စာရင်း

၂၀၂၂ ခုနှစ်တွင် သမ္မာကျမ်းစာပါ သွေးရောင်လွှမ်းသောလ ပေါ်ထွက်လာသည်- ယေဟောဝါ၏ ကြီးမား၍ ကြောက်မက်ဖွယ်ဖြစ်သောနေ့ ရောက်လာမည်

နောက်ဆုံးသောကာလ၏ နိမိတ်လက္ခဏာ- ပန်းသွေးရောင်လကို မေလ ၁၆ ရက်နေ့တွင် တွေ့မြင်ရမည်

သက်ဆိုင်ရာ ပညာရှင်များက ခန့်မှန်းထားသည့်အတိုင်း ပန်းသွေးရောင်လကြတ်ခြင်းကို ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ကောင်းကင်၌ တွေ့မြင်ရမည် ဖြစ်သည်။ လွန်ခဲ့သော နှစ်များအတွင်းတွင် သွေးရောင်လွှမ်းသောလ၏ မကြာခဏပေါ်ထွက်လာမှုကြောင့် ကျမ်းစာပညာရှင်များစွာ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ အကြောင်းမှာ သွေးရောင်လွှမ်းသောလ သည် သမ္မာကျမ်းစာ၏ ဗျာဒိတ်ကျမ်းထဲတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနေ့ရက်ကို ညွှန်ပြနေခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် ကြီးမားသောအဖြစ်အပျက်များလည်း ဖြစ်ပေါ်လာမည်။

သမိုင်းကို တစ်ကျော့ပြန်လိုက်ပါက သွေးလ ဖြစ်ပေါ်သောအချိန်တိုင်းတွင် ကြီးမားသော အဖြစ်အပျက်များ ဖြစ်ပေါ်လေ့ရှိသည်ကို အံ့သြဖွယ် မြင်တွေ့ ရသည်။

၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် လအပြည့်ကြတ်ခြင်း၊ သွေးလ ဖြစ်ပေါ်ခဲ့သည်။ ထို့နှစ်တွင် ဟောင်ကောင်၌ ပြင်းထန်သော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကပ်ရောဂါ SARS ကျရောက်ခဲ့သည်။

၂၀၁၄ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ တွင် လကြတ်ခြင်း (သွေးလ) ပြန်လည် ဖြစ်ပေါ်ခဲ့သည်။ ယင်းလကြတ်ခြင်းသည် ရှားပါးသော နက္ခတ္တဗေဒဆိုင်ရာဖြစ်စဉ် တစ်ခုဖြစ်သည့် အစဥ်လိုက် လေးကြိမ်ဆက်တိုက် ဖြစ်သော လကြတ်ခြင်း အနက် ပထမတစ်ကြိမ် လကြတ်ခြင်း ဖြစ်သည်။ ယင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ အတွင်း စတုတ္ထကြိမ်မြောက် လကြတ်ခြင်းလည်း ဖြစ်သည်။ သွေးလဖြစ်ပေါ်ခြင်း နှင့်အတူ ၁၆ ရက်နေ့တွင် တောင်ကိုးရီးယား၌ သင်္ဘောပျက်ကျ၍ လူပေါင်း ၃၀၀ကျော် သေဆုံးခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညတွင် ထိုင်ပေမြို့ရှိ လူများသည် မိုးကောင်းကင်၌ သွေးလကို မြင်တွေ့ခဲ့သည်။ ၃ရက် အကြာ ဧပြီလ ၂ ရက်နေ့တွင် ထိုင်ဝမ် မီးရထားအုပ်ချုပ်ရေးအဖွဲ့မှ စီမံထားသော တာရိုကို အေစပရပ်ရထားသည် လမ်းချော်မှု ဖြစ်၍ အပြင်းအထန်သေဆုံးမှုနှင့် ဒဏ်ရာရမှုကို ဖြစ်စေခဲ့သည်။ ယင်းသည် နိုင်ငံတကာကို ထိပ်လန့်တုန်လှုပ်စေခဲ့သည်။

