စာရင်း

ကပ်ဆိုးကြီး ကျရောက်လာပြီဖြစ်သည်- ခရစ်ယာန်တစ်ယောက်သည် ဘုရားသခင်၏ ကွယ်ကာခြင်းရဖို့ မည်သို့ နောင်တရသင့်သနည်း

“ဆန်းသစ်သော ကိုရိုနာဗိုင်းရပ်စ်”— လူတို့၏ စိတ်နှလုံးများထဲသို့ အကြောက်တရားထည့်ပေးသည့် စကားလုံးများ- သည် တရုတ်ပြည်၊ ဝူဟန်မြို့တွင် စတင် ပေါ်ပေါက်ခဲ့ပြီး၊ ထိုမှနေ၍ တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့ပြီး ဖြစ်လေသည်။ ကမ္ဘာအနှံ့တွင် အရေအတွက် များစွာသော လူများသည် သေဆုံးနေကြပြီး၊ ထို့ထက်ပို၍များသော လူများသည် ကြီးစွာသော ဘေးဒုက္ခများ ကျွန်ုပ်တို့အပေါ် ကျရောက်နေသည်ကို ခံစားရလျက်၊ ကျီးလန့်စာစာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ရှိနေကြသည်။ ဤကမ္ဘာ့ကပ်ရောဂါဆိုးကြီးသည် မည်မျှ ဆက်လက် တည်ရှိနေမည် သို့မဟုတ် အသက်မည်မျှကို သေကျေပျက်စီးစေမည်ကို မည်သူမျှ မသိကြပေ။ သို့သော် ဘုရားသခင်ကို ယုံကြည်သူများကမူ အရာခပ်သိမ်းသည် ဘုရားသခင်၏ ခွင့်ပြုချက်ဖြင့် ဖြစ်ပျက်ကြောင်းနှင့် ထိုခွင့်ပြုချက်မရှိဘဲ မည်သည့်အရာမျှ လုံးလုံး မဖြစ်ပျက်နိုင်ကြောင်းတို့ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် သိထားကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့အပေါ် ဤကပ်ဆိုးကြီးကို ကျရောက်ခွင့်ပြုခြင်း၌ ဘုရားသခင်၏ အလိုတော်မှာ အဘယ်နည်း။

သမိုင်းကြောင်းကို ပြန်ကြည့်ပြီး ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပါ

သောဒုံမြို့သားများသည် ဆိုးယုတ်ကာ၊ လိင်အပျော်ကြူးပြီး ဖောက်ပြန်ပျက်စီးကြောင်း နှင့် ထိုမြို့သည် သွေးဆာသတ်ဖြတ်လိုခြင်းနှင့် လူသတ်ပွဲတို့ဖြင့် ပြည့်လျှံလှသည်မှာ လူများသည် ကောင်းကင်တမန်များကိုပင် သတ်ဖြတ် လိုခဲ့ကြကြောင်းတို့ကို ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသည်။ နောင်တရခြင်းသည် သူတို့အတွေးထဲတွင် တစ်ခါမျှပင် မပေါ်ပေါက်ဖူး သောကြောင့်၊ ဘုရားသခင်က ကောင်းကင်မှနေပြီး မီးမိုးရွာချပြီး ၎င်းတို့အားလုံးကို ဖျက်ဆီးခဲ့သည်။ သို့သော် ဘုရားသခင်က ထိုမြို့ပေါ်သို့ ဘေးဒုက္ခမကျရောက်စေမီ၊ အာဗြဟံက ဘုရားသခင်ကို သောဒုံမြို့ကိုယ်စား တောင်းပန်တိုးလျှိုးခဲ့သည်ကို သမ္မာကျမ်းစာကို နောကျေနေသူများက သိထားကြသည်။ ဤကျမ်းပိုဒ်သည် သမ္မာကျမ်းစာထဲမှ ဤမှတ်တမ်း၏ ကောက်နုတ်ချက် တစ်ခုဖြစ်ပါသည်။ “ယေဟောဝါက၊ ငါသည် သောဒုံမြို့တွင် ဖြောင့်မတ်သူ အယောက် ငါးဆယ်ကို မြို့တွင်း၌ ရှာတွေ့လျှင်၊ သူတို့ဖို့အလို့ငှာ နေရာတစ်ခုလုံးကို ငါချမ်းသာပေးမည်ဟု မိန့်တော်မူ၏။...အိုဘုရားရှင်...ထိုမြို့၌ တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ တဆယ်အတွက် ငါမဖျက်ဆီးဘဲ နေမည်ဟု မိန့်တော်မူ၏။(ကမ္ဘာဦးကျမ်း ၁၈:၂၆-၃၂) ဤကျမ်းချက်များသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကိုသာမက၊ အထူးသဖြင့် ဘုရားသခင်၏ ကြီးမြတ်သော သနားကရုဏာ နှင့် သက်ညှာမှုတို့နှင့် သက်ဆိုင်သည့် ခံစားမှုတစ်ခုကိုပါ ကျွန်ုပ်တို့ကို ပေးထားပါသည်။ ဖြောင့်မတ်သော လူငါးဆယ်ကို ထိုနေရာတွင် တွေ့နိုင်ပါက၊ ဘုရားသခင်သည် သောဒုံကို ချမ်းသာပေးပြီးဖြစ်လိမ့်မည်၊ ပြီးလျှင် ကိုယ်တော်သည် ဖြောင့်မတ်သောလူ ဆယ်ယောက် တွေ့လျှင်ပင်၊ ထိုမြို့ကို ချမ်းသာပေးပြီးလိမ့်မည်လည်းဖြစ်သည်။ လူများသည် မည်မျှပင် အလွန်အမင်း ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ် နေသော်ငြားလည်း၊ ၎င်းတို့ နောင်တရလိမ့်မည်ဟု ဘုရားသခင်က မျှော်လင့်ခဲ့ပါသေးသည်။ ထိုကဲ့သို့သော မြို့ကြီးတစ်ခုတွင် ဖြောင့်မတ်သောလူဆယ်ယောက်ပင် ရှာမတွေ့နိုင်ခဲ့သည်မှာ စိတ်မချမ်းမြေ့ဖွယ် အဖြစ်တစ်ခု ဖြစ်လေသည်၊ ထို့ကြောင့် အဆုံးသတ်တွင် ဘုရားသခင်သည် ထိုမြို့ကို ဖျက်ဆီးဖို့ကလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ပေ။

