စာရင်း

ကောင်းကင်ကို ငေးကြည့်ခြင်းအားဖြင့် သခင့်ကို ကြိုဆိုနိုင်ပါသလား

ယန်ရှောင် တရုတ်နိုင်ငံ

အိမ်ထောင်ပြုပြီးဖြစ်သော စုံတွဲဖြစ်သည့် ကျောင်ချန်နှင့် ချန်ဟွာတို့သည် နံနက်စာစားပြီးနောက် တောင်စောင်းလမ်းတလျှောက်တွင် လမ်းလျှောက်လာခဲ့ကြသည်။ ချန်ဟွာသည် ကောင်းကင်ပေါ်မှ အဖြူရောင်တိမ်တိုက်များကို မော့ကြည့်ပြီး သက်ပြင်းချလျက်၊ “ကျွန်မတို့ ကောင်းကင်ပေါ်ကို ငေးကြည့်ရင်းနဲ့ ဒီတောင်ကုန်းတွေပေါ်မှာ လမ်းလျှောက်လာတာ နှစ်နဲ့ချီနေပြီ။ ဒါပေမဲ့ ဘယ်တိမ်ပေါ်မှာမှ သခင်ယေရှုကို ကျွန်မတို့ လုံးဝ မတွေ့ခဲ့ရဘူး။ ကျွန်မတို့က အခု နောက်ဆုံးသောကာလမှာ ရောက်နေပြီ။ ကပ်ဘေးတွေက အတိုင်းအတာ ကြီးထွားလာနေတယ်။ ကျွန်မတို့က သခင့်ကို မကြိုဆိုနိုင်သေးဘူး။ ကျွန်မ တကယ် စိတ်ပူမိတယ်” ဟု ပြောသည်။

ကျောင်ချန်သည် ဤအရာကို ခဏတွေးတောလိုက်ပြီး ပြောသည်။ “ငါတို့ မနက်ရော၊ ညနေရော နှစ်ချိန်လုံး ဆုတောင်းပြီးတော့ အသင်းတော်က တလှည့်စီ ၂၄နာရီ သတိထားစောင့်ကြည့်ပြီး ဆုတောင်းတာတွေ ကျင့်သုံးကြတာ အခုဆို နှစ်တွေများပြီ။ လူတွေ ကောင်းကင်ပေါ်ကို ငေးကြည့်ပြီး သခင်ပြန်လာတာကို မျှော်လင့်စောင့်စားနိုင်ဖို့အတွက် အသင်းတော်ကလည်း စောင့်ကြည့်မျှော်စင်တစ်ခု လုပ်ထားတယ်။ ဒါပေမဲ့ ငါတို့ သခင့်ကို မကြိုဆိုရသေးဘူး။ ငါတို့ လက်တွေ့လုပ်ဆောင်မှုက မှားနေနိုင်သလားဆိုတာ အခု ငါစဉ်းစားမိတယ်။ ငါ အခုရက်ပိုင်း မြို့ပြင်မှာ လုပ်ဖော်ကိုင်ဖက် အစည်းအဝေးတစ်ခု တက်ခဲ့ပြီး သတင်းကောင်းတချို့ ကြားခဲ့ရတယ်။ သခင်က ပြန်လာပြီးနေပြီဖြစ်ပြီး လူကို ကယ်တင်ဖို့အတွက် သမ္မာတရားတွေ အများကြီး ဖော်ပြနေတယ်လို့ လုပ်ဖော်ကိုင်ဖက်လျူကပြောတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကိုလည်း သူ ငါတို့ကို ဖတ်ပြတယ်။ ပြီးတော့ နှုတ်ကပတ်တော်တွေက တန်ခိုးနဲ့သြဇာအာဏာကို ပိုင်ဆိုင်တယ်လို့ ငါ တကယ်ကို ခံစားရတယ်။ ဖန်ဆင်းရှင်ကိုယ်တိုင်က ငါတို့ကို ပြောနေသလိုပဲ။ ပြီးတော့ ငါစဉ်းစားမိတာက...”

