စာရင်း

နောက်လာမည့်အရာ

Myanmar Christian Dance (ခရစ်တော်၏ နိုင်ငံတော်သည် နွေးထွေးသောအိမ်တော်ဖြစ်သည်)

15,039 22/09/2019

ခရစ်တော်၏ နိုင်ငံတော်သည် နွေးထွေးသောအိမ်တော်ဖြစ်သည်

ခရစ်တော်၏ နိုင်ငံတော်သည် ကျွန်ုပ်၏ နွေးထွေးသောအိမ်ဖြစ်သည်

ထိုအိမ်တော်သည် ဘုရားသခင်၏ လူတိုင်းအတွက် ဖြစ်သည်။

ခရစ်တော်သည် အသင်းတော်အတွင်း လျှောက်လှမ်း၊ စကားပြောကာ

ဘုရား၏ လူများနှင့်အတူ နေထိုင် လူပ်ရှား အသက်ရှင်သည်။

သန့်ရှင်းသော ၀ိညာဉ်တော်၏ လုပ်ဆောင်မူသည် နူတ်ကပတ်တော်၏

စစ်ကြောစီရင်ခြင်းနှင့် ဆုံးမခြင်းနှင့်အတူ ဤနေရာတွင် ရှိနေသည်။

ဘုရားသခင်၏ စကားတော်များသည် ကျွန်ုပ်တို့အား ရေလောင်း၊ ပံ့ပိုး၊

လမ်းပြပေးပြီးကျွန်ုပ်တို့ ဘ၀များအား ရှင်သန် ကြီးထွားလာစေသည်။

ဤနိုင်ငံတော်သည် ခရစ်တော် အုပ်စိုးသော နိုင်ငံဖြစ်ပြီး

တရားမျှတသော ကမ္ဘာ ဖြစ်သည်။

ခရစ်တော်၏ နိုင်ငံတော်သည် ကျွန်ုပ်၏ နွေးထွေးသောအိမ်ဖြစ်သည်

ထိုအိမ်တော်သည် ဘုရားသခင်၏ လူများ၏ နှလုံးသားတွင်ရှိသည်။

ဘုရားသခင်၏ နူတ်ကပတ်တော်

သည် အသင်းတော်အတွင်း လွှမ်းမိုးကာ

ကျွန်ုပ်တို့သည် သမ္မာတရား အတိုင်း လုပ်ဆောင်ကာ ခရစ်တော်အား

ကျွန်ုပ်တို့၏ နှလုံးသားများအတွင်းမှ ချီးမြှောက် ကြသည်။

အချင်းချင်း ထိုးနပ်သတ်ပုတ်ခြင်း၊

လျို့ဝှက်ကြံစည်ခြင်းများ နောက်ထပ် မရှိတော့ဘဲ၊

ခုခံကာကွယ်ရန် နှင့် ကြောက်ရွံ့ရန်လည်း မလိုအပ်တော့ပါ။

ခရစ်တော်သည် လူသား၏ ၀ိညာဉ် နားခိုရာ နေရာ၊

ကျွန်ုပ် နောက်တစ်ဖန် လမ်းလွှဲရန် မလိုအပ်တော့ပါ။

ဤအိမ်တော်သည် လူအများ တမ်းတနေသော

ဘုရားသခင်၏ နိုင်ငံတော်ဖြစ်သည်။

ထိုနိုင်ငံတော်သည် လူသားများ၏ ငြိမ်းချမ်းသော အိမ်တော် ဖြစ်သည်။

ခရစ်တော်၏ နိုင်ငံတော်သည် ကျွန်ုပ်၏ နွေးထွေးသောအိမ်ဖြစ်သည်

ဘုရားသခင်၏ လူတိုင်း ထိုအိမ်တော်ကို တန်ဖိုးထားကြသည်။

ဤနေရာတွင် ကျွန်ုပ် ဘုရားသခင်၏ စစ်ကြောစီရင်ခြင်းနှင့်

စုံစမ်းခြင်း များကို ကြုံတွေ့ရင်ဆိုင်ရသည်။

ကျွန်ုပ်၏ ပျက်ပြားသော ပင်ကိုစရိုက်သည်

သန့်ရှင်းစင်ကြယ်ကာ ပြောင်းလဲခဲ့သည်။

ကျွန်ုပ်၏ ရွှင်လန်းခြင်း၊ ရယ်မောခြင်းနှင့် ရှင်သန်ကြီးထွားမှု

အကြောင်းအ သည် ဤအိမ်တော်တွင် ဖြစ်သည်။

ကျွန်ုပ်နှင့်ဘုရားသခင်၏ တိတ်ဆိတ်သော

စကားများသည်လည်း ဤနေရာတွင် ရှိသည်။

ကျွန်ုပ်၏ မေ့မရနိုင်သော အမှတ်တရများသည်လည်း ဤနေရာမှာ

ဘုရားသခင်ပေးခဲ့သော အဖိုးအခ၏ အမှတ်ရဖွယ်

ဤနေရာတွင် အရာအားလုံး ကျွန်ုပ်အား တို့ထိ ခံစားရစေသည်။

ကျွန်ုပ်၏ ဤနေရာအပေါ် ဟန်မဆောင်သည့်

ဆက်ကပ်မြုပ်နှံထားမူ့ကို စာဖွဲ့၍ မမှီနိုင်ပါ။

ကျွန်ုပ်ချစ်လှစွာသော အင်မတန် ချစ်စဖွယ်ကောင်းသော

နောက်ဆုံးသော နေ့ရက်များ၏ အရှင် ခရစ်တော်

သင် ကျွန်ုပ်အား ဤ နွေးထွေးသော အိမ်တော်ကို ပေးသည်။

သိုးသူငယ်နောက်လိုက်ပြီးသီချင်းအသစ်များသီဆိုပါ မှ

အမှာစကား ချန်ခဲ့မည်