စုံစမ်းနှောင့်ယှက်ခြင်းများဖြင့် လုံးလုံး ပြည့်နှက်နေလျက်၊ ဤကမ္ဘာကြီးတွင် ယခုနေထိုင်ကြသည့် လူများသည် လွန်ခဲ့သောနှစ်များက သောဒုံမြို့သားများထက် ပို၍ပင် ဆိုးရွားလေသည်။ ယနေ့ခေတ် လူများသည် စာတန်၏ ဖျက်ဆီးခြင်းကို လွန်ကဲစွာ ခံထားပြီးဖြစ်လေသည်။ ၎င်းတို့သည် မကောင်းမှုကို ခုံမင်မြတ်နိုးပြီး မဖြောင့်မတ်ခြင်းကို ချစ်ကြသည်။ ကမ္ဘာကြီးသည် အကြမ်းဖက်မှုများနှင့် အပြစ်ကျူးလွန်ခြင်းများဖြင့် ပြည့်လျှံနေပြီး၊ ကာရာအိုကေ အရက်ဘားများ၊ အနှိပ်ခန်းများ၊ ဟိုတယ်များ နှင့် အကကလပ်များကို လမ်းမကြီးများတစ်လျှောက်နှင့် လမ်းကြိုလမ်းကြားပါမကျန် နေရာတိုင်းတွင် သင် တွေ့မြင်နိုင်ပါသည်။ ထိုကဲ့သို့သော နေရာများသည် မကောင်းမှုနှင့် လိင်အပျော်ကြူးခြင်းတို့ဖြင့် ပြည့်နှက် နေသည်။ လူတိုင်းက လွန်လွန်ကဲကဲ စာရိတ္တပျက်ပြားလျက် စားသောက်ဖို့၊ အပျော်ရှာဖို့ အသက်ရှင်နေထိုင်ကြပြီး၊ ကာမဂုဏ်တွင် မွေ့လျော်ကြသည်။ လူများအကြားတွင် ချစ်ခြင်းမေတ္တာ မရှိကြဘဲ၊ လူတိုင်းက လှည့်စားကာ၊ ရာထူးအဆင့်အတန်း၊ ကျော်ကြားမှု နှင့် ကြွယ်ဝမှုတို့ အတွက် အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး၊ ယှဉ်ပြိုင်ကြသည်။ ၎င်းတို့သည် တစ်ယောက်ကိုတစ်ယောက် လှည့်စားပြီး၊ မကောင်းကြံကြသည်၊ ပြီးလျှင် ငွေကြေးနှင့် အမြတ်အစွန်း အတွက်ပင် သဘောထားကွဲလွဲ၍ စတင်ရန်ဖြစ်ကြသည်။ လူသားမျိုးနွယ်တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေထိုင်ပြီး၊ မည်သူကမျှ အပြုသဘောဆောင်သည့် အရာများအတွက် ချစ်ခြင်း တစ်စုံတစ်ရာမရှိကြပေ၊ သို့မဟုတ် မည်သူမျှ အလင်းကို မတမ်းတကြပေ၊ သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် ကျေးဇူးတော်ကို လက်ခံဖို့ ရှေ့တိုးခြင်း မရှိကြပေ။ ယုံကြည်သူများပင်လျှင် သခင်၏သွန်သင်ချက်များအတိုင်း လုံးလုံး လိုက်နာ စောင့်ထိန်းနိုင်စွမ်း မရှိဘဲ၊ အပြစ်ကျူးလွန်ခြင်းနှင့် ဝန်ခံခြင်း သံသရာတစ်ခုတွင် အသက်ရှင်နေထိုင်ကြသည်။ ၎င်းတို့သည် လောကီဆိုင်ရာ ရေပန်းစားမှုများ နောက်လိုက်ပြီး၊ သွေးသားခန္ဓာ၏ သာယာမှုများကို လိုက်စားသည်အထိပင် ဆောင်ရွက်ကြလေသည်။ ၎င်းတို့သည် အပြစ်တွင် အသက်ရှင်နေထိုင်နေသည်ကို သိသည့်အခါတွင်ပင်၊ အပြစ်၏ ချည်နှောင်မှုများကို ၎င်းတို့ ဖယ်ရှားနိုင်ခြင်း မရှိသေးပေ- ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ထံမှ အလွန်ဝေးလံစွာ လမ်းလွဲခဲ့ပြီး ဖြစ်လေသည်။ လူသားမျိုးနွယ်တစ်ခုလုံးသည် အလွန်အမင်း အစွန်းရောက်သည်အထိ ဖောက်ပြန်ပျက်စီးလိုက်သည်မှာ ကြာမြင့်သော အချိန်ကတည်းက ဖျက်ဆီးခြင်းခံရသင့်ပြီးဖြစ်သည့် အနေအထားတစ်ခုကို မရောက်ခဲ့ပါလား။

