စာရင်း

နောက်ဆုံးကာလ၏ တံပိုးခရာမှုတ်ခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်၍ သခင်ယေရှုသည် လျှို့ဝှက်စွာ ကြွရောက်လာပြီဖြစ်သည်။

အမြန်လမ်းညွှန်
၁။ နောက်ဆုံးခေတ်ကာလ ကပ်ဘေးများ၏ပရောဖက်ပြုချက်များ
၂။ နောက်ဆုံးခေတ်ကာလ သခင်ယေရှုပြန်ကြွလာမည့်နည်းလမ်း၏ ပရောဖက်ပြုချက်း

နောက်ဆုံးကာလ ကပ်ဘေးများသည် နေရာအနှံ့အပြားဖြစ်ပွားနေသည်။ ငလျင်လှုပ်ခြင်း၊ ကပ်ရောဂါ၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ အင်းဆက်ကပ်ဆိုး အစရှိသည့်ဘေးဒုက္ခများတစ်ခုပြီးတစ်ခုဖြစ်ပွားကာ ပိုမိုဆိုးရွားလာသည်။ တိုင်းနိုင်ငံအမျိုးမျိုးရှိ အခြေအနေများမှာ မငြိမ်မသက်ဖြစ်နေသည်။ ကောင်းကင်ကြယ်များသည် ရှားပါးသောရှုပါရုံများပေါ်ထွန်းလာသည်။ သခင်ပြန်ကြွလာခြင်း၏ပရောဖက်ပြုချက်များမှာ အခြေခံအားဖြင့်ပြည့်စုံနေပြီ။ နောက်ဆုံးကာလရဲ့တံပိုးခရာမှုတ်နေပြီ၊ သခင်ယေရှုသည် လျှို့ဝှက်စွာဖြင့် ပြန်ရာက်ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

၁။ နောက်ဆုံးခေတ်ကာလ ကပ်ဘေးများ၏ပရောဖက်ပြုချက်များ

ရှင်မဿဲခရစ်ဝင် ၂၄:၃-၈,၂၁

ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲချဉ်းကပ်၍၊ ထိုအမူအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို၎င်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို၎င်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။ ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာ သဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။ သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်းစကားကို၎င်း ကြားရကြလိမ့် မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့။ ထိုအမူအရာများသည်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင်ဖြစ်သတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီး စွာသော ဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။

ယောလ အနာဂတ္တိကျမ်း ၂:၃၀-၃၁

မိုဃ်းကောင်းကင်၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ အံ့ဘွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင် တို့ကို ငါပြမည်။  ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိ ဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။

ဗျာဒိတ်ကျမ်း ၆:၇-၈

စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ၊ စတုတ္ထ သတ္တဝါက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။ ထိုအခါငါကြည့်လျှင်၊ မြင်းမွဲတစီးရှိ၏။ မြင်းစီးသောသူသည် မရဏာဟူသောအမည်ရှိ၏။ မရဏာ နိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစိတ်ကို အစိုးရ၍ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင် သော အခွင့်ကိုရ၏။

