စာရင်း

သခင်ယေရှုသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့အားလုံး သိကြပါသည်။ သူ၏ အမှုတော်ကို ပြည့်စုံစေလျက်၊ သူသည် ကားစင်တင်ခံခဲ့ရပြီးနောက်၊ သူ၏ တပည့်တော်များအားလုံးရှေ့ ပေါ်ထွန်းလျက် ရှင်ပြန်ထမြောက်ခဲ့ပြီး၊ သူ၏ ဘုန်းသရေရှိသော ဝိညာဉ်ခန္ဓာဖြင့် ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သမ္မာကျမ်းစာက၊ “အို ဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌၊ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့။” (တမန်တော်ဝတ္တု ၁:၁၁) ဟု ဆိုသကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့်၊ သခင် တစ်ဖန်ပြန်ကြွလာသည့်အခါ၊ ယင်းမှာ လူသားထံ ပေါ်ထွန်းသော သူ၏ ရှင်ပြန်ထမြောက်သည့် ဝိညာဉ်ခန္ဓာဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာက အတည်ပြုပါသည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ရန် အဘယ်ကြောင့် လူသား၏ အသွေးအသားပုံသဏ္ဍာန်ဖြင့် လူ့ဇာတိခံယူခဲ့ပါသနည်း။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်သော ဝိညာဉ်ခန္ဓာနှင့် လူသားအဖြစ် သူ၏ လူ့ဇာတိခံယူခြင်းတို့ကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း။

အဖြေ-

ပြန်ကြွလာသည့်သခင်က သူ၏ဝိညာဏကိုယ်နှင့်သာ ထင်ရှားပြ လိမ့်မည်ဟု ယုံကြည်သူအများစုက ယုံကြည်ကြ ပါသည်၊ ယင်းမှာ ထမြောက်ပြီးသည့်နောက် ရက်လေးဆယ်တိတိ လူများကို ထင်ရှားပြခဲ့သည့် သခင်ယေရှု၏ဝိညာဉ်ခန္ဓာဖြစ်ပါသည်။ ဤကိစ္စတွင်မူ ကျွန်တော်တို့ ယုံကြည်သူများ အားလုံး ရှင်းကြပါသည်။ အပေါ်ယံကြည့်ပါက သခင်ယေရှု၏ထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာက လူ့ဇာတိခံယူသကဲ့သို့ ပုံသဏ္ဍာန်မျိုးနှင့်သာထင်ရှားမည်။ သို့သော်လည်း ဝိညာဉ်ခန္ဓာဆိုသည်မှာ အကောင်အထည်ရှိသည့် ကမ္ဘာလောက၊ အာကာသ၊ နေရာ စသည်တို့နှင့် ဘောင်ခတ်ထားခြင်း မဟုတ်ပါ။ လူများကို အထိတ်တလန့် ဖြစ်အောင်၊ လိုသကဲ့သို့ ထင်ရှားနိုင်သည်၊ ပျောက်ကွယ်နိုင်သည်။ ဤအချက်ကို သမ္မာကျမ်းတွင် မှတ်တမ်းတင်ထားပါသည်။ သခင်ယေရှု ကားတိုင်တင်မခံရသေးမီတွင် သူက လူ့ဇာတိ၏ သာမန်လူ့သဘာဝနှင့်သာ ဟောပြောခဲ့သည်၊ အမှုတော်ပြုခဲ့သည်၊ သမ္မာတရားကို ဖော်ပြခြင်း ဖြစ်ဖြစ်၊ လူများနှင့် အပြန်အလှန်ဆက်ဆံခြင်းဖြစ်ဖြစ်၊ နိမိတ်လက္ခဏာများ ပြခြင်းဖြစ်ဖြစ်၊ လူများက သူ့ကို သာမန်လူအဖြစ်ပဲ ခံစားမိခဲ့ကြသည်။ ဤလူသားက အမှန်တကယ်ကို အမှုတော်ပြုနေခြင်းများ၊ အမှန်တကယ် ညှဉ်းဆဲခံပြီး၊ ပေးဆပ်ခြင်းများကိုသာ လူများက မြင်ခဲ့ကြရပါသည်။ နောက်ဆုံးတွင် လူများအတွက် အပြစ်ပေးဆပ်သည့်အနေနှင့် ကားတိုင်တင်ခံ ရသည်မှာ လည်း ဤလူသားသာဖြစ်ပါသည်၊ ဤသို့နှင့် ဘုရားသခင်၏ ရွေးနုတ်ခြင်းအမှုတော်ကို ပြီးမြောက်စေခဲ့ပါသည်။ ဤသည်မှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည့် အချက်ဖြစ်ပါသည်။ တစ်ခဏမျှ စဉ်းစားကြည့်ပါ။ သခင်ယေရှု၏ဝိညာဉ်ခန္ဓာက အမှုတော်ကို ပြုခဲ့မည်ဆိုပါက၊ သူက လူများနှင့် သာမန်အတိုင်း ပြောဆို ဆက်ဆံခြင်းများ လုပ်နိုင်ပါ့မလား။ ညှဉ်းဆဲခြင်းများ၊ အဖိုးအခ ပေးဆပ်ခြင်းများကို တကယ်ပဲ ခံစားရပါ့မလား။ ကားတိုင်တွင်လည်း သံမှိုစွဲခံရနိုင်မည်လား။ သူ့အနေနှင့် ဤအရာများတစ်ခုမှမလုပ်နိုင်ပါ။ ဝိညာဉ်ခန္ဓာက အမှုတော်ပြုခဲ့မည်ဆိုပါက၊ ကျွန်တော်တို့လူသားများက သူနှင့် အလွယ်တကူ ဆက်ဆံနိုင်ပါ့မလား။ ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားများကို ထုတ်ပြကြမလား။ သူနှင့်ပတ်သက်သည့် ထင်မြင်ယူဆချက်များ ပေါ်လာမလား။ ဘုရားသခင်ကို ပုန်ကန်ပြီး၊ စိတ်ကြိုက် အကဲဖြတ်ဝံ့မလား။ သို့ပါက ဖြစ်နိုင်မည်မဟုတ်ပါ။ လူများအားလုံးက သာမန် လူ့သဘာဝ အပြည့်နှင့်သာ ရှိပါသည်။ အားလုံးက အကောင်အထည်ရှိသည့် ကမ္ဘာလောက၊ အာကာသ၊ နေရာ စသည်တို့၏ အကန့်သတ်ခံများ သာဖြစ်ပါသည်။ လူ၏တွေးခေါ်မှုဖြစ်စဉ်ကလည်း သာမန်သာဖြစ်ပါသည်။ အကယ်၍ လူများက ဝိညာဉ်ခန္ဓာ၏အမှုတော်နှင့် ထိတွေ့ရမည်ဆိုပါက၊ ကြောက်လန့် တုန်လှုပ်သွားကြလိမ့်မည်။ သူတို့အတွေးများကလည်း အထိန်းအကွပ် မဲ့ပြီး ရူးကြောင်ကြောင် ဖြစ်လာလိမ့်မည်။ ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံသွားကြပါက၊ ဘုရားသခင်အနေနှင့် လူများကို ကယ်တင်ခြင်း အမှုတော်ကို အောင်မြင်စေဖို့ တော်တော်ခက်ခဲ သွားပါလိမ့်မည်။ ထို့ကြောင့် သာမန် လူ့သဘာဝ၏ အကန့်အသတ်များထဲမှနေ ဆောင်ရွက် ပြီး ရလာသည့် ရလဒ်က ဝိညာဉ်ခန္ဓာအားဖြင့် ဆောင်ရွက်သည့် ရလဒ်ထက် များစွာ သာလွန်ပါသည်။ ခေတ်တစ်လျှောက်လုံးတွင်၊ ဘုရားသခင် ရွေးကောက်ထားသည့် လူများက ဘုရားသခင်၏ ဝိညာဉ်ခန္ဓာ အမှုတော်ကို တွေ့ကြုံရခြင်း မရှိခဲ့ဖူးပါ။ ဝိညာဉ်ခန္ဓာက သမ္မာတရားကို တိုက်ရိုက်ဖော်ပြဖို့၊ လူများကို တုံ့ပြန်ဖို့နှင့် အသင်းတော်များကို လမ်းပြဖို့ဆိုသည်မှာ လုံးဝကို သင့်တော်မည်မဟုတ်ပါ။

