စာရင်း

နောက်လာမည့်အရာ

Myanmar Gospel Movie | စာတန်၏ လွှမ်းမိုးမှုမှ လူကို ဘုရားသခင် ကယ်တင်ပုံ (အသားပေးပြသချက်များ)

1,167 22/03/2020

သမ္မာကျမ်းစာ၌ဆိုသည်ကား “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြော စီရင်ရသော အချိန်ရှိပြီ။” (၁ပေ ၄:၁၇) နောက်ဆုံးသောကာလ၌ အနန္တတန်ခိုးရှင်ဘုရားသခင်မှ လူကို သန့်စင်စေပြီး ကယ်တင်သော သမ္မာတရားအားလုံးကို ဖော်ပြပြီး သူ၏ ဖြောင့်မတ်ပြီး ကြီးကျယ် ခမ်းနားကာ ချိုးဖောက်မရနိုင်သော စိတ်သဘောထားကို ကျွနု်ပ်တို့အား ပြသလေသည်။ လူသည် စာတန်၏စွမ်းအားမှ ထွက်ပြေးလွတ်မြောက်ပြီး ဘုရားသခင်ထံအမှန်တကယ်လှည့်ပြန်လာနိုင်ရန်အလို့ငှာ လူကို ကယ်တင်ဖို့ရန် နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံသော ဘုရားသခင်ရွေးကောက်ထားသည့် လူများအားလုံးသည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ဘုရားသခင်အတွက်အစေခံခြင်းက အမှန်တကယ်တွင် ဘုရားသခင်ကို အာခံသည့်အကြောင်း အချက်အလက်ကျကျ အမှန်တရားကို ရှင်းလင်းစွာ မြင်ကြပြီး ၊ သူတို့၏ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် သမ္မာတရားမုန်းသော အန္တိခရစ် သဘာဝများကို တဖြည်းဖြည်း ရှင်းလင်းစွာ မြင်လာကြသည်၊ ထို့ကြောင့် သူတို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ ရှုပ်ထွေးစေခြင်း၊ ထိန်းချုပ်ခြင်းများမှ ထွက်ပြေးလွတ်မြောက်ကြသည်။ ဘုရားသခင် ရွေးကောက်ထားသော လူများ၏ ခရစ်တော်ပလ္လင်ရှေ့တွင် တရားစီရင်ခြင်း အတွေ့အကြုံများနှင့်ဆိုင်သော သက်သေခံချက်များကို နားထောင်ခြင်းဖြင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏တရားစီရင်ခြင်းအမှုတော်ကို သိနားလည်လာပါလိမ့်မည်။

အမှာစကား ချန်ခဲ့မည်