သူပြောနေသည်ကို ပြီးအောင်မစောင့်တော့ဘဲ ချန်ဟွာက၊ “ဘာ သခင်ယေရှုက ပြန်လာပြီးပြီ၊ ဟုတ်လား။ သမ္မာကျမ်းစာထဲမှာ ရှင်းရှင်းလင်းလင်းပြောထားတယ်လေ။ ‘အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့’ (တမန်တော်ဝတ္ထု ၁:၁၁)ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။’ (ရှင်မဿဲခရစ်ဝင် ၂၄:၃၀) သခင်ကြွလာတဲ့အခါမှာ ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်ပြီး မိုးတိမ်ကိုစီးပြီးကြွလာမယ်။ ကိုယ်တော်ကို လူတိုင်းက မြင်ရမယ်။ ကိုယ်တော်က တိမ်စီးပြီးကြွလာတာကို ကျွန်မတို့ မမြင်ရသေးဘူးလေ။ ဒါဆိုရင် ကိုယ်တော်ပြန်ကြွလာပြီလို့ ဘယ်လိုပြောနိုင်တာလဲ။” ဟု ပိတ်ပြီး ကြားဖြတ်ပြောလိုက်သည်။

“ငါလည်း အဲဒီလို စဉ်းစားခဲ့တာပဲ။ ဒါပေမဲ့ ဒီကိစ္စကို လူတိုင်းက မိတ်သဟာယဖွဲ့ပြီး ဆွေးနွေးကြတာကနေတစ်ဆင့် သမ္မာကျမ်းစာမှာ သခင်က တိမ်တွေနဲ့အတူ ပွင့်လင်းစွာ ကြွလာမယ်လို့ ဖော်ပြတဲ့ ပရောက်ပြုချက်တွေပဲ ပါဝင်တာမဟုတ်ဘဲ သခင်က တိတ်တဆိတ်ပြန်ကြွလာမယ်လို့ ဖော်ပြတဲ့ ပရောဖက်ပြုချက်တွေလည်း ပါတယ်ဆိုတာကို နောက်ဆုံးမှာ ငါနားလည်သွားတယ်။ ဥပမာ ‘ထိုကြောင့်၊ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။(ဗျာဒိတ်ကျမ်း ၃:၃)ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်လုကာခရစ်ဝင် ၁၂:၄၀)ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ဒီပရောဖက်ပြုချက်မှာပါတဲ့ ‘သူခိုးကဲ့သို့’ ဆိုတဲ့ နှုတ်ကပတ်တော်က သခင်ဟာ လျှို့ဝှက်စွာ၊ တိတ်ဆိတ်စွာကြွလာမယ်လို့ ဆိုလိုတယ်။ ပြီးတော့ ‘လူသား’ နဲ့ ‘ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်’ ဆိုတဲ့ နှုတ်ကပတ်တော်တွေပါတယ်။ ‘လူသား’ က လူသားကနေ မွေးလာတဲ့သူ၊ သာမန်လူ့သဘာဝပိုင်ဆိုင်ပုံပေါ်ပေမယ့် ဘုရားသခင် ကိုယ်တော်တိုင်ရဲ့ လူ့ဇာတိခံယူထားခြင်းဖြစ်တဲ့သူကို ဆိုလိုတယ်။ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို လူသားလို့ မခေါ်နိုင်သလို ဝိညာဉ်တော်က ဒီမျိုးဆက်ရဲ့ငြင်းပယ်ခြင်းကို မခံရနိုင်ဘူး။ ဘုရားသခင်က လူ့ဇာတိခံယူပြီးတော့ ကမ္ဘာပေါ်ကို အမှုတော်ဆောင်ရွက်ဖို့လာပြီး သူ့ရဲ့နှုတ်ကပတ်တော်တွေကို မိန့်မြွက်မှသာ၊ အပြင်ပန်းမှာ ပုံမှန်၊ သာမန်အနေနဲ့ ပေါ်ထွန်းမှသာ လူတွေက ခရစ်တော်ကို သာမန်လူတစ်ယောက်လိုဆက်ဆံပြီး ခရစ်တော်ကို ငြင်းပယ်ပြီး ရှုတ်ချတဲ့အထိလုပ်နိုင်မယ်။ ဥပမာ သခင်ယေရှုက