သွေးလ ဖြစ်ပေါ်မှုတိုင်း ကြီးမားသော အဖြစ်အပျက်များ ဖြစ်ပေါ်လျက်ရှိ သောကြောင့် လူအများသည် စိုးရိမ်ပူပန် လာကြသည်။ ဤတစ်ကြိမ်၌ မည်သည့် အရာများ ထပ်ဖြစ်လာဦး မည်နည်း။ တစ်ချိန်တည်းတွင် အနာဂတ်၌ ကျွန်ုပ်တို့လူသား၏ ကံကြမ္မာအပေါ် ၎င်းတို့သည် စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေခဲ့သည်။ သို့ဖြစ်လျှင် ခရစ်ယာန် တစ်ယောက် အနေနှင့် ကျွန်ုပ်တို့သည် ဤတစ်ကြိမ်၌ ဖြစ်လာမည့် သွေးလ အပေါ် မည်သို့ ရှုမြင်သင့်သနည်း။

သမ္မာကျမ်းစာ၏ ပရောဖက်ပြုချက်များ ပြည့်စုံခြင်းနှင့်အတူ ယေဟောဝါ၏ ကြောက်မက်ဖွယ်ဖြစ်သော နေ့ရက် ရောက်ရှိလာတော့မည် ဖြစ်သည်။

