စာရင်း

နောက်လာမည့်အရာ

Myanmar Christian Crosstalk (စကားစမြည်ပြောဆိုခြင်း − "ငါးဖမ်း"သွားရန်အစီအစ)

9,853 22/04/2020

ကျိုးကျိယုန်သည် ဧဝံဂေလိတရားကို ဝေမျှသည့်အတွက် တရုတ်ကူမြူနစ်ပါတီရဲဌာနမှ ဖမ်းဆီးခြင်းခံရသည့် ခရစ်ယာန်ဘာသာဝင်တစ်ဉီးဖြစ်သည်။ လဝက်နီးပါးခန့် ရက်စက်စွာညှင်းပန်းနှိပ်စက်ခြင်းခံရပြီးနောက်၊ ၎င်းတို့၏ စစ်ကြောမေးမြန်းမှုများမှ ၊ မည့်သည့်ရလဒ်မျှ မရရှိခဲ့သောအခါ ၊ တရုတ်ကူမြူနစ်ပါတီအစိုးရက သူ့အားရုတ်တရက်လွှတ်ပေးလိုက်သည်။ ထိုနေရာဆိုးမှ ထွက်ခွာရသည်ကို ကျိုးကျိယုန် တိတ်တဆိတ် ဝမ်းမြောက်နေခဲ့သည်။ သို့သော်လည်း၊ သူ၏ ညီအစ်ကို ညီအစ်များနှင့်တွေ့ဆုံရန် အသင့်ပြင်ဆင်နေစဉ် အခိုက်မှာပင် ၊ ထူးဆန်းသောအဖြစ်အပျက် တစ်ခုပြီးတစ်ခုဖြစ်လာခဲ့သည်… နောက်ဆုံးတစ်နေ့၌၊ သူ့အားရဲဌာနမှ ထပ်မံဖမ်းဆီးခဲ့သည့်အခါမှသာ၊ အဖြစ်မှန်ကို အပြည့်အစုံ သိရှိသွားတော့သည်။ ထိုကာလအတောအတွင်း တရုတ်ကူမြူနစ်ပါတီရဲဌာနက၊ ငါးကြီးတစ်ကောင်ကို ဖမ်းရန်အတွက် ၊ သူ့အားငါးစာအဖြစ်သုံး၍ ငါးမျှားတံရှည်ဖြင့် တစ်ချိန်လုံးမျှားခေါ်ခဲ့ခြင်းဖြစ်သည်။ တရုတ်ကူမြူနစ်ပါတီ၏ ဘုရားသခင်ကို ဆန့်ကျင်တွန်းလှန်သည့် ဆိုးယုတ်သော သဘောသဘာဝကို ကျိုးကျိယုန်သည် ထောင်သုံးနှစ်စီရင်ချက်ကျခဲ့ခြင်းဖြင့် ပိုမိုနက်နဲစွာသဘောပေါက်သွားခဲ့သည့်အပြင်၊ ၎င်းတို့အား လွန်စွာမုန်းတီးစပြုလာခဲ့သည်။ သမ္မာတရားကိုဆာလောင်မွတ်သိပ်လျက် အလင်းရောင်ကိုပို၍ပင် တမ်းတလာခဲ့ပြီး၊ ရှေ့လမ်းခရီးတွင် အခက်အခဲမည်မျှရှိစေကာမူ ၊ ဘုရားသခင်နောက်သို့လမ်းဆုံးတိုင်လိုက်သွားမည်ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။

အမှာစကား ချန်ခဲ့မည်