စာရင်း

စစ်မှန်သော လမ်းခရီးကို စုံစမ်းမေးမြန်းသည့်အခါတွင် ကြီးစွာသော တားမြစ်ချက်နှစ်ခု

ရှင်းယု၊ စပိန်နိုင်ငံ

ကျွန်ုပ်တို့အားလုံးသည် သခင်၏ ပြန်ကြွလာခြင်းကို တောင့်တလျက်၊ မိုးကောင်းကင်သို့ လည်ဆန့်နေစဉ်တွင်၊ တစ်ကမ္ဘာလုံးတွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် တစ်ခုတည်းသာလျှင် သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်ကြောင်း၊ သူသည် လူ့ဇာတိဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ကြောင်းကို လူသိရှင်ကြား သက်သေခံလေသည်။ ကျွန်ုပ်တို့ အပြစ်၏အချုပ်အနှောင်များမှ လွတ်မြောက်နိုင်ပြီး၊ ဘုရားသခင်၏ ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိနိုင်ဖို့အလို့ငှာ ကိုယ်တော်သည် လူသားမျိုးနွယ်ကို တရားစီရင်ဖို့နှင့် သန့်စင်ဖို့ သမ္မာတရားများအားလုံးကို ဖော်ပြသည်ကို ၎င်းတို့က သက်သေခံကြသည်။ သို့သော် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် တရုတ်ကွန်မြူနစ်ပါတီအစိုးရအပြင်၊ ဘာသာရေးလောက၏ သင်းအုပ်များနှင့် အကြီးအကဲများကပါ ပြစ်တင်ရှုတ်ချခြင်းခံရသည်ကို လူအချို့က တွေ့မြင်သည့်အခါ၊ ၎င်းတို့က ယင်းသည် စစ်မှန်သော လမ်းခရီးမဖြစ်နိုင်ဟု တွေးထင်လျက်၊ ရှာဖွေခြင်း သို့မဟုတ် လေ့လာစုံစမ်းခြင်း မပြုကြတော့ပေ။ ယင်းမှာ မှန်ကန်သည့် အမြင်ရှုထောင့် ဖြစ်ပါသလား။ ကျွန်ုပ်တို့အားလုံး စစ်မှန်သော လမ်းခရီးကို လေ့လာဖော်ထုတ်ခြင်း၌ ကြီးစွာသော တားမြစ်ချက်နှစ်ခုကို မိတ်သဟာယပြုပြီး၊ လေ့လာဖော်ထုတ်တော့မည်ဖြစ်သည်၊ ထိုသို့ပြုလုပ်ခြင်းကြောင့် ကျွန်ုပ်တို့အားလုံး မှန်ကန်သော လမ်းကြောင်းကို ရှာတွေ့နိုင်မည်ဖြစ်သည်။

အမြန်လမ်းညွှန်
တားမြစ်ချက် ၁
တားမြစ်ချက် ၂
စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းခြင်းအတွက် မှန်ကန်သော ချဉ်းကပ်နည်း