၂။ နောက်ဆုံးခေတ်ကာလ သခင်ယေရှုပြန်ကြွလာမည့်နည်းလမ်း၏ ပရောဖက်ပြုချက်း

ရှင်မဿဲခရစ်ဝင် ၂၄:၂၇

လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။

ရှင်မဿဲခရစ်ဝင် ၂၄:၄၄

ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။

ဗျာဒိတ်ကျမ်း ၁၆:၁၆

သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။

ဗျာဒိတ်ကျမ်း ၃:၂၀

ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။

ဗျာဒိတ်ကျမ်း ၁:၇

ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- 

ငါသည် ငါ၏ဘုန်းတန်ခိုးကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏။ ထို့နောက် ဣသရေလအမျိုးတို့အား အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့ပြီး လူသား အားလုံးကို အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်ပူးပေါင်း၍ ပေါင်းသင်းကာ၊ ရှာဖွေခြင်း မပြုတော့ရန်အလို့ငှာ ငါသည် အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ရှာဖွေနေသူ အားလုံးအား အလင်းတစ်ဖန် ပြန်မြင်စေပြီး ဣသရေလတွင် ငါရှိခဲ့သော ဘုန်းတန်ခိုးကို မြင်စေမည်။ လွန်လေပြီးသော ကာလများစွာက လူသားမျိုးနွယ်အကြား မိုးတိမ်ဖြူပေါ်မှ ငါကြွဆင်းခဲ့ကြောင်း သူတို့အားမြင်စေမည်။ မရေတွက် နိုင်သော မိုးတိမ်ဖြူများ၊ ပြွတ်သိပ်လျက်ရှိသည့် အသီးများကို မြင်စေမည့်အပြင် ဣသရေလ၏ ယေဟောဝါ ဘုရားသခင်ကို တွေ့စေမည်။ ယုဒလူမျိုးတို့၏အရှင်၊ တောင့်တနေသည့် မေရှိယနှင့် ခေတ်အဆက်ဆက် ရှင်ဘုရင်များမှ ညှဉ်းပန်းခဲ့သည့် ငါ၏ရုပ်သွင် အပြည့်အဝကို ကြည့်စေမည်။ ငါသည် စကြဝဠာတစ်ခုလုံး အပေါ် အမှုထမ်းပြီး အမှုကြီးကို ဆောင်ရွက်မည်။ နောက်ဆုံးသောကာလတွင် ငါ၏ဘုန်းတန်ခိုးနှင့် ငါ၏ ဆောင်ရွက်ချက် အားလုံးကို လူသားအား ဖော်ပြမည်။ ယုဒပြည်တွင် ငါ၏ဘုန်းတန်ခိုး မရှိစေတော့ရန် ငါသည် ဘုန်းတန်ခိုးကို လွန်ခဲ့သောကာလများစွာက ယူလိုက်ကာ အရှေ့အရပ်သို့ ယူဆောင်ခဲ့ကြောင်း အားလုံး သိစေခြင်းအလို့ငှာ ငါ့ကို နှစ်ပေါင်းများစွာ စောင့်ခဲ့သူများ၊ မိုးတိမ်ဖြူပေါ်မှ ငါကြွလာရန် တောင့်တခဲ့သူများ၊ ငါတစ်ဖန် ပေါ်ထွက်ရန် တောင့်တခဲ့သည့် ဣသရေလနှင့် ငါ့ကိုညှဉ်းပန်းသူလူသားမျိုးနွယ် အားလုံးအား ဘုန်းထင်ရှားသည့် ငါ၏မျက်နှာတစ်ခုလုံး ပြမည်။ နောက်ဆုံးသောကာလ ရောက်ပြီ ဖြစ်သောကြောင့် ဖြစ်သည်။(ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက်)

စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှု ထမ်းဆောင်လျက်ရှိပြီး အရှေ့အရပ်တွင် စဉ်ဆက်မပြတ် မိုးပျက်ကျနေလျက် တိုင်းနိုင်ငံအားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေသည်။ လူသားအားလုံးကို ပစ္စုပ္ပန်သို့ လမ်းပြခဲ့သည်မှာ ငါ၏အသံဖြစ်သည်။ ငါ၏အသံဖြင့် လူသားအားလုံးကို အနိုင်ယူမည်။ လူသားအားလုံးကို ဤစမ်းချောင်းအတွင်း ကျစေပြီး ငါ၏ရှေ့မှောက် နာခံစေမည်။ အကြောင်းမူကား ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတန်ခိုးကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ဝေခဲ့ပြီ ဖြစ်သည်။ အဘယ်သူသည် ငါ၏ဘုန်းကိုမြင်ရရန် မတောင့်တသနည်း။ အဘယ်သူသည် ငါပြန်လာမည့် အချိန်ကို စိုးရိမ်ကြီးစွာ စောင့်၍ မနေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မတောင့်တ သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲနေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုအကြောင်း မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်မည့်သူ ပြန်လာမည်ကို မတောင့်တဘဲနေသနည်း။ ကြီးမြတ်သည့် အနန္တတန်ခိုးရှင်အား မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား မျက်နှာချင်း ဆိုင်လျက် နှုတ်ကပတ်တော်ကို ပိုမိုပြောကြားရန် ငါအလိုရှိသည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အစွမ်းကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်သည် လူသား၏ ရတနာဖြစ်ပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်ကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်ကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သည်။ သို့သော် နှုတ်ကပတ်တော်တွင် ပျော်ပိုက်ခြင်းမှာ ပို၍များပါသည်။ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ လူသားအားလုံးသည် ဝမ်းမြောက်ပျော်ရွှင်လျက် ငါကြွလာမည့် အချိန်အတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပ နေကြပါသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အကြား တရားဝင် ဝင်ရောက်မည်။ ဖြာထွက်လျက်ရှိသော ငါ၏ဘုန်းတန်ခိုးနှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော် အားဖြင့် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည်လည်း အရှေ့အရပ်၏ ‘သံလွင်တောင်’ ပေါ်သို့ ဆင်းသက်ပြီဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ မြေကြီးပေါ်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်ကြောင်းကို ထိုသူတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး လူသားမျိုးနွယ်အကြားမှ ထွက်ခွာလာပြီးနောက်၊ ဘုန်းတန်ခိုးဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကတည်းက ဝတ်ပြုခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ နှစ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သူ မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်းဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကိုလာစေလျက် ဘုန်းတန်ခိုးရှိသော ငါ၏ မျက်နှာကို ဖူးမျှော်ပါစေ။ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်ပါစေ။ ဤသည်မှာ ငါ၏အလိုဆန္ဒ တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်းဖြစ်သည်။ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုပါစေ။ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ် ပြုပါစေ။ လူတိုင်း ငါ့ကိုယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံပါစေ။ (ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက်)

