စာရင်း

နောက်လာမည့်အရာ

Myanmar Testimony Video - စိတ်နှလုံး၏ လွတ်မြောက်ခြင်း

1,882 03/05/2020

အစ်မဝမ်၏ မိတ်သဟာယသည် လက်တွေ့ကျကာ၊ အလင်းပေးသည့်အပြင်၊ ထိုမိတ်သဟာယအား အခြား ညီအစ်ကိုမောင်နှမများက ချီးမွမ်းကြသည်ကို မြင်မိရာမှ၊ ဇတ်ကောင်ဖြစ်သူသည် မနာလိုဖြစ်လာပြီး၊ မိမိကိုယ်ကိုယ် အစ်မဝမ်နှင့် တိတ်တဆိတ် နှိုင်းယှဉ်လာမိသည်။ အစ်မဝမ်ထက် သာအောင် လုပ်ဆောင်နိုင်စွမ်း မရှိခြင်းကို သူမသည် မကြာခဏ စိတ်မချမ်းမြေ့ဖြစ်ရသည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်း နည်းလမ်းအားဖြင့်၊ သူမ၏ မနာလိုစိတ်မှာ မာနထောင်လွှားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ရွံရှာစက်ဆုပ်ဖွယ်ကောင်းခြင်းဟူသော ဆိုးယုတ်သည့် စိတ်သဘောထားတို့၏ ထိန်းချုပ်ခံရခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်ကာ၊ နာမည်ကောင်းနှင့် ဂုဏ်ဒြပ်ကို အပြင်းအထန်လိုချင်သော ဆန္ဒတစ်ခု၏ ရလဒ်ဖြစ်သည်ကို သူမ နားလည်သဘောပေါက်လိုက်သည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များမှတစ်ဆင့်၊ နောက်ပိုင်းတွင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို သူမ ရှာဖွေတွေ့ရှိပြီး၊ အဆုံးသတ်တွင် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် သူမ၏စူးစမ်းရှာဖွေခြင်းကို စွန့်လွှတ်လိုက်သည်။ သူမ၏ မနာလိုစိတ်အားဖြင့် နောက်ထပ် ချည်နှောင်မခံရတော့ဘဲ၊ သူမ၏ ဝိညာဉ်သည် လွတ်မြောက်သွားလေသည်။

အမှာစကား ချန်ခဲ့မည်