စာရင်း

သခင် ပြန်လာမည့်အချိန်ကို ကျွန်ုပ်တို့ မည်သို့ သိရှိနိုင်သနည်း

အချို့သော ညီအစ်ကိုမောင်နှမများက “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။” ဆိုသည့် ဤသမ္မာကျမ်းစာပိုဒ်ကို အခြေခံပြီး သခင် တကယ် ပြန်ကြွလာသည့်အချိန်တွင်၊ မည်သူမျှ သိမည် မဟုတ်ဟု ယုံကြည်ကြသည်။ ဤအကြောင်းကြောင့် ၎င်းတို့ထဲမှ မည်သူကမျှ သခင်၏ပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သတင်း ဖြန့်ဝေနေသည့် လူများထံမှ ပြောဆိုချက်များကို ယုံကြည်လက်ခံခြင်း သို့မဟုတ် စဉ်းစားဆင်ခြင်ခြင်း တစ်စက်မျှ မရှိကြခြင်း ဖြစ်ပါသည်။ ဤသည်မှာ တကယ် မှန်ကန်သည့် နားလည်မှုတစ်ခု ဟုတ်ပါသလား၊ မဟုတ်ဘူးလား။ ယင်းသည် သခင်၏ အလိုတော်နှင့် ကိုက်ညီပါသလား။ တစ်ချိန်က သခင်ယေရှုက ပရောဖက်ပြုခဲ့သည်၊ “သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင် လုလင်သည် လာပြီ။ ခရီးဦး ကြိုပြုခြင်းငှာ ထွက်သွား ကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ကြည့်ရှုလော့၊ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) နောက်ဆုံးသောကာလတွင် သခင်ပြန်ကြွလာ ပြီးနောက်တွင်၊ သူ၏နှုတ်ကပတ်တော်များဖြင့် ကျွန်မတို့၏ တံခါးများကို ခေါက်လိမ့်မည်ဖြစ်ပြီး၊ “မင်္ဂလာဆောင်လုလင်လာပြီ” ဟူသော လူတစ်ယောက်၏ ကြွေးကြော်သံမှတစ်ဆင့် ကျွန်မတို့အား သူ့ကို ထွက်၍ပင် ကြိုဆိုစေမည်ဟု ဤသမ္မာကျမ်းစာ၏ စာကြောင်းများမှ ကျွန်မတို့ တွေ့မြင်နိုင်ပါသည်။ သခင်၏ ပြန်ကြွလာခြင်း နှင့် ပတ်သက်သည့် သတင်းကို ကျွန်မတို့အား အော်ပြောနေသည့်လူများ ရှိနေသည် နှင့်အညီ၊ ကိုယ်တော် ကြွလာသည့်အချိန်တွင်၊ သူသည် လူများကို ဧကန်မုချ အသိပေးလိမ့်မည်ဟု ဤအရာက ပြနေပါသည်။ သိသာထင်ရှားစွာပင် “ထိုအချိန်နာရီကိုကား အဘယ်သူမျှ မသိ။” ဟူသောကျမ်းပိုဒ်ကို သခင်၏ ကြွလာခြင်း ဖြစ်ပေါ်ပြီးနောက် မည်သူမျှ မသိကြသည်ကို ဆိုခြင်းဖြစ်သည်ဟု နားလည်ပါက လုံးလုံး မှားယွင်းလေသည်။