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ဒုတိယအကြိမ် လာရောက်ခြင်းအားဖြင့် ပြုသည့် တရားစီရင်ခြင်းအမှုက လူများကို သန့်စင်ဖို့၊ ကယ်တင်ဖို့၊ စုံလင်စေဖို့အတွက် နှုတ်ကပတ်တော်ကို ဖော်ပြခြင်းဖြစ်ပါသည်။ ၎င်း၏ရည်ရွယ်ချက်က လူများကို ထုတ်ဖော်ပြီး ဖယ်ရှားဖို့လည်း ဖြစ်ပါသည်။ လူများကို အမျိုးအစားအလိုက် သရုပ်ခွဲပြပြီး၊ ကောင်းသည့်သူကို ဆုချခြင်းဖြစ်သကဲ့သို့၊ ဆိုးယုတ်သူကို အပြစ်ပေးခြင်းဖြစ်ပါသည်။ အကယ်၍ ဘုရားသခင်က လူများဆီသို့ ဝိညာဉ်ခန္ဓာအသွင်နှင့် ပေါ်ထွက်လာမည်ဆိုပါက၊ ကောင်းသည့်လူ ဆိုးသည့်လူအားလုံးက ကိုယ်တော့်ရှေ့တွင် ဝပ်စင်းကုန်မည် ဖြစ်သည်။ သို့ပါက ကိုယ်တော်က ကောင်းသည့်သူနှင့် ဆိုးယုတ်သူကို မည်သို့ခွဲထုတ်မည်နည်း။ ပြီးလျှင် ဘုရားသခင်က ဝိညာဉ်ခန္ဓာနှင့် ပေါ်ထွက်လာမည်ဆိုပါက၊ လူများက ထိတ်လန့်တုန်လှုပ်ကုန်လိမ့်မည်။ တစ်ကမ္ဘာလုံးအနှံ့တွင် ဖရိုဖရဲများ ဖြစ်ကုန်လိမ့်မည်။ သို့ဆိုပါက နောက်ဆုံးသောကာလတွင် ဘုရားသခင်က တရားစီရင်ခြင်းအမှုကို ပုံမှန်အတိုင်း ဆောင်ရွက်၍ ရမည်လား။ ကပ်ဘေးများမလာမီတွင်၊ ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီသည့် လူအုပ်စုကို ပြီးစီးအောင် ပြုလုပ်မည့်အစီအစဉ်က ဖြစ်မြောက်ပါတော့မလား။ ထို့ကြောင့် နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်က သာမန်လူ့သဘာ၀ရှိသည့် လူသားအဖြစ် လူ့ဇာတိကို မဖြစ်မနေ ခံယူရပါသည်။ သို့မှသာ သူက လူများ၏ကမ္ဘာတွင် အမှုတော်ပြုရင်း နေထိုင်နိုင်မည်။ သို့မှသာ သမ္မာတရားကို ဖော်ပြနိုင်ပြီး၊ လူများကို လက်တွေ့ကျကျ တရားစီရင်နိုင်၊ သန့်စင်နိုင်ပါသည်။ သို့မှသာ လူများကို စာတန်၏လွှမ်းမိုးမှုအောက်မှနေ လုယူပြီး၊ ဘုရားသခင်က ကယ်တင်နိုင်မည်၊ ဘုရားသခင်၏လူများ ဖြစ်လာနိုင်မည်။ လူ့ဇာတိခံသည့် သခင်ယေရှုက လူများကို ရွေးနုတ်ခြင်း အောင်မြင်ဖို့၊ သာမန်လူ့သဘာဝထဲကသာဆောင်ရွက်ခဲ့ပါသည်။ သခင်ယေရှုက ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်ကြောင်း သက်သေ ပြဖို့ လောက်သာ သခင်ယေရှု၏ထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာက လူများကို ထင်ရှားပြခဲ့ပါသည်။ ဤသည်မှာ လူများ၏ယုံကြည်မှုကို အားကောင်းစေဖို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ဝိညာဉ်ခန္ဓာက လူများကို ထင်ရှားပြဖို့သာလာ ခဲ့ခြင်းဖြစ်ပါသည်။ အမှုတော် ပြုဖို့ လာခဲ့တာမဟုတ်ပါ။ လူများကြားတွင် အမှုတော်ပြုနိုင်ဖို့၊ လူများကို ရွေးနုတ်ခြင်း၊ ကယ်တင်ခြင်းများ ရရှိနိုင်ဖို့အတွက် ဘုရားသခင်၏လူ့ဇာတိခံခြင်းက သာမန်လူ့သဘာ၀ ရှိရပါသည်။ ထို့ကြောင့် ဘုရားသခင်က နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုအားဖြင့် လူများကို အလုံးစုံကယ်တင်ချင် သည်ဆိုပါက၊ အကောင်းဆုံးအကျိုးဆက် ရဖို့အတွက်၊ လူ့ဇာတိခံယူပြီး သာမန်လူ့သဘာဝနှင့်ပဲ အမှုတော်ကို ပြုရပါသည်။ သူက နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုကို ပြုဖို့အတွက်၊ သခင်ယေရှု၏ ဝိညာဏကိုယ်အဖြစ် လူများဆီကို ပေါ်ထွက်လာမည် မဟုတ်ပါ။ ဤသည်မှာ သစ္စာရှိသော ကျွန်တော်တို့ ယုံကြည်သူများအားလုံး ရှင်းရှင်း လင်းလင်း ဖြစ်လာရမည့် အချက်တစ်ခုဖြစ်ပါသည်။