သူ့ရဲ့အမှုတော်ကို ဆောင်ရွက်ဖို့ ကြွလာတဲ့အခါမှာ သူဟာ သန့်ရှင်းသောဝိညာဉ်အားဖြင့် သန္ဓေတည်ခဲ့တယ်။ လူသားတစ်ဦးကနေ မွေးဖွားခဲ့တယ်။ သာမန်ဘဝနဲ့နေထိုင်ပြီး လူနဲ့အတူ ယှဉ်တွဲပြီး စားသောက် အသက်ရှင်နေထိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့အနှစ်သာရကတော့ ဘုရားသခင်ကိုယ်တော်တိုင်ပဲ။ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို သူပိုင်ဆိုင်ခဲ့တယ်။ဘုရားသခင်ရဲ့ စိတ်သဘောထားကို သူဖော်ပြနိုင်ခဲ့တယ်။ ပညတ်တော်ခေတ်ကို ပိတ်သိမ်းပြီး ကျေးဇူးတော်ခေတ်ကို ယူဆောင်နိုင်ခဲ့တယ်။ ပြီးတော့ လူကို နောင်တလမ်းကို ပေးဖို့အတွက် သမ္မာတရားကို ဖော်ပြနိုင်ခဲ့တယ်။ ဒီလိုနဲ့ လူသားမျိုးနွယ်အားလုံးကို ရွေးနှုတ်ခဲ့တယ်။ ဒါပေမဲ့ ဖာရိရှဲတွေ၊ ကျမ်းပြုဆရာတွေနဲ့ သာမန်ဂျူးလူမျိုးတွေဟာ ယေရှုကို သာမန်လူတစ်ယောက်လိုမျိုး ဆက်ဆံခဲ့တယ်။ ယေရှုက ပြောခဲ့တဲ့ သမ္မာတရားကို သူတို့ လက်မခံရုံတင်မကဘဲ သူ့ကို ဆန့်ကျင်ပြီး အသေရဖျက် စော်ကားကြပြီး လက်ဝါးကားတိုင်မှာ သံနဲ့ရိုက်ခဲ့ကြတယ်။ အခု နောက်ဆုံးသောကာလမှာ ဘုရားသခင်က ဝိညာဉ်တော်အသွင်နဲ့ တိမ်စီးပြီးကြွလာမယ်ဆိုရင် သူ့ကို ဘယ်သူကမှ ဆန့်ကျင်တာ ဒါမှမဟုတ် ငြင်းပယ်တာ လုပ်ရဲမှာမဟုတ်ဘူး။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ သူ့ရဲ့အမှုတော်ကိုလုပ်ဆောင်ပြီး သူ့ရဲ့နှုတ်ကပတ်တော်တွေကို မိန့်ကြားဖို့အတွက် လူသားဖြစ်လာမှသာ ဒီမျိုးဆက်ရဲ့ ငြင်းပယ်ခြင်းကို ခံရနိုင်တယ်။ သခင်ကြွလာခြင်းမှာ နည်းလမ်း နှစ်မျိုးအဖြစ် ခွဲထားတယ်ဆိုတာကို ဒီ ပရောဖက်ပြုချက်တွေကနေ ငါတို့ မြင်နိုင်ပါတယ်။ တိတ်တဆိတ်ကြွလာခြင်းနဲ့ ပွင့်လင်းစွာကြွလာခြင်းပေါ့။ နောက်ပြီးတော့ သခင့်ရဲ့ နှုတ်ကပတ်တော်တွေက ဘယ်တော့မှ ကျရှုံးခြင်းမရှိဘူး။ ဒါကြောင့် ဒီမတူညီတဲ့ ပရောဖက်ပြုချက်နှစ်လုံးက ပြည့်စုံလိမ့်မယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ကယ်တင်လို့ရနိုင်သူတွေကို ကယ်တင်ပြီး လူတစ်စုကို အောင်မြင်တဲ့သူတွေဖြစ်အောင်လုပ်ဖို့အတွက် အရင်ဦးဆုံး တိတ်တဆိတ်ကြွလာလိမ့်မယ်။ ဘုရားသခင်ရဲ့ လျှို့ဝှက်အမှုတော်ပြီးသွားတာနဲ့ ဘုရားသခင်ဟာ လူအားလုံးဆီကို ပေါ်ထွန်းလိမ့်မယ်။ ပြီးတော့ ဒီအချိန်မှာ သူ ပွင့်လင်းစွာ ကြွလာခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေအားလုံး ပြည့်စုံလိမ့်မယ်” ဟူ၍ ကျောင်ချန်က ရှင်းပြခဲ့သည်။

