စာရင်း

နောက်လာမည့်အရာ

Myanmar Christian Song - ဘုရား၏ဦးဆောင်လမ်းပြမှုကို လူသားမျိုးနွယ်ဆုံးရှုံးခြင်း၏ အကျိုးဆက်ကျူး

991 12/06/2020

လူတို့တွင် လူမှုရေးသိပ္ပံပညာများစတင်ထွန်းကားလာသည့် အချိန်မှစ၍

လူတို့၏စိတ်ထဲတွင် သိပ္ပံပညာနှင့် အသိပညာများကနေရာယူလာခဲ့ကြသည်။

သိပ္ပံနှင့် အသိပညာသည် လူသားတို့ကို အုပ်စိုးခြင်းအတွက်တန်ဆာပလာများဖြစ်လာခဲ့ပြီး

လူသားတို့အတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန်နေရာအလုံအလောက် မရှိတော့၊

ထို့ပြင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန်ပို၍သင့်လျော်သော အခြေအနေများလည်း မပေးတော့ပေ။

ဘုရားသခင်၏နေရာသည် လူတို့၏ နှလုံးသားထဲတွင်နိမ့်သည်ထက်နိမ့်ဆင်းလာခဲ့သည်။

ဘုရားသခင်အတွက် နေရာမရှိသောလူတို့၏ စိတ်နှလုံးထဲရှိ ကမ္ဘာမှာ

မှောင်မိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့ကာအချည်းနှီးပင် ဖြစ်လေသည်။

သို့နှင့် လူတို့၏ စိတ်နှလုံးကိုဖြည့်ဆည်းရန်အတွက် လူမှုသိပ္ပံသီအိုရီများ၊

လူသားဆင့်ကဲဖြစ်စဉ်သီအိုရီနှင့်

ဘုရားသခင်က လူကိုဖန်ဆင်းခဲ့သည် ဟူသောအမှန်တရားကို ဆန့်ကျင်သည့် အခြားသော သီအိုရီများကို

ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊

သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများများစွာပေါ်ထွက်လာခဲ့ကြသည်။

ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကိုယုံကြည်သူများ နည်းသည်ထက်နည်းပါးလာခဲ့ပြီး

ဆင့်ကဲဖြစ်စဉ်သီအိုရီကို ယုံကြည်သူများမှာ ပိုမိုများပြားလာခဲ့လေသည်။

ဘုရားသခင်၏ အမှုတော်နှင့် ဓမ္မဟောင်း ကာလအတွင်းသူ၏နှုတ်ကပတ်တော်များအကြောင်း

မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ်သဘောထားသောသူတို့ တစ်နေ့တခြား သာ၍များလာကြသည်။

လူများသည် ၎င်းတို့၏ နှလုံးသားများထဲတွင်ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊

ဘုရားသခင် ရှိတော်မူခြင်းနှင့်အရာရာအပေါ် အုပ်စိုးခြင်းတို့အပေါ်

သက်ဝင်ယုံကြည်မှုတို့ကို စိတ်မဝင်စားကြတော့ပါ။

လူသားတို့၏ ဆက်လက်ရှင်သန်မှုနှင့် တိုင်းနိုင်ငံများနှင့်လူမျိုးများ၏ ကံကြမ္မာတို့ သည်လည်း

၎င်းတို့အတွက် အရေးပါခြင်း မရှိတော့ပေ။

လူတို့သည် စားခြင်း၊ သောက်ခြင်းနှင့်အပျော်အပါးလိုက်စားခြင်းတို့ကိုသာ

အလေးထားသော အနှစ်သာရကင်းမဲ့သည့်လောကကြီးတွင် နေထိုင်ကြ လေသည်။...

ယနေ့ ဘုရားသခင် အလုပ်လုပ်သည့်နေရာကို ရှာဖွေရန်

သို့မဟုတ် လူသားတို့၏ ခရီးပန်းတိုင်ကို

ဘုရားသခင်က မည်သို့ဦးဆောင်ပြီးပြင်ဆင်ပေးသည်ကို ရှာဖွေရန် မိမိတွင်

တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ မှတ်ယူထားကြသည်။

ဤနည်းဖြင့် လူသားတို့က သိရှိခြင်းမရှိဘဲနှင့်

ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် လူသားတို့၏လိုအင်ဆန္ဒများနှင့်ညီရန် သာ၍သာ၍ မစွမ်းနိုင်ဘဲ

ဖြစ်လာကာ ဤကဲ့သို့သောလောကတွင် နေထိုင်ရသည်မှာ

သွားလေသူတို့လောက် ပျော်ရွှင်မှုမရဟုခံစားနေကြသောသူများ အများအပြားပင် ရှိလေသည်။

ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသော နိုင်ငံများမှ လူများသည်ပင်

ထိုကဲ့သို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆိုကြသည်။

အကြောင်းမှာ ဘုရားသခင်၏ ဦးဆောင်လမ်းပြမှု မရှိပါက၊

အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့်

ယဉ်ကျေးမှုလူ့အဖွဲ့အစည်းကို ထိန်းသိမ်းထားရန်မည်မျှပင် ဦးနှောက်ခြောက်အောင်

စဉ်းစားစေကာမူ အချည်းနှီးပင်ဖြစ်သည်။

လူသားတို့၏ နှလုံးသားထဲရှိ လစ်ဟာမှုကိုဖြည့်ဆည်းခြင်းငှာ မည်သူမျှမစွမ်းသာပါ။

လူသားတို့၏ နှလုံးသားထဲရှိ လစ်ဟာမှုကိုဖြည့်ဆည်းခြင်းငှာ မည်သူမျှမစွမ်းသာပါ။

အဘယ်ကြောင့်ဆိုသော် မည်သူကမျှလူသား၏အသက် မဖြစ်နိုင်၊

သူ့အား ဖိစီးနှိပ်စက်နေသော ဤလစ်ဟာနေမှုကိုမည်သည့်လူမှုသီအိုရီကမျှ မလွတ်ငြိမ်းစေ

နိုင်သောကြောင့် ဖြစ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အမှာစကား ချန်ခဲ့မည်