လူသားတို့သည် ကယ်တင်ရှင်ကြွလာခြင်းကို တွေ့မြင်နိုင်ရန်အတွက် နှစ်ထောင်ပေါင်းများစွာ တောင့်တခဲ့ကြသည်။ ကယ်တင်ရှင် ယေရှုကို နှစ်ထောင်ပေါင်းများစွာတိုင် တမ်းတ စောင့်မျှော်နေကြသူများ အကြားတွင် လူသားတို့သည် ယေရှု ဖြူသောမိုးတိမ်စီးလျက် ဆင်းသက်လာသည်ကို ကိုယ်တိုင်ရှုမြင်ရန် တောင့်တခဲ့ကြသည်။ လူသားတို့သည် ကယ်တင်ရှင် ပြန်လာပြီး လူတို့နှင့် ပြန်လည် ပေါင်းစည်းနိုင်ရန် တောင့်တခဲ့ကြသည်၊ ဆိုလိုသည်မှာ နှစ်ထောင်ပေါင်း များစွာကြာအောင် လူတို့နှင့် ကွဲကွာနေခဲ့သည့် ကယ်တင်ရှင် ယေရှုကို လူသားထံသို့ ပြန်လာစေရန်ဖြစ်သည်။ ထို့နောက် ယုဒလူမျိုးများ အကြားတွင် သူပြုလုပ်ခဲ့သည့် ရွေးနုတ် ကယ်တင်ခြင်းအမှုကို ပြန်လည်၍ ဆောင်ရွက်မည်၊ လူသားတို့အပေါ် မေတ္တာဂရုဏာ ကြီးမားစွာဖြင့် ချစ်မြတ်နိုးမည်၊ လူသားတို့၏ အပြစ်များကို ခွင့်လွှတ်မည်၊ လူသား၏အပြစ်များကိုခံမည့်အပြင် လူသား၏အကျင့်သီလ ပျက်ပြားမှု အားလုံးကို ခေါင်းခံတာဝန်ယူ၍ လူသားအား ထိုအပြစ်များမှ လွတ်မြောက်စေမည်ဟု လူသားကမျှော်လင့်သည်။ ၎င်းတို့က ကယ်တင်ရှင် ယေရှုအား ယခင်အတိုင်း ချစ်မြတ်နိုးဖွယ်၊ နှစ်သက်ဖွယ်၊ ကြည်ညို လေးစားဖွယ်ကောင်းသော၊ လူသားအပေါ် မည်သည့်အခါမျှ အမျက်ဒေါသမရှိ၊ အပြစ်ဆိုခြင်း မရှိသော ကယ်တင်ရှင်အဖြစ် ရှိနေစေလိုကြသည်။ ဤကယ်တင်ရှင်သည် လူသား၏ အပြစ်အားလုံးကို ခါးဆီးခံပေးပြီး ခွင့်လွှတ်ပေးသူဖြစ်ကာ လူသားအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် နောက်တစ်ကြိမ် အသက်ပင် ပေးခဲ့သူဖြစ်သည်။ ယေရှု ခွဲခွာသွားပြီးနောက် သူ၏ နောက်လိုက် တပည့် များနှင့် သူ၏အမည် နာမကြောင့် ကယ်တင်ခြင်းခံရသည့် သန့်ရှင်းသူအားလုံးတို့က သူ့အား အလွန့်အလွန် အောက်မေ့တမ်းတပြီး စောင့်မျှော်နေကြသည်။ ကျေးဇူးတော်ခေတ်၌ ယေရှုခရစ်တော်၏ ကျေးဇူးကြောင့် ကယ်တင်ခြင်းခံခဲ့ရသော သူအပေါင်းတို့သည် နောက်ဆုံးသောကာလ၏ ဝမ်းမြောက်ဖွယ်ရာ နေ့ဖြစ်သော၊ ကယ်တင်ရှင်ယေရှု ဖြူသော မိုးတိမ်စီးလျက် လူသားများအကြား ပေါ်ပေါက်လာမည့်အချိန်အား တမ်းတလျက် ရှိနေကြသည်။ မှန်ပါ၏၊ ဤသည်မှာ ယနေ့ ကယ်တင်ရှင် ယေရှု၏ နာမကို လက်ခံသူအားလုံး၏ စုပေါင်းဆန္ဒလည်းဖြစ်ပါသည်။ စကြဝဠာ တစ်လျှောက်လုံးရှိ ကယ်တင်ရှင်ယေရှု၏ ကယ်တင်ခြင်း အကြောင်းကို သိသူအားလုံးတို့သည် ယေရှုကမ္ဘာမြေပေါ်တွင် ရှိစဉ်အခါက ‘ငါထွက်ခွာသွားသကဲ့သို့ပင် တဖန်ပြန်လည် ရောက်ရှိလာလိမ့်မည်’ ဟု ပြောဆိုခဲ့သည့်စကားကို ဖြည့်ဆည်းပေးရန်အတွက် ယေရှုခရစ်တော် ရုတ်တရက် ကြွလာဖို့ အလွန့်အလွန် တမ်းတလျက်ရှိကြသည်။ လက်ဝါးကပ်တိုင်တွင် အဆုံးစီရင်ခံရကာ ရှင်ပြန်ထမြောက်ခဲ့ပြီး နောက်ပိုင်းတွင် ယေရှုသည် ဖြူသော မိုးတိမ်စီးလျက် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့ပြီး အမြင့်ဆုံးသော ဘုရား၏ လက်ယာလက် နေရာကို ယူခဲ့သည်ဟု လူသားက ယုံကြည်သည်။ လူသားက ယင်းကို အလားတူပင် ထင်မြင်သည်၊ ယေရှုသည် နှစ်ထောင်ပေါင်းများစွာတိုင် သူ့အား အလွန့်အလွန် တောင့်တနေခဲ့ကြသူများအကြား ဖြူသောမိုးတိမ် (ဤမိုးတိမ်မှာ ယေရှု ကောင်းကင်ဘုံသို့ ပြန်စဉ်အခါက စီးနင်းသွားခဲ့သည့် မိုးတိမ်ကိုဆိုလိုပါသည်) စီးလျက် တဖန်ပြန်လည် ဆင်းသက်လာလိမ့်မည်၊ ယုဒလူမျိုးများ၏ ပုံသဏ္ဌာန်နှင့် အဝတ်အစားများကို ဝတ်စားထားလိမ့်မည်။ လူသားများအရှေ့တွင် ပေါ်လာပြီးနောက် သူသည် လူသားများကို အစားအစာများ ပေးသနားမည်၊ လူသားများအတွက် အသက်ရေများ တသွင်သွင်စီးဆင်းစေလိမ့်မည်၊ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာ အပြည့်အဝဖြင့် လူသားတို့အကြားတွင် အမှန်တကယ် နေထိုင်သွားလိမ့်မည်၊ အစရှိသဖြင့် ဖြစ်၏။ သို့သော်လည်း ကယ်တင်ရှင် ယေရှုက ယင်းသို့ မပြုလုပ်ခဲ့ပါ၊ လူသားများ ထင်မြင်ထားခဲ့သည်နှင့် ဆန့်ကျင်ဘက်ကို သူပြုလုပ်ခဲ့သည်။ သူ၏ပြန်အလာကို တောင့်တနေခဲ့ကြသူများအကြားတွင် သူပေါ်မလာခဲ့ပါ၊ ဖြူသော မိုးတိမ်ကို စီးနင်းလျက် လူသားအားလုံးထံသို့လည်း သူပေါ်လာခဲ့ခြင်း မရှိခဲ့ပါ။ ဘုရားသခင်သည် ရောက်ရှိနေခဲ့ပြီး ဖြစ်သော်လည်း လူသားမှာ သူ့အားမသိရှိဘဲ သူ့ကို ဆက်လက်၍ မသိဘဲနေဆဲပင်ဖြစ်သည်။ လူသားမှာ ရည်ရွယ်ချက် ကင်းမဲ့စွာဖြင့်သာ သူ့ကို စောင့်မျှော်နေသည်၊ ‘ဖြူသောမိုးတိမ်’ ပေါ် (သူ၏ ဝိညာဉ်၊ နှုတ်ကပတ်တော်များနှင့် သူ၏ပင်ကိုစိတ်သဘောထားနှင့် ဖြစ်တည်မှုအားလုံးဖြစ်သော ထိုမိုးတိမ်) မှ ဘုရားသခင် ဆင်းသက်လာခဲ့ပြီးဖြစ်သည်ကို မသိရှိပေ၊ နောက်ဆုံးသောကာလတွင် သူပြုမည့် အောင်နိုင်သူများအုပ်စုထဲတွင် ယခုရှိနေပါသည်။ ဤသည်ကို လူသား မသိရှိပေ။ သန့်ရှင်းသော ကယ်တင်ရှင် ယေရှုသည် လူသားတို့အပေါ် ချစ်ခြင်းမေတ္တာတရားတို့နှင့် ပြည့်နှက်နေ သော်လည်း အညစ်အကြေးများနှင့် မသန့်စင်သောဝိညာဉ်များ နေရာယူထားသည့် ‘ဗိမာန်တော်များ’ တွင် သူအဘယ်သို့ အမှုပြုနိုင်မည်နည်း။ လူသားတို့က သူ၏ကြွလာခြင်းကို စောင့်စားလျက် ရှိနေသော် လည်း မတရားသော သူ၏အသားကိုစားသူ၊ မတရားသောသူ၏ သွေးကိုသောက်သူ၊ မတရားသောသူ၏ အဝတ် အစားများကို ဝတ်ဆင်သူ၊ သူ့အားယုံကြည်သော်လည်း သူ့အားမသိသောသူ၊ ဘုရားသခင်အား အမြဲတစေ ခြိမ်းခြောက် အကျပ်ကိုင် သူများရှေ့တွင် အဘယ်သို့ ပေါ်လာနိုင်မည်နည်း။ ကယ်တင်ရှင် ယေရှုသည် ချစ်ခြင်းမေတ္တာ၊ ဂရုဏာတော်များဖြင့် ပြည့်နှက်လျက်ရှိပြီး ရွေးနုတ်ခြင်းနှင့် ပြည့်စုံသည့် အပြစ်ဖြေရာယဇ် အဖြစ်သာ လူသားတို့ သိရှိထားသည်။ သို့ရာတွင် ထိုသူသည် ဖြောင့်မတ်မှု၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ တရားစီရင်မှု၊ အခွင့်အာဏာနှင့် ဂုဏ်သိက္ခာ ပြည့်ဝခြင်းတို့ဖြင့် ပြည့်လျှံနေသော ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကိုမူ လူသားတို့ တွေးတောမိခြင်းမရှိပေ။ ထို့ကြောင့်ပင် ရွေးနှုတ်သူပြန်အလာကို လူသား စိတ်အား ထက်သန်စွာ တောင့်တ စောင့်မျှော်နေသော်လည်း၊ ထိုလူသား၏ ဆုတောင်းချက်များကို ကောင်းကင်မှပင် တုန်လှုပ် သွားသော်လည်း ကယ်တင်ရှင်ယေရှုသည် သူ့အားယုံကြည်သော်လည်း သူ့အားမသိကျွမ်းသူများ ထံတွင် ပေါ်လာမည် မဟုတ်ပေ။ (ကယ်တင်ရှင်သည် ဖြူသောမိုးတိမ် အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်)

