စာရင်း

နောက်လာမည့်အရာ

Myanmar Christian Song (သခင် ယေရှုကို အတုယူကြစေ)

4,857 25/06/2019

Myanmar Christian Song (သခင် ယေရှုကို အတုယူကြစေ)

I

ယေရှုသည် ဘုရား၏အလိုတော်ကို ပြည့်စုံစေ ခဲ့၊

လူသားအားလုံးရွေးနှုတ်ကယ်တင်ခြင်းကို ပြည့်စုံစေခဲ့၊

ဘုရား၏ ဆန္ဒကိုစောင့်ရှောက်နိုင်သဖြင့်၊

တစ်ကိုယ်ခေါင်းဆန်သော ရည်ရွယ်ချက်၊စီမံမှုမရှိ

ဘုရားရဲ့အစီအမံကို သူ အဓိကဗဟိုမှာထား

ကောင်းကင်အဖဘုရားထံ သူဆုတောင်းခဲ့

ကောင်းကင်ဘုံအဖဘုရားရဲ့အလိုတော်ကို

ရှာဖွေ၍ သူ အမြဲဆုတောင်း

သင်သည် ယေရှုကဲ့သို့ ဘုရားကို အလုံးစုံပုံအပ်ပြီး

ဇာတိစရိုက်ကို ကျောခိုင်းပါက

ဘုရားသည်သူ့ ကိုအစေခံနိုင်ရန်

သင့်အားအရေးကြီးသောတာဝန်များ ပေးအပ်လိမ့်မည်

II

သူဆုတောင်းခဲ့သည်မှာ “အဖဘုရား”

ကိုယ်တော့်အလိုတော် ပြည့်စုံပါစေ သော်

ကျွန်ပ်အလိုတိုင်း မဟုတ်

ကိုယ်တော့်အကြံအစည်ကိုသာ ပြည့်စုံစေပါ

ကိုယ်တော့်လက်တော်ထဲက

ပုရွက်ဆိတ်ပမာ သေးနုပ်သော လူသားကို

ကိုယ်တော် ဘာကြောင့် အလေးထားရလဲ

ကိုယ်တော့် အလိုသာ ဆောင်ရွက်ချင်တယ်

ကိုယ်တော် ရည်ရွယ်သည့်အတိုင်း ကျွန်ပ်၌ ပြုတော်မူပါ

သင်သည် ယေရှုကဲ့သို့ ဘုရားကို အလုံးစုံပုံအပ်ပြီး

ဇာတိစရိုက်ကို ကျောခိုင်းပါက

ဘုရားသည်သူ့ ကိုအစေခံနိုင်ရန်

သင့်အားအရေးကြီးသောတာဝန်များ ပေးအပ်လိမ့်မည်

III

ယေရုရှလင် သွားရာလမ်းမှာ

ယေရှုစိတ်နှလုံး နာကျင်မှုပြင်းစွာခံစားခဲ့ရ

သူ့ကတိစကားစောင့်ထိန်းကာ၊ အားတင်းပြီး ကားတိုင်ထမ်း ၍

နောက်ဆုံး ခရစ်တော်ဟာ

လက်ဝါးကပ်တိုင်မှာရိုက်ခြင်းခံခဲ့ ရ ပြီး

ရွေးနှုတ်ကယ်တင်ခြင်းအမှု ပြည့်စုံစေကာ

ဒုစရိုက်အပြစ်သားများရဲ့ပြယုဂ်ဖြစ်လာခဲ့

သေမင်း၏ချုပ်နှောင်မှုများကို ကျော်လွှား

သင်သည် ယေရှုကဲ့သို့ ဘုရားကို အလုံးစုံပုံအပ်ပြီး

ဇာတိစရိုက်ကို ကျောခိုင်းပါက

ဘုရားသည်သူ့ ကိုအစေခံနိုင်ရန်

သင့်အားအရေးကြီးသောတာဝန်များ ပေးအပ်လိမ့်မည်

IV

သုံးဆယ့်သုံး နှစ်တိုင် ယေရှု အသက်ရှင်ခဲ့

ဘုရားသခင် ကျေနပ်စေဖို့ အလုံးစုံ သူလုပ်

အရှုံး၊ အမြတ် ဘယ်တော့မှ မတွေး

အဖဘုရားအလိုတော်သာ

သခင်ယေရှုရဲ့အစေခံခြင်း

ဘုရားအလိုတော်နဲ့ အမြဲထပ်တူရှိခဲ့

ထို့ကြောင့် ရွေးနှုတ် ကယ်တင် ခြင်း ထမ်းပိုး

သူ သယ်ပိုးခွင့်ရခဲ့

အတိုင်းမသိနာကျင်မှု သူခံစားခဲ့

အကြိမ်ကြိမ် စာတန် သွေးဆောင် ခဲ့ လည်း

သူ စိတ်ပျက်ခြင်းမရှိခဲ့

ယုံကြည်မှုနဲ့ချစ်ခြင်းဖြင့် ဘုရား သူ့အား တာဝန်ပေးအပ်

သင်သည် ယေရှုကဲ့သို့ ဘုရားကို အလုံးစုံပုံအပ်ပြီး

ဇာတိစရိုက်ကို ကျောခိုင်းပါက

ဘုရားသည်သူ့ ကိုအစေခံနိုင်ရန်

သင့်အားအရေးကြီးသောတာဝန်များ ပေးအပ်လိမ့်မည်

ထိုကဲ့သို့သော အခါမျိုးတွင်သာ

သင် ဘုရားအလိုတော်ကို ဆောင်ရွက်၊

သူ့စေခိုင်းချက်ကို ပြည့်စုံစေမှသာ

ဘုရားကို အမှန်တကယ် အစေခံနေကြောင်း သင်ပြောနိုင်လိမ့်မည်

အမှာစကား ချန်ခဲ့မည်