လူ့ဇာတိခံယူခြင်း၏အဓိပ္ပာယ်ကို ပို၍ နားလည်သွားဖို့ဆိုပါက အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ကြည့်ကြ ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ့ဇာတိကို သူခံယူခဲ့သည့်အကြောင်းရင်းမှာ ဇာတိခန္ဓာသည်လည်း အခွင့်အာဏာကို ပိုင်ဆိုင်နိုင်သောကြောင့်ဖြစ်သည်၊ ထို့ပြင် သူသည် လူသားတို့အကြားတွင် လက်တွေ့ကျသောနည်းဟန်အားဖြင့်၊ လူတို့အနေဖြင့် မြင်နိုင်ပြီး ထိတွေ့နိုင်သော နည်းလမ်းအားဖြင့် အလုပ်ကို အကောင်အထည် ဖော်နိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။ ဤအလုပ်သည် အခွင့်အာဏာအလုံးစုံကို ပိုင်ဆိုင်သော ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တိုက်ရိုက်လုပ်ဆောင်သော အလုပ်ထက် ပိုမိုလက်တွေ့ကျပြီး ရလဒ်များသည်လည်း ပိုမိုထင်ရှားသည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်ခံယူသော ဇာတိခန္ဓာသည် လက်တွေ့ကျသော နည်းလမ်းဖြင့် ပြောဆိုနိုင်ပြီး အလုပ်လုပ်နိုင်သောကြောင့် ဖြစ်သည်။ သူ့ဇာတိခန္ဓာ၏ ပြင်ပသဏ္ဌာန်သည် မည်သည့် အခွင့်အာဏာကိုမျှ ဆုပ်ကိုင်ထားခြင်းမရှိဘဲ လူ့အနေဖြင့် ချည်းကပ်နိုင်သည်၊ သို့သော်လည်း သူ၏အနှစ်သာရကမူ အခွင့်အာဏာကို သယ်ဆောင်ထားသည်၊ သို့သော် သူ၏အခွင့်အာဏာကို မည်သူမျှ မမြင်နိုင်ပေ။ သူသည် စကားပြောသောအခါနှင့် အလုပ်လုပ်သောအခါ လူသည် သူ့အခွင့်အာဏာ၏ တည်ရှိမှုကို သတိမပြုမိနိုင်ပေ။ ယင်းအချက်က လက်တွေ့ကျသော သဘာဝရှိသည့်အလုပ်ကို လုပ်ဆောင်ရာ၌ သူ့အတွက် လွယ်ကူချောမောစေသည်။...အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက သူသည် လူသားအတွက် မမြင်တွေ့နိုင်၊ မထိတွေ့နိုင်သော ဝိညာဉ်တော်အဖြစ် ဆက်လက်ရှိနေခဲ့လိမ့်မည် ဖြစ်သည်။ လူသားသည် ဇာတိပကတိနှင့်ဖြစ်တည်သော ဖန်ဆင်းခံဖြစ်သဖြင့် လူသားနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး ကွဲပြားခြားနားသော သဘာဝများ ရှိကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိနှင့်ဖြစ်တည်သော လူသားနှင့် သဟဇာတမဖြစ်ပေ၊ ထို့ကြောင့် သူတို့အကြားတွင် မည်သည့်ဆက်ဆံရေးကိုမျှ တည်ဆောက်၍ မရနိုင်ပေ၊ လူသားသည် ဝိညာဉ်တစ်ပါးအဖြစ်သို့ ပြောင်းလဲနိုင်ခြင်း မရှိသည်ကိုမူ ပြောစရာပင် မလိုချေ။ သို့ဖြစ်ရာ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏မူလအလုပ်ကို လုပ်ရန် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာရပေသည်။ ဘုရားသခင်သည် အမြင့်ဆုံးသောနေရာသို့ တက်ကြွသွားနိုင်သကဲ့သို့ လူသားတို့အကြားတွင် အလုပ်လုပ်ပြီး သူတို့အလယ်၌ နေထိုင်လျက် ဖန်ဆင်းခံ လူသားဖြစ်လာရန် သူ့ကိုယ်သူ နှိမ့်ချနိုင်သည်၊ သို့သော်လည်း လူသားကမူ အမြင့်ဆုံးသောနေရာသို့ မတက်နိုင်၊ ဝိညာဉ်လည်း မဖြစ်လာနိုင်ပေ၊ ထို့ပြင် သူသည် အနိမ့်ဆုံးသောနေရာသို့ သာ၍ပင် မဆင်းသက်နိုင်ပေ။ ဤအကြောင်းကြောင့်ပင် ဘုရားသခင်သည် သူ၏အလုပ်ကို လုပ်ဆောင်ရန် လူ့ဇာတိကို ခံယူရသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)”)

လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ပတ်သက်သည့် အချို့အရာများသည် လူသားတို့ ထင်မှတ်ထားပုံနှင့် ကွာခြားသည်၊ ဤအရာများသည် မြင်တွေ့၍မရနိုင်၊ ထိတွေ့၍မရနိုင်ဘဲ နက်နဲလှသည်ဟူ၍လည်းကောင်း၊ သူသည် နေရာ၊ သို့မဟုတ် ပထဝီဝင်တို့၏ ဘောင်ခတ်ခြင်း မခံရဘဲ တစ်စုံတစ်ခုကို သိနိုင်စွမ်းရှိသည်ဟူ၍လည်းကောင်း သူတို့က ထင်မှတ်ထားကြသည်။ ထိုသို့ဆိုလျှင် ယင်းမှာ ဇာတိခန္ဓာ မဟုတ်ဘဲ ဝိညာဉ်ခန္ဓာသာ ဖြစ်သည်။ ယေရှုသည် လက်ဝါးကပ်တိုင်တွင် သံမှိုစွဲနှက်ခြင်း ခံရပြီးသည့်နောက် ရှင်ပြန်ထမြောက်ခဲ့သည်။ သူသည် တံခါးကို ထိုးဖောက်သွားနိုင်ခဲ့သည် ဆိုသော်လည်း ယင်းမှာ ရှင်ပြန်ထမြောက်ပြီးသော ယေရှုဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်း မတိုင်မီက ယေရှုသည် နံရံကို ထိုးဖောက်၍ မသွားနိုင်ခဲ့ပေ။ သူသည် နေရာ၊ ပထဝီဝင်နှင့် အချိန်တို့၏ ဘောင်ခတ်ထားခြင်းကို ခံခဲ့ရသည်။ ယင်းမှာ ဇာတိခန္ဓာ၏ ပုံမန်လက္ခဏာသွင်ပြင် ဖြစ်သည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ လူ့ဇာတိနှင့် ဝိညာဉ်တို့ကြား ဆက်နွယ်မှုကို နားလည်ရန် နည်းလမ်း”)