တားမြစ်ချက် ၁

လူအချို့က စစ်မှန်သော လမ်းခရီးကို စုံစမ်းစစ်ဆေး သည့်အချိန်တွင်၊ တရုတ်ကွန်မြူနစ်ပါတီ ပြစ်တင်ရှုတ်ချသည့်အရာ မှန်သမျှသည် စစ်မှန်သော လမ်းခရီး သေချာပေါက် မဖြစ်နိုင်ဟု တွေးလျက်၊ အသင်းတော်နှင့် ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ပြောစရာရှိသည့်အရာကို ပထမဦးစွာကြည့်ကြသည်။ ဤသည်မှာ တကယ် မှန်ကန်သည့် အမြင်ရှုထောင့်ဖြစ်ပါသလား။ ကွန်မြူနစ်ပါတီ တည်ထောင်သူ မာ့စ်သည် စာတန်မာရ်နတ် ဝါဒီတစ်ဦးဖြစ်ပြီး၊ ထိုစာတန်မာရ်နတ်ဝါဒသည် ဆိုးယုတ်ကာ၊ ထာဝရဘုရားသခင်ကို ယုံကြည်ခြင်းပုံစံတစ်ခုမကျန်ကို ဆန့်ကျင်ကြောင်း ကျွန်ုပ်တို့အားလုံး သိထားကြသည်။ ကွန်မြူနစ်ပါတီသည် ဘုရားသခင်ကို အထူးသဖြင့် ရန်လိုသည့် ဘာသာမဲ့ မကောင်းဆိုးဝါးတစ်သိုက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ တရုတ်ပြည်သူသမ္မတနိုင်ငံကို တည်ထောင်ပြီး ကတည်းက၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် လူများကို လှည့်စားဖို့နှင့် ဖျက်ဆီးဖို့ ဘုရားမဲ့ဝါဒ၊ ဆင့်ကဲဖြစ်စဉ်တို့နှင့် သက်ဆိုင်သည့်အကြံဉာဏ်များကို အမြဲမပြတ် ဖြန့်ဖြူးလျက်၊ တရုတ်ပြည်ကို ဘုရားမဲ့ဝါဒ၏ နယ်မြေတစ်ခုအဖြစ် တည်ထောင်ရန် အစွမ်းကုန်ဆောင်ရွက်ပြီးဖြစ်လေသည်။ ယင်းက ကတ်သလစ်ဝါဒ နှင့် ပရိုတက်စတင့်ဝါဒတို့ကိုလည်း အစွန်းရောက်ဝါဒများအဖြစ် လည်းကောင်း၊ သမ္မာကျမ်းစာကို အစွန်းရောက်ဝါဒဆိုင်ရာ စာပေအဖြစ်လည်းကောင်း သတ်မှတ်ပြီး၊ ဘာသာတရား ယုံကြည်သက်ဝင်မှုများအားလုံးကို ဖယ်ရှားပစ်ဖို့ ထင်ယောင်ထင်မှား မျှော်လင့်လျက်၊ ခရစ်ယာန်များကို အရူးအမူး လိုက်ဖမ်းပြီး ညှဉ်းပန်းနှိပ်စက်သည်။ ၎င်းသည် ဘုရားသခင်အတွက် လူသိရှင်ကြား ရန်သူတော် တစ်ပါး ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးနှင့် သမ္မာတရားကို အမုန်းဆုံး ဆိုးယုတ်သော အစိုးရဖြစ်လေသည်။ ၎င်းသည် သည် စစ်မှန်သော လမ်းခရီးကို မည်သို့သိနိုင်မည်နည်း။ ၎င်းသည် ယုံကြည်မှုနှင့် သက်ဆိုင်သည့် အရေးကိစ္စများကို ချိန်ဆဖို့ရာ လုံးလုံး အရည်အချင်းမပြည့်မီဘဲ၊ အထူးသဖြင့် မည်သူ့အုပ်စု သို့မဟုတ် အသင်းတော် ယုံကြည်မှုကိုမျှ ပြစ်တင်ရှုတ်ချဖို့ ၎င်းသည် အရည်အချင်း မပြည့်မီပေ။ 