လူသားများ နောင်တရနိုင်ဖို့ ဘုရားသခင် မျှော်လင့်သည်

ဘေးဒုက္ခများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေပြီး ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ အလိုတော်သည် သူ၏ ရှေ့သို့ လာရောက်ပြီး ကျွန်ုပ်တို့ နောင်တရဖို့ ဖြစ်ပါသည်။ ကိုယ်တော်သည် လူတိုင်းကို နောင်တရစေလိုပြီး၊ မည်သူ့ကိုမျှ မသေစေလိုပေ။ လွန်ခဲ့သည့် နှစ်နှစ်ထောင်က သခင်ယေရှု ပြောခဲ့သည်မှာ- “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။(ရှင်မဿဲခရစ်ဝင် ၄:၁၇) ယခုအချိန်တွင် သင်တို့ထဲမှ အချို့က၊ “မယုံကြည်သူတွေက ဘုရားသခင်ကို မယုံကြည်ကြဘဲ၊ နောင်တရဖို့ မဖြစ်နိုင်ကြဘူး။ ဒါပေမဲ့ သခင့်ကို ယုံကြည်မှု ရရှိပြီးတဲ့နောက်မှာ ကျွန်တော်တို့က ကိုယ်တော်ရဲ့ ရှေ့မှာ ဆုတောင်းရင်း ခဏခဏ ခါးခါးသီးသီး ငိုကြတယ်။ ကျွန်တော်တို့ရဲ့ အရင်က အပြစ်တွေကို ဝန်ခံပြီး၊ နောက်ထပ် ဘာဆိုးတာကိုမှ လုပ်တော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့က သူများတွေကို သည်းခံပြီး စိတ်ရှည်နိုင်တယ်။ ချို့ငဲ့သူတွေကို ကူညီတဲ့ အသင်းအဖွဲ့တွေကို ပေးကမ်းနိုင်တယ်၊ အလှူတွေ လုပ်နိုင်တယ်၊ သူများတွေကို ကူညီနိုင်တယ်၊ သခင့်အတွက် ပင်ပင်ပန်းပန်း ကြိုးကြိုးစားစား လုပ်ရင်းတောင်မှ ကိုယ့်အချိန်တွေအားလုံးကို သုံးနိုင်တယ်၊ ကျွန်တော်တို့ အဖမ်းခံရပြီး ထောင်ထဲထည့်ခံရရင်တောင် သခင့်ကို ကျွန်တော်တို့ သစ္စာဖောက်မှာ မဟုတ်ဘူး။ ဒါဟာ စစ်မှန်တဲ့ နောင်တ မဟုတ်ဘူးလား။ ကျွန်တော်တို့ ဒီနည်းလမ်းနဲ့ စွဲစွဲမြဲမြဲ လက်တွေ့လုပ်ဆောင်ရင်၊ သခင်က ကျွန်တော်တို့ကို ဘေးဒုက္ခတွေရဲ့ ဖယ်ရှားခံရခြင်းကနေ ကွယ်ကာပြီး စောင့်ရှောက်လိမ့်မယ်။” ဟု ပြောနိုင်သည်။ သို့သော် ဤအရာမှာ အမှန်တရားဖြစ်ပါသလား။ တစ်ချိန်က သခင်ယေရှု ပြောခဲ့သည်မှာ- “ဒုစရိုက်ကို ပြုသမျှသော သူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) ကျွန်ုပ်တို့သည် သခင့်ကို ယုံကြည်မှု ရရှိပြီးနောက်၊ နှိမ့်ချပြီး စိတ်ရှည်နိုင်ကြသည်၊ အခြားသူများကို ကူညီနိုင်သည်၊ ကျွန်ုပ်တို့သည် စွန့်လွှတ်မှုများကို ပြုလုပ်နိုင်သည်၊ မိမိတို့ကိုယ်ကိုယ် အသုံးခံနိုင်သည်၊ ဧဝံဂေလိတရား ဟောကြားနိုင်သည်၊ သခင့်အတွက် သက်သေခံနိုင်သည်၊ ပြီးလျှင် ကျွန်ုပ်တို့ထံတွင် အပြင်ပန်း အပြုအမူကောင်းအချို့ ရှိကြသည်။ သို့သော် ကျွန်ုပ်တို့အတွင်းတွင် တည်ရှိနေသည့် မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်း၊ ကောက်ကျစ်ခြင်း၊ လှည့်စားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း