စာရင်း

နောက်လာမည့်အရာ

တေးသီချင်း (တိုင်းနိုင်ငံအားလုံးမှ ဘုရား၏လူများသည် သူတို့၏ခံစားချက်များအား အတူတကွ ဖော်ပြကြသည်)

5,065 14/05/2019

နှုတ်ကပတ်တော် ဓမ္မသီချင်း

ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

I

အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ

ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ

ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊

ဘုရား လမ်းပြခဲ့သော သူ၏သားများသည်

ခက် ခဲမှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့သည်

ဘဝအတက်အကျများ ဖြတ်သန်းခဲ့ကြလည်း

ဘုရားအလင်းအောက်၌ ယခု သူတို့နေရပြီ

အဘယ်သူသည် မနေ့က မတရားမှုကြောင့် မငိုကြွေးဘဲ ရှိသနည်း

အဘယ်သူသည် ရခဲလှသောဘဝအတွက် မျက်ရည်မကျဘဲ ရှိသနည်း

အဘယ်သူသည် မိမိနှလုံးသားကို ဘုရားအား ဆက်ကပ်မည့်

ဒီအခွင့်အရေး မယူဘဲ ရှိမည်နည်း

အဘယ်သူသည် မိမိစိတ်ဆန္ဒနှင့်တွေ့ကြုံ ခံစား မှုတို့ကို

မဖော်ထုတ်ချင်ဘဲ ရှိမည်နည်း

II

လူတို့သည် ဘုရားကို အကောင်းဆုံး ပေးဆောင်ကြသည်၊

အချို့သည် သူတို့မိုက်မဲမှုအတွက် နောင်တရကြသည်

အချို့က မနေ့က သူတို့ ဒုစရိုက်မှုအတွက်

သူတို့ ကိုယ်သူတို့ ရွံမုန်းကြသည်

သူတို့သည် သူတို့ကိုယ်သူတို့ သိကုန်ကြပြီး၊

စာတန်၏လုပ်ရပ်၊ ဘုရား၏ အံ့သြဖွယ်ရာ တွေ့မြင်ကြသည်

သူတို့နှလုံးသားထဲ ဘုရား ကိန်းဝပ်တော်မူ

ဘုရား၏အမှုတော်ပြီးမြောက်ခဲ့ပြီး၊

အဟန့်အတားမရှိတော့သည် ဖြစ်၍၊

ဘုရားသည် လူသားတို့၌ မုန်းတီးမှု၊ ငြင်းပယ်ခြင်းများ

ကြုံတွေ့တော့မည်မဟုတ်

အဘယ်သူသည် မနေ့က မတရားမှုကြောင့် မငိုကြွေးဘဲ ရှိမည်နည်း

အဘယ်သူသည် ရခဲလှသောဘဝအတွက်

မျက်ရည်မကျဘဲ ရှိမည်နည်း

အဘယ်သူသည် မိမိနှလုံးသားကို ဘုရားအား ဆက်ကပ်မည့်

ဒီအခွင့်အရေး မယူဘဲ ရှိမည်နည်း

အဘယ်သူသည် မိမိစိတ်ဆန္ဒနှင့်တွေ့ကြုံ ခံစား မှုတို့ကို

မဖော်ထုတ်ချင်ဘဲ ရှိမည်နည်း

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အမှာစကား ချန်ခဲ့မည်