နောက်ဆုံးသောကာလသည် ရောက်လာပြီဖြစ်ပြီး ကမ္ဘာအနှံ့မှ နိုင်ငံများသည် ကသောင်းကနင်းဖြစ်နေသည်။ နိုင်ငံရေးမတည်ငြိမ်မှု ရှိသည်၊ အစာခေါင်းပါးမှုများ၊ ကပ်ရောဂါများ၊ ရေလွှမ်းမိုးခြင်းမှုများနှင့် မိုးခေါင်မှုများ နေရာအနှံ့ ပေါ်ထွက်လာနေကြသည်။ လူသားများ၏ကမ္ဘာ၌ ရုတ်တရက်ဖြစ်ပွားသည့်ကပ်ဘေးများရှိသည်၊ ကောင်းကင်သည်လည်း ဘေးဒုက္ခကို စေလွတ်ခဲ့ပြီဖြစ်သည်။ ဤအရာများသည် နောက်ဆုံးသောကာလ၏ လက္ခဏာများ ဖြစ်ကြသည်။ သို့သော်လည်း လူများအဖို့ ယင်းသည် ပျော်ပွဲပြည့်နှ ခမ်းနားထည်ဝါခြင်းနှင့် ပြည့်နှက်သည့် ကမ္ဘာကြီးနှင့် တူဟန်ရှိပြီး ထိုကဲ့သို့ ပို၍ပို၍ တူလာသောအရာမျိုးဖြစ်သည်။ လူတို့၏ စိတ်နှလုံးများအားလုံးသည် ထိုအရာအတွက် ပူပန်နေရသည်။ များစွာသောလူတို့သည် ပိတ်မိနေကြပြီး ထိုအရာမှ သူတို့ကိုယ်သူတို့ လွတ်မြောက်စေခြင်းငှာ မတတ်စွမ်းနိုင်ကြပေ။ လူမြောက်မြားစွာတို့သည် လှည့်စားမှုနှင့် မှော်အတတ်၌ ပါဝင်သောသူတို့၏ လိမ်လည်လှည့်ဖြားခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ (လက်တွေ့လုပ်ဆောင်ခြင်း (၂))

