စာရင်း

နောက်လာမည့်အရာ

Testimony Video - လူသား၏ ပုံစံအတိုင်း အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

1,116 03/05/2020

လူသား၏ ပုံစံအတိုင်း အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏ သည် ဧကန်အမှန် အလွန်ကောင်း၏ သည် ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံရသည့် ခရစ်ယာန်တစ်ဦး၏ သက်သေခံချက်ဖြစ်သည်။ အဓိက ဇာတ်ကောင်သည် သူမ၏ အသင်းတော်ထဲတွင် ရုပ်ရှင်ဒါရိုက်တာ တာဝန်ကို ယူပြီး၊ သူမ၏ အလုပ်က ရလဒ်အချို့ ရရှိသည်ကို မြင်ပြီးနောက်၊ သူမသည် မရှိမဖြစ်သော ပါရမီရှင်တစ်ဦးဖြစ်သည်ဟု စတင်ခံစားရလေသည်။ သူမ၏ စိတ်သဘောထားသည် သာ၍ သာ၍ မာနထောင်လွှားလာခဲ့သည်။ သူမသည် သူမ၏ တာဝန်တွင် အဆုံးအဖြတ်ပေးသူ အမြဲဖြစ်ချင်ပြီး ညီအစ်ကို မောင်နှမများ၏ အကြံပြုချက်များကို နားထောင်ဖို့ ငြင်းဆန်လေသည်။ အခြားသူများကိုလည်း တင်တင်စီးစီး ပြောဆိုသည်၊ သူမ၏ ညီအစ်ကို မောင်နှမများကို ချုပ်ချယ်ပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်လေသည်။ သူမ၏ တာဝန်မှ ဖယ်ရှားခံရပြီးနောက်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သူမကိုယ်သူမ သုံးသပ်ဆင်ခြင်ခြင်းမှတဆင့်၊ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့နှင့်ဆိုင်သော သူမ၏ ဆိုးယုတ်သည့် သဘာဝအပေါ် နားလည်မှုအချို့ ရရှိပြီး ယခင်ကဲ့သို့ မရိုင်းပျတော့ပေ။ ပြဿနာများ ကြုံရသည့်အခါ၊ သူမသည် သမ္မာတရားကို စိတ်ပါလက်ပါဖြင့် ရှာဖွေပြီး အခြားသူများ၏ အယူအဆများကို နားထောင်၏၊ နောက်ဆုံးတွင် လူသားပုံစံအတိုင်း အနည်းငယ် အသက်ရှင်နေထိုင်လေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းဖြစ်သည်ကို သူမကိုယ်တိုင် ကြုံတွေ့ရလေသည်။

အမှာစကား ချန်ခဲ့မည်