စာရင်း

နောက်လာမည့်အရာ

Myanmar Testimony Video - ဒါရိုက်တာဖြစ်ဖို့ ကျွန်မအိပ်မက်

6,975 25/03/2020

ဒါရိုက်တာဖြစ်ဖို့ ကျွန်မအိပ်မက် သည် ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ခရစ်ယာန်တစ်ယောက်မှ တွေ့ကြုံခံစားရခြင်းအကြောင်း သက်သေခံချက်ဖြစ်သည်။ ဇာတ်ကောင်သည် အသင်းတော်တွင် သူမ၏ တာဝန်များကို ထမ်းဆောင်ရင်း၊ သူမက ဒါရိုက်တာတစ်ယောက် ဖြစ်လာပြီး အခြားသူများ၏ အားကျအထင်ကြီးမှုကို ရရှိဖို့ထက် မည်သည့်အရာမျှ မလိုချင်ပါ။ ဆင်းရဲဒုက္ခ ကို ကြံ့ကြံ့ခံပြီး၊ အဖိုးအခတစ်ခုကို ပေးဆပ်လျက် သူမ၏ အရာအားလုံးကို ဤအထဲတွင် နှစ်မြုပ်ထားသည်။ သို့သော် ကျရှုံးခြင်းနှင့် အဟန့်အတားများကို နှစ်ကြိမ်တိုင်တိုင် တွေ့ကြုံပြီးနောက်၊ သူမ၏ တာဝန်များကို ထမ်းဆောင်ရာတွင် သူမ၏ ရည်ရွယ်ချက်များမှာ နာမည်၊ အမြတ်အစွန်းနှင့် ရာထူးအဆင့်အတန်းတို့ကို ရရှိဖို့ ဖြစ်သည်ကို ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ မှတစ်ဆင့်သာလျှင် နောက်ဆုံးတွင် သူမ နားလည်လိုက်သည်။ ပြီးလျှင် ဤအရာများနောက်ကို လိုက်ခြင်း၏ အနှစ်သာရနှင့် အဆုံးသတ် အန္တရာယ်တို့ကိုလည်း ရှင်းရှင်းလင်းလင်း တွေ့မြင်လေသည်။ ထိုအချိန်မှစပြီး နာမည် နှင့် အမြတ်အစွန်းတို့၏ ချည်နှောင်မှုနှင့် အကန့်အသတ်တို့မှ မိမိကိုယ်ကိုယ် တဖြည်းဖြည်းချင်း ရုန်းထွက်လွတ်မြောက်ပြီး၊ သူမ၏ တာဝန်များတွင်၊ သူမ၏ ရာထူးအဆင့်အတန်းကို နောက်ထပ် အာရုံမစိုက်တော့ဘဲ၊ သမ္မာတရားကို နှိမ့်ချသောအပြုအမူဖြင့် ရှာဖွေလေသည်။ နောက်ဆုံးတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် လူသားမျိုးနွယ်အတွက် သူ၏ အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာနှင့် ကွယ်ကာမှုတို့ဖြစ်သည်ကို သူမ အမှန်တကယ် တွေ့ကြုံခံစားရလေသည်။

အမှာစကား ချန်ခဲ့မည်