်ကြ ပါသည်။ သူတို့က အမှုတော်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပြီး၊ အဆုံးအထိဘုရားသခင်၏ နောက်ကို လိုက်နိုင်ကြပြီ။ ဤသည်မှာ စာတန်ကို အရှက်အရစေဆုံး ကိစ္စဖြစ်ပါသည်။ ဘုရားသခင်က စာတန်ကို အနိုင်ယူခြင်း၏ သက်သေဖြစ်ပါသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်က မည်သို့စီရင်ပြီး၊ လူများကိုသန့်စင်ကြောင်းကိုမူ ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်ရန် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက စာပိုဒ်တစ်ချို့ကို ဖတ်ကြည့်ရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေခြင်းဖြစ်သည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းအားဖြင့်သာ လူသားကိုစုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ ‘အကယ်၍ ဘုရားသခင်သည် လူသားကိုကျိန်ဆိုခဲ့မည်ဆိုလျှင်၊ လူသား သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကိုတရားစီရင်မည်ဆိုလျှင်၊ လူသားသည် အစီရင်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း’ ဟု ၎င်းတို့က ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများ ပြောသောစကားများ ဖြစ်သည်။ ဘုရားသခင် ကျိန်ဆိုသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူ တရားစီရင်သည့်အရာမှာ လူသား၏အပြစ်များ ဖြစ်သည်။ ကိုယ်တော်သည် သနားညှာတာခြင်းမရှိပဲ ပြင်းထန်စွာ ပြောဆိုသော်လည်း၊ သူသည် လူသားအတွင်းမှ အရာအားလုံးကို ထုတ်ဖော်ပြီး၊ ဤခက်ထန်သော နှုတ်ကပတ်တော်များအားဖြင့် လူသားအတွင်း၌ မည်သည့်အရာက အရေးကြီးကြောင်းကို သူဖော်ထုတ်လေ၏။ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့်၊ သူသည် လူသားအား လူ့ဇာတိ အနှစ်သာရ၏ လေးနက်သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် နာခံခြင်းကို ဆက်ကပ်ခြင်းဖြစ်သည်။ လူသား၏ ဇာတိပကတိသည် အပြစ်ဖြစ်ပြီး၊ စာတန်နှင့်သက်ဆိုင်သည်၊ ယင်းသည် မနာခံခြင်းဖြစ်၍၊ ဘုရားသခင် ပြစ်တင်ဆုံးမသည့် အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်စေကာ စစ်ဆေးခြင်းအမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုမှသာလျှင်၊ ဘုရားသခင်၏အမှု ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်”)

ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်ကာ ပြစ်တင်ဆုံးမ၍ ပြစ်ဒဏ်ချမှတ်သည်၊ သို့သော် သင်တို့၏ပြစ်ဒဏ်ချမှတ်ခံရခြင်းသည် သင့်အနေဖြင့် သင့်ကိုယ်သင် သိလာနိုင်ရန် ဖြစ်သည်ကို သိမှတ်လော့။ ပြစ်ဒဏ်ချမှတ်ခြင်း၊ ကျိန်ဆဲခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း စသည်တို့အားလုံးသည် သင့်အနေဖြင့် မိမိကိုယ်ကို သိလာနိုင်ရန်၊ သင်၏စိတ်သဘောထား ပြောင်းလဲလာနိုင်ရန်၊ ထို့အပြင် သင်၏တန်ဖိုးကို သင်သိလာနိုင်ရန်ဖြစ်ပြီး၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များအားလုံးသည် ဖြောင့်မတ်၍ သူ၏စိတ်နေသဘောထားနှင့်အညီဖြစ်ပြီး သူ့အမှု၏လိုအပ်ချက်များနှင့်အညီဖြစ်ကြောင်းကို သင့်အနေဖြင့် သိမြင်လာနိုင်ရန်ဖြစ်ကာ၊ လူသားကို ကယ်တင်ခြင်းအတွက် သူ၏အစီအစဉ်အတိုင်း ဘုရားသခင်လုပ်ဆောင်ကြောင်းနှင့် သူသည် လူသားကို ချစ်သည့်၊ လူသားကို ကယ်တင်သည့်၊ လူသားကို တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်ကြောင်းကို သင်သိလာနိုင်ရန်ဖြစ်သည်။ အကယ်၍ သင်သည် နိမ့်ကျသောအဆင့်၌ရှိကြောင်း၊ ဖောက်ပြန်ပျက်စီးကာ မနာခံတတ်ကြောင်းကိုသာလျှင် သင်သိပြီး၊ ယနေ့ သင့်အပေါ်တွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအားဖြင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားအောင် ပြုလိုသည်ကို သင်မသိပါက သင်၌ ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ တွေ့ကြုံခံစားရဖို့ နည်းလမ်းပင် ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာသည်မဟုတ်၊ တရားစီရင်ရန်၊ ကျိန်ဆဲရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန်အတွက် ကြွလာခြင်းဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားတို့ကို ကယ်တင်ရန်ဖြစ်သော ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏”)

သင်တို့အားလုံးသည် အပြစ်တရားနှင့် ကာမဂုဏ်လွန်ကျူးသော နေရာတွင် အသက်ရှင်နေကြသည်၊ သင်တို့အားလုံးသည် ကာမဂုဏ်လွန်ကျူးသော သူများ၊ အပြစ်ရှိသောသူများဖြစ်သည်။ ယနေ့ သင်သည် ဘုရားသခင်ကို မြင်နိုင်ရုံသာမက သာ၍အရေးကြီးသည်မှာ သင်သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုကို လက်ခံရရှိခဲ့သည်၊ အနက်ရှိုင်းဆုံးဖြစ်သည့် ထိုသို့သော ကယ်တင်ခြင်းကို လက်ခံရရှိခဲ့ကြသည်၊ တစ်နည်းအားဖြင့် ဘုရားသခင်၏ အကြီးမြတ်ဆုံးဖြစ်သော မေတ္တာကို လက်ခံရရှိခဲ့ကြသည်။ သူလုပ်သမျှသည် သင်တို့အတွက် စစ်မှန်သောမေတ္တာ ဖြစ်သည်၊ သူ၌ မကောင်းသော ရည်ရွယ်ချက် မရှိပေ။ သင်၏အပြစ်များကြောင့် သူက သင့်ကို တရားစီရင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် သင်တို့သည် ကိုယ့်ကိုယ်ကိုယ် စစ်ဆေးမည်ဖြစ်သည်၊ ထူးကဲလှသော ဤကယ်တင်ခြင်းကို လက်ခံရရှိမည် ဖြစ်သည်။ လုပ်ဆောင်ခဲ့သမျှ အားလုံးသည် လူကိုပြုလုပ်ဖို့အတွက်ဖြစ်သည်။ အစမှ အဆုံးတိုင် ဘုရားသခင်သည် လူကိုကယ်တင်ဖို့အတွက် သူ၏အကောင်းဆုံးကို လုပ်ဆောင်လျက်ရှိသည်၊ ထို့ပြင် သူ့လက်ဖြင့် ဖန်ဆင်းခဲ့သောလူများကို လုံးလုံးလျားလျား ဖျက်ဆီးလိုစိတ် သူ၌မရှိသည်မှာ သေချာပါသည်။ ယခု သူသည် အလုပ်လုပ်ရန်အတွက် သင်တို့အကြားသို့ ရောက်လာပြီးဖြစ်သည်၊ ယင်းသည် သာ၍ကောင်းသော ကယ်တင်ခြင်း မဟုတ်လော။ သူက သင်တို့ကို မုန်းခဲ့လျှင် သူကိုယ်တိုင် သင်တို့ကို ဦးဆောင်လမ်းပြရန် ထိုမျှပမာဏရှိသော အလုပ်ကို သူဆက်လုပ်မည်လော။ အဘယ်ကြောင့် သူအလွန်အမင်း ဒုက္ခခံရမည်နည်း။ ဘုရားသခင်က သင့်ကို မမုန်းသကဲ့သို့ သင့်အတွက် မကောင်းသော ရည်ရွယ်ချက်လည်း မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာ ဖြစ်ကြောင်းကို သင်သိသင့်သည်။ လူတို့၏ မနာခံမှုကြောင့်သာ သူသည် လူတို့ကို တရားစီရင်မှုအားဖြင့် ကယ်တင်ရခြင်း ဖြစ်သည်၊ ထိုသို့မပြုလျှင် သူတို့သည် ကယ်တင်ခြင်းခံရမည် မဟုတ်ပေ။ သင်သည် မည်သို့အသက်ရှင်ရမည် သို့မဟုတ် မည်သို့နေထိုင်ရမည်ကို မသိသောကြောင့်၊ ထို့ပြင် သင်သည် ကာမဂုဏ်လွန်ကျူး၍ အပြစ်တရားနှင့်ပြည့်နေသော နေရာတွင် ရှင်သန်နေသောကြောင့်၊ ကာမဂုဏ်လွန်ကျူးကာ ညစ်ညူးသော နတ်ဆိုးများဖြစ်သောကြောင့် ဘုရားသခင်သည် သင်တို့ကို သာ၍စာရိတ္တပျက်ပြားလာသူများ ဖြစ်လာခွင့် မပေးရက်ပေ၊ စာတန်စိတ်ရှိသလို နင်းခြေနေသည်ကို ခံရပြီး၊ ထိုသို့ညစ်ညူးသောနေရာ၌ အသက်ရှင်နေသည်ကိုလည်း မကြည့်ရက်ပေ၊ သို့မဟုတ် မရဏနိုင်ငံသို့ သင်တို့ ကျသွားမှာကိုလည်း မလိုလားပေ။ ဘုရားသခင်သည် သင်တို့အုပ်စုကို ရယူလိုစိတ်နှင့် သင့်ကို လုံးလုံးလျားလျား ကယ်တင်လိုစိတ်သာ ရှိသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် သင်၌ သိမ်းပိုက်ခြင်းအလုပ်ကို လုပ်သည့် အဓိကရည်ရွယ်ချက်ဖြစ်သည်၊ ယင်းမှာ ကယ်တင်ခြင်းအတွက်သာဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)”)

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကြားပြီး၊ နောက်ဆုံးသော ကာလမှာ ဘုရားသခင်က အဘယ့်ကြောင့် တရားစီရင်သည့်အမှု လုပ်သည်ကို လူတိုင်း သိသင့်ပြီ ဖြစ်ပါသည်၊ မှန်ပါသလား။ လူများက အပြစ်များနှင့် စာတန်၏ အုပ်စိုးမှုအောက်တွင်နေသည်၊ အပြစ်ထဲမှာ ပျော်မွေ့နေကြ သည်။ ဘာသာရေး အသိုင်းအဝိုင်းက မည်သူမျှဘုရားသခင်ရောက်လာသည်ကို သတိမထားမိကြပါ။ သမ္မာတရားကို မချစ်သကဲ့သို့ လက်မခံနိုင်ကြပါ။ လူများက ဘုရားသခင်ကို မည်မျှသက်သေခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော် များ ကို