သမ္မာကျမ်းစာထဲတွင် သွေးလနှင့် ပတ်သက်သော ကျမ်းချက်များရှိသည်ကို ကျွန်ုပ်တို့ အားလုံး သိထားကြသည်။ ယောလ အနာဂတ္တိကျမ်း အခန်းကြီး ၂ အငယ် ၂၉ မှ ၃၁ တွင် ယခုလို ပရောဖက်ပြုထားသည်- “ထိုနေ့ရက်များတွင် အစေခံ ယောက်ျားမိန်းမတို့ အပေါ်သို့လည်း ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်၊ ထို့အပြင် အံ့ဖွယ်ရာများဖြစ်သည့် သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ငါပြမည်။ ယေဟောဝါ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အဖြစ်သို့လည်းကောင်း၊ လသည် သွေးအဖြစ်သို့လည်းကောင်း ပြောင်းလိမ့်မည်။” ထိုနောက် ဗျာဒိတ်ကျမ်း အခန်းကြီး ၆ အငယ် ၁၂ တွင် လည်း ပရေောဖက်ပြုထားသည်မှာ- “ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည်အမွေးဖြင့် ရက်သောအဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။” ပြီးခဲ့သည့် နှစ်များ အတွင်းတွင် သွေးလ မကြာခဏ ပေါ်ပေါက်ခဲ့သည်။ ဥပမာအားဖြင့် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ် အတွင်းတွင် သွေးလ လေးကြိမ်တိုင်တိုင် ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် နှစ်ပေါင်း ၁၅၂ နှစ် အတွင်း ကြုံတောင့်ကြုံခဲ ဖြစ်သော လကြတ်မှုဖြစ်စဉ် “နီပြာစူပါမွန်း” သည် ၂၀၁၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် “စူပါ သွေးနီရောင် ဝံပုလွေလ” အစရှိသည်တို့လည်း ဖြစ်ပေါ်ခဲ့သည်။ ပရောဖက်ပြုဆရာများက သွေးလသည် သမ္မာကျမ်းစာ၏ ပရောဖက်ပြုချက်များကို ပြည့်စုံစေပြီး ယေဟောဝါ၏ ကြောက်မက်ဖွယ်ဖြစ်သော နေ့ရက် နီးကပ်လာပြီ ဟု အခိုင်အမာ ယုံကြည်ကြသည်။ ကမ္ဘာတဝှမ်းရှိ နိုင်ငံများကို ပြန်လည် ကြည့်ရှုခြင်းအားဖြင့် စစ်ပွဲများ၊ ငလျင်များ၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းများ၊ ကပ်ရောဂါများကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်ကို မြင်တွေ့ရသည်။ ကမ္ဘာ့ အခြေအနေသည် စဉ်ဆက်မပြတ် ပြောင်းလဲနေပြီး ရာသီဥတုလည်း ပူနွေးလာသည်။ အထူးသဖြင့် မျှော်လင့်မထားသည့် ကိုပစ်- ၁၉ ကူးစက်မှု ရောဂါသည် ၂၀၂၀ ခုနှစ်မှစ၍ ကမ္ဘာ့တစ်ဝန်းသို့ ပျံ့နှံ့လျက်ရှိသည်။ ယင်းဖြစ်ပျက်မှု မှတစ်ဆင့် ကပ်ဆိုးကြီးသည် လူသားထံ တဖြည်းဖြည်းချင်း နီးကပ်လာပြီဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ သခင်ယေရှု မိန့်ကြားခဲ့သည်မှာ- “သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်းစကားကို၎င်း ကြားရကြလိမ့် မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့။ ထိုအမူအရာများသည်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင်ဖြစ်သတည်း။” ဤဖြစ်ရပ်များသည် သမ္မာကျမ်းစာပါ ပရောဖက်ပြုချက်များသည် ကြာမြင့်စွာ ကတည်းက ပြည့်စုံခဲ့ပြီး သခင် ကြွလာတော်မူသော နေ့ရက် ရောက်ပြီ ဖြစ်ကြောင်း သက်သေပြရန် လုံလောက်ပေသည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်၏ မျက်စိတို့အား ဖွင့်ပြီး ကြည့်လော့၊ ငါ၏ ကြီးမြတ်သောတန်ခိုးကို နေရာတိုင်း၌ သင် မြင်နိုင်သည်။ သင်သည် နေရာတိုင်း၌ ငါ့ကို သေချာနိုင်သည်။ စကြဝဠာ နှင့် မိုးမျက်နှာကြက်သည် ငါ၏ ကြီးမြတ်သော တန်ခိုးကို ပျံ့နှံ့စေနေသည်။ ငါဆိုခဲ့သော နှုတ်ကပတ်တော်တို့သည် ရာသီဥတုပူနွေးမှု၊ ဥတုရာသီ ပြောင်းလဲမှု၊ လူတို့အတွင်း မူမမှန်မှုများ၊ လူမှုဆက်ဆံရေးများ ကစဉ့်ကလျားဖြစ်မှုနှင့် လူတို့၏ နှလုံးသားများအတွင်း လိမ်ညာလှည့်ဖြားမှုများတွင် အမှန်ဖြစ်လာခဲ့ပြီးဖြစ်သည်။ နေသည် ဖြူလာပြီး၊ လသည် နီလာသည်၊ အရာအားလုံးသည် ဟန်ချက်မညီ ဖြစ်နေသည်။ သင်တို့သည် ဤအရာများကို အမှန်ပင် မမြင်သေးသလော။”“ဘေးဒုက္ခမျိုးစုံ တစ်ခုပြီး တစ်ခု ကျရောက်လိမ့်မည်။ တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံး ဘေးဒုက္ခများ ကြုံတွေ့ရလိမ့်မည်— ကပ်ဆိုး၊ ငတ်မွတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် အရပ်ရပ်တို့၌ ဖြစ်လေ၏။ ဤကပ်ဘေးဒုက္ခများသည် တစ်နေရာ၊ နှစ်နေရာ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်သကဲ့သို့ တစ်ရက်၊ နှစ်ရက်အတောအတွင်း ပြီးဆုံး သွားလိမ့်မည်လည်း မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် သာ၍ သာ၍ ကြီးမားသော နယ်ပယ်အနှံ့ တိုးချဲ့လိမ့်မည် ဖြစ်ပြီး၊ သာ၍ သာ၍ ပြင်းထန်လာလိမ့်မည် ဖြစ်သည်။ ဤအချိန်ကာလ အတောအတွင်းတွင်၊ အင်းဆက်ကပ်ဆိုး မျိုးစုံ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး၊ ခပ်သိမ်းသော နေရာတို့၌ လူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။” ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ကပ်ရောဂါများ၏ ကျရောက်ခြင်းသည် ကျမ်းစာတွင် ကြိုဟောထားသည့် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများကို ပြည့်စုံစေကြောင်း ကျွန်ုပ်တို့ တွေ့ရသည်။ ယင်းသည် သခင်ပြန်ကြွလာပြီဖြစ်ကြောင်း သက်သေပြရန် လုံလောက်ပေသည်။ ဘေးအန္တရာယ်၏ ကျရောက်ခြင်းသည် တစ်ဖက်တွင် လူသားတို့ကို သခင် ပြန်ကြွလာပြီ ဖြစ်ကြောင်း သတိပေးရန် ဖြစ်ပြီး အခြားတစ်ဖက်တွင် ဤဆိုးယုတ်သော ခေတ်ကာလကို ပြစ်တင်ဆုံးမခြင်းလည်း ဖြစ်သည်။ ဤအရေးကြီးသော အချိန်တွင် သခင်၏ ပြန်ကြွလာခြင်းကို ကျွန်ုပ်တို့ မည်သို့ ကြိုဆိုသင့် သနည်း။

သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုခြင်းနှင့် ဘေးအန္တရာယ်များကြား၌ ကွယ်ကာမစခြင်း ခံရသည့် နည်းလမ်း

ကျမ်းစာ၌ မှတ်တမ်းတင်ထားသည်မှာ- “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀) “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇) “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုရာ၌ အဓိကမှာ ဘုရားသခင်၏ အသံတော်ကို အာရုံစိုက် နားထောင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ပြန်ကြွလာခြင်းတွင် မိန့်မြွက်ထားသော နှုတ်ကပတ်တော်များမှ ဘုရားသခင်၏ အသံတော်ကို အသိအမှတ်ပြုနိုင်လျှင် ယင်းသည် သိုးသငယ်၏ ခြေရာနောက် အမီလိုက်နိုင်ခြင်း ဖြစ်၍ သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်မည် ဖြစ်သည်။

ယနေ့သည် နောက်ဆုံးသော ကာလ၏ နောက်ဆုံးအချိန် ဖြစ်သည့်အတွက် သခင်ယေရှုသည် ကြာမြင့်စွာ ကတည်းက လူ့ဇာတိ အဖြစ်ခံယူ၍ စာစောင်နှင့် တံဆိတ် ခုနစ်ချက်ကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် သူသည် “အနန္တတန်ခိုးရှင် ဘုရားသခင်” ဟူသော နာမဖြင့် သန်းပေါင်းများစွာသော နှုတ်ကပတ်တော်များကို ဖော်ပြခဲ့၍ အမှုသစ်တစ်ခုကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” ဆိုသည့် စာအုပ်သည် နိုင်ငံတော်ခေတ်၏ သမ္မာကျမ်းစာ ဖြစ်ပြီး ယင်းသည် ကျမ်းစာ အတွင်းရှိ နက်နဲသောအရာ များနှင့် ယခုတွင် ကျွန်ုပ်တို့ နားလည်ရန် နှင့် ဝင်ရောက်ရန် လိုအပ်သော သမ္မာတရားများစွာကို ဖော်ထုတ်ခဲ့သည်။ ထိုနှုတ်ကပတ်တော်များကို လူသားတို့ ရှာဖွေလေ့လာရန် အင်တာနက်ပေါ်တွင် လူသိရှင်ကြား ထုတ်ပြန်ထားသည်။ နိုင်ငံအနှံ့ရှိ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူများနှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တသော လူအပေါင်းတို့သည် ဘုရားသခင်၏ အသံတော်ကို ကြား၍ သခင်၏ တဖန်ပြန်ကြွလာခြင်းကို အသိအမှတ်ပြုနိုင်ခဲ့သည်။ ၎င်းတို့သည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ချီဆောင်ခြင်း ခံရပြီး နိုင်ငံတော်ခေတ်၏ ကြွယ်ဝသော ပွဲတော်၌ ပျော်မွေ့ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့ အနေနှင့် အရေးတကြီး ဦးစားပေးသင့်သည်မှာ သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း ဖြစ်ပြီး ဘုရားသခင်၏ နောက်ဆုံးသောကာလ ကင်တင်ခြင်းကို လက်ခံရန် ဖြစ်သည်။ ထိုမှသာလျှင် ကျွန်ုပ်တို့သည် ဘေးအန္တရာယ်များ၌ ဘုရားသခင်အားဖြင့် ကွယ်ကာမစခြင်းခံရဖို့ အခွင့်အရေးရှိမည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ သုံးပိုဒ်ကို ဖတ်ကြပါစို့။ အကယ်၍ သင်သည် ဘုရားသခင်၏ ပြန်ကြွလာခြင်းကို တောင့်တသော ပညာသတိရှိသော သတိုးသမီးတစ်ယောက်ဖြစ်ပါက ဘုရားသခင်၏ အသံတော်ကို သင် ဧကန်မုချ အသိအမှတ် ပြုနိုင်လိမ့်မည်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရစေသည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်၊ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး မစောင့်နေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ တန်ခိုးကြီးမားသည့် သူ့ကို မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား ငါ မျက်နှာချင်းဆိုင်မည် ဖြစ်ပြီး ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားမည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ လူသားအားလုံးသည် နို့စို့ကလေးငယ်တစ်ဦး ခုလေးတင် မွေးဖွားပြီးသည့်အလား၊ ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ပျော်ရွှင်ကြလေသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏ “သံလွင်တောင်” ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမြော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေဖို့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ်ပြုစေဖို့၊ လူသားတိုင်း ငါ့ကို ယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံဖို့အလို့ငှာ၊ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။

