စာရင်း

နောက်လာမည့်အရာ

Myanmar Gospel Movie | ဘုရားသခင်ဟာ လူသားတွေကို ကယ်တင်ဖို့အတွက် ဘာကြောင့် လူ့ဇာတိနှစ်ကြိမ် ခံယူတာလဲ (အသားပေးပြသချက်များ)

753 07/01/2020

ကျေးဇူးတော်ခေတ်မှာ လူ့ဇာတိခံဘုရားသခင်ဟာ လူတွေရဲ့အပြစ်တွေကို တာဝန်ခံပြီး၊ လူတွေအပေါ် ရွေးနုတ်ခြင်းအမှု ပြည့်စုံသွားအောင်၊ ကားတိုင်ထက်မှာ အသေခံခဲ့ပါတယ်။ နောက်ဆုံးသောကာလမှာတော့၊ ဘုရားသခင်ဟာ သမ္မာတရားကို ဖော်ပြဖို့နဲ့ လူတွေကို အလုံးစုံ သန့်စင် ကယ်တင်ဖို့အတွက် နောက်တစ်ကြိမ် လူ့ဇာတိခံယူထားပါပြီ။ ဒါဆိုရင် လူတွေအပေါ် ကယ်တင်ခြင်းအမှု ပြုဖို့အတွက် ဘုရားသခင်ဟာ ဘာကြောင့် နှစ်ကြိမ်တိတိ လူ့ဇာတိခံဖို့လိုတာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ပထမ လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန် ဖြစ်ခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ကားတိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း၊ ဖောက်ပြန်ပျက်စီးနေသော ဆိုးယုတ်သည့် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိခဲ့သေး၏။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အသုံးတော်ခံရန် မဟုတ်တော့ဘဲ၊ ထို့ထက် အပြစ်မှ ရွေးနုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ခွင့်လွှတ်ခြင်း ခံရသူတို့သည် ၎င်းတို့၏အပြစ်များမှ ကယ်ဆယ်ခံရပြီး အပြည့်အဝ သန့်ရှင်းစေခြင်းခံရနိုင်ကာ၊ ပြောင်းလဲသော စိတ်သဘောထားတစ်ခုကို ရရှိခြင်းဖြင့် စာတန်၏ အမှောင်စွမ်းအားမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာနိုင်ကြဖို့အလို့ငှာ ဤအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ လူသားသည် အပြည့်အဝ သန့်ရှင်းခြင်း ခံရနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) ဒီဗီဒီယိုက ဘုရားသခင်ရဲ့ နှစ်ကြိမ် လူ့ဇာတိခံယူခြင်းနဲ့ သက်ဆိုင်တဲ့ နက်နဲမှုကို ထုတ်ဖော်ပြထားပါတယ်။

အမှာစကား ချန်ခဲ့မည်