စာရင်း

နောက်လာမည့်အရာ

Myanmar Praise Song - ဘုရားသခင်ကိုချစ်ဖို့ ကြိုးစားရန် ကျွန်ုပ်ဆန္ဒရှိ) | Music Video

3,040 14/05/2020

Myanmar Praise Music 2020 (ဘုရားသခင်ကိုချစ်ဖို့ ကြိုးစားရန် ကျွန်ုပ်ဆန္ဒရှိ) Chinese Gospel Song

ကိုယ်တော် ဖော်ပြပြီးသည့်သမ္မာတရားများအားလုံးမှ၊

ကိုယ်တော် ချစ်ခြင်းမေတ္တာဖြစ်သည်ကို ကျွန်ုပ် မြင်ပြီ။

ကိုယ်တော်သည် ကျွန်ုပ်၏ချစ်ဖွယ် ချစ်ရသောသူဖြစ်ပေ၊

ကိုယ်တော်နှင့်အတူ ကျွန်ုပ် အလွန်ရှိချင်လှ။

ကျွန်ုပ်တို့ကြား ဝေးကွာမှုဘာမျှ ကျွန်ုပ် အမြဲမရှိချင်သလို၊

ကိုယ်တော်ကို နီးနီးကပ်ကပ် ကျွန်ုပ် မှီခိုချင်။

ကိုယ်တော်၏အလိုတော်အားကျွန်ုပ် အစဉ်စောင့်ရှောက်လိုပြီး

ကိုယ်တော်နှင့်စိတ်တစ်လုံးတစ်ဝဖြစ်သောသူ၊အကျွမ်းဝင်သောသူဖြစ်လိုပါ၏။

ကိုယ်တော်၏ အသံကို ပထမဆုံးကျွန်ုပ် ကြားကတည်းက၊

ဤဘဝအတွက် ကိုယ်တော့်ကို ကျွန်ုပ် မေ့မရနိုင်ပေ။

ကိုယ်တော်၏ အသံများက အို အလွန် ကောင်းလှသလို

ကိုယ်တော်၏ နှုတ်ကပတ်တော်များကဘုန်းအာနုဘော်တော်ဖြစ်ကာ တန်ခိုးရှိပေ။

ကိုယ်တော် ပြောသည့် နှုတ်ကပတ်တော်တိုင်းကသမ္မာတရားဖြစ်ပြီး

၎င်းတို့က ကျွန်ုပ်ဘဝတွင် လိုအပ်သည့်အရာများ ဖြစ်ပေ။

ကိုယ်တော်၏ နှုတ်ကပတ်တော်များကကျွန်ုပ်၏ စိတ်နှလုံးကို ဆွဲဆောင်လေပြီ၊

ကိုယ်တော့်နောက်လိုက်ဖို့ အရာရာကို ကျွန်ုပ် စွန့်လွှတ်ပြီ။

ကိုယ်တော်၏ နှုတ်ကပတ်တော်များကသမ္မာတရားဖြစ်သည်ကို ကျွန်ုပ် နားလည်ပြီ။

ကိုယ်တော်၏ စိတ်သဘောထားက အလွန်ဂုဏ်ပြုထိုက်ဖွယ်ဖြစ်သည်ကို ကျွန်ုပ် မြင်ပြီ။

ကိုယ်တော်၏ သန့်ရှင်းသော ချစ်ခြင်းမေတ္တာကကြည်ညိုလေးစားမှုကို ဖြစ်စေသည်။

ကိုယ်တော်၏ ဖြောင့်မတ်ခြင်းအတွက်ကိုယ်တော့်ကို ကျွန်ုပ်တို့ ချီးမွမ်းကြပေ။

ဖောက်ပြန်ပျက်စီးခြင်းနှင့် ကျွန်ုပ် ပြည့်ကာ

ကိုယ်တော်ကို ကျွန်ုပ် ချစ်ချင်သော်လည်းမိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်။

တရားစီရင်ခြင်း၊ စမ်းသပ်မှုများနှင့်စစ်ဆေးခြင်းတို့ကို ကြုံရခြင်းဖြင့်၊

ကိုယ်တော်၏ ကြင်နာသောရည်ရွယ်ချက်များကို ကျွန်ုပ် နားလည်ပြီ။

ကျွန်ုပ်ဝေဒနာခံစားရချိန်တွင်နှုတ်ကပတ်တော်များသည် ကျွန်ုပ်ကိုနှစ်သိမ့်ပါ၏

ကျွန်ုပ် ကျရှုံးပြီး ခလုတ်တိုက်လဲသည့်အခါ၊ကိုယ်တော် ကျွန်ုပ်ကို ကူမပေ။

ကိုယ်တော် ကျွန်ုပ်ကို ဘယ်သောအခါမျှ မစွန့်ပစ်ပေ၊

ကျွန်ုပ်ကို ဂရုစိုက်ကာ ကွယ်ကာရင်းကိုယ်တော် အမြဲရှိခဲ့ပေ။

ကိုယ်တော်ပြောသမျှနှင့် လုပ်သမျှကချစ်ခြင်းမေတ္တာ ဖြစ်ပေ၊

၎င်းတို့က ကျွန်ုပ်ကို သန့်စင်ဖို့နှင့်ကယ်တင်ဖို့ သက်သက် ဖြစ်ပေ။

ကိုယ်တော်၏မေတ္တာတော်ထဲ၌ ခိုလှုံရင်းကျွန်ုပ်၏တာဝန်ထမ်းဆောင်ပါသည်

"ကိုယ်တော့်ကိုချစ်ရန် ကျွန်ုပ်ကြိုးစား၊နောက်ထပ်တွန့်ဆုတ်ခြင်း

လုံးလုံးမရှိတော့ပါ"

လူသား၏ ချစ်ခြင်းမေတ္တာဖြင့် ကိုယ်တော်အလွန်ထိုက်တန်လှပေ။

လူသားအတွက် ဉာဏ်မှီဖို့ရန် ကိုယ်တော်၏ချစ်ခြင်းမေတ္တာ အလွန် နက်ရှိုင်းပေ။

ချစ်ခြင်းမေတ္တာအဖို့အလို့ငှာ အမြဲရှာဖွေရင်း

ကိုယ်တော်၏ ချစ်ခြင်းမေတ္တာအားသက်သေခံရန်သာ ကျွန်ုပ်လိုလား

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အမှာစကား ချန်ခဲ့မည်