နှင့် ယုတ်ညံ့ခြင်းတို့ကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် သန့်စင်ခြင်းမခံရသေးဘဲ၊ ကျွန်ုပ်တို့သည် တစ်ချိန်လုံး အပြစ်ကျူးလွန်နိုင်စွမ်း ရှိဆဲဖြစ်သည်မှာ ကျွန်ုပ်တို့ ငြင်းဆန်၍ မရနိုင်သည့်အရာ ဖြစ်သည်။ ဥပမာအားဖြင့် သခင်သည် ကျွန်ုပ်တို့အား ရိုးသားစေဖို့ အလိုရှိသည်ကို ကျွန်ုပ်တို့ ကောင်းစွာ သိထားသော်လည်း၊ ကျွန်ုပ်တို့၏ တစ်ကိုယ်ကောင်းဆန်သော၊ စက်ဆုပ်ဖွယ်ကောင်းသော သဘာဝအားဖြင့် ထိန်းချုပ်ခံရလျက်၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအပေါ် တစ်စုံတစ်ခုက ထိပါးလာသည်နှင့်တစ်ပြိုင်နက်၊ ကျွန်ုပ်တို့သည် လိမ်ညာပြီး လှည့်စားမှုတွင် မပါဝင်ဘဲ မနေနိုင်ပေ။ ကျွန်ုပ်တို့၏ မာနထောင်လွှားသော၊ စိတ်ကြီးဝင်သော သဘာဝအားဖြင့် ထိန်းချုပ်ခံရလျက် မည်သည့်အရာပင်ဖြစ်ပါစေ ကျွန်ုပ်တို့ပြောသည့်အရာကို အခြားသူများအား အမြဲလုပ်စေပြီး၊ ၎င်းတို့က မလုပ်ဆောင်သည့်အခါ၊ ကျွန်ုပ်တို့ ဒေါသထွက်ကြပြီး ၎င်းတို့ကို သြဝါဒခြွေလေသည်၊ ပြီးလျှင် ဘေးဒုက္ခများနှင့် စမ်းသပ်မှုများ ကျရောက်သည့်အခါ၊ ကျွန်ုပ်တို့သည် သခင့်ကို ညည်းညူပြီး အပြစ်တင်ကြသည်။ ဤအရာများသည် ဥပမာအနည်းငယ်သာ ဖြစ်လေသည်။ ကျွန်ုပ်တို့၏ အပြစ်များသည် ခြုံပုတ်များကဲ့သို့ဖြစ်သည်- ၎င်းတို့က ရိတ်ပြီးနောက် ချက်ချင်း ပြန်ပေါက်ကြသည်။ ကျွန်ုပ်တို့ ဆုတောင်းကာ ကျွန်ုပ်တို့၏ အပြစ်များကို ဝန်ခံရင်း နေ့စဉ် ခါးသီးစွာ ငိုကြွေးပြီးလျှင်ပင်၊ ကျွန်ုပ်တို့ မပြောင်းလဲသေးပေ။ ဤသည်မှာ စစ်မှန်သော နောင်တဖြစ်နိုင်ပါသလား။ ဘုရားသခင်သည် ဘေးဒုက္ခများ အလယ်တွင် ထိုကဲ့သို့သော လူတစ်ယောက်ကို ကွယ်ကာလိမ့်မည်ဟု မည်သူက အာမခံနိုင်သနည်း။ စစ်မှန်သည့် နောင်တသည် လူတစ်ယောက်၏ ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ လုံးလုံး သန့်စင်ခံရပြီး ပြောင်းလဲသည့်အချိန်၊ ၎င်းတို့ မကောင်းမှုကို လုံးဝ မပြုတော့သည့်၊ အပြစ်မကျူးလွန်တော့သည့် သို့မဟုတ် ဘုရားသခင်ကို အာမခံတော့သည့် အချိန်ဖြစ်သည်။ ထိုအချိန်သည် ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို ကိုးကွယ်နိုင်သည့် အချိန်ဖြစ်သည်။ ဤကဲ့သို့သော လူများသာလျှင် ဘုရားသခင်၏ ကတိတော်များနှင့် ကောင်းကြီးမင်္ဂလာတို့ကို အမွေဆက်ခံဖို့ နှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ သင့်တော်လေသည်။ သမ္မာကျမ်းစာထဲတွင် ပြောထားသကဲ့သို့ပင် ဖြစ်သည်။ “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆)အသက်ပင်နှင့် ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သော ငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။(ဗျာဒိတ်ကျမ်း ၂၂:၁၄)

