စာရင်း

နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုတော်ကို လုပ်ဆောင်သည်ဟု သင်တို့ သက်သေခံကြသည်၊ ထိုသို့ဆိုလျှင် လူသားကို ဘုရားသခင်က မည်သို့ အတိအကျ တရားစရင်ပြီး၊ သန့်စင်စေကာ ကယ်တင်ပါသနည်း။

အဖြေ-

မှန်ကန်သည့်လမ်းစဉ်ကိုရှာဖွေသည့်သူများက နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် မည်သို့ စီရင်မည်ဖြစ်ကြောင်းကိုနားလည်ချင်ကြသည်။ သမ္မာတရားရှုထောင့်ကနေပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ဟောကြားခဲ့သည်မှာ များစွာ ရှိသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကျမ်းပိုဒ်နည်းနည်းလောက် ဖတ်ကြည့်ရအောင်။

နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုတော်ကို လုပ်ဆောင်သည်ဟု သင်တို့ သက်သေခံကြသည်၊ ထိုသို့ဆိုလျှင် လူသားကို ဘုရားသခင်က မည်သို့ အတိအကျ တရားစရင်ပြီး၊ သန့်စင်စေကာ ကယ်တင်ပါသနည်း။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိခံယူသောအခါ၊ သူ၏အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ စိတ်နေသဘောထားကို ဖော်ပြရန်ဖြစ်သည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သမ္မာတရားကို လူတို့ထံသို့ ပိုမိုဆောင်ကြဉ်းပေးကာ လက်တွေ့ကျင့်ဆောင်ရန် နည်းလမ်းများ ပိုမိုပြသပေးသည်၊ ဤသို့ဖြင့် လူသားကို သိမ်းပိုက်ရန်နှင့် လူသား၏ ဖောက်ပြန်သော စိတ်သဘောထားမှ လူသားကိုကယ်တင်ရန် သူ၏ ရည်မှန်းချက်တို့ကို ဖြစ်မြောက်စေပါသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင့်အမှု၏ နောက်ခံအကြောင်းရင်းများ ဖြစ်ပါသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ)

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို ခွဲခြမ်းစိတ်ဖြာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ထိုနှုတ်ကပတ်တော်များတွင် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝဖြင့် မည်သို့အသက်ရှင်နေထိုင်သင့်ပုံ၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘာထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ထိုနှုတ်ကပတ်တော်များအားလုံးမှာ လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ပြောဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်ကို လူသားက မည်ကဲ့သို့ပစ်ပယ်သည့်အကြောင်း ဖော်ထုတ်ပြသည့် ထိုနှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ် မည်ကဲ့သို့ဖြစ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူ့အင်အား မည်ကဲ့သို့ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြောထားခြင်းဖြစ်သည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင် ဘုရားသခင်သည် လူသား၏သဘာဝဗီဇကို စကားလုံးအနည်းငယ်မျှဖြင့်သာ ရှင်းလင်းအောင် မပြုပေ။ သူသည် ရေရှည်အတွက် ဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်းတို့ကိုပြု၏။ ထိုဖွင့်ပြခြင်း၊ ရိုက်နှက်ဆုံးမခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းတို့ကို