စာရင်း

သခင်ပြန်ကြွလာခြင်းနှင့်ပတ်သက်သည့် သမ္မာကျမ်းစာ - သခင်ကိုကြိုဆိုဖို့ မဖြစ်မနေဖတ်ရမည်။

နောက်ဆုံးခေတ်ကာလတွင် သခင်သည် ကျွန်ုပ်တို့ကို ဘယ်လိုနည်းလမ်းဖြင့် လာကြိုဆိုမည်နည်း။သခင်ပြန်ကြွလာခြင်းနှင့်ပတ်သက်သည့် သမ္မာကျမ်းစာ (၁၀)ချက်ကိုဖတ်ပြီး သခင်ပြန်ကြွလာမည့်နည်းလမ်းကို နားလည်နိုင်မည်။သခင်ပြန်ကြွလာခြင်းကို ကြိုဆိုပါ။

၁။ သခင်ပေါ်လွင်အောင်ပြန်ကြွလာခြင်း၏ ပရောဖက်ပြုချက်

ဗျာဒိတ်ကျမ်း ၁:၇

ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။

ရှင်မဿဲခရစ်ဝင် ၂၄:၂၉

ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။

ရှင်မဿဲခရစ်ဝင် ၂၄:၃၀

ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။

ရှင်လုကာခရစ်ဝင် ၂၁:၂၅-၂၇

ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက်စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊ မြေကြီးပေါ်မှာ ဖြစ်လတံ့သော ဘေးများကိုမြော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏ အသက်ဆုံး ခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကို စီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။

၂။သခင်တိတ်ဆိတ်စွာပြန်ကြွလာခြင်း၏ ပရောဖက်ပြုချက်

ရှင်မဿဲခရစ်ဝင် ၂၅:၆

သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။

ဗျာဒိတ်ကျမ်း ၃:၃

ထိုကြောင့်၊ သင်သည်ခံယူ၍ နားထောင်ပြီးသည်အရာကို အောက်မေ့၍ စောင့်ရှောက်လော။ နောင်တရလော့။ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။

ဗျာဒိတ်ကျမ်း ၁၆:၁၆

အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှါ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။

ဗျာဒိတ်ကျမ်း ၃:၂၀

ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။

ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅

ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။

အမှာစကား ချန်ခဲ့မည်