သို့ဆိုလျှင် သမ္မာကျမ်းစာ၏ ဤကျမ်းပိုဒ်ကို ကျွန်မတို့ မည်သို့ အတိအကျ အဓိပ္ပာယ် ကောက်ယူ သင့်သနည်း။ ဤကျမ်းပိုဒ်များကို ကျွန်မတို့ အတူတကွ ချိတ်ဆက်နိုင်ပါသည်။ “သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတခုကိုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက် အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလ နီးသည်ကို သင်တို့သိကြ၏။ ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သော လူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။ ကောင်းကင်နှင့် မြေကြီးမတည် သော်လည်း ငါ့စကားတည်လိမ့်မည်။ ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော် တပါးတည်းသာ သိတော်မူ၏။(ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၃၂-၃၆)ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်မဿဲ ခရစ်ဝင် ၂၄:၄၄) ပြီးလျှင် ဗျာဒိတ်ကျမ်း ၃:၃ က ပြောထားသည်၊ “စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။” ကျွန်မတို့ကို ပြောဖို့ သခင်၏ ပြန်ကြွ လာခြင်းနှင့် ပတ်သက်သည့် နိမိတ်များကို ဤကျမ်းပိုဒ်များက အသုံးပြုထားသည်။ ထိုကျမ်းပိုဒ်များတွင် “လူသားကြွလာလိမ့်မည်” နှင့် “သူခိုးကဲ့သို့” တို့ကို ဖော်ပြထားသည်။ “လူသား” သည် လူ့ဇာတိခံ ဘုရားသခင်ကို အမှန်တကယ် ညွှန်းဆိုထား လေသည်။ ဝိညာဉ်ခန္ဓာကို လူသားဟု ခေါ်ဆို၍ မရနိုင်ပါ။ သခင်ယေရှုကဲ့သို့-လူ့ဇာတိကို ယူခြုံထားသည့် ဘုရားသခင်၏ ဝိညာဉ်တော်၊ လက်တွေ့ကျသည့် အမှုပြုဖို့ လူတို့အကြားကြွလာသည့်၊ သာမန်လူ့သဘာဝကို ပိုင်ဆိုင်သည့်- လူတစ်ယောက်ကိုသာ လူသားဟု ခေါ်ဆိုနိုင်ပါသည်။ “သူခိုးကဲ့သို့” ဆိုသည်မှာ ခိုးကြောင်ခိုးဝှက်နှင့် တိတ်တဆိတ် လာခြင်းကို ဆိုလိုသည်။ သခင်၏ ပြန်ကြွလာခြင်းသည် လူသား အနေဖြင့် ဇာတိပကတိ၌ တိတ်တဆိတ် ဆင်းသက် လာခြင်း ပါဝင်သည်ကို ဤအရာမှ ထင်ရှားမြင်သာ ပါသည်။ ကိုယ်တော်သည် တိတ်တဆိတ် ဆင်းသက် လာသည်ကို ထောက်၍၊ လူ့ဇာတိခံအဖြစ် ဘုရားသခင် ပေါ်ထွန်းမည့် နေ့ရက်နှင့် အချိန်နာရီကို အားလုံး မသိသောကြောင့်၊ ကျွန်မတို့က ကိုယ်တော့်ကို အလွယ်တကူ သတိမူမိမည် မဟုတ်ပေ။ ယင်းက “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။” သည် သခင်၏ ပြန်ကြွလာခြင်း အချိန် အတိအကျကို မည်သူမျှ မသိဟု ဆိုလိုခြင်း ဖြစ်ပါသည်။ သို့သော် ကိုယ်တော်က စကားပြောဖို့နှင့် အမှုပြုဖို့ ကြွလာပြီးနောက်၊ ၎င်းကို သိသည့်လူအချို့ ရှိကိုရှိပေလိမ့်မည်၊ ပြီးလျှင် ဤအချိန်သည် ကျွန်မတို့ နိုးထသင့်သည့် အချိန်ဖြစ်သည်။ လူများက သခင်၏ ပြန်ကြွလာခြင်း ဧဝံဂေလိကို ဖြန့်ဝေသည်ဟု ကျွန်မတို့ ကြားသည့်အချိန်တွင်၊ ကျွန်မတို့ ရှာဖွေပြီး စုံစမ်းမေးမြန်း သင့်သည်၊ သို့မှသာလျှင် ကျွန်မတို့သည် သခင်ကို ကြိုဆိုနိုင်ပြီး၊ သူနှင့်အတူတကွ စားသောက်နိုင်မည် ဖြစ်သည်။ သို့သော် ယခုအခါတွင် ကျွန်မတို့က မနိုးထရုံမျှမက၊ သခင်၏ ပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သတင်းများကို အခြားသူများက ဖြန့်ဝေနေသည်ကို ကျွန်မတို့ ကြားသည့်အချိန်တွင်လည်း ရှာဖွေဖို့ သို့မဟုတ် စုံစမ်းမေးမြန်းဖို့ ကျွန်မတို့ မသွားခဲ့ပါ။ ဤနည်းအားဖြင့် ကျွန်မတို့သည် သခင်၏ အလိုတော်ကို နားလည်မှုလွဲနေပြီ မဟုတ်ပါလား။ ဘုရားသခင်၏ နှုတ်ကပတ်တော် နောက်ထပ်ကျမ်းပိုဒ် အနည်းငယ်ကို ဖတ်ရှုကြပါစို့၊ ပြီးလျှင် သမ္မာကျမ်းစာ ဤကျမ်းပိုဒ်များကို နားလည်မှုတစ်ခု ကျွန်မတို့ ရရှိလိမ့်မည်။

အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောထားသည်၊ “မိုးလင်းသည့်အခါ၊ လူသားမျိုးနွယ် အမြောက်အမြားက သတိမထားလိုက်မိဘဲနှင့်၊ ဘုရားသခင်သည် မြေကြီးပေါ်သို့ ကြွလာခဲ့ပြီး၊ လူ့ဇာတိ၌ သူ၏ဘဝကို စတင်ခဲ့၏။ လူတို့သည် ဤအခိုက်အတန့် ရောက်လာခြင်းကို မသိခဲ့ပေ။ ၎င်းတို့အားလုံး အိပ်မောကျကောင်း အိပ်မောကျနေနိုင်သည်။ ဂရုစိုက်လျက် နိုးနေသောသူ အများအပြား စောင့်ခဲ့ကောင်း စောင့်ခဲ့နေနိုင်ပြီး၊ များစွာသောသူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို တိတ်ဆိတ်စွာ ဆုတောင်းခဲ့ကောင်း ဆုတောင်းနေနိုင်သည်။ သို့ရာတွင် ဤလူများအားလုံးထဲတွင် တစ်ဦးတစ်ယောက်ကမျှ ဘုရားသခင် ကမ္ဘာမြေကြီးပေါ်သို့ ရောက်ရှိနှင့်ပြီးဖြစ်သည်ကို မသိခဲ့ကြချေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၄)”)အစတွင်၊ ယေရှုသည် သူ၏အမှုတော်ကို တရားဝင် မလုပ်ဆောင် သေးမီတွင်၊ သူ၏နောက်သို့လိုက်သော တပည့်တော်များကဲ့သို့ပင် သူသည်လည်း တစ်ခါတစ်ရံ ဗိမာန်တော်ထဲတွင် အစည်းအဝေးများ တက်ရောက်ခဲ့သည်၊ ဓမ္မတေးများ သီဆိုခဲ့သည်၊ ချီးမွမ်းခြင်းများ ပေးကာ ဓမ္မဟောင်းကျမ်းကို ဖတ်ရှုခဲ့ပေသည်။ သူသည် ဗတ္တိဇံခံယူကာ ထလာပြီးနောက်တွင် ဝိညာဉ်တော်သည် သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် သူတာဝန်ယူရမည့် အမှုတော်ကို ထုတ်ဖော်ပြရင်း၊ သူ့အပေါ်တွင် တရားဝင် ဆင်းသက်ခဲ့ကာ စတင်အလုပ်လုပ်ခဲ့သည်။ ဤမတိုင်မီတွင်၊ မာရိမှလွဲ၍ မည်သူကမျှ သူ၏ကိုယ်ပိုင်လက္ခဏာကို မသိခဲ့ကြသကဲ့သို့၊ ယောဟန်ပင်လျှင် မသိခဲ့ပေ။ ဗတ္တိဇံခံယူသည့်အချိန်တွင် ယေရှုသည် အသက် ၂၉ နှစ် ရှိခဲ့သည်။ ဗတ္တိဇံခံယူခြင်း ပြီးဆုံးသည့်နောက်တွင်၊ ကောင်းကင်သည် ဖွင့်လှစ်ပြီး၊ အသံတစ်ခုက ပြောသည်မှာ “ဤသူကား ငါနှစ်သက် မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း။” ဟူ၍ ဖြစ်သည်။ ယေရှုသည် ဗတ္တိဇံခံယူပြီးသည်နှင့်တစ်ပြိုင်နက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤနည်းဖြင့် သူ့ကို စတင် သက်သေခံခဲ့သည်။ အသက် ၂၉ နှစ်၌ ဗတ္တိဇံမခံမီတွင်၊ သူသည် စားရမည့် အချိန်တွင် စားရင်း၊ ပုံမှန် အိပ်ရင်းနှင့် ဝတ်စားဆင်ယင်ရင်း၊ ပုံမှန်လူတစ်ဦး၏ အသက်တာကို အသက်ရှင်နေထိုင်ခဲ့ပြီး၊ သူနှင့် ပတ်သက်သည့် မည်သည့်အရာမျှ အခြားသူများနှင့် ကွဲပြားခြားနားခြင်းမရှိခဲ့ပေ၊ မှန်ပေသည်၊ ယင်းမှာ လူ၏ ဇာတိဆန်သော အမြင်တွင်သာ ဖြစ်သည်။...သူသည် ဤအမှုကို ဗတ္တိဇံမခံယူမီတွင် မလုပ်ဆောင်ခဲ့သောကြောင့်၊ သမ္မာကျမ်းစာသည် ဗတ္တိဇံမခံယူမီ သူလုပ်ဆောင်ခဲ့သော အရာကို မှတ်တမ်းတင် ထားခြင်းမရှိပေ။ သူသည် ပုံမှန်လူတစ်ဦးမျှသာဖြစ်ပြီး ပုံမှန်လူ တစ်ဦးကို ကိုယ်စားပြုပေသည်။ ယေရှုသည် သူ၏ အမှုတော်ကို စတင်မဆောင်ရွက်မီတွင်၊ သူသည် ပုံမှန်လူများနှင့် ကွာခြားခြင်းမရှိခဲ့သကဲ့သို့၊ အခြားသူများသည် သူ့အထဲတွင် ကွဲပြားခြားနားချက် မတွေ့နိုင်ခဲ့ကြပေ။ သူသည် ဘုရားသခင်၏ အမှု အဆင့်တစ်ခုကို ပြည့်စုံစေဖို့ လာခဲ့ပြီးဖြစ်သည်ကို ယေရှု သိခဲ့သည်မှာ သူအသက် ၂၉ နှစ် ပြည့်ပြီး နောက်မှသာ ဖြစ်သည်။ ယခင် ဘုရားသခင်လုပ်ဆောင်သော အမှုသည် သဘာဝလွန် မဟုတ်သည့်အတွက် ဤအရာကို သူကိုယ်တိုင် မသိခဲ့ပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍”)