အကြောင်းမှာ တရားစီရင်ခြင်းကိုခံရသည့် သူသည် ဇာတိခန္ဓာနှင့် ဖြစ်တည်သော လူသား၊ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသော လူသားဖြစ်ပြီး၊ တိုက်ရိုက်တရားစီရင်ခြင်း ခံရသည့်သူမှာ စာတန်၏ ဝိညာဉ်မဟုတ်ပေ၊ တရားစီရင်ခြင်းအမှုကို ဝိညာဉ်ရေးရာလောက၌ ဆောင်ရွက်သည်မဟုတ်ဘဲ လူသားတို့အကြားတွင် လုပ်ဆောင်ခြင်းဖြစ်သည်။ လူသား၏ ဇာတိခန္ဓာဖောက်ပြန်ပျက်စီးမှုကို တရားစီရင်သည့် အမှုအတွက် ဇာတိခန္ဓာရှိသည့် ဘုရားသခင်ထက် ပို၍သင့်တော်ပြီး အရည်အချင်းရှိသောသူ မရှိပေ။ အကယ်၍ တရားစီရင်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်ဆောင်ရွက်မည်ဆိုလျှင် အလုံးစုံကို ခြုံငုံနိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိုသို့သောအမှုကို လူသားအနေဖြင့် လက်ခံရန် ခက်ခဲပေမည်၊ အကြောင်းမှာ လူသားသည် ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်၏ စိတ်နေသဘောထားကို သာ၍ရှင်းလင်းစွာ တွေ့မြင်နိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်သည် လူသားနှင့် မျက်နှာချင်းဆိုင်၍ပင် မရနိုင်သဖြင့် အကျိုးသက်ရောက်မှုများကို ချက်ချင်းမရှိနိုင်ပေ။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝအောင်နိုင်လိမ့်မည်ဖြစ်သည်။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသော လူသားနှင့်တူညီသူတစ်ဦးအနေဖြင့် ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက်တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ယင်းသည် သူ၏ရှိရင်းစွဲ သန့်ရှင်းမြင့်မြတ်မှု၏ လက္ခဏာဖြစ်ပြီး၊ သူ၏သာမန်ထက်ထူးခြားမှုဖြစ်သည်။ ဘုရားသခင်သာလျှင် လူသားကို တရားစီရင်နိုင်သည့် အခြေအနေတွင်ရှိပြီး၊ ထိုအရည်အချင်းနှင့် ပြည့်မီသည်၊ အကြောင်းမှာ သူသည် သမ္မာတရားနှင့် ဖြောင့်မတ်မှုကို ပိုင်ဆိုင်သဖြင့် လူသားကို တရားစီရင်နိုင်လေသည်။ သမ္မာတရားနှင့် ဖြောင့်မတ်မှုမရှိသောသူတို့သည် အခြားသူများကို တရားစီရင်ရန် သင့်တော်မှုမရှိပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဖြစ်လိမ့်မည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် ပင်ကိုအားဖြင့် သာ၍ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ပင်ကိုအားဖြင့် သန့်ရှင်းမြင့်မြတ်ကာ ဇာတိခန္ဓာအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ပါက၊ သူ့အနေဖြင့် လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ၊ ထို့ပြင် လူသား၏ မဖြောင့်မတ်မှုအားလုံးကို ဖော်ထုတ်နိုင်ခြင်းလည်း ရှိလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်သည့် အမှုကို လူသား၏ ဘုရားသခင်အပေါ်ထားသော အယူအဆများမှတစ်ဆင့်လည်း လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူသား၌ ဝိညာဉ်တော်နှင့်ပတ်သက်၍ အယူအဆများ လုံးဝမရှိသောကြောင့်ဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်တော်သည် လူသား၏ မဖြောင့်မတ်မှုကို သာ၍ကောင်းမွန်စွာ ထုတ်ဖော်ပြသနိုင်စွမ်း မရှိပေ၊ ထိုသို့သော မဖြောင့်မတ်မှုကို အပြည့်အဝ ဖွင့်ချရန် ပို၍ပင်မစွမ်းသာပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့ကိုမသိသောသူများ အားလုံး၏ ရန်သူဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများကို တရားစီရင်ခြင်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ ဇာတိခန္ဓာထဲရှိ သူ့အမှု၏ အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်၏ အမှုအားဖြင့်ရလာသော အကျိုးသက်ရောက်မှုများထက် ပို၍သိသာထင်ရှားလေသည်။ သို့ဖြစ်၍ လူသားတစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းကို ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်းမရှိပေ၊ ယင်းသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုဖြစ်လေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်”)

လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင် သူသည် သူ၏နှုတ်ကပတ်တော်များကို လူအယောက်ချင်းစီတိုင်း၏ နားများဆီသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်နိုင်သည်၊ ထိုသို့အားဖြင့် နားရှိသော လူအားလုံးတို့သည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး သူ၏တရားစီရင်ခြင်းအလုပ်ကို နှုတ်ကပတ်တော်အားဖြင့် ရရှိကြမည်။ ယင်းသည်သာလျှင် သူ၏နှုတ်ကပတ်တော်အားဖြင့် ရရှိသောရလဒ်ဖြစ်သည်၊ လူသားတို့ နာခံရန်အလို့ငှာ ခြောက်လှန့်ရန် ဝိညာဉ်တော်က ပေါ်ထွက်လာခြင်း မဟုတ်ပေ။ ယင်းသို့သော လက်တွေ့ကျပြီး ထူးခြားသော လုပ်ငန်းမှတစ်ဆင့်သာလျှင် နှစ်ပေါင်းများစွာတိုင်အောင် အတွင်းတွင် နက်ရှိုင်းစွာ ပုန်းကွယ်နေသော လူ၏စိတ်သဘောထားဟောင်းများကို အပြည့်အဝ ဖော်ထုတ်နိုင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် လူသည် ယင်းကို အသိအမှတ်ပြုပြီး ပြောင်းလဲနိုင်ရန်ဖြစ်သည်။ ဤအရာအားလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ လက်တွေ့ကျသော အလုပ်ဖြစ်သည်၊ ထိုအလုပ်ထဲ၌ လက်တွေ့ကျသည့်နည်းဟန်ဖြင့် စကားပြောဆိုပြီး တရားစီရင်ခြင်းကို ဆောင်ရွက်လျက်၊ သူသည် လူအပေါ်တွင် တရားစီရင်ခြင်း၏ ရလဒ်များကို နှုတ်ကပတ်တော်အားဖြင့် စွမ်းဆောင်ရရှိသည်။ ယင်းသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ အခွင့်အာဏာနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော အရေးပါမှုဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)”)