ဘေးဒုက္ခအပေါင်းသည် တစ်ခုပြီး နောက်တစ်ခု ကျရောက်လိမ့်မည်၊ တိုင်းနိုင်ငံအပေါင်းနှင့် နေရာတိုင်းတွင် ဘေးဒုက္ခများကို ကြုံတွေ့ကြလိမ့်မည်—ကပ်ဆိုး၊ ငတ်မွတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် အရပ်ရပ်တို့၌ ဖြစ်လေ၏။ ဤဘေးဒုက္ခများသည် နေရာတစ်နေရာ သို့မဟုတ် နှစ်နေရာ၌သာ ဖြစ်ပျက်မည် မဟုတ်သကဲ့သို့ ၎င်းတို့သည် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ပြီးဆုံးသွားလိမ့်မည်လည်း မဟုတ်ဘဲ နယ်ပယ် ပိုမိုကျယ်ပြန့်တိုးချဲ့လာပြီး ဘေးဒုက္ခများသည် ပို၍ပို၍ ပြင်းထန်လာလေမည်။ ဤကာလအတောအတွင်း အင်းဆက်ကပ်ဆိုး အမျိုးအစားအားလုံး တစ်ခုပြီးတစ်ခု ဖြစ်ပေါ်ပြီး ခပ်သိမ်းသော နေရာတို့၌ ဇာတ်တူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။ (“အခန်း ၆၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ)

