စာရင်း

နောက်လာမည့်အရာ

Myanmar Movie - ကြီးထွားခြင်း | ခရစ်ယာန်တစ်ဦး၏ ယုံကြည်ခြင်းဆိုင်ရာ သက်သေခံချက် (မြန်မာဇာတ်ကား)

129,504 30/09/2021

လျန်ရှင်ကျင်းသည် သူမ၏ အမျိုးသား၊ သမီးတို့နှင့်အတူ ပျော်ရွင်သော ဘဝတစ်ခုကို အသက်ရှင်သော ခရစ်ယာန်တစ်ဦး ဖြစ်သည်။ သို့သော် ယုံကြည်သူများကို နှိပ်စက်ကာ ဖမ်းဆီးဖို့ တရုတ်ကွန်မြူနစ်ပါတီ၏ ရူးသွပ်‌သော ထိုးစစ်ကြောင့်၊ သူမ၏ အမျိုးသားသည် သူမ ထောင်ကျပြီး ရာထူးတိုးမည့် သူ၏ အခွင့်အရေးများ ထိခိုက်မည်စိုးသဖြင့် သူမ၏ ယုံကြည်ခြင်းကို တားဆီးဖို့ စတင်ကြိုးစားလေသည်။ သူမ၏ အမျိုးသားက သူမကို အကြမ်းဖက်မှု သုံးပြီး နောက်ဆုံးတွင် ကွာရှင်းဖို့ မရမကလုပ်ဆောင်ချိန်တွင်ပင် လျန်ရှင်ကျင်းသည် ဘုရားနောက်လိုက်ဖို့ သူမ၏ ဆုံးဖြတ်ချက်တွင် ခိုင်မာနေလေသည်။ ၎င်းတို့ ကွာရှင်းပြီးနောက် မကြာမီတွင်၊ ကွန်မြူနစ်ပါတီသည် လျန်ရှင်ကျင်းကို နယ်မြေမှ အတင်းထွက်ပြေးစေလျက်၊ ခရစ်ယာန်များကို ဖမ်းဆီးဖို့ ကျယ်ပြန့်သည့် နောက်ထပ် စစ်ဆင်ရေးကို စတင်ခဲ့သည်။ ရဲများနှင့် ၎င်းတို့၏ “လက်ပတ်နီလုပ်သားများ”သည် သူမ ရှိသည့်နေရာကို မရမက‌ မေးမြန်းရင်းဖြင့် သူမ၏ သမီးကို ထပ်သလဲလဲ စစ်ဆေးကာ ခြိမ်းခြောက်လေသည်။ အတောမသတ်သော ထိတ်လန့်မှုနှင့် စိတ်သောကအခြေအနေတွင် အသက်ရှင်ရင်း၊ သူမ၏ သမီးသည် သွေးဖြူဥကင်ဆာ ဖြစ်လေသည်။ ဤအရာကို လျန်ရှင်ကျင်း သိသွားသည့်အခါ၊ မျှော်လင့်ချက် ပျက်သုဉ်းသည့် အခြေအနေထဲသို့ သူမ ကျဆင်းသွားသည်။ ဤအခက်အခဲ၊ စမ်းသပ်မှုကို ဖြတ်သန်းဖို့ ဘုရားသခင်ကို သူမ မည်သို့ ဆုတောင်းကာ မှီခိုပါသနည်း။ ကြီးထွားခြင်းကို ကြည့်ရှုကာ လေ့လာလိုက်ပါ။

အမှာစကား ချန်ခဲ့မည်