ဝိညာဉ်ခန္ဓာတွင် ဆောင်ရွက်သည့် ဘုရားသခင်၏အမှုတော်နှင့် လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်ကြား ခြားနားမှုကို အနန္တတန်ခိုးရှင် ဘုရားသခင်၏နှုတ်ကပတ်တော်က သေချာ ရှင်းလင်းပြထားပါသည်။ လူ့ဇာတိခံယူခြင်းတွင်ပြုသည့် ဘုရားသခင် အမှုတော်၏ အဓိပ္ပာယ်ကို လည်း ပြည့်စုံစွာ ထုတ်ဖော်ပြသည်။ သခင်ယေရှု၏ ဝိညာဉ်ခန္ဓာက လူများကို ထင်ရှားပြပြီး၊ လူများနှင့် မျက်နှာချင်းဆိုင် နိုင်သည်ဟု ဆိုသော်လည်း၊ ဝိညာဉ်ခန္ဓာက နားမလည်နိုင်လောက်အောင် လျှို့ဝှက်နက်နဲနေဆဲသာ ဖြစ်ပါသည်၊ လူများအတွက် ချဉ်းကပ်ဖို့ခက်ခဲဆဲ သာဖြစ်ပါသည်၊ သူက လူများ၏ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုကို ဖြစ်စေပြီး၊ လူများကို သင့်တင့်လျောက်ပတ်သည့် အကွာအဝေးတစ်ခုတွင် ရှိစေသည်။ သခင်ယေရှု၏ဝိညာဉ်ခန္ဓာက လူများနှင့် ပုံမှန်အတိုင်း ထိတွေ့ဆက်ဆံ၍ မရနိုင် သကဲ့သို့ လူတွေကြားတွင် သာမန်အတိုင်း အမှုတော်မပြုနိုင်၊ မဟောပြောနိုင်သည့်အတွက်၊ သူက လူများကို ကယ်တင်နိုင်ခြင်း မရှိပါ။ သို့သော်လည်း လူ့ဇာတိခံ ဘုရားသခင်ကမူ ကွဲပြားပါသည်။ သူက လူများကို လက်တွေ့ကျပြီး စစ်မှန်သည့် နည်းလမ်းမျိုးနှင့် ဆက်ဆံနိုင်သည်။ လူများကို ရေလောင်း ထောက်ပံ့ပေးနိုင်သည်၊ သခင်ယေရှုကဲ့သို့ပင် ဖြစ်သည်၊ လူများနှင့် အဖော်ပြုနေထိုင်ရင်း လူများကိုထောက်ပံ့ပေးဖို့အတွက်၊ သမ္မာတရားကို အချိန်မရွေး နေရာမရွေး ဖော်ပြနိုင်ခဲ့သည်။ သူ့တပည့်များကလည်း သူနှင့်အတူထိုင်ပြီး၊ သူ၏ သင်ကြားခြင်းများကို နားထောင်ခဲ့ရသည်၊ သူနှင့်အတူ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ရသည်။ သူတို့က ကိုယ်တော်၏ ရေလောင်းခြင်း၊ လမ်းပြခြင်းကို တိုက်ရိုက်ရခဲ့ကြပါသည်။ သူတို့ မည်သို့ ပြဿနာများ အခက်အခဲများနှင့်ပင် ကြုံကြုံ၊ သခင်ယေရှုက ကူညီဖြေရှင်း ပေးခဲ့သည်။ သူတို့က ကြီးမားသည့် အသက်တာအထောက်အပံ့ကို အပ်နှင်းခံရသည်။ ဘုရားသခင်က နှစ်သက်ဖွယ် ချစ်ခင်ဖွယ် ကောင်းကြောင်း သူတို့တွေ့ခဲ့ကြသည်။ ဤအတွက်ကြောင့် သူတို့က ဘုရားသခင်ကို အမှန်တကယ် ချစ်ခင် နာခံနိုင်ခဲ့ကြပါသည်။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းက လူ့နယ်ပယ်ထဲကို ဝင်ရောက်မှသာလျှင် ကျွန်တော်တို့ကလည်း၊ ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံဖို့၊ ဘုရားသခင်ကို တွေ့ကြုံပြီး၊ သိနားလည်ဖို့ အခွင့်အလမ်းကို ရကြပါပြီ။ သို့မှသာ ကျွန်တော်တို့က ဘုရားသခင်၏အံ့မခန်းဖြစ်ခြင်း၊ ဉာဏ်ပညာ၊ လူများကို လက်တွေ့ကျကျ ကယ်တင်ခြင်း တို့ကို မျက်မြင် မြင်တွေ့နိုင်ပါသည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော်တွင်ပါသည့် အရေးပါမှုနှင့် လက်တွေ့ကျသည့် တန်ဖိုးသွင်ပြင် လက္ခဏာတစ်ရပ်ဖြစ်ပါသည်။ ဝိညာဉ်ခန္ဓာကမူ ဤအကျိုးတရားကို လုံး၀ မဖြစ်စေနိုင်ပါ။