စစ်မှန်သော နောင်တကို ရရှိပြီး ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိမည့်နည်းလမ်း

သို့ဆိုလျှင် ကျွန်ုပ်တို့သည် စစ်မှန်သည့် နောင်တကို မည်သို့ ရရှိနိုင်မည်နည်း။ တစ်ချိန်က သခင်ယေရှု ပြောခဲ့သည်မှာ- “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သော အရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ဘုရားသခင်၏ အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇) သခင်က နောက်ဆုံးသောကာလတွင် သူပြန်ကြွလာမည် ဖြစ်ကြောင်း၊ ကျေးဇူးတော်ခေတ်ကထက် ပို၍ များပြားပြီး မြင့်မားသော သမ္မာတရားများကို ဖော်ပြမည် ဖြစ်ကြောင်းနှင့် သူသည် လူတို့ကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော် အဆင့်ကို ဆောင်ရွက်မည် ဖြစ်ကြောင်းတို့ကို ပရောဖက်ပြုခဲ့သည်။ ဤသည်မှာ ကျွန်ုပ်တို့သည် အပြစ်၏ ချည်နှောင်မှုများမှ အပြီးအပိုင် လွတ်မြောက်နိုင်ပြီး၊ သန့်စင်ခံရကာ၊ ပြောင်းလဲနိုင်ဖို့ ဖြစ်လေသည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု ပြုခဲ့သည့် အမှုတော်သည် ရွေးနုတ်ခြင်း အမှုတော် ဖြစ်သောကြောင့်၊ လူများက သူ့ကို ယုံကြည်ခြင်းအားဖြင့် ၎င်းတို့၏ အပြစ်များမှ ခွင့်လွှတ်ခြင်းခံရနိုင်သည်။ သို့သော် လူများသည် ၎င်းတို့၏ အပြစ်ရှိသော သဘာဝမှ သန့်စင်ခံရခြင်းမရှိသေးပေ။ သခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကို လက်ခံခြင်း၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ခံရခြင်းနှင့် ပြောင်းလဲခံရခြင်း နှင့် မကောင်းမှု ပြုလုပ်ခြင်း၊ အပြစ်ကျူးလွန်ခြင်း သို့မဟုတ် ဘုရားသခင်ကို အာခံခြင်းတို့ကို နောက်တစ်ဖန် မပြုလုပ်တော့ခြင်းတို့အားဖြင့်သာလျှင် ကျွန်ုပ်တို့သည် စစ်မှန်စွာ နောင်တရပြီးဖြစ်သည်ဟု ပြောနိုင်ပါသည်။ ထို့နောက်မှသာလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကွယ်ကာခြင်းအောက်သို့ ရောက်လိမ့်မည် ဖြစ်ပြီး၊ ဘေးဒုက္ခများမှ အသက်ရှင်ကျန်ရစ်လိမ့်မည်။

သခင်ယေရှုသည် ပြန်ကြွလာနှင့်ပြီးဖြစ်သည်။ ကိုယ်တော်သည် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် တည်းဟူသော- နောက်ဆုံးသောကာလ ခရစ်တော်- သည် သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှုတော်ကို အခြေခံလျက် ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်နေလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။...သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏”)

