စာရင်း

နောက်လာမည့်အရာ

Myanmar Gospel Movie | ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေ နှုတ်ကပတ်တော်တွေဟာ သမ္မာကျမ်းစာအပြင် မရှိတော့ဘူးလား (အသားပေးပြသချက်များ)

979 30/07/2019

ဘာသာရေးအသိုင်းအဝိုင်းကလူအများစုဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အားလုံး သမ္မာကျမ်းစာထဲမှာပဲရှိပြီး သမ္မာကျမ်းစာကလွဲပြီး တခြားနေရာတွေမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေနှုတ်ကပတ်တော်တွေမရှိဘူးလို့ ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ ဒီ အမြင်က အမှန်တရားတွေနဲ့ ကိုက်ညီပါသလား။ တစ်ခါတုန်းက သခင်ယေရှုက ပရောဖက်ပြုခဲ့ပါတယ်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန် ၁၆:၁၂-၁၃) သမ္မာကျမ်းစာရဲ့ အပြင်ဘက်မှာ ဘုရားသခင်ရဲ့ နောက်ထပ် အမှုတော် ဒါမှမဟုတ် နှုတ်ကပတ်တော်တွေ မရှိရင်၊ သခင်ယေရှုရဲ့ ပရောဖက်ပြုချက်က ဘယ်လိုပြည့်စုံနိုင်မှာလဲ။ သမ္မာကျမ်းစာ အပြင်ဘက်မှာ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေ ရှိပါသလား။ ဒီ ဗီဒီယိုမှာ သင့်အတွက် အဖြေရှိပါတယ်။

အမှာစကား ချန်ခဲ့မည်