ဤမိတ်ဿဟာယကြောင့် ကျွန်တော်တို့အနေနှင့် အချက်တစ်ခုကို အတော်အတန် ရှင်းသွားကြပါပြီ။ လူသားအဖြစ် လူ့ဇာတိခံယူပြီး၊ သာမန်လူ့သဘာဝအတွင်း ဆောင်ရွက်မှသာ ဘုရားသခင်အနေနှင့် လူများကို လက်တွေ့ကျကျ တရားစီရင်နိုင်သည်၊ သိမ်းပိုက်နိုင်သည်၊ သန့်စင်နိုင်ပါသည်။ သခင်ယေရှု၏ဝိညာဉ်ခန္ဓာကတော့ အမှုတော်အတွက် ဤကဲ့သို့ တူညီသည့်အကျိုးတရား နီးပါးလောက်ကိုပင် မရရှိနိုင်ပါ။ အစတွင်မူ ဘုရားသခင်က လူများကြားတွင် တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုကို ပြုဖို့အတွက် လူသားအဖြစ် လူ့ဇာတိခံယူသည့်အခါ ကျွန်တော်တို့လူသားများက ဘုရားသခင်ကို သာမန်လူသားအဖြစ် ဆက်ဆံကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ လူ့ဇာတိခံခြင်းက မည်သူဖြစ်ကြောင်း ကို ကျွန်တော်တို့က ခွဲခြားရဦးမည် ဖြစ်ပါသည်။ ကျွန်တော်တို့က ဘုရားသခင်၏နှုတ်ကပတ်တော်၊ အမှုတော်နှင့်ပတ်သက်ပြီး အယူအဆများကိုပင် ဖော်ထုတ်လာလိမ့်မည်၊ ခရစ်တော်ကို မလေးမစား ဆက်ဆံကြလိမ့်မည်၊ သူ့ကို နာခံဖို့ ငြင်းပယ်ကြလိမ့်မည်။ ကျွန်တော်တို့က သူ့ကိုလှည့်စားဖို့ မမှန်မကန် ပြောဆိုကြလိမ့်မည်၊ သူ့ကို အကဲဖြတ်ပြီး ဆန့်ကျင်ရှုတ်ချခြင်းပင် လုပ်ကြလိမ့်မည်။ ကျွန်တော်တို့လူသားများ၏စိတ်ကြီးဝင်မှု၊ ပုန်ကန်မှု၊ ဆန့်ကျင်မှုများက ခရစ်တော်ရှေ့တွင် အပြည့်အစုံ ပေါ်လွင်လာပါ လိမ့်မည်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည့်အတိုင်းပင်- “လူသားသည် ခရစ်တော်ကိုမြင်သောအခါ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်နေသဘောထား၊ သူ၏ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့မှာ ထုတ်ဖော်ခြင်းခံရပြီး၊ ဤအချိန်တွင် ထုတ်ဖော်ခြင်းခံရသည့် ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့သည် အခြားအချိန်ထက်ပို၍ အသေအချာ ပြည့်စုံစွာ ပေါ်လွင်နေလိမ့်မည်။ ဤသည်မှာ ခရစ်တော်သည် လူသားတော်ဖြစ်ပြီး သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသည့် လူသားတော်ဖြစ်သဖြင့် လူတို့သည် သူ့ကိုရိုသေခြင်းမရှိ၊ လေးစားခြင်းလည်း မရှိသောကြောင့်ပင်ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ၌ အသက်ရှင်သည့်အတွက် လူသား၏ပုန်ကန်မှုသည် အလွန်စေ့စေ့စပ်စပ်နှင့် အသေးစိတ်ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်ခံရခြင်းဖြစ်၏။ ထို့ကြောင့် ခရစ်တော်ကြွလာခြင်းက လူသားမျိုးနွယ်၏ ပုန်ကန်မှုအားလုံးကို တူးဖော်ပြသခဲ့ပြီး လူသားမျိုးနွယ်၏ သဘောသဘာ၀ကို အထင်းသားပေါ်လွင်စေခဲ့ပြီဟု ငါဆို၏။ ဤအရာကို ‘ကျားတစ်ကောင်ကို တောင်အောက်သို့ဆင်းလာအောင် ဖျားယောင်းခြင်း’ နှင့် ‘ဝံပုလွေတစ်ကောင်ကို သူ၏တွင်းအပြင်သို့ ထွက်လာအောင် သွေးဆောင်ခြင်း’ ဟု ခေါ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်”) ဘုရားသခင်က လူများ၏ပုန်ကန်မှု၊ ဆန့်ကျင်မှု အခြေအနေမှန်နှင့်အညီ၊ လူများကို တရားစီရင်သည်၊ ဖော်ထုတ်ပြသည်၊ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းသည်။ ဘုရားသခင်၏အမှုတော်က အမှန်တကယ် လက်တွေ့ကျ သကဲ့သို့၊ လူများကို အရှိအတိုင်း ထုတ်ဖော်ပြပါသည်။ ဤကဲ့သို့ အဖြစ်မှန်အထောက်အထားနှင့် ရင်ဆိုင်လိုက်ရသည့်အခါတွင်၊ သမ္မာတရားကို လက်ခံနိုင်သူများကမူ သေချာ နားလည် လက်ခံသွားကြမည်။ သူတို့၏ပုန်ကန်မှု၊ ဆန့်ကျင်မှုကိုလည်း ဝန်ခံသွား ကြမည်။ ဘုရားသခင်၏ သန့်ရှင်းသည့်၊ ဖြောင့်မတ်သည့်၊ ချိုးဖျက်မရ နိုင်သည့် စိတ်နေသဘောထား ကိုလည်း သူတို့ သိလာကြလိမ့်မည်။ ဘုရားသခင်၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်း ကျိုးကျိုးနွံနွံ လက်ခံနိုင်လာလိမ့်မည်။ သို့မှသာ သူတို့အနေနှင့် ဘုရားသခင်၏လက်တွေ့ကျသည့်အမှုတော်အားဖြင့် သိမ်းပိုက် ကယ်တင်ခြင်းကို ခံရနိုင်ပါသည်၊ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည့်အတိုင်းပင်- “လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့ကိုမသိသောသူများ အားလုံး၏ ရန်သူဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများကို တရားစီရင်ခြင်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ ဇာတိခန္ဓာထဲရှိ သူ့အမှု၏ အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်၏ အမှုအားဖြင့်ရလာသော အကျိုးသက်ရောက်မှုများထက် ပို၍သိသာထင်ရှားလေသည်။ သို့ဖြစ်၍ လူသားတစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းကို ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်းမရှိပေ၊ ယင်းသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုဖြစ်လေသည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်ကို လူသားသည် မြင်တွေ့၍ ကိုင်တွယ်နိုင်ပြီး ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားကို အပြည့်အဝ သိမ်းပိုက်နိုင်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်နှင့် ဆက်ဆံရေးတွင် လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှဥ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆမှ အသိပညာသို့၊ ငြင်းဆန်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်ပြောင်းလဲသွားသည်။ ဤသည်တို့မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့်ဆိုင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်းအားဖြင့်သာ ကယ်တင်ခြင်းခံရသည်၊ ဘုရားသခင်၏ နှုတ်ထွက်စကားတော်များဖြင့် ဘုရားသခင်ကို တဖြည်းဖြည်း သူသိလာသည်၊ ဘုရားသခင်ကို ဆန့်ကျင်နေစဉ်အတွင်း သူ၏သိမ်းပိုက်ခြင်းခံရ၍၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံသည့်ကာလအတွင်းတွင် အသက်အထောက်အပံ့ကို လူသားအနေဖြင့် လက်ခံရရှိသည်။ ဤအမှုအားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဝိညာဉ်တော်သွင်ပြင်လက္ခဏာအားဖြင့် ဘုရားသခင်လုပ်ဆောင်ခြင်းမဟုတ်ပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်”) ထို့ကြောင့် နောက်ဆုံးသောကာလ၏တရားစီရင်ခြင်းအမှုကို လုပ်ဆောင်သည့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်မှသာ လူများက အလုံးစုံ သန့်စင်ပြီး ကယ်တင်ခံရပါလိမ့်မည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