ကျွန်ုပ်တို့၏ ဆိုးယုတ်သော စိတ်သဘောထားများ၏ ချည်နှောင်မှုများမှ ကယ်တင်ဖို့အလို့ငှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို သန့်စင်နိုင်ပြီး အပြည့်အဝ ကယ်တင်နိုင်သည့် သမ္မာတရားများအားလုံးကို ဖော်ပြလေသည်။ ကိုယ်တော်သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အလုပ်နှင့် သက်ဆိုင်သော နက်နဲမှုများကို ဖွင့်ပြသည်။ ကမ္ဘာ၏ ဆိုးယုတ်မှုအပြင်၊ စာတန်အားဖြင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း နှင့်သက်ဆိုင်သည့် အနှစ်သာရနှင့် အမှန်တရားတို့၏ အရင်းအမြစ်ကို ဖွင့်ပြသည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို တွေ့ကြုံခံစားရခြင်းအားဖြင့် ကျွန်ုပ်တို့သည် စာတန်အားဖြင့် မည်မျှ နက်ရှိုင်းစွာ ဖျက်ဆီးခံထားရသည်ကို တွေ့မြင်နိုင်သည်။ မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ယုတ်ညံ့ခြင်း၊ ကောက်ကျစ်ခြင်း၊ လှည့်စားခြင်း၊ လောဘကြီးခြင်း၊ စဉ်းလဲခြင်း- ကျွန်ုပ်တို့ အသက်ရှင်နေထိုင်သမျှသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းနှင့် အမုန်းတရားတို့ကို နိုးကြွစေလျက် လူသားဆန်ခြင်းတစ်ခုမျှ မရှိပေ။ တစ်ချိန်တည်းမှာပင်၊ မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်ုပ်တို့ သိလာသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအားဖြင့် အမြဲတမ်း အသက်ရှင်နေထိုင်နေကြောင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိပါက၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဧကန်မုချ စက်ဆုပ်ကာ၊ ငြင်းပယ်လိမ့်မည် ဖြစ်ကြောင်းတို့ကို သတိပြုမိလေသည်။ ထို့နောက်မှသာလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မိမိတို့ကိုယ်ကိုယ် ပျပ်ဝပ်ပြီး နောင်တရကြသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ အပြစ်များကို မုန်းတီးပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်နေထိုင်ဖို့ ဆန္ဒရှိကြသည်။ ကျွန်ုပ်တို့၏ ဇာတိပကတိကို အကြိမ်ကြိမ် စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် ဖြည်းဖြည်းချင်း သန့်စင်ခံရပြီး ပြောင်းလဲခံရသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို နောက်ထပ် ဆန့်ကျင် ပုန်ကန်ခြင်း သို့မဟုတ် သူ့ကို အာခံခြင်း မရှိတော့ဘဲ၊ ဘုရားသခင်ကို အမှန်တကယ် စတင် ကျိုးနွံနာခံပြီး၊ သူ့ကို ချစ်ကြောက်ရိုသေလာကြသည်။ ဤကဲ့သို့သော လူများသာလျှင် စစ်မှန်သော နောင်တရကြပြီး၊ ဘုရားသခင်၏ ကွယ်ကာခြင်းကို ရလိမ့်မည်ဖြစ်ကာ၊ ဘေးဒုက္ခများမှ အသက်ရှင်ကျန်ရစ်လိမ့်မည် ဖြစ်လေသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ က ပေါ်ထွန်းခဲ့ပြီး သူ၏ အမှုတော်ကို စတင်ခဲ့သည်။ ဧဝံဂေလိ အမှုတော်သည် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ အနှံ့အပြား ပျံ့နှံ့ပြီးဖြစ်သည်၊ ပြီးလျှင် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြခဲ့သည့် သန်းနှင့် ချီသော နှုတ်ကပတ်တော်များကို ကြာမြင့်သော အချိန်ကတည်းက အွန်လိုင်းတွင် ဖော်ပြတင်ဆက်ပြီး ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များကို ဘာသာစကား ၂၀ သို့ ဘာသာပြန်ဆိုပြီးဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ် တစ်ခုလုံးအတွက် သက်သေခံပြီး၊ လူသိရှင်ကြား ရရှိနိုင်ပြီဖြစ်သည်။ ဤအမှောင်မိုက်ဆုံးနှင့် အဆိုးယုတ်ဆုံးသောခေတ်တွင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော် ဖော်ပြသည့် သမ္မာတရားများသည် အနောက်အရပ်မှ အရှေ့အရပ်သို့ ပြက်သည့် စစ်မှန်သော အလင်းရောင်ကဲ့သို့၊ လျှပ်ပြက်ခြင်းကဲ့သို့ ဖြစ်လေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်တစ်ခုလုံးကို သက်သေခံသည်။ ဘုရားသခင်သည် ပေါ်ထွန်းပြီးဖြစ်ကာ၊ သခင်ယေရှုသည် ပြန်ကြွလာပြီးဖြစ်လေသည်။ ကိုယ်တော်သည် လူတို့ကို သန့်စင်ဖို့နှင့် ကယ်တင်ဖို့ သမ္မာတရားကို ဖော်ပြပြီး၊ လူတို့အတွက် ပြည့်ဝသော ကယ်တင်ခြင်း ရရှိနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံဖို့ဖြစ်သည်။ သို့သော် လူသားမျိုးနွယ်သည် စာတန်အားဖြင့် အလွန် နက်ရှိုင်းစွာ ဖျက်ဆီးခြင်းခံရပြီးဖြစ်သည်။ မည်သူကမျှ သမ္မာတရားကို မချစ်ပေ။ လူများသည် အပြစ်၏ သာယာမှုကိုသာ အငမ်းမရဖြစ်လိုကြသည်။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လေ့လာစုံစမ်းလိုခြင်း သို့မဟုတ် သူ၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံလိုခြင်း မရှိကြပေ။ ထိုအစား လူများသည် ဘုရားသခင်၏ အမှုတော်နှင့် သက်ဆိုင်သည့် အယူအဆများဖြင့် နက်ရှိုင်းစွာ အမြစ်တွယ်ပြီးဖြစ်ကာ၊ အချို့က ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကိုပင် ပွင့်ပွင့်လင်းလင်း အာခံပြီး ပြစ်တင်ရှုတ်ချကြလေသည်။ လူတိုင်းက နောင်တရခြင်းနှင့် သက်ဆိုင်သည့် အတွေးတစ်ခုမျှ မရှိဘဲ အပြစ်တွင် အသက်ရှင်နေထိုင်ကြသည်။ အလွန်နည်းပါးသောသူများသာ သမ္မာတရားကို တမ်းတကြသည် သို့မဟုတ် အလင်းကို တောင့်တကြသည်။ ယနေ့ခေတ် ကျွန်ုပ်တို့ တွေ့မြင်ရသည့် ဘေးဒုက္ခများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ နောက်ဆုံး နှိုးဆော်မှု၊ သူ၏ နောက်ဆုံး သတိပေးချက် ဖြစ်လေသည်။ ထို့ထက်ပို၍ပင်၊ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်သည်။ နောင်တရဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့သည် ဘေးဒုက္ခများမှ ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်လေသည်။