မည်မျှပင် ဖြန့်ဝေခဲ့ပါစေ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် လုပ်ဆောင်ချက်များကို တက်တက်ကြွကြွ ရှာဖွေစုံစမ်း သည့်သူ မည်မျှရှိသနည်း။ နောက်ပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများကို လက်ခံနိုင် သည့်သူ မည်မျှရှိပါသနည်း။ လူတိုင်းက ဤလူသားမျိုးနွယ်က အဆိုးဆုံးဖြစ်နေသည်ဟု မပြောကြပါလား။ နောက်ဆုံးသောကာလက ဘုရားသခင်၏ တရားစီရင်သည့် အမှုကြောင့်သာ မဟုတ်ပါက၊ လုံးဝပျက်ဆီးပြီး ဆိုးယုတ်သည့် စိတ်သဘောထားများနှင့် ပြည့်နေသကဲ့သို့၊ ဘုရားသခင်ကို ခုခံနေသည့် ဤလူသားမျိုးနွယ်က သန့်စင်ပြီး ဘုရားသခင်၏ ကယ်တင်မှုကိုခံရပါ့မလား။ နောက်ဆုံးသောကာလက ဘုရားသခင်၏ တရားစီရင်သည့် အမှုကြောင့်သာ မဟုတ်ပါက၊ ဘယ်သူက အောင်နိုင်သူအုပ်စုကို ဖွဲ့စည်းမည်နည်း။ သခင်ယေရှု၏ ပရောဖက်ပြုချက်များမှာ မည်သို့ စုံလင်တော့မည်နည်း။ ခရစ်တော်၏ နိုင်ငံတော်မှာ မည်သို့ဖြစ်တည် လာခဲ့မည်နည်း။ ဘုရားသခင်ကို ယုံကြည်သည့်လူ တော်တော်များများက ဘုရားသခင်က ချစ်တတ်ပြီး သနားတတ်သည့် ဘုရားသခင်ဖြစ်ပြီး၊ မည်သို့အပြစ်မျိုးပင် ကျူးလွန်ပါစေ၊ ဘုရားသခင်က ခွင့်လွှတ်မည်ဟု ယုံကြည်ကြခြင်း ဖြစ်ပါသည်။ သူတို့ မည်မျှပင် ဖောက်ပြန်ပျက်စီးနေပါစေ၊ မည်သူမျှ ဘေးဖယ်မခံရဘဲ၊ လူသားတိုင်းကို ဘုရားသခင်က သူရောက်လာချိန်တွင် မည်သို့ဖြစ်စေ ကောင်းကင် နိုင်ငံတော်ကို ပို့မည်ဟု ယုံကြည်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ ကျိုးကြောင်းဆီလျော်သည့် ရှုထောင့်ဟုတ်ပါသလား။ သခင့်၏ နှုတ်ကပတ်တော် ထဲတွင် ဤကိစ္စကို ထောက်ခံထားခြင်း ရှိပါသလား။ ယင်းမှာ လူ့အယူအဆတစ်ခုသာ မဟုတ် ပါလား၊ လူများ စိတ်ကူးထင်မြင်သည့် အရာတစ်ခု မဟုတ်ပါ လား။ ဘုရားသခင်က သန့်ရှင်းမြင့်မြတ်ပြီး၊ တရားမျှတသည့် ဘုရားသခင် ဖြစ်ပါသည်။ အမူအကျင့်ညစ်နွမ်း ဖောက်ပြန်ပြီး၊ စိတ်ပုပ်စိတ်ယုတ်များနှင့် ပြည့်နေသည့် သမ္မာတရားကို ငြင်းဆန်သည့်သူများနှင့် ဘုရားသခင်၏ ရန်သူများကို သူ့နိုင်ငံတော်ထဲ ဝင်ခွင့်ပေးပါ့မလား။ လုံးဝ ပေးမဝင်ပါ။ ထို့ကြောင့်် သခင်ယေရှုက သူပြန်လာပြီး၊ နောက်ဆုံးသောကာလတွင် သမ္မာတရားကို ဖော်ပြ၊ စီရင်ခြင်းကိုပြုပြီး၊ လူသားများကို လုံးလုံးလျားလျား သန့်စင်ကယ်တင်မည်ဟု ဗျာဒိတ်ပေးခဲ့ ပါသည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ယော ၁၂:၄၇-၄၈) ဖောက်ပြန်ပျက်စီးမှုများနှင့် စွန်းထင်းနေသည့်သူများ အတွက်မူ ဘုရားသခင်က သေချာပေါက် သမ္မာတရားကို ထုတ်ဆောင်မည် ဖြစ်ပြီး၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုကို အထမြောက် စေမည်။ ဤသည်မှာလူများ၏ နှလုံးဝိညာဉ်များကိုနှိုးဖို့၊ လူများကို သိမ်းပိုက်နိုင်ဖို့နှင့် သူတို့၏ စိတ်အညစ်အကြေးများ မှနေ သန့်စင်ဖို့၊ တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်ပါသည်။ လူသားများ၏ ညစ်ညူးမှု၊ ဖောက်ပြန်မှု၊ မနာခံမှုနှင့် ဘုရားသခင်ကို ခုခံဆန့်ကျင်မှုများကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြင်းထန် သော်ငြားလည်း၊ မည်သို့ပင် ဖြစ်စေ ဘုရားသခင်၏ သန့်ရှင်းမှုနှင့် ဖြောင့်မတ်သည့် စိတ်သဘောထားကို ပြခြင်းပင် ဖြစ်သည်။ ပြီးလျှင် ယင်းမှာ ကျွန်တော်တို့ကို ကိုယ့်၏မကောင်းသည့် သဘာဝ နှင့် ဖောက်ပြန်ပျက်စီး ရခြင်း အကြောင်းပြချက်ကို နားလည်စေမည် ဖြစ်ပါသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုများ ကြုံတွေ့ရခြင်း ကနေတစ်ဆင့် ကျွန်တော်တို့အားလုံး ဘုရားသခင့် နှုတ်ကပတ်တော်၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီ။ ကျွန်တော်တို့က ဘုရားသခင်၏ တရားစီရင်မှုကို လိုလားစွာ ကျိုးနွံနာခံပြီး၊ သမ္မာတရားကို ဖြည်းဖြည်းချင်း နားလည်လာပြီ ဖြစ်သည်။ မိမိ၏ ဆိုးယုတ်သည့် သဘာဝကို သေချာမြင်ပြီး၊ ဘုရားသခင်၏မျှတသည့် စိတ်သဘောထားကို အမှန်နားလည်ပြီး ဘုရားသခင်ကို ချစ်ကြောက်ရိုသေသည့် နှလုံးသားလည်း တိုးတက် လာမည်။ ကိစ္စများကိုရှုမြင်ရာတွင် မသိလိုက်ဘဲ၊ ပြောင်းလဲလာပြီး၊ ဘဝ၏ စိတ်သဘောထားကလည်း ပြောင်းလဲပြီး၊ ဘုရားသခင်ကို ချစ်ကြောက်ရိုသေပြီး၊ မကောင်းမှုကို ပယ်ရှားနိုင်မည်။ နောက်ဆုံးသော ကာလက ဘုရားသခင်၏ တရားစီရင်ခြင်း အမှု၏ ရလဒ်ဖြစ်သည့် အောင်မြင်သူအုပ်စု ဖန်ဆင်းခြင်းကို နောက်ဆုံးသောကာလ ဘုရားသခင် ၏ တရားစီရင်ခြင်း အမှုက အဆုံးတွင်တော့ ပြီးမြောက်စေခဲ့ပါပြီ။ ပြီးလျှင် ယင်းမှာ ဘုရားသခင်၏ အိမ်တော်ကစခဲ့သည့် တရားစီရင်ခြင်း နောက်ကွယ်က စစ်မှန်သည့် အရေးပါခြင်း ဖြစ်ပါသည်။ ဤအရာက ကျွန်တော်တို့အား မည်သည့်အရာကို သဘောပေါက် စေသနည်း။ ဘုရားသခင်က လူသားများကို အပြစ်ဒဏ်ပေးဖို့နှင့် ဖျက်ဆီးဖို့အတွက် သူ့နှုတ်ကပတ်တော်နှင့် တရားစီရင်ပြီး၊ ဖော်ထုတ်ခြင်း မဟုတ်ပါ။ လူသားများကို လုံးဝ သန့်စင် ပြောင်းလဲစေပြီး၊ ကယ်တင်ဖို့အတွက်ဖြစ်ပါသည်။ သို့သော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်၏ သန့်စင်မှုနှင့် တရားစီရင်မှုကို လက်ခံဖို့ ငြင်းဆန်သည့် လူများ အတွက်မူ ကပ်ဆိုးကြီးကျရောက်လာသည့်အချိန်တွင် ကပ်ဆိုးထဲ ကို အပို့ခံရပြီး အပြစ်ပေးခံရမည်ဖြစ်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

အမှာစကား ချန်ခဲ့မည်