အကြိမ်တစ်သောင်း ရွတ်ဆိုသော မုသားတစ်ခုသည် အမှန်တရားဖြစ်လာ၏” ဆိုသည့် တရုတ်ကွန်မြူနစ်ပါတီ၏ လူသိများသော ဆိုရိုးစကားတစ်ခုရှိသည်။ တရုတ်ကွန်မြူနစ် ပါတီသည် အလိမ်အညာများအားဖြင့် ကြမ်းတမ်းစွာ အာဏာ သိမ်းပိုက်ပြီး၊ အလိမ်အညာများအားဖြင့် ၎င်း၏ အာဏာကို ထိန်းသိမ်းထားသည်။ ၎င်း၏လက်တွင်း၌ မြဲမြံစွာ ချုပ်ကိုင်ထားဖို့ ရေကုန်ရေခန်းကြိုးစားလိမ့်မည်။ ဤအရာကို ဇွန်လ ၄ရက်နေ့ အဖြစ်အပျက်အပြင်၊ ရှင်းဂျန်း နှင့် တိဘက်တို့ရှိ တော်လှန်ရေးများနှင့် သက်ဆိုင်သော တရုတ်ကွန်မြူနစ် ပါတီ၏ ဖိနှိပ်ခြင်းအားဖြင့် သရုပ်ဖော်ပြထားပါသည်။ ပထမဦးစွာ ၎င်းတို့က ပါဝင်ခဲ့သည့်သူများကို အမှုဆင်ပြီး အသရေဖျက်ဖို့ မီဒီယာကို အသုံးပြုသည်၊ ထို့နောက်တွင် ကြမ်းတမ်းသော ဖိနှိပ်ခြင်းကို အသုံးပြုခဲ့သည်။ ဤသည်မှာ ယေဘုယျ နည်းဗျူဟာ ဖြစ်သည်။ ထို့အပြင် တရုတ်ကွန်မြူနစ်အစိုးရသည် ဘာသာရေး လွတ်လပ်ခြင်းအတွက် ခွင့်ပြုကြောင်း ပြင်ပလောကကို အမြဲတမ်း ကြေညာသော်လည်း၊ နောက်ကွယ်တွင်မူ မရေမတွက်နိုင်သော ယုံကြည်သူများကို ထွက်ပြေးနေစေပြီး၊ မိသားစုများကို ပြိုကွဲစေလျက် ခရစ်ယာန်များကို ၎င်းက အရူးအမူး ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်လေသည်။ အချို့သည် သေသည်အထိပင် ညှဉ်းပန်းနှိပ်စက်ခံကြရပြီး ဖြစ်လေသည်။ တရုတ်ကွန်မြူနစ် ပါတီသည် ကမ္ဘာပေါ်မှ လူများအားလုံးကို ဗြောင်ကျကျ လိမ်ညာပြီး အရူးလုပ်သည်။ ထိုကဲ့သို့သော အစိုးရထံမှ သမ္မာတရားနှင့် သက်ဆိုင်သည့် စကားတစ်လုံးတစ်လေမျှ ထွက်လာနိုင်ပါသလား။ ကျွန်ုပ်တို့သည် အသင်းတော်တစ်ခုနှင့် သက်ဆိုင်သည့် ၎င်း၏ ပြစ်တင်ရှုတ်ချခြင်းကို ယုံကြည်၍ ရနိုင်ပါသလား။ ယုံကြည်သူများအနေဖြင့်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ဆိုးယုတ်သော အနှစ်သာရကို ကျွန်ုပ်တို့ မရိပ်စားနိုင်ဘဲ၊ ဘုရားသခင်၏ အမှုတော်နှင့် သက်ဆိုင်သည့် ၎င်း၏ ပြစ်တင်ရှုတ်ချခြင်းကိုသာ မျက်စိစုံမှိတ် ယုံကြည်နေပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် လွဲချော်နိုင်မည် မဟုတ်ပါလား။ ဤအကြောင်းကြောင့် စစ်မှန်သော လမ်းခရီးနှင့် သက်ဆိုင်သည့် ကျွန်ုပ်တို့၏ လေ့လာစုံစမ်းခြင်းအတွက် အကြီးမားဆုံး တားမြစ်ချက်မှာ တရုတ်ကွန်မြူနစ်ပါတီ အစိုးရပြောသည့်အရာကို နားထောင်ခြင်း ဖြစ်လေသည်။ ကျွန်ုပ်တို့ နားထောင်ပါက၊ ၎င်း၏ အလိမ်အညာများ၏ လှည့်ဖျားခြင်းကိုသာ ခံရနိုင်သည်။