ဘုရားသခင်၏ သတိပေးချက်များကို အလေးဂရုပြုပါ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘေးဒုက္ခမျိုးစုံ တစ်ခုပြီး တစ်ခု ကျရောက်လိမ့်မည်။ တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံး ဘေးဒုက္ခများ ကြုံတွေ့ရလိမ့်မည်— ကပ်ဆိုး၊ ငတ်မွတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် အရပ်ရပ်တို့၌ ဖြစ်လေ၏။ ဤကပ်ဘေးဒုက္ခများသည် တစ်နေရာ၊ နှစ်နေရာ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်သကဲ့သို့ တစ်ရက်၊ နှစ်ရက်အတောအတွင်း ပြီးဆုံး သွားလိမ့်မည်လည်း မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် သာ၍ သာ၍ ကြီးမားသော နယ်ပယ်အနှံ့ တိုးချဲ့လိမ့်မည် ဖြစ်ပြီး၊ သာ၍ သာ၍ ပြင်းထန်လာလိမ့်မည် ဖြစ်သည်။ ဤအချိန်ကာလ အတောအတွင်းတွင်၊ အင်းဆက်ကပ်ဆိုး မျိုးစုံ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး၊ ခပ်သိမ်းသော နေရာတို့၌ လူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ)အကယ်၍ လူသားမျိုးနွယ်သည် ကောင်းမွန်သော ကံကြမ္မာတစ်ခု ရှိလိုပါက၊ နိုင်ငံတစ်ခုသည် ကံကြမ္မာကောင်းတစ်ခု ရှိလိုပါက၊ လူသားသည် ဘုရားသခင်ထံ ပျပ်ဝပ်ကိုးကွယ်ရမည်၊ နောင်တရပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ဝန်ချရမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသား၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်သည် ရှောင်လွှဲမရသော ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်”)ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန်အတွက်သာ မဟုတ်ဘဲ၊ လူသား၏ ပန်းတိုင်ကို စီစဉ်ရန် အတွက်လည်းဖြစ်၏။ ထိုထက်မက ယင်းသည် ငါ၏ ပြုမူလုပ်ဆောင်ချက်များကို လူအားလုံး အသိအမှတ်ပြုရန်အလို့ငှာ ဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာ အားလုံးသည် ငါ၏ စိတ်သဘောထားကို ဖော်ပြခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက် မဟုတ်၊ သဘာဝကြောင့် သာ၍ပင်မဟုတ်ဘဲ ဖန်ဆင်းခြင်းတွင် သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါ ဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့သာ ရောက်ပြီး ကပ်ဘေးများစွာ၏ဒုက္ခကို ခံစားရလိမ့်မည်။ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းစိုပြေသည့် ကမ္ဘာမြေကို မည်သည့်လူသားမျှ နောက်ထပ် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အလွန်အေးစက်သော ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းနှင့်သာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာ ဖြစ်သည်သာမက၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ တည်ရှိခြင်းအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝဥဿုံရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း၊ ငါမရှိလျှင် လူသားမျိုးနွယ်သည် ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးဒဏ်ခံရပြီး တစ္ဆေအမျိုးမျိုးတို့၏ ဖဝါးအောက် နင်းချေခြင်းခံရလိမ့်မည်။ အခြားမည်သူမျှ မပြုနိုင်သည့်အမှုကို ငါပြုခဲ့ပြီဖြစ်ပြီး လူသားသည် ငါ့ကို အချို့သော ကောင်းမှုများဖြင့် ကျေးဇူးပြန်ဆပ်ရန်သာ ငါမျှော်လင့်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့”)