နောက်သို့ပြန်သွားရန်

“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” ဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရပါသည်။ ဤသည်မှာ အလွန်ကောင်းပြီး၊ အလွန်လက်တွေ့ကျကာ အလွန်အရေးကြီးသော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ဖြစ်သည်ဟု ကျွန်ုပ် ထင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင့် လူ့ဇာတိခံယူခြင်း၏ ကယ်တင်ခြင်းကို အဘယ်ကြောင့် လက်ခံရရှိရမည်နှင့် စပ်လျဉ်း၍၊ ဤသည်မှာ လူသားက အရေးတကြီး နားလည်ရမည် သမ္မာတရား ရှုထောင့်တစ်ခု ဖြစ်ပါသည်။ ကျေးဇူးပြုပြီး ဤအရာနှင့် ပတ်သက်၍ ကျွန်ုပ်တို့နှင့် အနည်းငယ်ပို၍ ဆွေးနွေးပေးပါ။

ရှေ့သို့သွားရန်

သခင်ယေရှုသည် လူ့ဇာတိခံ ဘုရားသခင် ဖြစ်၏၊ ဤသည်မှာ ငြင်း၍မရနိုင်ပါ။ ယခု သင်က အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူ့ဇာတိ၌ ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ဟု သက်သေခံသည်၊ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သင် ယုံကြည်သည့်အရာမှာ လူသားသာဖြစ်သည်၊ သင် အလှည့်ဖြားခံရသည်ဟု ပြောကြသည်။ ဤအရာကို ကျွန်ုပ်တို့ သဘောမပေါက်နိုင်ပါ။ သခင်ယေရှု လူ့ဇာတိဖြစ်လာခဲ့ပြီး ရွေးနုတ်ခြင်း အမှုပြုဖို့ ကြွလာခဲ့သည့် ထိုအချိန်တုန်းက၊ ဂျူးလူမျိုး ဖာရိရှဲများသည်လည်း သူ့ကို ယုံကြည်သောသူ မည်သူမဆိုသည် လှည့်ဖြားခံရခြင်းဖြစ်သည်ဟု ဆိုရင်း သူသည် လူတစ်ဦးသာဖြစ်သည်ဟု ဆိုခဲ့ကြ၏။ ထို့ကြောင့်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် စပ်လျဉ်းသည့် ဤသမ္မာတရား ရှုထောင့်ကို ကျွန်ုပ်တို့ ရှာဖွေချင်ပါသည်။ လူ့ဇာတိခံယူခြင်းမှာ အတိအကျ မည်သည့်အရာနည်း၊ ပြီးလျှင် လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ ကျေးဇူးပြု၍ ဤအရာအပေါ် ကျွန်ုပ်တို့နှင့် ဆွေးနွေးပါ။

အမှာစကား ချန်ခဲ့မည်