တားမြစ်ချက် ၂

စစ်မှန်သော လမ်းခရီးကို ၎င်းတို့၏ လေ့လာစုံစမ်းခြင်းတွင်၊ ယုံကြည်သူများစွာတို့က ဘာသာရေးခေါင်းဆောင်များ ပြစ်တင်ရှုတ်ချသည့်အရာတစ်ခု တစ်လေမျှ စစ်မှန်သော လမ်းခရီးမဖြစ်နိုင်ဟု တွေးထင်လျက်၊ ဘာသာရေးလောကမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ပြောစရာ ရှိသည့်အရာကို နားထောင်ဖို့သာ အရေးတကြီးထားကြသည်။ ယင်းက သမ္မာတရားနှင့် ကိုက်ညီပါသလား။ သခင်ယေရှု ထိုအရာကို တစ်ကြိမ်တစ်ခါမျှ ပြောခဲ့ဖူးပါသလား။ သခင်ယေရှု ပေါ်ထွန်းပြီး အမှုတော်ကို ဆောင်ရွက်ခဲ့သည့်အချိန်က၊ သူသည် ဂျူးဘာသာတရား ခေါင်းဆောင်များ၏ အရူးအမူး ဆန့်ကျင်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရပြီး၊ ၎င်းတို့က သူ့ကို ကားစင်တင်ဖို့အတွက် ရောမအစိုးရနှင့်ပင် ပူးပေါင်းကြံစည် ခဲ့ကြသည်။ သို့ဆိုလျှင် ဂျူးဘာသာရေးလောကက သခင်ယေရှုကို ဆန့်ကျင်ပြီး ပြစ်တင်ရှုတ်ချခဲ့သည့်အတွက်၊ သူသည် စစ်မှန်သော ဘုရားသခင် မဟုတ်ဟုလည်းကောင်း၊ သူ၏ လမ်းခရီးသည် စစ်မှန်သော လမ်းခရီးမဟုတ်ဟုလည်းကောင်း ကျွန်ုပ်တို့ ဆိုနိုင်ပါသလား။ ထိုသို့သော ချဉ်းကပ်နည်းမျိုးအရ၊ ကျွန်ုပ်တို့သည် သခင်ယေရှုကို မည်သို့ ပြစ်တင်မရှုတ်ချဘဲ နေနိုင်သနည်း။ ကျွန်ုပ်တို့သည် သခင်ယေရှု ပေါ်ထွန်းပြီး၊ အမှုတော်ကို ဆောင်ရွက်ခဲ့သည့်ခေတ်တွင် မွေးဖွားခဲ့သည်ဟု ဆိုကြပါစို့- ကျွန်ုပ်တို့သည် သခင်ယေရှုကို အာခံပြီး ပြစ်တင်ရှုတ်ချခြင်းတွင် ၎င်းတို့နှင့်အတူ လိုက်လုပ်ဆောင်လျက်၊ ဖာရိရှဲများကိုသာ ကျွန်ုပ်တို့ နားထောင်မည်လား။ တစ်စုံတစ်ခုသည် စစ်မှန်သော လမ်းခရီး ဟုတ်မဟုတ် ကျွန်ုပ်တို့ ဆင်ခြင်တွေးတောသည့်အခါတွင်၊ ၎င်းတွင် ဘာသာရေးလောကရှိ ခေါင်းဆောင်များ၏ အသိအမှတ်ပြုခံရခြင်း ရှိ မရှိထက်၊ ၎င်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိ မရှိ နှင့် သမ္မာတရားကို ဖော်ပြချက် ရှိမရှိ တို့အရသာ ဆင်ခြင်တွေးတော သင့်သည် မဟုတ်ပါလား။ ယင်းမှာ သမ္မာတရားနှင့် အမှန်တကယ် ကိုက်ညီပါသလား။ ကျွန်ုပ်တို့၏ ယုံကြည်မှုတွင် အရာခပ်သိမ်း၌ အထူးသဖြင့် စစ်မှန်သော လမ်းခရီးကို ကျွန်ုပ်တို့၏ လေ့လာစုံစမ်းခြင်းတွင် လူသားများကိုသာ နားထောင်နေ၍ မရနိုင်ပေ။ သခင်ယေရှု ပေါ်ထွန်းပြီး အမှုတော်ကို ဆောင်ရွက်ခဲ့သည့်အချိန်ကိုသာ တွေးကြည့်ပါ။ ယဇ်ပုရောဟိတ်များနှင့် ဖာရိရှဲများသည် မှားယွင်းသော သက်သေ မခံသင့်ကြောင်းသိခဲ့ကြသော်လည်း၊ ၎င်းတို့သည် သခင်ယေရှုကို အသရေဖျက်ပြီး ပြစ်တင်ရှုတ်ချလျက်၊ သူ့အကြောင်း ကောလာဟလများကို သိသိကြီးနှင့် ဖြန့်ဝေခဲ့သည်။ သူရှင်ပြန်ထမြောက်ပြီးသည့်နောက်တွင်ပင်၊ သခင်ယေရှု သေရာမှ ပြန်လာခဲ့ပြီးဖြစ်သည့်အချက်ကို ဖုံးကွယ်ဖို့ ကောလာဟလများ ဖြန့်ဝေရန် ရောမစစ်သည်တော်များကို ၎င်းတို့က လာဘ်ထိုးခဲ့ကြသည်။ ထို့နောက်တွင် အရပ်သူအရပ်သား ဂျူးလူမျိုးများသည် မည်သည့် ထိုးထွင်းသိမြင်ခြင်းမျှ မရှိခဲ့ဘဲ၊ သခင်ယေရှုကို ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းတို့တွင် ဖာရိရှဲများနောက်သို့လိုက်လျက်၊ ၎င်းတို့၏ ဘာသာရေး ခေါင်းဆောင်များကို အလွနအထင်ကြီးကြကာ၊ ထိုသို့ဖြင့် လှည့်စားခံခဲ့ကြရသောကြောင့် အဆုံးသတ်တွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရသည်မဟုတ်ပါလား။ မည်မျှ သွေးစွန်းလိုက်သည့် သင်ခန်းစာတစ်ခုဖြစ်သနည်း။