ဘုရားသခင်သည် လူ့ဇာတိခံအနေဖြင့် ကမ္ဘာ လောကသို့ ဆင်းသက်လာသည့်အချိန်တွင် မည်သူမျှ မသိ၊ လူသားပင် မသိဟု အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျွန်မတို့ တွေ့ရပါသည်။ ကောင်းကင်ရှိ ဝိညာဉ်တော်သာလျှင် ဤအရာကို သိလေသည်။ သို့သော် ဘုရားသခင်က သူ၏အမှုတော်ကို စတင်ဆောင်ရွက်သည့်အချိန်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်က လူ့ဇာတိခံဘုရားသခင်၏ အမှုတော်ကို သက်သေခံပြီး၊ ဧဝံဂေလိ ဖြန့်ဝေဖို့ ဘုရားသခင်၏ နောက်လိုက်များကို အသုံးပြုလေသည်။ ထို့နောက်တွင် လူများက ယင်းကို တဖြည်းဖြည်းချင်း သိလာကြသည်။ ယင်းမှာ ကနဦးအစကဲ့သို့ပင်၊ ယေဟောဝါဘုရားသခင်က မေရှိယ၏ ကြွလာခြင်းကို ဟောကိန်းထုတ်ဖို့ ပရောဖက် တစ်ယောက်ကို အသုံးပြုခဲ့သော်လည်း၊ မေရှိယ ကြွရောက်မည့် အချိန် သို့မဟုတ် နေရာကိုမူ ယေဟောဝါ ဘုရားသခင်သာ သိရှိလေသည်။ သခင်ယေရှုက အမှုပြုဖို့ ဇာတိပကတိဖြင့် ပြန်ကြွလာသည့်အချိန်တွင်၊ သူသည် မေရှိယဖြစ်ကြောင်းနှင့် ရွေးနှုတ်ခြင်းအမှုတော်ကို ပြုဖို့ ကြွလာခဲ့ခြင်းဖြစ်ကြောင်းတို့ကို အစတွင် ကိုယ်တော်တိုင်ပင် မသိခဲ့ပေ။ ကိုယ်တော်သည် သာမန်လူသားတစ်ယောက်ကဲ့သို့ ရိုးရိုးအသက်တာတစ်ခုတွင် အသက်ရှင်သန်ခဲ့လေသည်။ သခင်ယေရှုသည် ခရစ်တော်ဖြစ်သည်၊ လူ့ဇာတိခံ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်ကို အခြားလူများက မသိခဲ့ကြပေ။ သခင်ယေရှု ဗိတ္တိဇံခံယူပြီးနောက်၊ သန့်ရှင်းသောဝိညာဉ်တော်က သူ့ကို စတင် သက်သေခံပြီး သခင်ယေရှုသည် ဘုရားသခင်၏ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြသပြီး၊ ဖျားနာသူကို အနာငြိမ်းစေကာ၊ မကောင်းဆိုးဝါးများကို မောင်းထုတ်လျက် လူတို့ နောင်တရခြင်းအတွက် လမ်းခရီးကို စတင်ဖော်ပြ လေသည်။ လူအချို့က သခင်ယေရှုသည် မေရှိယ ဖြစ်သည်ကို တဖြည်းဖြည်းချင်း သတိပြုမိလာသည်။ ထို့နောက်တွင် ပေတရုနှင့် ယောဟန်တို့ကဲ့သို့ သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုတော်ကို ပထမဦးစွာ လက်ခံခဲ့သူများက သခင်၏ ဧဝံဂေလိကို ဖြန့်ဝေလျက်၊ နေရာအနှံ့ စတင်ခရီးနှင်လေသည်။ ထိုသို့ဖြင့် သခင်၏ ကယ်တင်ခြင်းကို လူများ ပို၍ ပို၍ သိလာကြသည်၊ ပြီးလျှင် ဤအရာကို ယနေ့တိုင် ခေတ်များတစ်လျှောက် လက်ဆင့်ကမ်းခဲ့ကြသည်။ ယခုအခါတွင် ကမ္ဘာ၏ နေရာတိုင်းတွင် ယုံကြည်သူများ ရှိနေပြီဖြစ်သည်။

