Read more!
Read more!

ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသတ်သို့ ရောက်လာနေပြီ ဖြစ်သည်။ ထို့ပြင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေသူများအားလုံးအတွက် နိုင်ငံတော်၏ တံခါးသည်လည်း ဖွင့်ထားနှင့်ပြီးဖြစ်သည်။ ချစ်သော ညီအစ်ကို မောင်နှမတို့၊ သင်တို့ မည်သည့်အရာကို စောင့်မျှော်နေကြသနည်း။ မည်သည့်အရာကို ရှာဖွေနေကြသနည်း။ ဘုရားသခင် ပေါ်ထွန်းခြင်းကို သင်တို့စောင့်မျှော်နေသလော။ ဘုရားသခင်၏ ခြေရာများကို သင်တို့ ရှာဖွေနေကြသလော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မြင်တွေ့နိုင်ရန် လူများ အလွန်ပင်တောင့်တကြသည်တကား။ ထို့ပြင် ဘုရားသခင်၏ ခြေရာများကို တွေ့ရန်မှာလည်း အလွန်ပင် ခက်ခဲလှသည်တကား။ ဤကဲ့သို့သောခေတ်၊ ဤကဲ့သို့သောလောကမှာ ဘုရားသခင် ပေါ်ထွန်းသည့်နေ့ရက်ကို မျက်မြင်တွေ့ကြုံနိုင်ဖို့အတွက် မည်သည့်အရာကို ငါတို့ လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်၏ ခြေလှမ်းများကို အမီလိုက်ရန် ငါတို့အနေဖြင့် မည်သို့ လုပ်ဆောင်ရမည်နည်း။ ဘုရားသခင် ပေါ်ထွန်းရန် စောင့်မျှော်နေသည့် သူများအားလုံး ဤမေးခွန်းများနှင့် ရင်ဆိုင်ကြရသည်။ သင်တို့ အားလုံးလည်း ဤမေးခွန်းများကို တစ်ခါထက်မက စဉ်းစားဖူး ကြသည်။ သို့သော် မည်သည့်ရလဒ်ကို ရရှိကြသနည်း။ ဘုရားသခင်သည် မည်သည့်အရပ်၌ ပေါ်ထွန်းသနည်း။ ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသနည်း။ သင်တို့၌ အဖြေရှိပြီလော။ လူတော်တော်များများက “ဘုရားသခင်က သူ့နောက်လိုက်သောသူ အားလုံးအကြား၌ ပေါ်ထွန်းပြီး ကိုယ်တော်၏ ခြေရာများသည်လည်း ကျွန်ုပ်တို့အကြား၌ ရှိသည်၊ ထိုမျှပင် ရိုးစင်းလှသည်။” ဟု ဖြေကြမည် ဖြစ်သည်။ မည်သူမဆို ပုံသေကားကျ စကားလုံးများပါသည့် အဖြေမျိုးကို ပေးနိုင်ပါသည်၊ သို့သော် ဘုရားသခင်၏ ပေါ်ထွန်းခြင်း သို့မဟုတ် သူ၏ခြေရာများဟုဆိုရာ၌ အဘယ်အရာအား ဆိုလိုသည်ကို သင်တို့နားလည်ကြသလော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းဟူသည်မှာ ဘုရားသခင်က သူ၏အလုပ်ကို ကိုယ်တိုင်ကိုယ်ကျလုပ်ရန်အတွက် လောကသို့ ဆိုက်ရောက်လာခြင်းကို ရည်ညွှန်းသည်။ ခေတ်တစ်ခေတ်ကို အစပြုသည့်အမှုနှင့် ခေတ်တစ်ခေတ်ကို အဆုံးသတ်သည့်အမှုတို့ကို လုပ်ဆောင်ရန် သူ၏ကိုယ်ပိုင်လက္ခဏာနှင့် စိတ်သဘောထား၊ ထို့ပြင် သူ့နည်းသူ့ဟန်နှင့် လူသားများထဲသို့ သူဆင်းကြွလာသည်။ ဤပေါ်ထွန်းခြင်းမျိုးသည် အခမ်းအနားအသွင် တစ်ခု မဟုတ်ပါ။ ယင်းမှာ သင်္ကေတတစ်ခုလည်းမဟုတ်၊ ပုံဆောင်မှု တစ်ခု၊ အံ့သြဖွယ်တစ်ခု၊ သို့မဟုတ် ခမ်းနားသည့် မြင်ကွင်းတစ်ခုလည်း မဟုတ်ပေ။ ထို့အပြင် ဘာသာရေးဖြစ်စဉ်မျိုး သာ၍ပင် မဟုတ်ပေ။ ၎င်းသည် စစ်မှန်သည့် အချက်အလက် တစ်ခုဖြစ်ပြီး ကိုင်တွယ်တို့ထိနိုင်သော၊ မည်သူမဆို မြင်နိုင်သောအရာ ဖြစ်သည်။ ဤပေါ်ထွန်းခြင်းမျိုးသည် ဟန်ဆောင် လုပ်ပြခြင်းအလို့ငှာ မဟုတ်ပေ၊ သို့မဟုတ် ရေတိုလုပ်ဆောင်မှုအလို့ငှာ မဟုတ်ပေ၊ စင်စစ်အားဖြင့် သူ၏စီမံခန့်ခွဲမှုအစီအစဉ်အတွင်းရှိ အလုပ်အဆင့် တစ်ဆင့်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် အမြဲအဓိပ္ပာယ်ရှိသည့်အပြင် သူ၏စီမံခန့်ခွဲမှု အစီအစဉ်နှင့်လည်း ဆက်စပ်မှုအချို့ အမြဲရှိသည်။ ဤနေရာ၌ပြောသည့် “ပေါ်ထွန်းခြင်း” ဆိုသည်မှာ လူသားကို ဘုရားသခင် လမ်းပြ၊ ဦးဆောင်ပြီး ဉာဏ်အလင်းပေးသည့် “ပေါ်ထွန်းခြင်း” နှင့် လုံးဝမတူပါ။ ဘုရားသခင်သည် မိမိကိုယ်မိမိ ထုတ်ဖော်ပြသည့် အကြိမ်တိုင်း၌ ကြီးမြတ်သော သူ့အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင် လေ့ရှိသည်။ ထိုအလုပ်သည် အခြားမည်သည့်ခေတ်၏ အလုပ်နှင့်မဆို ကွဲပြားခြားနားသည်။ လူသားအနေဖြင့် မစဉ်းစားတတ်သည့်အလုပ်၊ မည်သည့်အခါကမျှ မကြုံတွေ့ဖူးသော အလုပ်ဖြစ်သည်။ ၎င်းသည် ခေတ်ဟောင်းကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခေတ်ကို အစပြုသော အလုပ်ဖြစ်သည်၊ လူတို့ကို ကယ်တင်ခြင်းအတွက် အသစ်သော အလုပ်ပုံစံတစ်ခု၊ သာ၍ကောင်းသော အလုပ်ပုံစံတစ်ခု ဖြစ်သည်။ ထို့အပြင် လူသားများကို အသစ်သောခေတ်ထဲသို့ ပို့ဆောင်ပေးသည့် အလုပ်လည်း ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းမှာ ထိုသဘောကိုဆောင်သည်

Share