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် သခင်ယေရှု ပြန်ကြွလာပြီးဖြစ်သည်ကို ယခု သက်သေခံနေသည်။ ဘာသာရေးလောကမှ ခေါင်းဆောင်များသည် ဤအရာကို မည်သို့ကိုင်တွယ်ဖြေရှင်းကြသနည်း။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ဘုရားသခင်ကို ဆန့်ကျင်သည်ကို သူတို့ ကောင်းစွာ သိထားကြသော်လည်း၊ ၎င်းဘက်မှ သူတို့ ရပ်တည်ကြပြီး၊ အသင်းတော်အကြောင်း တရုတ်ကွန်မြူနစ်ပါတီ အစိုးရ ဖြန့်ဝေသည့် မည်သည့် ကောလာဟလများနှင့် အသရေဖျက်ခြင်းတိုင်းကိုမဆို ယုံကြည်သူများကို သံယောင်လိုက် ပြောစေသည်။ သခင်ယေရှုကလည်း အလွန်ရှင်းလင်းစွာ မိန့်တော်မူထားခဲ့သည်၊ သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင် လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၇) သို့သော် ဘာသာရေးလောကမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် သခင်၏ နှုတ်ကပတ်တော်များနှင့် အညီ စစ်မှန်သော လမ်းခရီးကို ရှာဖွေဖို့ နှင့် လေ့လာစုံစမ်းဖို့တို့ကို ငြင်းပယ်ရုံသာမက၊ ယုံကြည်သူများ စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းခြင်းမှ ပိတ်ပင်ဟန့်တားဖို့ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ကြသည်။ ယင်းမှာ သခင်၏ နှုတ်ကပတ်တော်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းတစ်ခု မဟုတ်ပါလား။ ယင်းမှာ သခင်နှင့် လုံးလုံး ကွဲလွဲနေသည် မဟုတ်ပါလား။

ဘုရားသခင်ထံမှ အရာမှန်သမျှသည် ရှင်သန်ဖို့ကိန်း ရှိသော်လည်း၊ လူထံမှ အရာအားလုံးသည် ညှိုးနွမ်းပြီး ရှုံးနိမ့်ကိန်းရှိသည်ကို ကျွန်ုပ်တို့အားလုံး သိထားကြသည်။ သခင်ယေရှု အမှုတော်ကို ဆောင်ရွက်နေသည့်အချိန်က၊ ဂျူးခေါင်းဆောင်များသည် သူ၏အမှုတော်ကို ပြစ်တင်ရှုတ်ချ ခဲ့သော်လည်း၊ ထိုအမှုတော်ကို စစ်မှန်သော လမ်းခရီးအဖြစ် လူများက ပို၍ ပို၍ လက်ခံခဲ့ကြပြီး၊ အသိအမှတ် ပြုခဲ့သည်နှင့် အညီ ယင်းသည် မြေကြီးလေးမျက်နှာလုံးလုံး ပျံ့နှံ့ဆဲ ဖြစ်လေသည်။ ထိုနည်းတူပင် ယနေ့ခေတ် ဘာသာရေးလောကမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများစွာတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ပြစ်တင်ရှုတ်ချကြသော်လည်း၊ ဆယ်စုနှစ်နှစ်ခု သုံးခု သက်တမ်း တစ်လျှောက်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ ဧဝံဂေလိတရားသည် တရုတ်ပြည်မကြီး တစ်ခုလုံးကို ပျံ့နှံ့ပြီး၊ အလင်း၏နှုန်းဖြင့် ကမ္ဘာဝေးလံ ခေါင်သီသော နေရာများသို့ ယခု တိုးချဲ့နေလေသည်။ ဤအရာမှ ကျွန်ုပ်တို့ ကောက်ချက်ချနိုင်သည်မှာ- စစ်မှန်သော လမ်းခရီးသည် အမြဲတမ်း စစ်မှန်သော လမ်းခရီးဖြစ်ပြီး၊ ဘာသာရေးလောကတစ်ခုလုံး၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရလျှင်ပင်၊ အဆုံးသတ်တွင် လူသားမျိုးနွယ်အားလုံး၏ အသိအမှတ်ပြုခြင်းခံရပြီး၊ လက်ခံခြင်းခံရလိမ့်မည်ဖြစ်သည်။ မည်သူကမျှ ဘုရားသခင်၏ ကိုယ်ပိုင် အမှုတော်ကို မရပ်တန့်နိုင်ပါ။ ဤသည်မှာ ဘုရားသခင်၏ တစ်မူထူးခြားသော သြဇာအာဏာဖြစ်သည်။ ဤအမှန်တရားများကို ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ၊ စစ်မှန်သည့် လမ်းခရီးကို ကျွန်ုပ်တို့ မစစ်ဆေးဘဲ၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ပြောသည့်အရာနောက်ကို မျက်လုံးစုံမှိတ် လိုက်လျှောက်ပါက၊ ယင်းမှာ စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းရာတွင် တားမြစ်ထားသည့် အရာများထဲမှ တစ်ခုဖြစ်ပါသည်။ ထိုချဉ်းကပ်နည်းကြောင့်၊ ဂျူးလူမျိုးအရပ်သူအရပ်သားများ ပြုလုပ်ခဲ့သည့် အမှားမျိုးကို ပြုလုပ်မိဖို့နှင့် သခင်၏ စွန့်ပစ်ခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းတို့ကို ခံရဖို့ အလွန်လွယ်ကူပါသည်။

စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းခြင်းအတွက် မှန်ကန်သော ချဉ်းကပ်နည်း 

ကျွန်ုပ်တို့သည် စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းသည့်အချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရကို နားထောင်၍မရနိုင်ကြောင်းနှင့် ဘာသာရေး ခေါင်းဆောင်များကိုလည်း ကျွန်ုပ်တို့ နားထောင်၍ မရနိုင်ကြောင်းကို ဤမိတ်သဟာယမှ ကျွန်ုပ်တို့ကို ပို၍ယုံကြည်သွားစေနိုင်သည်။ သို့ဆိုလျှင် စစ်မှန်သော လမ်းခရီးကို စုံစမ်းစစ်ဆေးဖို့ သင့်တော်သည့် ချဉ်းကပ်နည်းမှာ အဘယ်နည်း။ သခင်ယေရှု ပြောခဲ့သည်မှာ- ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။” ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းရာတွင် အခြေခံအကျဆုံး၊ အရေးအကြီးဆုံးအရာမှာ ဤလမ်းခရီးတွင် သမ္မာတရား ရှိမရှိ၊ ယင်းတွင် ဘုရားသခင်၏ မိန့်မြွက်ချက်များ ပါ မပါကို တွေ့မြင်ခြင်းဖြစ်သည်။- ဤသည်မှာ အရေးအကြီးဆုံး အခြေခံမူဖြစ်သည်။ သခင်ယေရှု ပေါ်ထွန်းပြီး အမှုတော်ကို ဆောင်ရွက်ခဲ့သည့်အချိန်ကို ကျွန်ုပ်တို့ ပြန်တွေးကြည့်ပါက၊ ပေတရု၊ ယောဟန်နှင့် အခြားတပည့်တော်များသည် ဂျူးယဇ်ပုရောဟိတ်များနှင့် ကျမ်းပြုဆရာများ ပြောသည့်အရာများကိုသာ မျက်စိစုံမှိတ်ပြီး ယုံကြည်ခဲ့ခြင်း မဟုတ်သကဲ့သို့၊ ၎င်းတို့သည် ရောမအစိုးရ၏ ဘောင်ခတ်ခြင်း ကိုလည်း မခံခဲ့ရပေ။ ယင်းအစား ၎င်းတို့သည် သခင်ယေရှု ကိုယ်တော်တိုင် ပြောခဲ့သည့်အရာကို နားထောင်ဖို့ အာရုံစိုက် ခဲ့ပြီး၊ သူ၏ နှုတ်ကပတ်တော်များတွင် သြဇာအာဏာနှင့် တန်ခိုးတို့ ပါဝင်ကြောင်း၊ ထိုနှုတ်ကပတ်တော်များသည် ဘုရားအသံတော်၏ ဖော်ပြချက်တစ်ခုဖြစ်ကြောင်းတို့ကို တွေ့မြင်သည့်အချိန်တွင်၊ ၎င်းတို့သည် သခင်ယေရှုနောက်သို့ လိုက်ခဲ့ပြီး၊ အဆုံးသတ်တွင် သခင်၏ ကယ်တင်ခြင်းကို ရရှိခဲ့ကြလေသည်။ ထို့ကြောင့် လက်ရှိ စစ်မှန်သော လမ်းခရီးကို ကျွန်ုပ်တို့၏ ရှာဖွေခြင်းနှင့် လေ့လာစုံစမ်းခြင်းတို့တွင်၊ ကျွန်ုပ်တို့သည် တရုတ်ကွန်မြူနစ်ပါတီ၏ ကောလာဟလများနှင့် အလိမ်အညာများကို လုံးဝ နားထောင်၍မရနိုင်ပါ၊ ပြီးလျှင် ကျွန်ုပ်တို့သည် အထူးသဖြင့် ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများနောက်ကို မျက်စိစုံမှိတ်ပြီး လိုက်၍မရနိုင်ပါ။ ယင်းအစား ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်း နှင့် ဤလမ်းခရီးသည် သမ္မာတရား၏ ဖော်ပြချက်များ ပါဝင်ခြင်း ရှိမရှိကို လေ့လာဖော်ထုတ်ခြင်းတို့ကို ကျွန်ုပ်တို့ အာရုံစိုက်ရမည် ဖြစ်သည်။ ဤသည်မှာ ပဓာနအကျဆုံး၊ အခြေခံအကျဆုံးအရာ ဖြစ်လေသည်။