သာမန်စကားလုံးများဖြင့် အစားမထိုးနိုင်ဘဲ၊ လူသားများ လုံးဝမပိုင်ဆိုင်သော သမ္မာတရားအားဖြင့်သာ အစားထိုးနိုင်သည်။ ဤကဲ့သို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှု အမျိုးအစားအားဖြင့်သာ လူသားကို ထိန်းချုပ်နိုင်ပြီး ဘုရားသခင်ထံ နာခံဆက်ကပ်ခြင်းငှာ လုံးလုံးလျားလျား လက်ခံယုံကြည်လာအောင် လူသားကို လုပ်နိုင်သည့်အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်သည်။ ဘုရားသခင်၏မျက်နှာစစ်ကို လူသားက သိနားလည်ခြင်းအကြောင်းနှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် သမ္မာတရားတို့ကို တရားစီရင်ခြင်းအမှုက ယူဆောင်လာသည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်နှင့် လူသားနားမလည်နိုင်သော နက်နဲရာများတို့နှင့်ပတ်သက်သည့် များပြားလှသော သဘောပေါက်နားလည်မှုကို ရရှိလာစေရန် လူသားကို အခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးမှု၏ ဇစ်မြစ်များကို သိနားလည်စေရန် အခွင့်ပေးလေ၏။ ထို့အပြင် လူသား၏ အကျည်းတန်မှုကိုပါ ရှာဖွေတွေ့ရှိစေလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်းအမှုအားဖြင့် ဆောင်ယူရရှိခဲ့လေ၏။ အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”)

ယနေ့ခေတ်၌ ဘုရားသခင်လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသား၏အသက်တာအတွက် သူ၏နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူ့သဘာဝဗီဇ၏ အနှစ်သာရနှင့် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ပြခြင်း၊ ဘာသာရေးဆိုင်ရာ အယူအဆများ၊ မြေရှင်ပဒေသရာဇ်စနစ်နှင့်ဆိုင်သော အတွေးအခေါ်၊ ခေတ်မမီတော့သော အတွေးအခေါ်၊ လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ဖြစ်သည်။ ထိုအရာများကို ပေါ်ပေါ်ထင်ထင်ဖော်ပြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် သန့်စင်ရမည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူသားကို စုံလင်အောင်ပြုရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို အသုံးမပြုပါ။ ဘုရားသခင်သည် လူသားကို ထုတ်ဖော်ရန်၊ လူသားကို တရားစီရင်ရန်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် လူသားကို စုံလင်အောင်ပြုရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ထိုသို့အားဖြင့် လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ဖွယ်ဖြစ်မှုကို မြင်လာစေရန်၊ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်စေရန်အတွက် ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်”)

ဘုရားသခင်တွင် လူသားကို စုံလင်အောင် ပြုခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချသည်၊ လူသားကို ဖော်ထုတ်လှန်ထားရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး တစ်ဖက်တွင် လူသားကို ဖော်ထုတ်လှန်ထားကာ အခြားတစ်ဖက်တွင် လူသားကို ဖွင့်ဟပြသည်၊ လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော ‘နက်နဲရာများ’ ကို တူးဆွကာ ဖော်ပြသည်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေသည်။ ဘုရားသခင်သည် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်၊ ဖော်ပြခြင်း၊ ကိုယ်တွယ်ဆုံးမခြင်း၊ စစ်ဆေးပြုပြင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများကို အသုံးပြုသည်၊ ထိုသို့အားဖြင့် ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိရန်ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လိုက်လျှောက်အသက်ရှင်မှုကို အာရုံစူးစိုက်မှုရှိသူများသာ ပြီးပြည့်စုံမှုရရှိနိုင်မည်”)

နောက်ဆုံးသောကာလတွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို တရားစီရင်သောအခါ၊ ဘုရားသခင်သည် လူ၏ ဆိုးယုတ်သော သဘောသဘာဝကို စီရင်ဖို့၊ ထုတ်ဖော်ပြဖို့နှင့် ရှုတ်ချဖို့ရန်အတွက်လည်းကောင်း၊ လူ၏ ဆိုးယုတ်သော စိတ်သဘောထားကို သန့်စင်ပြောင်းလဲပြီး စာတန်၏ စွမ်းအားမှ လူကို ကယ်တင်ရန်အတွက်လည်းကောင်း ဘုရားသခင်သည် သူဖော်ပြသည့် ဖြောင့်မတ်သော စိတ်သဘောထားနှင့် သမ္မာတရား အချက်အလက်များစွာတို့ကို အသုံးပြုသည်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ ကျွန်ုပ်တို့ မြင်တွေ့ရပါသည်။ ဘုရားသခင်၏ ကြီးကျယ်ခမ်းနားပြီး အမျက်နှင့်ပြည့်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အတွင်းတွင်၊ ကျွန်ုပ်တို့သည် နှင့် မျက်နှာချင်းဆိုင် ရှိကြသကဲ့သို့ ခံစားကြရသည်၊ စာတန်အားဖြင့် ကျွန်ုပ်တို့ဖောက်ပြန်ပျက်ဆီးခြင်း၏ ပဓါနကျသော သဘာဝနှင့် တကယ့်အမှန်တရားများကို ကျွန်ုပ်တို့ ရှင်းလင်းစွာ မြင်တွေ့လာရပြီး ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရနှင့် ပုန်ကန်ပြစ်မှား၍ မရနိုင်သော သူ၏ ဖြောင့်မတ်သော စိတ်သဘောထားတို့ကို အမှန်တကယ် နားလည်ရပါသည်။ ဘုရားသခင်ကို ကြောက်ရွံ႔သော စိတ်နှလုံးသားသည် ကျွန်ုပ်တို့အထဲတွင် မွေးဖွားလာပြီး ဘုရားသခင်ကို အမှန်တကယ် သိနားလည်ခြင်းကို ကျွန်ုပ်တို့ ဖြစ်ပေါ်စဉ်တွင် တချိန်တည်းမှာပင် သမ္မာတရားများစွာကိုလည်း နားလည်သဘောပေါက် ရသည်။ ဤအရာက ကျွန်ုပ်တို့၏ အသက်တာ စိတ်သဘောထားကို ပြောင်းလဲခွင့်ပေးသည်၊ ထို့ကြောင့် နောက်ဆုံးတွင် ရိုးသားပြီး ဘုရားသခင်ကို နာခံသောသူတစ်ဦး၏ စစ်မှန်သော လူသားပုံသဏ္ဍာန်အတိုင်း အသက်ရှင်နေထိုင်နိုင်ပြီဖြစ်သည်။ ဘုရားသခင်မှ ဖွင့်ပြသော နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရား၏ အချက်အလက်များစွာတို့ကို လူသားမျိုးနွယ်အား ဖွင့်ပြပေးသည်။၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ စီမံခန့်ခွဲခြင်း အစီအစဉ်၏ နက်နဲမှုများ၊ ဘုရားသခင့် အမှုတော်အဆင့်သုံးဆင့်၏ အတွင်းပိုင်း သတင်းအချက်အလက်၊ လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် သူ၏ ရည်မှန်းချက်များနှင့် အလိုတော်၊ အပြစ်တရား၏ အရင်းအမြစ် နှင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှု အမှန်တရား၊ လူတို့၏ ခရီးပန်းတိုင်နှင့် အဆုံးသတ် စသည်တို့ကို ဖွင့်ဟသည်။ ဤသမ္မာတရားများသည် ကျွန်ုပ်တို့ကို အသက်နှင့် ထာဝရအသက်လမ်းကို ပေးသော