စာရင်း

နောက်လာမည့်အရာ

Myanmar Christian Dance (နိုင်ငံတော်၌ အသစ်ပြုပြင်သော အသက်တာအတွက် ချီးမွမ်းပါ)

12,139 03/01/2020

ဘုရား၏အသံကို ကြား၊ အိမ်တော်ကို ကျွန်ုပ်တို့ ပြန်ခဲ့ပြီ

ပွဲတော် တက်ရောက် နှုတ်ကပတ်တော်ကို စားသုံးကြသည်

ဝမ်းနည်းခြင်းများကို နှုတ်ဆက်၊ အသက်တာသစ်တွင် အသက်ရှင်

နှုတ်ကပတ်တော် နေ့ရက်စဉ်တိုင်း ကျွန်ုပ်တို့နဲ့ အတူရှိနေ၊

နှုတ်ကပတ်တော်၌ ကျွန်ုပ်တို့ ဝမ်းမြောက်

သမ္မာတရားအား သိကျွမ်းဝေမျှဆွေးနွေးကာ

ကျွန်ုပ်တို့ နှလုံးသားများ ဝမ်းမြောက်

နှုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့၊

ကျွန်ုပ်တို့ကို သန့်ရှင်းသောဝိညာဉ်တော် ဉာဏ်အလင်းပေး

သမ္မာတရားကို သိ၊လွတ်မြောက်ခြင်းရှိ သောကြောင့်

ကျွန်ုပ်တို့နှလုံးသားများ ကြည်နူးဝမ်းမြောက်မှုရှိ

မလိုမုန်းထားမှုများကင်းဝေး၊

ဘုရား၏မေတ္တာ၌ ကျွန်ုပ်တို့ အသက်ရှင်သည်

အချင်းချင်း မြတ်နိုးချစ်ခင်၊ ကျွန်ုပ်တို့ကြား စိမ်းကားမှုမရှိ

ဘုရား၏စိတ်နှလုံးကို ကျွန်ုပ်တို့ နားလည်၊ အဆိုးမြင်မှုများ မရှိတော့ပီ

နှုတ်ကပတ်တော်၌ အသက်ရှင်ရင်း

ဘုရား၏အလှကို ကျွန်ုပ်တို့ မြင်တွေ့

ဘုရား၏လမ်းပြမှုကြောင့် အလင်းလမ်းကို ကျွန်ုပ်တို့ လိုက်ကြသည်

ဘုရားသခင်အား ချီးမွမ်းသီချင်းများ ကျွန်ုပ်တို့ သီဆိုကြ

ကျွန်ုပ်တို့ ကခုန်ကြသည်

အသစ်သောအသက်တာကို ချီးမွမ်းကြ

ဘုရား၏နိုင်ငံတော်၌ ကျွန်ုပ်တို့ ပျော်မွေ့ကြသည်

ဘုရားသခင် ကျွန်ုပ်တို့ကို အပြည့်အဝကယ်တင်

သူ၏လူမျိုးများ ဖြစ်လာကြပြီ

သူ၏ပလ္လင်ရှေ့ ချီဆောင်ခံရခြင်းမှာ

အနှိုင်းမဲ့ ဝမ်းမြောက်ခြင်းပင်

ဘုရား၏နှုတ်ကပတ်တော်ဟာ အဖိုးထိုက်၍ သမ္မာတရားဖြစ်သည်

နှုတ်ကပတ်တော်၏စီရင်ခြင်းက

ကျွန်ုပ်တို့အကျင့်ပျက်မှုကို ထင်ရှားစေသည်

ကျွန်ုပ်တို့ မောက်မာသောကြောင့်

နှုတ်ကပတ်တော် ကျွန်ုပ်တို့ကို ဆုံးမပြုပြင်

ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို သိလာသည်

ကိုယ့်ကိုယ်ကို ထောက်ရှုရင်း စစ်မှန်သော နောင်တကို ရသည်

စီရင်ခြင်းနှင့်ဆုံးမခြင်းဖြင့် ကျွန်ုပ်တို့ သန့်ရှင်းစင်ကြယ်သည်