ယခုအခါတွင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုတော်၏ အခြေခံအုတ်မြစ်ပေါ်တွင် ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်း အမှုတော်ကို ပြုပြီးဖြစ်သည်။ ကိုယ်တော်သည် လူသားမျိုးနွယ်ကို သန့်စင်ဖို့နှင့် ကယ်တင်ဖို့ သမ္မာတရား အားလုံးကို ဖော်ပြတော်မူပြီဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှစ် ၆၀၀၀ စီမံခန့်ခွဲမှု အစီအစဉ်၊ သူ့အမှုတော် အဆင့်သုံးဆင့်၏ ရည်ရွယ်ချက်၊ သူ၏လူ့ဇာတိခံယူခြင်းများနှင့် သက်ဆိုင်သည့် နက်နဲမှုများ၊ နောက်ဆုံးသောကာလတွင် သူ၏ တရားစီရင်ခြင်း အမှုတော်နှင့် လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ပန်းတိုင် တို့အပါအဝင် အရာခပ်သိမ်းကို ထုတ်ဖော်ပြသည်။ ထို့ထက်ပိုပြီးလျှင်၊ ဘုရားသခင်သည် စာတန်အားဖြင့် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားအပြင်၊ မာနထောင်လွှားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း နှင့် စက်ဆုပ်ဖွယ်ကောင်းခြင်းတို့ကဲ့သို့ ကျွန်ုပ်တို့၏ ဆိုးယုတ်သော စိတ်သဘောထားများအတိုင်း အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် ကျွန်ုပ်တို့၏ ဖော်ပြချက်များတို့ကိုလည်း တစ်ခုပြီးတစ်ခု ထုတ်ဖော်ပြပြီဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် ချစ်ကြောက်ရိုသေခြင်း၊ အပြစ်၏အချုပ်အနှောင်ကို အပြည့်အဝဖယ်ရှားခြင်း၊ နှင့် သန့်စင်ခံရခြင်းတို့ကို ရရှိဖို့နည်းလမ်းကို သိရှိနိုင်ဖို့အလို့ငှာ လူသားမျိုးနွယ်အတွက် သူ၏ အလိုတော်နှင့် သတ်မှတ်ချက်များကို အကုန်အစင် ရှင်းပြပြီးဖြစ်သည်။ ဤအရာက သခင်ယေရှုထံမှ ဤပရောဖက်ပြုခြင်းကို ပြည့်စုံစေသည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့အတွက် တောင့်တခဲ့ကြသည့် ဂိုဏ်းဂဏအားလုံးမှ စစ်မှန်သော ယုံကြည်သူများစွာတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဘုရားသခင်၏ အသံတော်ကို သတိပြုမိကြပြီဖြစ်ကာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသော သခင်ယေရှုဖြစ်သည်ဟု ဆုံးဖြတ်ပြီး၊ ဘုရားသခင်၏ ရှေ့တော်မှောက်သို့ တစ်ယောက်ပြီးတစ်ယောက် ပြန်လာ ကြသည်။ ၎င်းတို့သည် စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းဖို့နှင့် သခင်ကို ကြိုဆိုဖို့အလို့ငှာ၊ တရုတ်ကွန်မြူနစ်ပါတီအစိုးရနှင့် ဘာသာရေးလောကတို့၏ အသရေဖျက်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကို နားထောင်ဖို့ ငြင်းဆန်လျက်၊ ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းအား အာရုံစိုက်ခဲ့ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့်အရာသည် သမ္မာတရားဖြစ်သည်ကို မြင်သည့်အတွက်၊ ၎င်းတို့သည် စာတန်၏ ကောလာဟလများနှင့် အလိမ်အညာများအားဖြင့် လှည့်စားခြင်းကို နည်းနည်းမျှပင် မခံရဘဲ၊ သိုးသငယ်၏ ခြေလှမ်းများနောက်ကို မဆုတ်မနစ် လိုက်ခဲ့ကြပြီး၊ အဆုံးသတ်တွင် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ချီဆောင်ခြင်းခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင် ကိုယ်တော်တိုင်ထံမှ ကယ်တင်ခြင်းကို ရရှိပြီးဖြစ်ကာ၊ ၎င်းတို့အားလုံးသည် ပညာရှိသတို့သမီးများ ဖြစ်ကြသည်။ သို့သော် သမ္မာတရားအစား အလိမ်အညာများကိုသာ ယုံကြည်ပြီး၊ ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းအပေါ် အာရုံမစိုက်ကြသည့် မိုက်မဲသောသတို့သမီးများအတွက်မှာမူ အဆုံးသတ်တွင် စာတန်၏ လှည့်စားခြင်းနှင့် ဝါးမြိုခြင်းတို့ကို ခံရပြီး၊ ဘေးဒုက္ခများထဲသို့ ကျရောက်လျက် ဘုရားသခင်၏ စွန့်ပစ်ခြင်းနှင့် သုတ်သင်ဖယ်ရှားခြင်းတို့ကိုသာ ခံရနိုင်ပါသည်။ ဤအရာက သမ္မာကျမ်းစာတွင် ရေးသားထားသည့်အရာကို ပြည့်စုံစေသည်။ “ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။(ဟော ၄:၆) “မိုက်သောသူတို့မူကား၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။” (သုတ္တံကျမ်း ၁၀:၂၁) ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု ဟုတ် မဟုတ်ကို ကျွန်ုပ်တို့ ယခု ဆုံးဖြတ်လိုပါက၊ ကျွန်ုပ်တို့၏ အကောင်းဆုံးချဉ်းကပ်နည်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြသည့်အရာသည် သမ္မာတရားဟုတ် မဟုတ်၊ ယင်းသည် ဘုရားသခင်၏ အသံတော် ဟုတ် မဟုတ်ကို တွေ့မြင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်အားဖြင့် သခင့်ကို ကြိုဆိုသင့်သည်။ ဤအရာသည်သာလျှင် ပညာရှိသတို့သမီးတစ်ယောက် ဖြစ်ခြင်းဖြစ်ပြီး၊ ဤနည်းလမ်းဖြင့်သာလျှင် ကျွန်ုပ်တို့သည် သခင်နှင့် စားတော်ပွဲကြီးကို တက်ရောက်နိုင်မည်ဖြစ်သည်။