ယနေ့တွင် ငါသည် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံအပေါ်သို့ ဆင်းကြွလာနေသည်သာမကဘဲ ငါ၏မျက်နှာကို စကြဝဠာတစ်ဝှမ်းလုံးဆီသို့ လှည့်နေ၏။ ထိုသို့အားဖြင့် အမြင့်ဆုံးသော ကောင်းကင်ဘုံ တစ်ခုလုံးသည် တုန်ခါသွားရန် ဖြစ်သည်။ ငါ၏တရားစီရင်မှုနှင့် မကြုံတွေ့ရသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါပစ်ချလိုက်သော ပြစ်ဒဏ်များအောက်တွင် မတည်ရှိသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါသွားလေရာရာ အရပ်တိုင်းတွင် ငါသည် အမျိုးမျိုးသော ဘေးအန္တရာယ်များ၏ မျိုးစေ့များကို ကြဲချခဲ့သည်။ ဤသည်မှာ ငါအလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားအား ကယ်တင်ခြင်း၏ လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိဘဲ ငါမှ သူ့အား ကမ်းလှမ်းသည့် အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေပါသေးသည်။ ငါ့ကို သာ၍များစွာသော လူတို့သိလာစေရန်၊ မြင်တွေ့နိုင်စေရန်နှင့် ဤနည်းအားဖြင့် သူတို့သည် နှစ်ပေါင်းများစွာ မတွေ့မြင်ခဲ့သော်လည်း ယနေ့တွင် စစ်မှန်သော ဘုရားသခင်ကို ရိုသေလေးမြတ်လာစေရန် ငါပြုလိုသည်။ ( “အခန်း ၁၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ)

