စာရင်း

နောက်လာမည့်အရာ

Myanmar Gospel Song - နောက်ဆုံးသောကာလ ခရစ်တော်သည် နိုင်ငံတော်ခေတ်ကို ယူဆောင်လာပြီ | Music Video

1,297 11/11/2021

ယေရှု လူ့လောကသို့ ကြွခဲ့ချိန်

ပညတ်တော်ခေတ်ကို အဆုံးသတ်ကာ၊

ကျေးဇူးတော်ခေတ်ကို သူ ယူဆောင်လာခဲ့

နောက်ဆုံးသောကာလ၌ နောက်ထပ်တစ်ဖန် ဘုရား လူ့အဖြစ်ခံယူခဲ့

ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ကာ၊

နိုင်ငံတော်ခေတ်ကို သူ ယူဆောင်လာခဲ့၊

စာတန်၏ ကောက်ကျစ်သောအုပ်စိုးမှုမှ လူကို ကယ်တင်ရန်

ယေရှုအတွက် အပြစ်ပူဇော်ခြင်းပြုရန် မလုံလောက်ပေ၊

စာတန်ကြောင့် ညစ်စွန်းခဲ့သော လူ၏စိတ်ထားကို ဖယ်ရှားပစ်ရန်

ဘုရားသခင် ပိုကြီးသော အမှုဆောင်ရွက်ရန်လိုအပ်

လူကို ရွေးနုတ်ကယ်တင်ဖို့

လူတွေကြား အမှုများစွာ ယေရှု လုပ်ဆောင်ခဲ့

လူ့အပြစ်များအတွက် ယဇ်ကောင်အဖြစ် သူ့ကိုယ်သူ ပေးအပ်ပူဇော်ခဲ့၊

သို့သော် လူ၏ဖောက်ပြန်သော စိတ်ထား ကျန်ရစ်

ဘုရားသခင် ဒုတိယအကြိမ် လူသားအဖြစ်ခံယူခြင်းကို

လက်ခံသူအားလုံး

နိုင်ငံတော်ခေတ်သို့ ခေါ်ဆောင်ခြင်းခံရ၍

ဘုရား၏လမ်းညွှန်မှု ရရှိလိမ့်မည်၊

လူကို အပြစ်ခွင့်လွှတ်ပြီး

ခေတ်သစ်သို့ ဦးဆောင်လမ်းပြရန် ဘုရား လူ့ဇာတိပြန်ယူ၊

ဆုံးမခြင်းနှင့် စစ်ကြောစီရင်ခြင်းကာလ စတင်၊

လူသားကို ပို၍ မြင့်သောအရပ်သို့ ချီးမြှောက်

သူ၏အုပ်စိုးမှုကို နာခံသူအားလုံး

သာ၍မြင့်မြတ်သော သမ္မာတရားနှင့်

ပို၍ကြွယ်ဝသော ကောင်း ချီးရိတ်သိမ်းရမည်

အို ထိုသူတို့ အလင်း၌ နေရ၍

လမ်းခရီး၊ သမ္မာတရားနှင့် အသက်ကို ရရှိမည်

လူကို ရွေးနုတ်ကယ်တင်ဖို့

လူတွေကြား အမှုများစွာ ယေရှု လုပ်ဆောင်ခဲ့

လူ့အပြစ်များအတွက် ယဇ်ကောင်အဖြစ် သူ့ကိုယ်သူ ပေးအပ်ပူဇော်ခဲ့၊

သို့သော် လူ၏ဖောက်ပြန်သော စိတ်ထား ကျန်ရစ်

ဘုရားသခင် ဒုတိယအကြိမ် လူသားအဖြစ်ခံယူခြင်းကို

လက်ခံသူအားလုံး

နိုင်ငံတော်ခေတ်သို့ ခေါ်ဆောင်ခြင်းခံရ၍

ဘုရား၏လမ်းညွှန်မှု ရရှိလိမ့်မည်၊

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အမှာစကား ချန်ခဲ့မည်