ချန်ဟွာက လေးနက်စွာ စဉ်းစားနေသည်။ “လူသား” နဲ့ “ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်” ဟုတ်တယ်။ လူသားဆိုတာ လူကနေမွေးဖွားတဲ့သူကို ဆိုလိုတာ။ ပြီးတော့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို လူသားလို့ ခေါ်လို့မရသလို ဝိညာဉ်တော်က ဒီမျိုးဆက်ရဲ့ ငြင်းပယ်ခြင်းကိုလည်း မခံရနိုင်ဘူး။ သခင်ကြွလာခြင်းနဲ့ပတ်သက်တဲ့ သမ္မာကျမ်းစာထဲမှာရှိတဲ့ ပရောဖက်ပြုချက်တွေက ကိုယ်တော်က တိမ်စီးပြီးကြွလာခြင်းအပေါ်မှာပဲ ကန့်သတ်မထားဘဲ သခင်က လျှို့ဝှက်စွာနဲ့ကြွမယ်လို့ ဆိုတဲ့ ပရောဖက်ပြုချက်တွေလည်း ရှိနေပုံရတယ်။ ငါ သမ္မာကျမ်းစာဖတ်တဲ့ နှစ်ကာလတစ်လျှောက်လုံးမှာ ဘယ်လိုဖြစ်ပြီး ဒါကို တစ်ခါမှ မတွေ့ခဲ့တာလဲ။

ကျောင်ချန်က လမ်းလျှောက်လျက်၊ ပြောသည်။ “လုပ်ဖော်ဆောင်ဖက် လျူနဲ့ ငါက ဒီအကြောင်းအရာကို တခြားလူတွေအားလုံးနဲ့ မိတ်သဟာယဖွဲ့ပြီး ဆွေးနွေးခဲ့ကြတဲ့အချိန်မှာ သခင်က နည်းလမ်းနှစ်မျိုးနဲ့ကြွလာမယ်ဆိုတာကို ငါ နောက်ဆုံးမှာ နားလည်သွားခဲ့တယ်။ တိတ်တဆိတ်နဲ့ ပွင့်ပွင့်လင်းလင်း နှစ်ခုလုံးပေါ့၊ သူ့ရဲ့ လျှို့ဝှက်အမှုတော်က လူတွေကို ကယ်တင်ဖို့ဖြစ်ပြီး သူဟာ ပွင့်လင်းစွာ ပေါ်ထွက်လာချိန်မှာ လူကို ကယ်တင်ဖို့အတွက် ဘုရားသခင်ရဲ့ အမှုတော်က ပြီးမြောက်လိမ့်မယ်ဆိုတာကိုပေါ့။ ဗျာဒိတ်ကျမ်း ၁:၇ မှာ ပရောဖက်ပြုထားသလိုပဲ။ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။’ ဆိုပြီး ပြောတဲ့အခါမှာပေါ့။ ဒါကို စဉ်းစားကြည့်ရအောင်။ သခင်က တိမ်စီးပြီးကြွလာတာကို လူတွေမြင်တဲ့အခါမှာ လူတွေက ပျော်ရွှင်ဝမ်းမြောက်ကြလိမ့်မယ်လို့ပြောတာက အကျိုးအကြောင်းသင့်ပါတယ်။ ဒါပေမဲ့ ဒီကျမ်းပိုဒ်မှာက မြေကြီးသားအမျိုးမျိုးရှိသမျှတို့က သခင်တိမ်စီးပြီးကြွလာတာကိုမြင်ရတဲ့အခါမှာ ငိုကြွေးမြည်တမ်းရကြလိမ့်မယ်လို့ ပြောထားတယ်။ ဒါက ဘာကြောင့်လဲဆိုရင် လျှို့ဝှက်ပြီးလာတဲ့ သခင်ယေရှုကို သူတို့လက်မခံခဲ့ကြလို့ပဲ။ သခင်ယေရှုကြွလာခြင်းကို ဆန့်ကျင်ပြီး ငြင်းပယ်ခဲ့ကြလို့ပဲ။ ပြီးတော့ ဒီလိုနဲ့ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးကြရတယ်။