နေ့ရက်တို့သည် အဆုံးသတ်လိမ့်မည်၊ ဤလောကရှိ အရာခပ်သိမ်းတို့သည် တည်ရှိတော့မည် မဟုတ်ဘဲ၊ အရာခပ်သိမ်းတို့သည် အသစ် မွေးဖွားကြလိမ့်မည်။ ဤသည်ကို သတိရလော့။ မမေ့လေနှင့်။ မည်သည့် ယုံမှားသံသယမျှ မရှိနိုင်ပေ။ ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း၊ ငါ့စကားတည်လိမ့်မည်။ ငါ သင်တို့ကို နောက်တစ်ကြိမ် တိုက်တွန်းမည်- အကျိုးမရှိဘဲ မပြေးလေနှင့်။ နိုးထလော့။ နောင်တရလော့။ ကယ်တင်ခြင်းသည် ရောက်လုနီးပြီ။ ငါသည် သင်တို့အလယ်တွင် ပေါ်ထွန်းနှင့်ပြီးဖြစ်ပြီး၊ ငါ၏အသံတော်သည် ပေါ်ထွက်ပြီးဖြစ်သည်။ ငါ၏ အသံတော်သည် သင်တို့ မျက်မှောက်တွင် ပေါ်ထွက်ပြီးဖြစ်သည်၊ ၎င်းသည် နေ့စဉ်နေ့တိုင်း သင်တို့ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး၊ ၎င်းသည် နေ့ရက်အသီးသီးတွင် လန်းဆန်းကာ အသစ်ဖြစ်သည်။ သင်သည် ငါ့ကိုမြင်သည်၊ ငါသည်လည်း သင့်ကို မြင်သည်၊ ငါသည် သင့်အား စဉ်ဆက်မပြတ် ပြောဆိုပြီး၊ သင်နှင့် မျက်နှာချင်းဆိုင် ရှိသည်။ သို့သော်လည်း သင်သည် ငါ့ကို ငြင်းပယ်ပြီး၊ ငါ့ကို မသိပေ။ ငါ့သိုးတို့သည် ငါ့စကားသံကို ကြားနိုင်သည်၊ သို့သော်လည်း သင်တို့သည် တွန့်ဆုတ်ကြသေးသည်။ သင်တို့သည် တွန့်ဆုတ်ကြသည်။ သင်တို့၏ နှလုံးတို့သည် မိုက်လျက်၊ သင်တို့၏မျက်လုံးတို့သည် စာတန်၏ ကွယ်စေခြင်းကို ခံရကြသည်၊ ငါ၏ ဘုန်းကြီးသော မျက်နှာတော်ကို မမြင်နိုင်ပေ၊ သင်တို့သည် သနားဖွယ်ကောင်းလိုက် လေခြင်း။ သနားဖွယ်ကောင်းလိုက်လေခြင်း။