ကျွန်ုပ်တို့်ဆိုးယုတ်မှုကို ဖယ်ရှား၊ လူသစ်ဖြစ်လာသည်

တာဝန်ကို ကောင်းစွာဆောင်ရွက်လို့

ဘုရား၏မေတ္တာကို ပြန်ဆပ်ကြသည်

ကိုယ့တာဝန်ကို ဆောင်ရွက်၊ ဘုရား၌ ဆက်ကပ်၊

ဘုရားအလိုတော်ဖြည့်ဆည်းဖို့ ကျွန်ုပ်တို့ ခိုင်မာစွာ သက်သေခံသည်

ကိုယ်စီ အလင်းထွန်းလင်းကာဘုရားအတွက် သက်သေခံကြသည်

ဘုရားအပေါ်ထားသည့် ဖြူစင်ရိုးသားသော အချစ်က

ပျော်ရွှင် ချိုမြိန်သည်

ဘုရားသခင်အား ချီးမွမ်းသီချင်းများ ကျွန်ုပ်တို့ သီဆိုကြ

ကျွန်ုပ်တို့ ကခုန်ကြသည်

အသစ်သောအသက်တာကို ချီးမွမ်းကြ

ဘုရား၏နိုင်ငံတော်၌ ကျွန်ုပ်တို့ ပျော်မွေ့ကြသည်

ဘုရားသခင် ကျွန်ုပ်တို့ကို အပြည့်အဝကယ်တင်

သူ၏လူမျိုးများ ဖြစ်လာကြပြီ

သူ၏ပလ္လင်ရှေ့ ချီဆောင်ခံရခြင်းမှာ

အနှိုင်းမဲ့ ဝမ်းမြောက်ခြင်းပင်

စိတ်နှလုံးနှင့်လက်များတွဲကာ ဘုရားသခင်ကို တို့သက်သေခံ

နိုင်ငံတော်၏ (ဧဝံဂေလိ) သတင်းကောင်းကို ဖြန့်ဝေကာ

ခဲယဉ်းမှုကို ဘယ်တော့မှ မကြောက်ရွံ့ဘူး

စုံစမ်းခြင်းနှင့်ဆင်းရဲဒုက္ခတွေကြား မှီခိုလို့ ဘုရားထံ ဆုတောင်း

ခရီးလမ်း ကြမ်းတမ်းလည်း ဘုရားသခင် လမ်းဖွင့်ပေးသည်

ဘုရား၏နှုတ်ကပတ် သမ္မာတရားကို သိသောကြောင့်

ကျွန်ုပ်တို့နှလုံးသားမျာခွန်အားရ

အစဉ် ရှေ့ဆက်တိုးဖို့ရန် တွန်းအားပေးသည်

ဘုရာအတွက် သက်သေခံလို့ ရှိသမျှကို ပေးအပ်ကြသည်

နာကျင်ပါစေ စိတ်ဆန္ဒက ပိုကြီးပါတယ်

ဘုရား၏လမ်းပြမှုကြောင့် ကျွန်ုပ်တို့ စာတန်ကို အောင်နိုင်သည်

ဘုရားကိုတကယ် ချစ်သည်မို့ ကျွန်ုပ်တို့၌ နောင်တများ မရှိ

ကျွန်ုပ်တို့ နဂါးနီကြီးကို စွန့်ပစ်၍ အောင်နိုင်စစ်သည်များ ဖြစ်မည်

ချစ်ခြင်းလမ်းမှာ ဘုရာ်အတွက် ကျွန်ုပ်တို့ အစဉ်အမြဲ သက်သေခံမည်

ဘုရားသခင်အား ချီးမွမ်းသီချင်းများ ကျွန်ုပ်တို့ သီဆိုကြ

ကျွန်ုပ်တို့ ကခုန်ကြသည်

အသစ်သောအသက်တာကို ချီးမွမ်းကြ

ဘုရား၏နိုင်ငံတော်၌ ကျွန်ုပ်တို့ ပျော်မွေ့ကြသည်

ဘုရားသခင် ကျွန်ုပ်တို့ကို အပြည့်အဝကယ်တင်

သူ၏လူမျိုးများ ဖြစ်လာကြပြီ

သူ၏ပလ္လင်ရှေ့ ချီဆောင်ခံရခြင်းမှာ

အနှိုင်းမဲ့ ဝမ်းမြောက်ခြင်းပင်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အမှာစကား ချန်ခဲ့မည်