"သခင်ယေရှုက သူ့ရဲ့ ဒုတိယအကြိမ်ကြွလာခြင်းနေ့ရက်တွေကို နောဧရဲ့နေ့ရက်တွေနဲ့လည်း နှိုင်းယှဉ်ပြခဲ့တယ်။ သခင်ယေရှုကပြောခဲ့တယ်။ ‘နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။(ရှင်လုကာခရစ်ဝင် ၁၇:၂၆-၂၇) ငါတို့အားလုံးသိကြတဲ့အတိုင်းပဲ နောဧက ကမ္ဘာကိုဖျက်ဆီးဖို့အတွက် ရေလွှမ်းမိုးမှုကြီးလာတော့မယ်ဆိုတဲ့ သတင်းစကားကို ဖြန့်တဲ့အခါမှာ အဲဒီအချိန်အခါတုန်းကလူတွေက ကောင်းကငကနေ ဘာမိုးမှ ရွာတာကို မမြင်ရကြတဲ့အတွက် သူ့ကို မယုံကြဘူး။ ပြီးတော့ အဆုံးမှာ နောဧ နှစ်ရာချီပြီးဟောကြားတဲ့ ဧဝံဂေလိသတင်းစကားကို တစ်ယောက်မှ မယုံခဲ့ကြဘူး။ သင်္ဘောကြီးကို အပြီးအစီးတည်ဆောက်ပြီးတဲ့အခါမှာ ဘုရားသခင်ရဲသည်းခံခြင်းနဲ့ လူတွေ နောင်တရဖို့ စောင့်ဆိုင်းတဲ့ရက်တွေက ကုန်ဆုံးသွားခဲ့ပြီး မိုးရေတွေဟာ ကောင်းကင်ကနေ ဒလဟော စတင်ရွာကျလာပြီး ရေကြီးမှုဖြစလာခဲ့တယ်။ လူတွေဟာ သူတို့ဘေးပတ်လည်မှာ ဒီအခြင်းအရာတွေ အားလုံး ပေါ်ပေါက်လာတာကို မြင်တယ်။ ဒါပေမဲ့ သိပ်နောက်ကျသွားပြီ။ ကျေးဇူးတော်တံခါးက ပိတ်သွားခဲ့တယ်။ ဒီလိုပဲ ဘုရားသခင်က ငါတို့ကို ကယ်ဖို့အတွက် နောက်ဆုံးသောကာလမှာ တိတ်တဆိတ် ကြွလာတယ်။ ပြီးတော့ ဘုရားသခင်က ပွင့်လင်းစွာ ပေါ်ထွက်လာတဲ့အခါမှာ သူ့ရဲ့ ကယ်တင်ခြင်းအမှုက ပြည့်စုံမှာဖြစ်ပြီး ကောင်းသောသူကို ဆုချီးမြှင့်ပြီး ဆိုးယုတ်သူတွေကို အပြစ်ဒဏ်ပေးတဲ့ အချိန် ရောက်လာလိမ့်မယ်။"

