စာရင်း

နောက်လာမည့်အရာ

Myanmar Testimony Video - ထာဝရ ဝေဒနာ

1,035 10/08/2020

မိတ်ဆက်ခြင်း

အဓိကဇာတ်ကောင်ဖြစ်သူသည် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး၊ ယုံကြည်သူတစ်ယောက် ဖြစ်လာကတည်းကပင် ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံရန်၊ အရာအားလုံးကို စွန့်လွှတ်ထားသူ ဖြစ်သည်။ သူ၏အလုပ်တာဝန်တွင် ဆင်းရဲဒုက္ခခံ၍ အဖိုးအခ ပေးနိုင်ခဲ့သလို၊ စမ်းသပ်မှုများနှင့် ကြုံရာတွင်လည်း နောက်ဆုတ်ခြင်း မရှိခဲ့ဖူးသောကြောင့်၊ သူ့ကိုယ်သူ ဘုရားသခင်အတွက် မြှုပ်နှံထားသည်ဟု သူက ထင်သည်။ တစ်ရက်တွင် စည်းဝေးပွဲတစ်ခု လုပ်နေစဉ်၌ တရုတ်ကွန်မြူနစ်ပါတီရဲတို့၏ ဖမ်းဆီးခြင်းကို သူ ခံလိုက်ရသည်။ ရဲတို့က သူ့အား အသင်းတော်၏ ခေါင်းဆောင်တို့နှင့် ငွေကြေးပိုင်ဆိုင်မှုများ မည်သည့်နေရာများတွင် ရှိသည်ကို ထုတ်ပြောလာစေရန်၊ ကြမ်းတမ်းရက်စက်လွန်းသော နှိပ်စက်မှုများ ပြုလုပ်လာသည့်အခါတွင်မူ၊ သူသည် အဆုံးစွန်နာကျင်ရခြင်းများ ပျော့ညံ့မှုများကြောင့်၊ စာတန်ကို အရှုံးပေးကာ အသင်းတော်၏ အိမ်ရှင်နှစ်ဦးအကြောင်းကို ဖော်ကောင်လုပ်မိတော့သည်။ ထို့နောက်တွင် သူသည် မဆုံးသော နာကျင်ခြင်းဖြင့် နေထိုင်ရသလို၊ သူ့လုပ်ရပ်များအတွက် နောင်တရလေသည်။ ယင်းအဖြစ်က သူ့အား ထာဝရစိတ်ဒဏ်ရာတစ်ခုကိုလည်း ရစေပါသည်။ ဤကျရှုံးမှုကြောင့် သူသည် ဘုရားသခင်၏ ဖြောင့်မတ်သော၊ ပုန်ကန်ပြစ်မှား၍မရနိုင်သော စိတ်သဘောထားကို တွေ့ကြုံလိုက်ရသည်။ ထို့ပြင် ယုံကြည်ခြင်း၌၊ လူတစ်ဦးသည် သမ္မာတရားကို အားမထုတ်လျှင်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များအတွင်း အခြေခိုင်မာခြင်း မရှိလျှင်ဖြစ်စေ၊ ဘုရားသခင်ထံတွင် စစ်မှန်သော ယုံကြည်ခြင်း မရှိခြင်းကြောင့်၊ ၎င်းတို့သည် ခက်ခဲကြမ်းတမ်းခြင်းများ၊ စမ်းသပ်မှုများနှင့် ကြုံရသည့်အခါ ပို၍ ခလုတ်တိုက် လဲကျတတ်သည်ကိုလည်း၊ သူ နားလည်လာလေသည်.....။

အမှာစကား ချန်ခဲ့မည်