ကျေးဇူးတော်ခေတ်အဆုံးတွင်၊ နောက်ဆုံးသောခေတ် ရောက်လာခဲ့ပြီး ယေရှုသည် လာရောက်ခဲ့ပြီးဖြစ်သည်။ သူ့ကို မည်သို့လျှင် ယေရှုဟု ဆက်ခေါ်မည်နည်း။ သူ့အနေဖြင့် မည်သို့လျှင် လူများအကြားတွင် ယေရှု၏ ပုံသဏ္ဌာန်ကို ယူနိုင်မည်နည်း။ ယေရှုသည် နာဇရက်လူတစ်ဦး၏ ပုံရိပ်ထက် မပိုသည်ကို သင်မေ့သွားပြီလော။ ယေရှုသည် လူသားမျိုးနွယ်၏ ရွေးနုတ်သူသာ ဖြစ်သည်ဆိုသည်ကို သင်မေ့သွားပြီလော။ နောက်ဆုံးသော ကာလတွင် သူသည် အဘယ်သို့လျှင် သိမ်းပိုက်ခြင်းနှင့် လူကိုစုံလင်ခြင်းသို့ ရောက်စေခြင်း အလုပ်ကို လုပ်နိုင် မည်နည်း။ ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် ထွက်ခွာသွားသည်—ယင်းမှာ မှန်သောအချက်ဖြစ်သည်—သို့သော်လည်း သူသည် မည်သို့လျှင် လူများကြားတွင် ဖြူသော မိုးတိမ်ကိုစီးလျက် ပြန်လာပြီး ယေရှုဟုပင် အခေါ်ခံရဆဲမှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သူသည် ဖြူသော မိုးတိမ်ပေါ်တွင် အမှန်စင်စစ် ရောက်ရှိလာခဲ့ပါက၊ လူသားသည် သူ့ကို မည်သို့လျှင် မမှတ်မိဘဲ ရှိမည်နည်း။ ကမ္ဘာတဝှမ်းရှိ လူများအားလုံး သူ့ကို မှတ်မိမည် မဟုတ်လော။ သို့ဖြစ်လျှင် ယေရှု တစ်ပါးတည်းသည်သာ ဘုရားသခင် ဖြစ်လိမ့်မည် မဟုတ်ပါသလော။ သို့ဖြစ်လျှင် ဘုရားသခင်၏ ပုံသဏ္ဌာန်သည် ယုဒတစ်ယောက်၏ သွင်ပြင်မျိုး ဖြစ်ရုံ သာမက ထာဝရ ထိုသို့ ဖြစ်နေလိမ့်မည် မဟုတ်လော။ ယေရှုက သူထွက်ခွာသွားသကဲ့သို့ ပြန်ကြွလာမည်ဟု ပြောခဲ့သော်လည်း သူ့နှုတ်ကပတ်တော်များ၏ အမှန်တကယ် အဓိပ္ပာယ်ကို သင်သိပါသလော။ သင်တို့ အုပ်စုကို ထိုအရာ သူပြောသည်မှာ ဖြစ်နိုင်သလော။ သင်သိထားသမျှအားလုံးမှာ သူထွက်ခွာခဲ့သည့်အတိုင်း မိုးတိမ်ကို စီးလျက် သူပြန်လာလိမ့်မည်၊ သို့သော်လည်း ဘုရားသခင် ကိုယ်တော်တိုင်က သူ၏အလုပ်ကို မည်ကဲ့သို့ လုပ်ကိုင်သည်ကို သင်အတိအကျ သိပါသလော။ သင်သည် အမှန်တကယ် မြင်နိုင်သည်ဆိုပါက ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များကို အဘယ်သို့ အဓိပ္ပာယ် ဖွင့်မည်နည်း။ သူပြောခဲ့သည်မှာ ‘နောက်ဆုံးသောကာလတွင် လူသား၏သားတော် ကြွလာသောအခါ သူကိုယ်တော်တိုင် သိလိမ့်မည်မဟုတ်၊ ကောင်းကင်တမန်များ သိလိမ့်မည်မဟုတ်၊ ကောင်းကင်ဘုံရှိ တမန်တော်များ သိလိမ့်မည်မဟုတ်၊ လူသား မျိုးနွယ် အားလုံးတို့သည် သိလိမ့်မည်မဟုတ်။ ခမည်းတော်သည်သာလျှင် သိလိမ့်မည်၊ ဆိုလိုသည်မှာ ဝိညာဉ်တော်သာလျှင် သိလိမ့်မည်။’ လူ၏ သားတော်ပင်လျှင် သိသည် မဟုတ်သည့်အတွက် သင်သည် အဘယ်သို့လျှင် မြင်နိုင် သိနိုင်မည်နည်း။ အကယ်၍ သင်သည် သင်၏ ပကတိမျက်စိဖြင့် သိနိုင်ပြီး မြင်နိုင်ခဲ့ပါက ဤစကားလုံးများကို ပြောသည်မှာ အချည်းနှီးဖြစ်မည် မဟုတ်ပါလော။ ထိုအချိန်က ယေရှု အဘယ်အရာ ပြောခဲ့သနည်း။ ‘ထိုနေ့ရက်နှင့် နာရီတို့ကို မည်သူမျှမသိ၊ ကောင်းကင်မှ ကောင်းကင်တမန်များလည်း မသိ၊ သားတော်လည်းမသိ၊ ငါ၏အဘသာလျှင် သိသည်။ သို့ရာတွင် နောဧ၏ နေ့ရက်များကဲ့သို့ပင် လူ၏ သားတော်လာရောက်ခြင်းသည်လည်း အလားတူ ဖြစ်လိမ့်မည်။... သို့ဖြစ်ရာ လူ၏ သားတော်မလာဟု သင်တို့ထင်သည့် နာရီအတွက် သင်တို့သည်လည်း အသင့်ပြင်ကြလော့။’ ထိုနေ့ရက် ရောက်လာသည့်အခါ လူ၏ သားတော် ကိုယ်တိုင်သိလိမ့်မည် မဟုတ်ပေ။ လူ၏ သားတော်ဆိုသည်မှာ လူ့ဇာတိခံယူတော်မူသော ဘုရားသခင်၊ သာမန်နှင့် ရိုးရိုးလူပုဂ္ဂိုလ်ကို ဆိုလိုသည်။ လူသားတော်ကိုယ်တိုင်ပင်လျှင် မသိလျှင် သင်သည် မည်သို့လျှင် သိနိုင်မည်နည်း။ ယေရှုပြောခဲ့သည်မှာ သူသည် ထွက်ခွာသွားသကဲ့သို့ သူပြန်လည် ရောက်ရှိလိမ့်မည်။ သူရောက်ရှိမည့် အချိန်ကို သူကိုယ်တိုင်ပင်လျှင် မသိ၊ သို့ဖြစ်ရာ သင့်ကို ကြိုတင်ပြီး သူက မည်သို့ အသိပေးနိုင်မည်နည်း။ သင်သည် သူဆိုက်ရောက်ခြင်းကို မြင်နိုင်မည်လော။ ယင်းသည် ရယ်စရာ ပြက်လုံး မဟုတ်ဘူးလော။ (ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