သူမ အမျိုးသား၏ မိတ်သဟာယဖွဲ့မှုကို နားထောင်ပြီးနောက် ချန်ဟွာသည် မိမိဖာသာ စဉ်းစားလိုက်သည်။ ဟုတ်တယ်။ သခင်ကြွလာတဲ့အခါ မြင်ကွင်းက လူတွေ ပျော်ရွှင်ဝမ်းမြောက်ပြီး သြဘာတွေ မနားတမ်းပေးကြတာမျိုး၊ ပြီးတော့ သခင်ကိုယုံကြည်တဲ့ ငါတို့တွေက မောင်းတွေ၊ ဘုံတွေထုပြီးသီချင်းဆိုတာ ကတာတွေ အများကြီးနဲ သခင်ကြွလာခြင်းကို ကြိုဆိုတာမျိုး လုံးဝ ဖြစ်သင့်တယ်။ ဒါဆိုရင် အဲဒီကျမ်းပိုဒ်မှာ လူတွေအားလုံးက ငိုကြွေးမြည်တမ်း ကြရမယ်လို့ ဘာကြောင့်ပြောထားတာလဲ။ အဲဒါဟာ လူတွေက ဘုရားသခင်ရဲ့ လျှို့ဝှက်အမှုတော်ကို ဆန့်ကျင် ငြင်းပယ်ပြီး ဒီလိုနဲ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို သူတို့ ဆုံးရှုံးရမှာ ဖြစ်တဲ့အတွက်ကြောင့်ပဲဆိုတာကို ငါ နောက်ဆုံးတော့ နားလည်သွားပြီ။

ကျောင်ချန်က ဆက်ပြီး၊ “လုပ်ဖော်ဆောင်ဖက် လျူနဲ့ ငါ တွေ့တုန်းက တော်တော်ထိမိတယ်လို့ ငါမြင်ခဲ့တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို သူက ဖတ်ပြတယ်” ဟု ပြောသည်။ ဤသို့ ပြောရင်းဖြင့် ကျောင်ချန်သည် သူ၏ အိတ်ထောင်မှ မှတ်စုစာရွက်တစ်ရွက်ကိုယူပြီး ဖတ်လိုက်သည်။ “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။(ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)