နှုတ်ကပတ်တော်များဖြစ်ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ ဖတ်ရှုသောအခါ၊ စာတစ်လုံးစီနှင့် စာတစ်ကြောင်းစီတို့မှ ဘုရားသခင်၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ ပေါ်ထွက်လျက် ၎င်းတို့ကို နှစ်ဖက်သွားဓါးတစ်စင်းကဲ့သို့ ကျွန်ုပ်တို့ ခံစားကြရသည်။ ၎င်းတို့က ကျွန်ုပ်တို့သည် စာတန်အား၏ လုံးလုံးလျားလျား ဖျက်ဆီးခြင်းခံရကြသည်ကို မြင်နိုင်ဖို့ရန်အလို့ငှာ ကျွန်ုပ်တို့ နှလုံးသားများ၏ အနက်ဆုံးအတွင်းပိုင်းထဲတွင် ကျွန်ုပ်တို့ စွဲကိုင်ထားသော ဘုရားသခင်အကြောင်း အယူအဆများ၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွင် ရှိသည့် စက်ဆုပ်ဖွယ်ကောင်းသော ပန်းတိုင်များ၊ စဉ်းလဲသော ရည်ရွယ်ချက်များနှင့် ကျွန်ုပ်တို့ သတိမထားမိသော ကျွန်ုပ်တို့၏ သဘာဝထဲတွင် ပုန်းကွယ်နေသည့် ဆိုးယုတ်သော အဆိပ်အတောက်များကိုပင်လျှင် အတိအကျ ဖော်ထုတ်ပေးသည်။ အကြောင်းအရာအားလုံးတွင် ကျွန်ုပ်တို့သည် စာတန်၏ အဆိပ်အတောက်များ၊ အတွေးအခေါ်၊ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် နိယာမများအားဖြင့် အသက်ရှင်ကြသည်။ ကျွန်ုပ်တို့၏ နှလုံးသားများသည် ရက်စက်မှု၊ မာနထောင်လွှားမှု၊ လောဘ၊ လှည့်ဖြားမှုနှင့် အခြားဆိုးယုတ်သော စိတ်သဘောထားများဖြင့် ပြည့်နှက်လျက်ရှိကြသည်။ ကျွန်ုပ်တို့ အသက်ရှင်သည်မှာ ဆိုးယုတ်ရက်စက်မှုမှတပါး အခြားမရှိပါ၊ ကျွန်ုပ်တို့သည် စာတန်၏ သားသမီးများ၊ ဘုရားသခင်ကို ပုန်ကန်ပြီး အာခံသည့် အဆင်းနီသော နဂါးကြီး၏ သားသမီး ဖြစ်လာကြပေသည်။ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်းတို့နှင့် သက်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ ကျွန်ုပ်တို့၏ အတွင်းကျကျ နှလုံးသားများအား သူ၏ လေ့လာဆန်းစစ်မှုကို အာရုံခံစားမိရင်း ဘုရားသခင်အား တအံ့တသြဖြစ်ကြရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သူနှင့် မျက်နှာချင်းဆိုင် တွေ့ကြရသည့်အလား ကဏ္ဍတိုင်းတွင် ကျွန်ုပ်တို့၏ ဆိုးယုတ်သော သဘာဝကို ထိမိကြပြီး တစ်ခါတစ်ရံ ကျွန်ုပ်တို့ကို အသိပေးခြင်း သို့မဟုတ် သတိပေးခြင်း၊ တစ်ခါတစ်ရံ ကျွန်ုပ်တို့ကို အပြစ်တင်ခြင်း၊ ကျွန်ုပ်တို့ကို ရိုက်နှက်ဆုံးမခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းများကို ပြုကြသည်။ တခါတစ်ရံတွင်၊ ဘုရားသခင်၏ ပြင်းထန်သော နှုတ်ကပတ်တော်များက အမျက်ဒေါသနှင့် ပြည့်ပြီး ၎င်းတို့ထဲတွင် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို မြင်တွေ့ရကာ၊ ကျွန်ုပ်တို့ကို ပုန်းကွယ်စရာ နေရာမရှိအောင် ခံစားစေပြီး ကျွန်ုပ်တို့ အလွန့်အလွန် အရှက်ရကြပါသည်။ တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အမှန်ပင် သမ္မာတရားဖြစ်ပြီး တနခိုး၊ အခွင့်အာဏာတို့နှင့် ပြည့်ဝကာ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အသက်ဖြစ်တည်ခြင်းကို ထုတ်ဖော်ပြခြင်း ဖြစ်ကြောင်း ကျွန်ုပ်တို့ နက်နဲစွာ ခံစားရပါသည်။ ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရသည် ညစ်ညူးစေ၍မရနိုင်သလို သူ၏ ဖြောင့်မတ်သော