ဘေးဒုက္ခများသည် ပို၍ ပို၍ ကျယ်ပြန့်သော ဒေသများသို့ ပျံ့နှံ့လျက်၊ ကမ္ဘာအနှံ့ ပို၍ ပို၍ ပြင်းထန်လာသည်။ ပျက်စီးကိန်းဆိုက်ပြီးသူများသည် ရုန်းထွက်မလွတ်မြောက်နိုင်ဘဲ၊ ယင်းမှာ ကမ္ဘာပျက်ခြင်းသည် မကြာမီ ကျွန်ုပ်တို့ထံ ကျရောက်တော့မည့်အလား ခံစားရပါသည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကံကြမ္မာများကို အုပ်စိုးပြီး ဘေးဒုက္ခများအားလုံးသည် သူ၏ လက်ထဲတွင် ရှိသည်ကို ကျွန်ုပ်တို့အားလုံး သိထားကြသည်။ နောင်တရဖို့ နှင့် သူ၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံဖို့ ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ကျွန်ုပ်တို့ လာမှသာလျှင်၊ ကျွန်ုပ်တို့သည် ဘေးဒုက္ခများမှ ဘုရားသခင်၏ ကွယ်ကာခြင်းကို ခံရဖို့နှင့် အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အရေးကို ရလိမ့်မည် ဖြစ်သည်။ ကမ္ဘာကြီးဖြစ်ပျက်လာမည့်ပုံစံသည် ကျွန်ုပ်တို့၏ မျက်လုံးများရှေ့တွင်ပင် ထုတ်ဖော်ပြနေလေသည်။ ဘုရားသခင်က သူကယ်နိုင်သမျှ လူများအားလုံးကို ကယ်တင်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ဤ ဆိုးယုတ်ပြီး ညစ်ညမ်းသည့် ကမ္ဘာကို ဖျက်ဆီးဖို့ ကြီးစွာသော ဘေးဒုက္ခများကို သူအသုံးပြုလိမ့်မည် ဖြစ်သည်။ ထိုအချိန်ရောက်လာသည့်အခါ၊ ဘုရားသခင်၏ ရှေ့တော်မှောက်သို့ မလာရောက်ရသေးသူများသည် ငိုကြွေးပြီး ၎င်းတို့၏ အံသွားခဲကြိတ်လျက်၊ ဘေးဒုက္ခများအားဖြင့် ဖယ်ရှားခြင်းကို ခံရလိမ့်မည်ဖြစ်သည်။

အယ်ဒီတာ၏ မှတ်စု- ဤဆောင်းပါးကို ဖတ်ရှုပြီးလျက်၊ ဘေးဒုက္ခများကို ကျရောက်စေခြင်းတွင် ဘုရားသခင်၏ အလိုတော်သည် မည်သည့်အရာ ဖြစ်သည်ကို ယခု သင်သိပါသလား။ ပြီးလျှင် ဘေးဒုက္ခများမှ ဘုရားသခင်၏ ကွယ်ကာခြင်းခံရဖို့ နည်းလမ်းကို ယခု သင်ရှာတွေ့ပြီးဖြစ်ပါသလား။ သင့်ထံတွင် နောက်ထပ် မေးခွန်းများ သို့မဟုတ် အခက်အခဲများ တစ်စုံတစ်ရာ ရှိပါက၊ ကျွန်ုပ်တို့၏ ဆိုဒ်ရှိ စကားဝိုင်း နှင့် messenger ရွေးချယ်မှုများမှတစ်ဆင့် ကျွန်ုပ်တို့ကို အချိန်မရွေး ဆက်သွယ်ဖို့ နှင့် ကျွန်ုပ်တို့နှင့် ပြောဆိုဆွေးနွေးဖို့ သင့်အား ကြိုဆိုပါသည်။

အယ်ဒီတာ၏ မှတ်စု-

ဤဆောင်းပါးကို ဖတ်ရှုပြီးလျက်၊ ဘေးဒုက္ခများကို ကျရောက်စေခြင်းတွင် ဘုရားသခင်၏ အလိုတော်သည် မည်သည့်အရာ ဖြစ်သည်ကို ယခု သင်သိပါသလား။ ပြီးလျှင် ဘေးဒုက္ခများမှ ဘုရားသခင်၏ ကွယ်ကာခြင်းခံရဖို့ နည်းလမ်းကို ယခု သင်ရှာတွေ့ပြီးဖြစ်ပါသလား။ သင့်ထံတွင် နောက်ထပ် မေးခွန်းများ သို့မဟုတ် အခက်အခဲများ တစ်စုံတစ်ရာ ရှိပါက၊ ကျွန်ုပ်တို့၏ ဆိုဒ်ရှိ စကားဝိုင်း နှင့် messenger ရွေးချယ်မှုများမှတစ်ဆင့် ကျွန်ုပ်တို့ကို အချိန်မရွေး ဆက်သွယ်ဖို့ နှင့် ကျွန်ုပ်တို့နှင့် ပြောဆိုဆွေးနွေးဖို့ သင့်အား ကြိုဆိုပါသည်။

အမှာစကား ချန်ခဲ့မည်