စိတ်ခံစားမှုများဖြင့် ပြည့်လျက် ကျောင်ချန်ကပြောသည်။ “ဒီနှုတ်ကပတ်တော်တွေကို ငါ ကြားတဲ့အခါမှာ ဒီအရာတွေဟာ ဘုန်းအာနုဘော်၊ သြဇာအာဏာ၊ တန်ခိုးတွေနဲ့ ပြည့်နေတယ်လို့ ငါခံစားခဲ့ရတယ်။ ဒါတွေကို ဘုရားသခင် ကိုယ်တော်တိုင်က ပြောထားသလိုမျိုးပေါ့။ ဘုရားသခင်ဟာ လူကို သမ္မာတရားနဲ့ အသက်ကိုပေးဖို့၊ အပြစ်ရဲ့ချည်နှောင်မှုတွေကို ဖယ်ရှားပြီးတော့ အဆုံးမှာ စစ်မှန်တဲ့ကယ်တင်ခြင်းကို ရရှိပြီး သန့်စင်ခံရနိုင်စေဖို့ ဘုရားသခင်ရဲ့ အိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့အတွက် အရင်ဦးဆုံး လျှို့ဝှက်စွာကြွလာတယ်ဆိုတာကို ဒီနှုတ်ကပတ်တော်တွေက ငါ့ကို နောက်ဆုံးမှာ နားလည်စေခဲ့တယ်။ နောက်ကျမှသာ ဘုရားသခင်ဟာ ကောင်းသောသူတွေကို ဆုချီးမြှင့်ပြီး ဆိုးယုတ်သောသူတွေကို အပြစ်ဒဏ်ပေးဖို့အတွက် တိမ်စီးပြီးတော့ ပွင့်လင်းစွာ ကြွလာမယ်။ သခင်ယေရှုက တိမ်စီးပြီးကြွလာတာကို ငါမမြင်ရရင် ဒီအချက်က ကိုယ်တော်ဟာ ပြန်ကြွမလာသေးဘူးဆိုတာကို သက်သေပြတာပဲလို့ ယုံကြည်ပြီးတော့ ကောင်းကင်ပေါ်ကို ငါအမြဲတမ်း ငေးကြည့်နေခဲ့တယ်။ အဆုံးမှာ လူတစ်ယောက်က သခင်ကြွလာခြင်း ဧဝံဂေလိတရားကို ဟောနေတာကို ငါကြားတဲ့အခါမှာ ဒါကို ရှာဖွေတာ ဒါမှမဟုတ် စူးစမ်းလေ့လာတာတွေ စပြီး မလုပ်ခဲ့ဘူး။ လူ့ဇာတိခံယူတဲ့ ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားကို ငါလက်မခံခဲ့ဘဲ ပြန်လည်ကြွလာတဲ့ သခင်အတွက် တံခါးပိတ်ထားခဲ့တယ်။ အဲဒီအစား၊ သခင်ဟာ ငါတို့ကို ကောင်းကင်ဘုံကို ချီဆောင်ဖို့အတွက် တိမ်စီးပြီးကြွလာမယ်လို့တွေးရင်းနဲ့ပဲ နေ့ရက်တွေအားလုံးကို ကုန်ဆုံးစေခဲ့တယ်။ ဒါပေမဲ့ ဒါဟာ ကိုယ်ဖြစ်ချင်တဲ့အရာကို တွေးတောခြင်းဖြစ်ပြီး သခင့်အလိုတော်နဲ့ လုံးဝ မကိုက်ညီခဲ့ဘူး။ ရှေးတုန်းက ဖာရိရှဲတွေဟာ မေရှိယကြွလာဖို့ တောင့်တခဲ့ကြတယ်။ ဒါပေမဲ့ သခင်ယေရှုက တကယ်ကြွလာတဲ့အခါမှာ သခင်ယေရှုဟာ ချမ်းသာကြွယ်ဝတဲ့ မိသားစုက မွေးဖွားခဲ့တာမဟုတ်တဲ့အတွက်၊ ကိုယ်တော်ဟာ မြင့်မြတ်ပြီး ဂုဏ်ရှိတဲ့ပုံစံမရှိတဲ့အတွက်၊ ကိုယ်တော်ရဲ့နာမည်က မေရှိယမဟုတ်တဲ့အတွက် သခင်ယေရှုဟာ ခရစ်တော် ဒါမှမဟုတ် သခင်မဖြစ်နိုင်ဘူးလို့ ယုံကြည်ပြီး သူတို့ရဲ့ကိုယ်ပိုင်အယူအဆတွေအပေါ် ဖက်တွယ်ထားခဲ့ကြတယ်။ ဒါကြောင့် ဖာရိရှဲတွေက ကိုယ်တော်ကို ဆန့်ကျင်ပြီး ရှုတ်ချခဲ့ကြတယ်။ ကိုယ်တော်ပြောတဲ့ သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်ပြီး နောက်ဆုံးမှာ ကိုယ်တော်ကို လက်ဝါးကားတိုင်မှာ ကားစင်တင်ခဲ့ကြတယ်။ ဒီလိုနဲ့ သူတို့အပေါ်ကို ဘုရားသခင်ရဲ့ ကျိန်ဆဲမှုနဲ့ အပြစ်ဒဏ်ခတ်မှုတို့ ကျရောက်စေတဲ့ ဆိုးဝါးလှတဲ့ အပြစ်ကို ကျူးလွန်မိကြတယ်။ အခု သခင်ပြန်ကြွလာတာကို ကြိုဆိုခြင်းနဲ့ ပတ်သက်ရင် ဖာရိရှဲတွေလျှောက်တဲ့လမ်းကြောင်းကို လျှောက်ပြီး ဘုရားသခင်ကို ဆန့်ကျင်ရာမှာ ကိုယ့်ကိုယ်ကို ထားလို့မဖြစ်ဘူး။”