စိတ်သဘောထားမှာ ပုန်ကန်ပြစ်မှား၍မရနိုင်ပါ။ ဘုရားသခင်၏ ရှေ့မှောက်သို့ ကျွန်ုပ်တို့ ဝပ်စင်းပြီး သူ့ထံတွင် ဝန်ချခြင်းတို့ မပြုလုပ်ဘဲ မနေနိုင်ပါ။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ဆိုးယုတ်သော သဘာဝကို ကျွန်ုပ်တို့ မုန်းတီးမိကြသည်၊ ကျွန်ုပ်တို့သည် နောင်တနှင့် ပြည့်ကြပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် လိုလားလျက်ရှိကြသည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ အသစ်သောအသက်တာကို အသက်ရှင်ရန် ကျွန်ုပ်တို့ စိတ်နှလုံးများထဲတွင် လုံးလုံးလျားလျား လက်ခံယုံကြည်ပြီး စိတ်ပိုင်းဖြတ်ထားကြပါသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်သော လူတို့အပေါ် ဘုရားသခင့်နှုတ်ကပတ်တော်၏ တရားစီရင်ခြင်း ရလဒ်ဖြစ်သည်။ ဤကဲ့သို့သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံပြီးနောက်တွင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို ချစ်သော သူတို့သည် သမ္မာတရားကို ရရှိနိုင်ပြီး ဘုရားသခင်အားဖြင့် စုံလင်ခြင်းကို ခံရနိုင်သည်။ သမ္မာတရားကို မချစ်သလို ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အမှန်တကယ် မတွေ့ကြုံသောသူတို့သည် ဘုရားသခင်၏ သုတ်သင်ဖယ်ရှင်းခြင်းခံရရန် သေချာပေသည်။

ဘုရားသခင်သည် လူတို့ကို သူ၏ နှုတ်ကပတ်တော်များမှတဆင့် တရားစီရင်ပြီး ထုတ်ဖော်စဉ်တွင်၊ လူတို့ကို ရိုက်နှက်ဆုံးမရန်၊ ပြုပြင်ရန်၊ စစ်ဆေးရန် နှင့် ထုတ်ဖော်ရန် အမျိုးမျိုးသော အခြေအနေများနှင့် အဖြစ်အပျက်များကိုလည်း ပြင်ဆင်လေသည်။ ကျွန်ုပ်တို့အပေါ် ရောက်ရှိလာသော တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ကျိုးနွံအောင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့၏ အမှန်တရားများကို တွေ့ကြုံခံစားပြီးနောက်၊ ကျွန်ုပ်တို့၏ ဆိုးယုတ်သော သဘာဝနှင့် ဆိုးယုတ်သော စိတ်သဘောထားတို့က အလွန် ခေါင်းမာကြသည်ကို သတိပြုမိကြသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို အသုံးခံပြီး ဒုက္ခဝေဒနာခံစားကာ ဘုရားသခင်အတွက် အဖိုးအခပေးနေကြသကဲ့သည့်အခါတွင်၊ ကျွန်ုပ်တို့သည် အမှတ်တမဲ့ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး အာခံနိုင်နေကြဆဲပင်ဖြစ်သည်။ သူ၏ ဖြောင့်မတ်သော၊ ခန့်ညားထည်ဝါပြီး အမျက်ဒေါသနှင့်ပြည့်စုံသော တရားစီရင်ခြင်းအောက်တွင်၊ ဘုရားသခင်ကို အာခံသည့် ကျွန်ုပ်တို့၏ အကျည်းတန်သော ဆိုးယုတ်သည့် အသွင်သဏ္ဍာန်ကို ထင်ထင်ရှားရှား မြင်ကြရသည်။ ကျွန်ုပ်တို့သည် ငရဲ၏ သားသမီးများဖြစ်ကြပြီး ဘုရားသခင့်ရှေ့မှောက်တွင် အသက်ရှင်ရန် မသင့်လျော်ကြသည်ကို တွေရသည်။ ကျွန်ုပ်တို့ နှလုံးသားများက နာကျင်မှုဖြင့် ဆို့နှင့်သည်။ ကြောက်ရွံ့ခြင်းနှင့် ကျွန်ုပ်တို့ တုန်လှုပ်ကြပြီး နောင်တကို ပြသကြသည်။ ကျွန်ုပ်တို့ မိမိကိုယ်ကို ပစ်ပယ်ကာ မိမိကိုယ်ကို ကျိန်ဆဲမိကြသည်။ ဘုရားသခင် ရှေ့မှောက်တွင် ကျွန်ုပ်တို့ အမှန်တကယ် နောင်တရကြသောအခါ၊ သူသည် သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ကျွန်ုပ်တို့အပေါ် အပ်နှင်းသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်ကောင်းများကို