သခင်ယေရှုက နောက်ဆုံးသောကာလအတွက် ဤဟောကိန်းများကိုလည်း ထုတ်ခဲ့လေသည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြော မည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအား အပြစ် စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ပြီးလျှင် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည်။ “ကိုယ်တော်၏ သမ္မာတရား အားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။(ရှင်ယောဟန် ခရစ်ဝင် ၁၇:၁၇)ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရု သြဝါဒစာပဌမစောင် ၄:၁၇) သခင် ပြန်ကြွ လာသည့်အချိန်တွင်၊ ကျေးဇူးတော်ခေတ်ကထက် ပို၍ များပြားပြီး၊ မြင့်မားသော သမ္မာတရားများကို ကျွန်မတို့၏ ဝိညာဉ်အသက်တာနှင့်အညီ သူ ဖော်ပြလေသည်။ အပြစ်၏ အချုပ်အနှောင်များမှ ကျွန်မတို့ လွတ်မြောက် နိုင်ပြီး၊ ထိုသို့ဖြင့် သန့်စင်ခံရနိုင်ပြီး ပြောင်းလဲနိုင်ဖို့အလို့ငှာ ကိုယ်တော်သည် သူ၏နှုတ်ကပတ်တော်များဖြင့် ကျွန်မတို့ကို တရားစီရင်ပြီး သန့်စင်ပေးသည်။ ထို့ကြောင့် နောက်ဆုံးသောကာလတွင် ပေါ်ထွန်းဖို့နှင့် အမှုပြုဖို့ သခင်ပြန်ကြွလာသည့်အချိန်တွင် ဘုရားသခင်၏ အသံတော်ကို ကြားပြီး၊ သူ၏အမှုတော်ကို လက်ခံသည့်သူ အချို့ ဧကန်မုချရှိပြီး၊ ထို့နောက်တွင် သခင်၏ ပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သတင်းကောင်းကို ဖြန့်ဝေဖို့ မြေကြီးလေးမျက်နှာတို့သို့ ခရီးနှင်ကြလေသည်။ ဤသည်မှာ ကျွန်မတို့ ပထမဆုံး သခင့်ကို ယုံကြည်မှု ရှိသည့်အချိန်နှင့် တစ်ထေရာတည်း ဖြစ်သည်။ အခြားသူများက ကားစင်တင်ခြင်း၏ ဧဝံဂေလိကို ဖြန့်ဝေ သည်ကို ကြားပြီးနောက်မှသာ ကျွန်မတို့ လက်ခံ ခဲ့ကြသည်။ သမ္မာကျမ်းစာတွင် ရေးထားသည့်အတိုင်းပင် ဖြစ်ပါသည်၊ “သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။” (ရောမသြဝါဒစာ ၁၀:၁၇)

