စာရင်း

နောက်လာမည့်အရာ

Myanmar Gospel Movie | ထို့ကြောင့် ဤသည်မှာ သခင် ပြန်ကြွလာပုံဖြစ်သည် (အသားပေးပြသချက်များ)

948 09/08/2020

ယုံကြည်သူများစွာတို့သည် အောက်ပါ သမ္မာကျမ်းဆိုင်ရာ ပရောဖက်ပြုချက်ကို ဖတ်ရှုပြီးဖြစ်သည်၊ “လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။” (မဿဲ ၂၄:၃၀) သခင် ပြန်ကြွလာသည့်အခါ သူသည် မိုးတိမ်နှင့်အတူ ဧကန်မုချ ဆင်းကြွလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။ သို့သော် ကျမ်းစာထဲတွင်၊ “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ် ၁၆:၁၆) “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (မဿဲ ၂၅: ၆) ဟု ဆိုသော အခြား ပရောဖက်ပြုချက်များ ရှိလေသည်။ သခင်သည် မိုးတိမ်ပေါ်မှ ပေါ်ပေါ်တင်တင် ဆင်းကြွလိမ့်မည်ဟူသော ပရောဖက်ပြုချက်အပြင်၊ သခင်သည် တိတ်တဆိတ် ကြွလာလိမ့်မည်ဟူသော ပရောဖက်ပြုချက်များလည်း ရှိသည်မှာ သိသာထင်ရှားပေသည်။ ထို့ကြောင့် သူ၏ ပြန်လည်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာတရားမှာ အဘယ်နည်း။

အမှာစကား ချန်ခဲ့မည်