စာရင်း

နောက်လာမည့်အရာ

Myanmar Gospel Movie | သခင် ပြန်လာတဲ့အခါ၊ လူတွေဆီ ဘယ်လိုပေါ်ထွန်းမှာလဲ (အသားပေးပြသချက်များ)

1,516 29/11/2019

သခင်ယေရှု ထမြောက်တော်မူပြီး၊ ကောင်းကင်ဆီ တက်သွားခဲ့တဲ့နောက်၊ ရာစုနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်ုပ်တို့ယုံကြည်သူတွေက ကယ်တင်ရှင်ယေရှုရဲ့ပြန်အလာကို စိတ်အားထက်သန်စွာ တမ်းတခဲ့ကြပါတယ်။ သခင် ပြန်လာတဲ့အခါ၊ ကျွန်ုပ်တို့ဆီကို ပေါ်ထွန်းလာမှာက ထမြောက်ခဲ့တဲ့ယေရှုရဲ့ဝိညာဉ်ခန္ဓာသာ ဖြစ်လိမ့်မယ်လို့ လူအများစုက ယုံကြည်ကြတယ်။ ဒါပေမဲ့ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ဘာကြောင့် လူသားအဖြစ်နဲ့ လူ့ဇာတိခံပြီး ပေါ်ထွန်းနေတာလဲ။ အနန္တတန်ခိုးရှင် ပြောသည် “အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက သူသည် လူအတွက် မမြင်တွေ့နိုင်၊ မထိတွေ့နိုင်သော ဝိညာဉ်တော်အဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။ လူသည် ဇာတိ ပကတိ ဖန်ဆင်းခံဖြစ်ပြီး လူနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး သဘာဝ အားဖြင့် ခြားနားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသား၏ ဇာတိပကတိနှင့် သဟဇာတဖြစ်မှု မရှိပေ၊ ထို့ကြောင့် သူတို့အကြားတွင် မည်သည့် ဆက်ဆံရေးကိုမှ တည်ဆောက်၍ မရနိုင်ပေ ...” “လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင် သူသည် သူ၏ နှုတ်ကပတ် တော်များကို အားလုံး၏ နားများ ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်နိုင်ခြင်းဖြင့် နားရှိသော လူအားလုံးတို့သည် သူ၏ နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး သူ၏ တရားစီရင်ခြင်းအလုပ်ကို နှုတ်ကပတ်တော်အားဖြင့် ရရှိကြ မည်။ ယင်းသည် သူ၏ နှုတ်ကပတ်တော်အားဖြင့် ရရှိသော ရလဒ်ဖြစ်...” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

အမှာစကား ချန်ခဲ့မည်