ထို့ကြောင့် သခင်၏ ပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သတင်းကို ကျွန်မတို့ ကြားသည့်အချိန်တွင်၊ ထိုသတင်းကို ကျွန်မတို့ လုံးလုံး မျက်စိစုံမှိတ် ငြင်းပယ်၍ မဖြစ်ပါ။ ကျွန်မတို့သည် သဘောထားကြီးစွာဖြင့် ရှာဖွေသင့်သည်၊ သခင် ပြန်ကြွလာပြီးကတည်းက မည်သည့်အမှုကိုပြုကြောင်း နှင့် မည်သည့် နှုတ်ကပတ်တော်များ မိန့်မြွက်ကြောင်း တို့ကို ဧဝံဂေလိ ဖြန့်ဝေနေသူများကို မေးသင့်သည်။ ၎င်းတို့၏ သက်သေခံချက်များသည် သခင်၏ ပရောဖက် ပြုခြင်းများဖြင့် ကိုက်ညီပါက၊ ဤသည်မှာ ကိုယ်တော်သည် ပေါ်ထွန်းဖို့နှင့် အမှုပြုဖို့ အမှန်တကယ် ပြန်ကြွလာသည်ဆိုသည့် သက်သေ ဖြစ်ပြီး၊ လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်းတို့အားဖြင့် ကျွန်မတို့သည် သခင့်ကို ကြိုဆိုလိမ့်မည် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဤအကြောင်းကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ ‘ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။’ ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ် တစ်ခေတ်ကို အစပြုခဲ့၏”)