အယ်ဒီတာ၏ မှတ်စု-

ဤဆောင်းပါးကို ဖတ်ရှုခြင်းမှ၊ စစ်မှန်သော လမ်းခရီးကို ကျွန်ုပ်တို့၏ လေ့လာစုံစမ်းခြင်း၌ အတားမြစ်ထားဆုံးသောအရာသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ နှင့် ဘာသာရေးလောကမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများတို့ကို နားထောင်ခြင်းဖြစ်သည်ကို ကျွန်ုပ်တို့ သိရပြီဖြစ်သည်။ ဘုရားသခင်၏ အသံတော်ကို နားထောင်ဖြစ်အောင် နားထောင်ခြင်းသည်သာလျှင် မရှုံးနိမ့်နိုင်သည့် ချဉ်းကပ်နည်းဖြစ်သည်။ သို့ဆိုလျှင် သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း ပို၍ သိလိုပါသလား။ နောက်ဆုံးသောကာလ၏ ခရစ်တော်အားဖြင့် ဖော်ပြသည့် နှုတ်ကပတ်တော်များကို သင်ဖတ်ရှုလိုပါသလား။ ကျွန်ုပ်တို့၏ ဆိုက်ရှိ စကားဝိုင်း နှင့် Messenger ရွေးချယ်မှုများ မှတစ်ဆင့် ကျွန်ုပ်တို့ကို အချိန်မရွေး ဆက်သွယ်လိုက်ဖို့ သင့်အား ကြိုဆိုပါသည်။

အမှာစကား ချန်ခဲ့မည်