ငါ၏ ပလ္လင်တော်ရှေ့မှ ဝိညာဉ်ခုနှစ်ပါးတို့ကို မြေ၏လေးမျက်နှာသို့ စေလွှတ်ပြီး၊ ငါသည် ငါ၏ တမန်တော်ကို အသင်းတော်များသို့ စကားပြောရန် စေလွှတ်လိမ့်မည်။ ငါသည် ဖြောင့်မတ်ကာ သစ္စာရှိသည်၊ ငါသည် လူ့နှလုံးသား၏ အနက်ရှိုင်းဆုံးသော အစိတ်အပိုင်းများကို စစ်ဆေးသော ဘုရားသခင်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူပြီး၊ ငါ၏ သားတော်အတွင်းမှ ထွက်ပေါ်သည်မှာ ငါ၏ နှုတ်ကပတ်တော်များ ဖြစ်သည်၊ နားရှိသောသူအားလုံး ကြားသင့်သည်။ အသက်ရှင်နေသောသူအားလုံး လက်ခံသင့်သည်။ ၎င်းတို့ကို စားသောက်ခြင်းသာ ပြုလော့၊ သံသယမရှိလေနှင့်။ ငါ၏နှုတ်ကပတ်တော်များကို နာခံ၍ သတိပြုသောသူ အားလုံးတို့သည် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိလိမ့်မည်။ ငါ၏မျက်နှာတော်ကို လေးနက်စွာ ရှာဖွေသော သူအားလုံးတို့သည် အသစ်သောအလင်း၊ အသစ်သော ဉာဏ်အလင်းရခြင်းနှင့် အသစ်သော ထိုးထွင်းသိမြင်စွမ်းသော ဉာဏ်များကို အကယ်စင်စစ် ရရှိလိမ့်မည်၊ အရာခပ်သိမ်းတို့သည် လန်းဆန်းကာ အသစ်ဖြစ်ကြလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များတို့သည် သင့်ထံသို့ အချိန်မရွေး ရောက်ရှိလာလိမ့်မည်ဖြစ်ပြီး၊ သင်သည် ဝိညာဉ်လောက၏ နက်နဲရာများအားလုံးကို မြင်နိုင်ပြီး နိုင်ငံတော်သည် လူတို့အလယ်တွင် ရှိကြောင်း မြင်နိုင်စေရန် ၎င်းတို့သည် သင့်ဝိညာဉ်၏မျက်လုံးကို ပွင့်စေလိမ့်မည်။ ခိုလှုံရာသို့ ဝင်ရောက်လော့၊ ထိုသို့ပြုပါက ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာအပေါင်းတို့သည် သင့်အပေါ်သို့ ကျရောက်လိမ့်မည်။ အစာခေါင်းပါးခြင်းနှင့် အနာရောဂါတို့သည် သင့်ကို ထိခိုက်စေနိုင်လိမ့်မည် မဟုတ်ပေ၊ ပြီးလျှင် ဝံပုလွေများ၊ မြွေများ၊ ကျားများနှင့် ကျားသစ်များတို့သည် သင့်ကို အန္တရာယ်ပြုနိုင်မည် မဟုတ်ပေ။ သင်သည် ငါနှင့်အတူ သွားလိမ့်မည်၊ ငါနှင့်အတူ လျှောက်လှမ်းလိမ့်မည်၊ ပြီးလျှင် ငါနှင့်အတူ ဘုန်းတော်ဝင်စားလိမ့်မည်။

ညီအစ်ကို မောင်နှမတို့ သခင်သည် တံခါးခေါက်နေသည်။ သင်သည် သူ၏ အသံတော်ကို မှတ်မိပါသလား။

အမှာစကား ချန်ခဲ့မည်