နားလည်ပြီး သူ၏ နှစ်သက်ဖွယ်ဖြစ်ခြင်းကို သိရှိလာနိုင်စေဖို့အလို့ငှာ သူသည် ကျွန်ုပ်တို့ကို အလင်းပေးသည်၊ ဉာဏ်အလင်းပွင့်စေသည်၊ ကျွန်ုပ်တို့ကို နှစ်သိမ့်ပြီး အားပေးပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို နှစ်သိမ့်ပြီး စိတ်ကျေနပ်စေဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားအားဖြင့် အသက်ရှင်ရန် စိတ်ဆန္ဒရှိလာကြသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က အဘယ်သူကို သူနှစ်သက်သည်၊ အဘယ်သူကို သူ ကယ်တင်သည်၊ အဘယ်သူကို သူ စုံလင်စေသည်၊ အဘယ်သူကို ကောင်းကြီးပေးသည်၊ အဘယ်သူကို သူ မုန်းတီးစက်ဆုပ်သည်၊ အဘယ်သူကို သူ ပယ်ရှင်းသည်နှင့် အဘယ်သူကို သူ ဒဏ်ခတ်ပြီး ကျိန်ဆဲသည်တို့နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့အား ရှင်းလင်းစေသည်။ ထိုသို့ဖြင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို အမှန်တကယ် နားလည်ရပါသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားပြီးနောက်တွင် ဘုရားသခင် ဖော်ပြသော သမ္မာတရားများသည် ဖောက်ပြန်ပျက်ဆီးသော လူသားမျိုးနွယ်အပေါ် တရားစီရင်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် ပြစ်တင်ဆုံးမခြင်း၊ လေ့လာဆန်းစစ်ခြင်းနှင့် သန့်စင်ခြင်းတို့ ဖြစ်သည်ကို ကျွန်ုပ်တို့ နားလည်ရပါသည်။ ဘုရားသခင်သည် သူ၏ ဖြောင့်မတ်သော၊ ခန့်ညားထည်ဝါသော၊ အမျက်ဒေါသနှင့် ပြည့်စုံပြီး ပုန်ကန်ပြစ်မှား၍ မရနိုင်သော စိတ်သဘောထားကို ဘုရားသခင်ကို အာခံသည့် လူသားမျိုးနွယ်၏ ဆိုးယုတ်သော စိတ်သဘောထားဆီ ထုတ်ဖော်ပြသင့်သည်။ဤနည်းလမ်းဖြင့်သာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကို ကျွန်ုပ်တို့ ဖွံ့ဖြိုးစေနိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်၊ ဘုရားသခင်ကို ချစ်နိုင်သည်။ ဘုရားသခင်အား နာခံပြီး ကိုးကွယ်နိုင်သည်။ ဘုရားသခင်အတွက် ဘုန်းထင်ရှားစေပြီး သက်သေခံရန် စစ်မှန်သော လူသားဖြစ်ခြင်း၏ ပုံသဏ္ဍာန်ကို ရှင်သန်နိုင်ကြပေသည်။ ဤသည်တို့မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့၏ ရလဒ်များဖြစ်ကြသည်။ ယခုတွင်၊ လုံးဝဖောက်ပြန်ပျက်ဆီးနေသော လူသားမျိုးနွယ်အတွက် ဘုရားသခင်သည် လူသားမျိုးနွယ်ကို သန့်စင်ရန်နှင့် ကယ်တင်ရန်အတွက် သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ပြုရန် လူ့ဇာတိဖြစ်လာရမည်ကို ကျွန်ုပ်တို့အားလုံး နားလည်သင့်ကြပေသည်။ သို့မဟုတ်လျှင် ဖောက်ပြန်ပျက်ဆီးသော လူသားမျိုးနွယ်သည် ကယ်တင်၍ ရနိုင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း၌ ကျေးဇူးတော်ခေတ်တွင်သာ ရပ်တန့်ပြီး နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို လက်ခံရန် ငြင်းဆိုလျှင် ကျွန်ုပ်တို့ ပယ်ရှင်းခံရပြီး ဖျက်ဆီးခံရမည်မှာ သေချာသည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်ပါသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

အမှာစကား ချန်ခဲ့မည်