ငါပြောသည့်အရာများကို များစွာသောလူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်။ သို့သော် ဖြူသောမိုးတိမ်ပေါ်မှနေ၍ ယေရှုသည် ကောင်းကင်ဘုံမှဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြားပေါ်ထွက်လာခြင်းဖြစ်၏ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အချိန် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယေရှုကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင်တွေ့ချိန်သည် အပြစ်ဒဏ်ပေးခံရရန် သင်ငရဲသို့ဆင်းချိန်ဖြစ်ကြောင်းကိုလည်း သင်သိသင့်သည်။ ဤအချိန်သည် ဘုရားသခင်၏စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန်ကို ကြေညာပြီး ဘုရားသခင်မှ ကောင်းသောသူများကို ဆုချ၍ စဉ်းလဲသူများကို အပြစ်ပေးချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရားကို ဖော်ပြချက်သာရှိသည့် အချိန်ဖြစ်သော၊ လူသားသည် နိမိတ်လက္ခဏာများကို မမြင်မီတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် ပြီးဆုံးခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံ၍ နိမိတ်လက္ခဏာများကို ရှာဖွေခြင်းမရှိသဖြင့် သန့်စင်ခြင်းခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်တော်ရှေ့သို့ တစ်ဖန်ပြန်ရောက်ပြီး ဖန်ဆင်းရှင်၏ ထွေးပိုက်မှုသို့ ဝင်ရောက်ရမည်။ ‘ဖြူသောမိုးတိမ်မစီးသည့် ယေရှုသည် မှားယွင်းသော ယေရှုဖြစ်သည်’ ဟု မလျှော့တမ်းယုံကြည်သူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နိမိတ်လက္ခဏာများပြသော ယေရှုကိုသာယုံကြည်ကြကာ ပြင်းထန်သည့်တရားစီရင်မှုကို ကြွေးကြော်၍ စစ်မှန်သော အသက်လမ်းကို ထုတ်ပေးသော ယေရှုကိုကား အသိအမှတ်မပြုကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်ပေါ်မှ ပွင့်လင်းစွာ တစ်ဖန်ကြွလာချိန်မှ ထိုသူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ ထိုသူတို့သည် ခေါင်းမာလွန်း၏။ မိမိကိုယ်ကိုယုံကြည်စိတ်များလွန်းပြီး ဝင့်ဝါလွန်းကြသည်။ ဤမျှကိုယ်ကျင့်တရားပျက်ယွင်းနေသူများကို ယေရှုအနေဖြင့် မည်သို့ဆုချနိုင်မည်နည်း။ သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ယေရှုတစ်ဖန်ပြန်ကြွလာခြင်းသည် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ်ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ဤသည်မှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ (ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)

အမှာစကား ချန်ခဲ့မည်