ကမ္ဘာတစ်ခုလုံးအနှံ့တွင်၊ သခင် ပြန်ကြွလာပြီ ဖြစ်သည်ကို လူပုံအလယ်တွင် သက်သေခံသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သာ ရှိပါသည်။-ယင်းမှာ ထိုနောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြပြီး၊ လူများကို တရားစီရင်ခြင်း နှင့် သန့်စင်ခြင်း အမှုတော်ကို ပြုပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်မြွက်ချက်များ၏ အများစုကို နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲတွင် မှတ်တမ်းတင် ထားသည်။ ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရား၏ ရှုထောင့်အားလုံးကို ရှင်းပြခဲ့ပြီးဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ လူ့ဇာတိခံခြင်းများနှင့် ပတ်သက်သည့် နက်နဲမှုများ၊ သမ္မာကျမ်းစာ၏ အတွင်းကျသော သမ္မာတရားများ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်၊ ကိုယ်တော်၏ အမှုတော်နှင့် လူသား၏ အလုပ်တို့အကြား ကွာခြားချက်အပြင်၊ ဘုရားသခင်က လူများကို တရားစီရင်ပြီး သန့်စင်သည့် နည်းလမ်း၊ လူများက ဘုရားသခင်ကို သိသင့်သည့်ပုံ၊ ဘုရားသခင်က လူတိုင်းအတွက် အဆုံးသတ်နှင့် ပန်းတိုင်ကို မည်သို့ဆုံးဖြတ်ပုံ စသည်တို့ကို အလွယ်တကူ ပြောပြ ထားသည်။ ဤသမ္မာတရားများအားလုံးသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုတော်နှင့် ဆက်နွှယ် နေသည်။ ၎င်းတို့အားလုံးသည် ကျွန်မတို့အတွက် ကယ်တင်ခြင်းလမ်းကြောင်းကို သိသာထင်ရှားစွာ ညွှန်ပြနေသည့် နက်နဲမှုများဖြစ်သည်။ ဤအရာသည် သန့်ရှင်းသော ဝိညာဉ်တော်က အသင်းတော်များသို့ မိန့်တော်မူသည့်အရာ အမှန်တကယ် ဟုတ်မဟုတ်နှင့်၊ ယင်းမှာ နောက်ဆုံးသောကာလ၏ ဘုရားသခင်သည် သူ၏ အိမ်တော်မှ စတင်သည့် သူ၏တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်နေခြင်း ဟုတ်မဟုတ်ကို တွေ့ဖို့ ကျွန်မတို့ ကြိုးစားအားထုတ်သင့်သည်။ ဤအရာမှာ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အမှန်တကယ်ပင် ပြန်ကြွလာသည့် သခင်ယေရှု ဟုတ်မဟုတ်ကို ကျွန်မတို့ အတည်ပြုနိုင်သည့်နည်းလမ်း ဖြစ်သည်။ ကျွန်မတို့သည် ရှာဖွေဖို့ ပြင်းပြသောဆန္ဒရှိသမျှ ကာလပတ်လုံး၊ သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ ကျွန်မတို့ကို ဘုရားသခင်က ဦးဆောင်လမ်းပြလိမ့်မည်ဟု ကျွန်မ ယုံကြည်ပါသည်။ ဤသည်မှာ သခင်ယေရှုက “စိတ်နှလုံးနှိမ့်ချသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင် နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။(ရှင်မဿဲ ခရစ်ဝင် ၅:၃) ဟု မိန့်တော်မူခဲ့သောကြောင့်ပင် ဖြစ်သည်။

ပိုမိုလေးနက်စွာဖတ်ရှုရန် --

Myanmar Song With Lyrics (ဘုရားသခင်၏ခြေရာတော်များအားမည်ကဲ့သို့ရှာရမည် နည်း)

Myanmar Christian Crosstalk 2020 (ပညာရှိသတို့သမီးတွေဆိုတာ ဘယ်သူတွေလဲ)

သခင်၏ ကြွလာခြင်းနှင့် ပတ်သက်သည့် ပရောဖက်ပြုခြင်းများသည် ပြည့်စုံပြီဖြစ်သည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီး၊ သခင့်ကို ကြိုဆိုနည်း

အမှာစကား ချန်ခဲ့မည်