ချန်ဟွာသည် သူမအမျိုးသား၏ စကားများအားဖြင့် အလွန်ပင် စိတ်ခံစားခဲ့ရသည်။ ပြီးနောက် သူမက၊ ပြောသည်။ "ကျွန်မ ဒီနှစ်တလျှောက်လုံးမှာ သခင်ဟာ တိမ်စီးပြီး ပွင့်လင်းစွာကြွလာမယ်လို့ ဆိုထားတဲ့ ကျမ်းစာအပေါ်ကို ဖက်တွယ်ထားပြီး ကောင်းကင်ပေါ်ကိုပဲ အမြဲတမ်း ငေးကြည့်နေခဲ့တယ်။ သခင်က တိမ်စီးပြီးကြွလာတာကို ကျွန်မ တစ်ခါမှ မမြင်ရတာကြောင့် သခင်ပြန်လာပြီးဖြစ်တယ်ဆိုတာကို ကျွန်မ မယုံခဲ့ဘူး။ သခင်ပြန်လာပြီးပြီဆိုတာကို ကျွန်မ ကြားတာတောင်မှ ဒါကို ရှာဖွေဖို့ ဒါမှမဟုတ် စူးစမ်းလေ့လာဖို့ စပြီးမလုပ်ခဲ့ဘူး။ အခု ရှင် ဒီနေ့ ကျွန်မကို မိတ်သဟာယဖွဲ့ပြီးတော့ ဘုရားသခင်ရဲ့ လျှို့ဝှက်အမှုတော်ဟာ စစ်မှန်တဲ့ကယ်တင်ခြင်းကို ရရှိဖို့ အခွင့်အလမ်းကို ကျွန်မတို့ကို ပေးဖို့အတွက် လုပ်ဆောင်တယ်ဆိုတာနဲ့၊ ဘုရားသခင် ပွင့်လင်းစွာ ပေါ်ထွက်လာတဲ့အခါမှာ ကျေးဇူးတော်တံခါးဝပိတ်သွားမှာဖြစ်ပြီး အခွင့်အရေးရှိမှာမဟုတ်တော့ဘူးဆိုတာတွေကို ကျွန်မ နားလည်ပြီ။ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ ဧဝံဂေလိတရားကို ရှာဖွေခြင်းကို ကျွန်မတို့ရဲ့ ပထမဦးစားပေးအဖြစ်ထားမှဖြစ်မယ်။"

ကျောင်ချန်ကပြောသည်။ "မင်းပြောတာ မှန်တယ်။ သခင်ယေရှုက ပြောခဲ့တယ်။ 'တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။' (ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၇) ငါတို့ ကိုယ်တော်ရဲ့လမ်းကို စတင်ပြီး ရှာဖွေဖို့ဟာ သခင်ရဲ့အလိုတော်ပဲ။ ကိုယ်တော်က ပြောခဲ့သေးတယ်။ 'သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။' (ရှင်မဿဲခရစ်ဝင်ကျမ်း ၂၅:၆) 'ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။' (ဗျာဒိတ်ကျမ်း ၃:၂၀) ဒါကို ဗျာဒိတ်ကျမ်းမှာ ခဏခဏ ပရောဖက်ပြုထားတယ်။ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) ဒီပရောဖက်ပြုချက်တွေက သိပ်ရှင်းတယ်။ နောက်ဆုံးသောကာလမှာ သခင်ပြန်ကြွလာတဲ့အခါ သူ့ရဲ့နှုတ်ကပတ်တော်တွေကို မိန့်ကြားလိမ့်မယ်။ ပြီးရင် ငါတို့က ဉာဏ်ပညာရှိတဲ့ အပျိုစင်တွေဖြစ်ပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အာရုံစိုက်သင့်တယ်။ ဒီလိုမှပဲ ငါတို့ဟာ သခင်ကြွလာခြင်းကို ကြိုဆိုနိုင်မယ်။"

တောင်ကုန်းပေါ်မှ သူတို့ ဆင်းသည့်အခါတွင် နှစ်ယောက်လုံးက၊ “ငါတို့ အခု ကိုယ်တော်ကြွလာခြင်းကို ကြိုဆိုဖို့ နည်းလမ်းရှိပြီဖြစ်တဲ့အတွက် သခင့်ကို ကျေးဇူးတင်တယ်။ ငါတို့ တောင်ကုန်းတွေပေါ်ကိုတက်ပြီး ကောင်းကင်ပေါ်ကို နောက်ထပ် ငေးကြည့်ဖို့ မလိုတော့ဘူး …” ဟု ပြောလိုက်ကြလေသည်။

အမှာစကား ချန်ခဲ့မည်