စာရင်း

နောက်လာမည့်အရာ

Myanmar Christian Song | ဘုရားသခင်သည် သင်ဆိုသကဲ့သို့ ရိုးရှင်းသလောကျူး

797 27/09/2020

ဤများစွာသော နှစ်ပေါင်းအားလုံးတွင် လူတို့ တွေ့ခဲ့ကြသည်မှာ ဝိညာဉ်တော်သာမက၊

လူယောက်ျား၊ အမျိုးသား သာမက လူ့အတွေးအခေါ်နှင့်

မကိုက်ညီ သည့်အရာ များစွာလည်း ဖြစ်သဖြင့်

ထိုသူတို့သည် ငါ့ကို မည်သည့်အခါမျှ အပြည့်အဝ နားလည်နိုင်စွမ်း မရှိပေ။

ထိုသူတို့သည် ငါ့ကို ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေကာ

ငါတကယ်ရှိသော်လည်း မရေရာသော အိပ်မက်တစ်ခုလည်း ဖြစ်နေသကဲ့သို့ ဖြစ်၏။

ထို့ကြောင့် ယနေ့တိုင် လူတို့မှာ ဘုရားသခင် ဟူသည် အဘယ်နည်းကို မသိကြသေးခြင်း ဖြစ်သည်။

သင်သည် ငါ့ကို အကယ်ပင် ရိုးရှင်းသည့် ဝါကျတစ်ကြောင်းတည်းဖြင့် အတိုချုပ်ဖော်ပြ၍ ရမည်လား။

ယေရှုသည် ဘုရားသခင်မှလွဲ၍ အခြားမဟုတ်။

ထို့နောက် ဘုရားသခင်သည်လည်း ယေရှုမှလွဲ၍ အခြားမဟုတ်” ဟု သင်အမှန် ဆိုရဲသလား။

“ဘုရားသခင်သည် ဝိညာဉ်တော်မှလွဲ၍ အခြားမဟုတ်။

ထို့နောက် ဝိညာဉ်တော်သည် ဘုရားသခင်မှလွဲ၍ အခြားမဟုတ်” ဟု အကယ်ပင် ရဲရင့်စွာ ဆိုရဲသလား။

“ဘုရားသခင်သည် လူ့အဝတ် ဝတ်ထားသော ဇာတိပကတိသာဖြစ်သည်” ဟု

စိတ်အေးချမ်းသာစွာ ပြောနိုင်သလား။

“ယေရှု၏ ရုပ်သွင်သည် ဘုရားသခင်၏ ကြီးမြတ်သော ရုပ်သွင်သာဖြစ်သည်” ဟု

ပြောရဲသောသတ္တိ သင့်တွင် အမှန်စင်စစ် ရှိသလား။

စကားလုံးများနှင့် ပတ်သက်၍ သင့်တွင်ရှိသေ

ပါရမီစွမ်းအားဖြင့် ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ရုပ်သွင်ကို သင်စေ့စပ်သေချာစွာ ရှင်းပြနိုင်သလား။

စကားလုံးများနှင့် ပတ်သက်၍ သင့်တွင်ရှိသော ပါရမီစွမ်းအားဖြင့်

ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ရုပ်သွင်ကို သင်စေ့စပ်သေချာစွာ ရှင်းပြနိုင်သလား။

ယခု ဘုရားသခင်ဟူသည် မည်သည်ဖြစ်ကြောင်း သင်အမှန်စင်စစ် သိပြီလား။

ဘုရားသခင်သည် လူသားတစ်ဦးလား။ ဝိညာဉ်တစ်ပါးလား။

ဘုရားသခင်သည် အကယ်ပင် အမျိုးသား တစ်ဦးလား။

ငါဆောင်ရွက်လိုသည့် အမှုကို ယေရှုသာလျှင် ပြီးအောင် ဆောင်ရွက်နိုင်သလား။

ငါ၏အနှစ်သာရကို အချုပ်ဖော်ပြရန် အထက်ပါအနက် တစ်ခုကိုသာလျှင် သင်ရွေးချယ်ပါက

သင်သည် လွန်ကဲစွာ အသိဉာဏ် ကင်းမဲ့သည့်

သစ္စာရှိသော ယုံကြည်သူတစ်ဦး ဖြစ်ပေလိမ့်မည်။

ငါသည် တစ်ကြိမ် တစ်ခါသာ လူ့ဇာတိခံ သွေးသားခန္ဓာအဖြစ်

အမှုဆောင်ရွက်ပါက သင်ငါ့အပေါ် ကန့်သတ်ချက်များ သတ်မှတ်မည်လော။

ငါ့ကို တစ်ကြိမ် ကြည့်လျက် အကယ်ပင် ငါ့ကို နားလည်နိုင်မည်လား။

သင့်အသက်တာ အတွင်း ကြုံတွေ့ခဲ့ရသည့် အရာများ၏ ကျေးဇူးကြောင့်

သင်သည် ငါမည်သူဆိုသည်ကို အကယ်ပင် လုံးဝ အကျဉ်းချုပ် ဖော်ပြနိုင်မည်လား။

ထို့အပြင် ငါ၏ လူ့ဇာတိခံယူမှု နှစ်ရပ်တွင်

ငါသည် အလားတူသည့် အမှုဆောင်ပါက သင်တို့ငါ့အပေါ် မည်သို့မြင်မည်နည်း။

လက်ဝါးကပ်တိုင်ပေါ် သံရိုက်လျက် ငါ့ကို သင်တို့ ရာသက်ပန် ထားခဲ့မည်လား။

ဘုရားသခင်သည် သင်ပြောသလောက် ရိုးရှင်းပါသလား။

ဘုရားသခင်သည် သင်ပြောသလောက် ရိုးရှင်းပါသလား။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အမှာစကား ချန်ခဲ့မည်